backup og meta

မေ့ဆေးပေးပြီးနောက်မှာ နို့ရည်ကို ညှစ်ထုတ်စွန့်ပစ်စရာလိုမလား။


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေ့ဆေးပေးပြီးနောက်မှာ နို့ရည်ကို ညှစ်ထုတ်စွန့်ပစ်စရာလိုမလား။

    တချို့နို့တိုက်မိခင်များဟာ ခွဲစိတ်မှုခံယူရတတ်ပါတယ်။ သူတို့အနေနဲ့ မကြာခဏမေးတတ်တာကတော့ မေ့ဆေးပေးခံရပြီးချိန်မှာ သူတို့ကလေးကို မိခင်နို့ ဆက်တိုက်ဖို့ သင့်မသင့်ပါပဲ။ လူအများ ယုံကြည်ကြတာက မေ့ဆေးများဟာ အာနိသင်ပြင်းပြီး အန္တရာယ်ရှိတဲ့အတွက် မိခင်နို့စို့တဲ့ကလေးမှာပါ အန္တရာယ်ရှိတယ်ဆိုပြီး ဖြစ်ပါတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေ၊ သားဖွားဆရာမတွေဟာ မိခင်တွေကို မေ့ဆေးပေးခံပြီး ၂၄နာရီအတွင်း မိခင်နို့တွေကို ညှစ်ထုတ်စွန့်ပစ်ဖို့ အကြံပေးတတ်ကြပါတယ်။ ဒီအကြံဟာ မှန်ကန်ရဲ့လား သေချာ စဉ်းစားကြည့်ဖို့လိုပါတယ်။ မေ့ဆေးပေးပြီး ခွဲစိတ်မှုပြုအပြီးမှာ မိခင်နိုပတိုက်ခြင်းဟာ ဘေးကင်းပါသလား။

    နို့ရည်ညှစ်ထုတ် စွန့်ပစ်ခြင်းဆိုတာ ဘာလဲ။

    သင်ဟာ ဒီလိုလုပ်ဖို့ဆိုရင် သင့်နို့ရည်ကို ညှစ်ထုတ်ပြီး ကလေးအတွက် သိမ်းမထားဘဲ သွန်ပစ်ခြင်းပဲ ဖြစ်ပါတယ်။

    ဘယ်အချိန်မှာ စွန့်ပစ်သင့်သလဲ။

    သင်ဟာ ကလေးနားမှာ မရှိချိန်၊ သင့်နို့ရည်ကို သယ်ယူသွားပေးဖို့ မဖြစ်နိုင်ချိန်မှာ နို့ရည်ညှစ်ထုတ်ချင်တတ်ပါတယ်။ သ်င့နို့ရည်ဟာ တစုံတရာကြောင့် ဥပမာ အရက်နဲ့ ဆေးတမျိုးမျိုးကြောင့် ကလေးကို ဘေးဖြစ်စေမယ်လို့ ယုံကြည်တဲ့အခါ စွန့်ပစ်တတ်ပါတယ်။ အဲဒီအာနိသင်တွေ မပြယ်ခင်မှာ အရင်က ညှစ်ထုတ်ထားဖူးတဲ့ သင့်ရဲ့နို့ရည်ကို တိုက်နိုင်ပါတယ်။

    မေ့ဆေးပေးခံရပြီးနောက် မိခင်နို့ကို စွန့်ပစ်ဖို့ လိုပါသလား

    တကယ်တော့ မေ့ဆေးနဲ့ဖြစ်စေ ထုံဆေးနဲ့ဖြစ်စေခွဲစိတ်ပြီးရင် ဒီလိုစွန့်ပစ်စရာ မလိုပါဘူး။ မေ့ဆေးအာနိသင်ဟာ သင့်ကိုယ်ခန္ဓါစနစ်ထဲကရော နို့ထဲကပါ လျင်မြန်စွာ ထွက်သွားပြီ ဖြစ်ပါတယ်။ သင့်ကလေးကို သင်နိုးတာနဲ့ ကောင်းကောင်း ချီနိုင်တယ်ဆိုရင် နို့တိုက်နိုင်ပါတယ်။ စစချင်းတော့ သင်ဟာ ဆေးအရှိန်ကြောင့် မလန်းဆန်းသေးရင် တယောက်ယောက်က ဘေးကနေ ကူထိန်းပေးနိုင်ပါတယ်။ သင့်ကလေးကို နို့သေချာမတိုက်နိုင်သေးဘူးဆိုရင်တော့ ညှစ်ပြီးတိုက်ဖို့ တယောက်ယောက်ကို အကူအညီတောင်းသင့်ပါတယ်။

    ဆေးရုံမှာ ခွဲစိတ်မှု ကြီးကြီးမားမားလုပ်ရမယ့် မိခင်တွေအနေနဲ့ ကလေးကိုကောင်းစွာ နို့တိုက်နိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒီအခါ နို့တင်းမလာအောင် ညှစ်ထုတ်သင့်ပါတယ်။ ကိုယ်ပိုင် နို့ညှစ်သိမ်းဖို့ဘူးကို ယူလာနိုင်သလို ဆေးရုံကလည်း ကြိုစီစဉ်ပေးနိုင်ပါတယ်။ ဆေးရုံအများစုမှာ သူတို့သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဘူးတွေရှိပေမယ့် ပိုပြီးသေချာအောင် ကြိုစုံစမ်းထားတာ ကောင်းပါတယ်။ အနာသက်သာတဲ့ဆေးတွေဟာ နို့ထဲမှာ ပမာဏနည်းနည်းပဲပါတာမို့ သုံးစွဲနိုင်ပါတယ်။ ဗိုက်ခွဲမွေးတဲ့မိခင်တွေဟာ ချက်ချင်းနို့တိုက်နိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ သောက်ရပေမယ့် မိခင်နို့ကို စွန့်ပစ်စရာ မလိုပါဘူး။ တခါတရံမှာ ဗေလီယံလိုမျိုး စိတ်ငြိမ်ဆေးတေါကို မခွဲစိတ်ခင် ပေးထားနိုင်ပေမယ့် နို့ထံပါသွားမယ့် ပမာဏဟာ အလွန်နည်းတာမို့ ကလေးကို မထိခိုက်နိုင်ပါဘူး။ အကိုက်ခဲပျောက်ဆေးကို အကြာကြီးစွဲသောက်တာ၊ ဗေလီယံဆေးစွဲနေတာမျိုးနဲ့ ဒီအခြေအနေဟာ မတူပါဘူး။ ဆေးပမာဏ အနည်းငယ်ကို ခဏပဲသောက်တာမို့ ကလေးညှက်မှာ၊ မဖွံ့ဖြိုးမှာ ပူစရာမလိုပါဘူး။ ဆေးပမာဏ များများသောက်ရရင်တော့ သင့်ကလေးပါ အိပ်ငိုက်နေတတ်လို့ နို့တိုက်ချိန်မှာ ကောင်းကောင်းစို့နိုင်အောင် နှိုးရပါမယ်။

    မေ့ဆေးများဟာ ၂နာရီထက်နည်းပြီး အချိန်ခဏပဲ ပေးလေ့ရှိပြီး အကိုက်အခဲပျောက်ဆေးများကိုတော့ ရက်အနည်းငယ် ပေးတတ်ပါတယ်။ မွေးကင်းစကလေးဆီ ရောက်သွားနိုင်တဲ့ ဆေးပမာဏ၊ နို့စို့ကလေးရဲ့ အစာလမ်းကြောင်းကနေ စုပ်ယူမယ့် ပမာဏဟာ လစ်လျူရှုထားနိုင်ပါတယ်။ ဒါကြောင့်မို့ ကျွမ်းကျင်သူအများဟာ ခွဲစိတ်မှုအပြီးမှာ နို့ဆက်တိုက်ဖို့ အကြံပေးကြတာဖြစ်ပါတယ်။ ခွဲစိတ်ပြီးချိန်မှာ မိခင်တယောက်ဟာ ကလေးကို နို့တိုက်ချင်တယ်ဆိုရင် မေ့ဆေး အနာပျောက်ဆေးတွေဟာ သူမရဲ့ကလေးကို သက်ရောက်မှုမရှိဘူးဆိုတာ အသိပေးထားရပါမယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement