ခွဲစိတ်ကုသမှုဟာ တစ်ခါတရံမှာ အရေပြားနဲ့ အချွဲမြှေးပါး (mucous membrane)ကို ထိခိုက်စေသလို အတွင်းပိုင်းတစ်သျှူးတွေကို ရောဂါပိုးမွှားတွေနဲ့ထိတွေ့စေတာ ကြောင့် ကူးစက်ရောဂါဝင်ရောက်နိုင်ခြေကိုမြင့်မားစေပါတယ်။
အထက်ပါအကြောင်းအချက်တွေကြောင့် ခွဲစိတ်ကုသမှုခံယူပြီးတဲ့အခါ အချိန်ပေးပြီးအနားယူသင့်သလို အောက်ဖော်ပြပါအနေအထားတွေကနေ နလန်ထူလာနိုင်စေဖို့အတွက်လည်း အချိန်ယူသင့်ပါတယ်။
ကင်ဆာရောဂါ ရှာဖွေဖော်ထုတ်ခြင်း၊ ရောဂါအဆင့်သတ်မှတ်ခြင်း နဲ့ ကုသခြင်းတွေမှာ ခွဲစိတ်ကုသမှုကို အသုံးပြုလေ့ရှိပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာ ရောဂါကူးစက်ခံရနိုင်ခြေများစေတဲ့အကြောင်းအရင်းတွေက ခွဲစိတ်မှုခံယူပြီးတဲ့ နောက် ဆေးရုံမှာတက်ရောက်ကုသမှုခံယူရတဲ့အချိန်ကာလအပိုင်းအခြား၊ ခွဲစိတ်ကုသခံယူရမှုအတိုင်းအတာ၊ ခွဲစိတ်ကုသမှုခံယူရတဲ့အချိန်ကာလ၊ခွဲစိတ်ကုသမှုခံယူစဉ်အတွင်း ကုန်ဆုံးခဲ့တဲ့သွေးပမာဏ၊ အာဟာရဆိုင်ရာ အခြေအနေ၊ခွဲစိတ်တဲ့နေရာကို ဓါတုကုထုံးနဲ့ကုသတာနဲ့ ဓါတ်ရောင်ခြည်ကုထုံးလိုမျိုး ကင်ဆာအစောပိုင်းအဆင့် ကုသမှု ခံယူရတာ၊ဆီးချိုရောဂါလိုမျိုး အခြားကျန်းမာရေးဆိုင်ရာအခြေအနေတွေပဲဖြစ်ပါတယ်။
ခွဲစိတ်ထားတဲ့ ဒဏ်ရာတွေ ကခန္ဓါကိုယ်ထဲကိုကူးစက်ရောဂါပြန့်နှံ့ဝင်ရောက်လေ့ရှိတဲ့နေရာတွေဖြစ်တာကြောင့် ကူးစက်ရောဂါ ခံစားရနိုင်ခြေ နည်းစေဖို့ ခွဲစိတ်ကုသမှုမလုပ်ဆောင်ခင်မှာ ပဋိဇီဝဆေးဝါးကြိုတင် သောက်သုံးစေတာမျိုးလည်း ရှိပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာ ကူးစက်ရောဂါပိုးကူးစက်ခံရတဲ့လက္ခဏာတွေကို ဂရုပြုစောင့်ကြည့်သွားရ မှာဖြစ်ပါတယ်။
ဓါတုကုထုံး
ဓါတုကုထုံးက ကင်ဆာကုထုံးခံယူနေတဲ့သူတွေမှာ ရိုးတွင်းခြင်ဆီလုပ်ငန်းများကို ဖိနှိပ်တားဆီး၍ သွေးဆဲလ်ထုတ်လုပ်မှုကျဆင်းခြင်း (Myelosuppression) ကိုဖြစ်ပေါ်ခံစားရစေတဲ့အဓိကကျတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။
Myelosuppression ပြင်းထန်ရတဲ့အကြောင်းအရင်းကဓါတုကုထုံးမှာ အသုံးပြုတဲ့ဆေးဝါး၊ ဆေးကုသမှုခံယူရတဲ့အချိန်၊အရင်ကကင်ဆာကုသမှုခံယူခဲ့ဖူးတဲ့ အကြောင်းအရင်း၊ အသက်အရွယ်၊ အာဟာရပမာဏ၊ကင်ဆာအမျိုးအစားနဲ့ ခံစားနေရတဲ့ကင်ဆာရောဂါရဲ့အဆင့်တွေကြောင့် ဖြစ်ပါတယ်။ ကုထုံးမှာအသုံးပြုတဲ့အချို့ဆေးတွေက အခြားအစိတ်အပိုင်းတွေထက် ရိုးတွင်းခြင်ဆီပေါ်ကို ပိုမိုသက်ရောက်မှုရှိစေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။