backup og meta

မေ့ဆေးပေးပြီးနောက် ပြန်လည် သတိရလာချိန်တွင် လူနာ၏ အခန်းကဏ္ဍ


Dr. Su Sandy မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေ့ဆေးပေးပြီးနောက် ပြန်လည် သတိရလာချိန်တွင် လူနာ၏ အခန်းကဏ္ဍ

    လူအများစုသည် မေ့ဆေးလိုအပ်သော ခွဲစိတ်မှုများကို ပြုလုပ်ကြရသည်။ မေ့ဆေးပေးခြင်းတွင် မပေးမီနှင့် ပေးပြီးသည့်နောက်တွင် လုပ်ဆောင်ရမည့်အရာများ ပါဝင်သည်။ ထိုအရာများတွင် လူနာ၏ အခန်းကဏ္ဍသည် အရေးကြီးသည်။

    မေ့ဆေးပေးပြီးနောက် ပြန်သတိရလာချိန်တွင် လူနာသည် ညွှန်ကြားချက်များကို လိုက်နာရန် အရေးကြီးသည်။ အောက်ပါတို့သည် လူနာ လုပ်သင့်သည် မလုပ်သင့်သည်များကို ဖော်ပြထားခြင်းဖြစ်သည်။

    လုပ်ရမည့်အရာများ

    ကျန်းမာရေးဌာနမှလူကြီးတစ်ယောက်နှင့် အတူပြန်ပါ။

    ခွဲစိတ်ပြီးသည့်နောက်တွင် သင်သည် နေမကောင်းဖြစ်ပြီး အားနည်းနေပါသည်။ ထို့ကြောင့် အိမ်သို့တစ်ယောက်တည်း မပြန်သင့်ပါ။ မိတ်ဆွေ သို့မဟုတ် မိသားစုနှင့် အတူနေပါ။ အနည်းဆုံး ၂၄ နာရီအတွင်း အဖော် တစ်ယောက်နှင့် အတူရှိနေသင့်သည်။

    သင့်အိမ်ကို တိတ်ဆိတ်ပြီး အနားယူနိုင်အောင်ထားပါ။

    မေ့ဆေးပေးပြီးနောက် သင်အနားယူသင့်သည့် အပြင် ခွဲစိတ်ပြီးနောက်တွင် ပြန်လည် ကျန်းမာလာရန် သင်အနားယူရန် လိုအပ်ပါသည်။ သင်ပြန်လည် ကျန်းမာလာစေရန် အကောင်းဆုံးသော နည်းလမ်းများကို သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။

    သင့်ကလေးများကို စောင့်ရှောက်ရန် တစ်စုံတစ်ယောက်ရှိသင့်သည်။

    ကလေးထိန်းခြင်းသည် သင့်ကို ပင်ပန်းစေသည့် အတွက် အနားယူရမည့် အချိန်တွင် သင့်ကလေးများကို ကြည့်ရှုစောင့်ရှောက်ရန် တစ်စုံတစ်ယောက်ရှိသင့်ပါသည်။

    အရည်စသောက်ပါ။ ပြီးမှ နူးညံ့သောအစာများ စစားပါ။

    ဆေးကုသမှုခံယူပြီးနောက်တွင် သင်၏ အစားစားခြင်းသည်ပုံမှန် ပြန်မရောက်သေးပါ။ ထို့ကြောင့် အရည်များဖြင့် စတင်ပြီး တဖြည်းဖြည်း အဖတ်ပါသော အစာများကိုစားပါ။ ပုံမှန်အစားအစာများကိုဤသို့ဖြင့် အလေ့အကျင့်ရရန် ပြုလုပ်ပါ။

    သင်၏ ဆရာဝန်နှင့် မေ့ဆေးဆရာဝန်တို့နှင့် အဆက်အသွယ်မပြတ်ရှိနေပါ။

    သင့်အတွက် ညွှန်ကြားချက်အားလုံးကို မမှတ်မိနိုင်သောကြောင့် သင့်တွင် မေးစရာရှိလျှင် ဆရာဝန်များကို ဆက်သွယ်ပါ။ သူတို့က သင့်အတွက် သေချာစွာ ရှင်းလင်းပြောပြပါလိမ့်မည်။

    မလုပ်ရမည့် အရာများ

    ၂၄ နာရီအတွင်း ကားမောင်းခြင်း

    မေ့ဆေးသည် သင်၏ စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်များကို သက်ရောက်နိုင်သောကြောင့် ကားမောင်းခြင်း၊ ဆိုင်ကယ်မောင်းခြင်းများ မပြုလုပ်သင့်ပါ။ အိမ်ပြန်သည့်အခါ အဖော်တစ်ယောက်နှင့် ပြန်သင့်ပါသည်။

    ၂၄ နာရီအတွင်း စက်ကိရိယာများ အသုံးပြုခြင်း

    ကားမောင်းခြင်းကဲ့သို့ပင် စက်ကိရိယာများ အသုံးပြုခြင်းသည်လည်း သင့်အတွက် အန္တရာယ် ရှိစေပါသည်။ ထို့ကြောင့် ၂၄နာရီ အတွင်း အသုံးပြုခြင်းကို ရှောင်ပါ။

    အရေးကြီးသော ဆုံးဖြတ်ချက်များချခြင်း

    မေ့ဆေးသည့် စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်များကို သက်ရောက်စေနိုင်သောကြောင့် အရေးကြီးသော ဆုံးဖြတ်ချက်များ၊ စာချုပ်တွင် လက်မှတ်ထိုးခြင်းများကို မပြုလုပ်သေးပဲ တစ်ရက်ခန့်အနားယူပါ။

    သင့်ဆရာဝန် မညွှန်ကြားသော ဆေးများ၊ အစားအစာများ စားသုံးခြင်း

    အခြားသော ဆေးများ၊ အစားအစာများသည် မေ့ဆေးနှင့် ဓါတ်ပြုမှုများရှိနေနိုင်သောကြောင့် သင့်အတွက် အန္တရာယ် ဖြစ်စေနိုင်ပါသည်။ သင့်ဆရာဝန်မှ မညွှန်ကြားပဲ မသောက်သင့်ပါ။

    ၂၄နာရီအတွင်း အရက်သောက်ခြင်း

    အရက်သည် သင်ကျန်းမာနေသည့် အချိန်မှာပင် သင့်အတွက်မကောင်းပါ။ မေ့ဆေးနှင့်လည်း ဓါတ်ပြုနိုင်သောကြောင့် ၂၄ နာရီအတွင်း အရက်၊ ဝိုင်၊ ဘီယာ တို့ကို မသောက်သင့်ပါ။

    မေ့ဆေးပေးပြီးနောက် ပြန်လည် သတိရလာချိန်နောက်ပိုင်းတွင် သင့်အခန်းကဏ္ဍသည် အရေးကြီးပါသည်။ သင်ပြုလုပ်သောအရာများသည် သင့်ကျန်းမာရေးကို ထိရောက်စေနိုင်သောကြောင့် သင့်ဆရာဝန်မှ ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

    Hello ကျန်းမာရေးအဖွဲ့သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများနှင့် ကုသခြင်းများကို မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Su Sandy မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement