backup og meta

သင့်ရဲ့ကလေးကို မေ့ဆေးပေးရန် ပြင်ဆင်ခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ရဲ့ကလေးကို မေ့ဆေးပေးရန် ပြင်ဆင်ခြင်း

    ကလေး၊ ခွဲစိတ်ခြင်း၊ မေ့ဆေး၊ နှစ်သိမ့်ခြင်း

    သင့်ရဲ့ကလေးဟာမေ့ဆေးသုံးရမယ့် ခွဲစိတ်မှု၊ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ရတော့မယ်ဆိုရင် သင်သိချင်တာတွေ အများကြီးရှိနိုင်ပါတယ်။ အမေးအများဆုံးမေးခွန်းတွေကတော့ မေ့ဆေးနဲ့ ပတ်သက်တာပါပဲ။ ကောင်းတဲ့အချက်ကတော့ မေ့ဆေးဟာဘေးကင်းတတ်ပါတယ်။

    ခွဲစိတ်မှုမတိုင်မီဘယ်လိုပြင်ဆင်မလဲ

    သင့်ရဲ့ကလေးနဲ့ သင်ဟာခွဲစိတ်မှုကိုကောင်းကောင်းစတင်ဖို့ အသင့်ဖြစ်နေသင့်ပါတယ်။ အောက်ပါအချက်သုံးချက်ကတော့ အရေးကြီးပါတယ်။

    • သင့်ကလေးကိုကုသနေသူများထံမှရသောအချက်အလက်များကိုသုံးသပ်ပါ။
    • ဘာဖြစ်နေတယ်ဆိုတာကိုရှင်းပြပါ။ သင့်ရဲ့ကလေးအသက်အရွယ်နဲ့ ကိုက်ညီမယ့် အသုံးအနှုန်းများနဲ့ ဘာကိုမျှော်လင့်ကြောင်းရှင်းပြပါ။ ဒါဟာလူနာတွေကို နှစ်သိမ့်မှုပေးနိုင်ဖို့ အရေးကြီးတဲ့နည်းလမ်း ဖြစ်ပါတယ်။ သင့်ကလေးရဲ့ အသက်အရွယ် ခံစားမှုအလိုက်ပြောပြဖို့ အကောင်းဆုံးနည်းလမ်းဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။
    • ကလေးရဲ့ အသက်နဲ့ ဖွံ့ဖြိုးမှုဟာသူတို့မေ့ဆေးကိုကြောက်ခြင်းရှိမရှိဆိုတဲ့နေရာမှာအများကြီးမူတည်ပါတယ်။ တချို့ငယ်ရွယ်တဲ့ကလေးများဟာမိဘများနဲ့ ခွဲခွာရမယ့်အချိန်ကိုကြောက်ရွံ့တတ်ကြပါတယ်။ ခွဲစိတ်မှု ပြင်ဆင်တဲ့အခန်း၊ ခွဲစိတ်ခန်းစတာတွေမှာသူတို့အိပ်ပျော်မသွားခင်ထိမိဘများနဲ့ နီးနေရင် စိတ်လုံခြုံမှု ရှိပါတယ်။

    တကယ့်နေ့မှာဘာကိုမျှော်လင့်လဲ

    ခွဲစိတ်မှုပြုတဲ့နေ့မှာဆေးအဖွဲ့ဟာသင့်ရဲ့ကလေးကိုသက်တောင့်သက်သာရှိအောင် ကူညီပေးပါလိမ့်မယ်။ အောက်ပါအချက်တွေကိုသင်ကြိုပြင်ထားနိုင်ပါတယ်။

    • ဆာလောင်ခြင်းဟာကလေးကိုစိတ်တိုစေနိုင်ပါတယ်။ မေ့ဆေးပေးချိန်မှာစားသောက်ထားခြင်းမရှိဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ကလေးဟာမခွဲစိတ်မီ ၈နာရီနောက်ပိုင်း စားသောက်မှုမပြုဖို့ လိုပါတယ်။ အဲဒီအခြေအနေမှာသင့်ကလေးစိတ်မကြည်မလင်ဖြစ်တဲ့အခါ နှစ်သိမ့်ပေးဖို့ လိုပါတယ်။ ခွဲစိတ်ပြီးရင် စားနိုင်သောက်နိုင်ကြောင်းချော့ပြောနိုင်ပါတယ်။
    • မခွဲစိတ်မီနောက်ဆုံးစစ်ဆေးမှုအနေနဲ့ ဆေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးရပါလိမ့်မယ်။ သူတို့ဟာသင့်ရဲ့ကလေးခွဲစိတ်မှာသေချာအောင်အတည်ပြုပြီးခွဲစိတ်မှု အသေးစိတ်နဲ့ မေ့ဆေးအမျိုးအစား၊ ခွဲစိတ်ပြီးချိန် အခြေအနေစတာတွေအတွက် ဆွေးနွေးကြပါလိမ့်မယ်။ ဒီအချိန်မျိုးမှာသင့်ကလေးဟာကြောက်တ်စိုးရိမ်တတ်ပါတယ်။ ဆရာဝန်နဲ့ သူနာပြုတွေကဒီအတွက် ကူညီပါလိမ့်မယ်။
    • ဆေးဝါးများနဲ့ တခြားနည်းလမ်းများဟာသင့်ကလေးကိုသက်တောင့်သက်သာ ဖြစ်စေပါတယ်။
    • နှာခေါင်းစည်းဟာသင့်ကလေးကိုအိပ်ပျော်အောင် ကူညီပါလိမ့်မယ်။

    ခွဲစိတ်ပြီးနောက် ဘာဖြစ်မလဲ

    ခွဲစိတ်ပြီးချိန်မှာသင့်ကလေးကိုခွဲစိတ်ပြီးစလူနာတွေ အနားယူတဲ့အခန်းကိုပို့ပေးပါလိမ့်မယ်။ သင့်အနေနဲ့ ဝင်ရောက်ပြီးသင့်ကလေးနိုးလာချိန် အနားမှာစောင့်ဆိုင်းနေနိုင်ပါတယ်။ အောက်ပါအချက်တွေကို ကြိုပြင်ထားသင့်ပါတယ်။

    • စိတ်ရှုပ်နေခြင်း၊ စိုးရိမ်နေခြင်း။ တချို့ကလေးများဟာကောင်းမွန်အေးချမ်းစွာ နိုးလာတတ်ပါတယ်။ ဒါမေယ့် တချို့ကလေးတွေ အထူးသဖြင့် ၅နှစ်အောက် ကလေးတွေဟာစိတ်ရှုပ်ပူပန်ပြီး နိုးလာတတ်ပါတယ်။ ဒီအခြေအနေကိုကယောင်ကတမ်းဖြစ်ခြင်းလို့ ခေါ်ပါတယ်။ မိနစ်အနည်းငယ်ကြာရင် သက်သာသွားတတ်ပါတယ်။
    • ဆာလောင်ရေငတ်ခြင်း။ အဲ့ဒီအချိန်မှာသင့်ကလေးကိုအစားကျွေးနိုင်၊ ရေတိုက်နိုင်ပါတယ်။ နာတာမျိုးဖြစ်ရင် အနားမှာရှိတဲ့ သူနာပြုများကကူညီနိုင်ပါတယ်။ သင့်အနေနဲ့ ကလေးမခွဲစိတ်မီနဲ့ ခွဲစိတ်ပြီးချိန်မှာအနားမှာတည်ငြိမ်စွာနဲ့ ချော့မော့နှစ်သိမ့်မှု ပေးရပါမယ်။ ကြုံတွေ့တဲ့အရာတွေဟာ နှစဦးစလုံးအတွက် ပိုမိုလွယ်ကူပြီးသက်သာရာရစေပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement