backup og meta

သင့်မိသားစုဝင် နှင့် မိတ်ဆွေများကို မေ့ဆေးအတွက် ပြင်ဆင်နိုင်အောင် ကူညီပေးခြင်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်မိသားစုဝင် နှင့် မိတ်ဆွေများကို မေ့ဆေးအတွက် ပြင်ဆင်နိုင်အောင် ကူညီပေးခြင်း

    လူများစွာသည် ခွဲစိတ်ရန် လိုအပ်သော ကျန်းမာရေး ပြဿနာများ ရှိတတ်ကြသည်။ ဆေးရုံတွင် ခွဲစိတ်ရန် စောင့်ဆိုင်းနေရခြင်းသည် သင်၊ သင့်မိသားစုနှင့် မိတ်ဆွေများကို စိတ်ပူစေပါသည်။ ကျန်းမာရေး ဝန်ထမ်းများက စိတ်သက်သာစေရန်၊ စိုးရိမ်မှုနည်းစေရန် မေ့ဆေးကို အသုံးပြုကြသည်။ ထို့အပြင် သင့်မိသားစုနှင့် သူငယ်ချင်းများကိုလည်း မေ့ဆေးပေးခြင်းကို စိတ်မပူတတ်စေရန် ပြင်ဆင်ထားနိုင်ရန် ကူညီပေးသင့်သည်။

    သင့်မိသားစုနှင့် မိတ်ဆွေများကို ရိုးသားစွာ ပြောပြခိုင်းပါ။

    သင့်မိသားစုနှင့် မိတ်ဆွေများကို သူတို့၏ ကျန်းမာရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဆရာဝန်အား အမှန်အတိုင်း ပြောပြခိုင်းပါ။ သို့မှသာ ဆရာဝန်က မှန်ကန်သော ဆေးရွေးချယ်မှု လုပ်နိုင်ပေမည်။

    သတင်းအချက်ပေးခြင်း

    ဆေးကုသမှုနှင့် ပတ်သက်ပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ ပြီးလျှင် သင့်မိသားစု၊ မိတ်ဆွေများကို ပြန်ပြောပြပါ။ အသုံးပြုမည့် မေ့ဆေး၊ ဆေးပမာဏ၊ ဘေးထွက်ဆိုးကျိုးများနှင့် ထည့်သွင်း စဉ်းစားရမည်တို့ကို သူတို့လည်း သိသင့်သည်။ ခွဲစိတ်ခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်ကြောက်ရွံ့ နေသောကြောင့် အားလုံးကို မမှတ်မိနိုင်သော်လည်း သင့်ကို ဆရာဝန်ပြောသည့်အတိုင်း ပြန်ပြောပြပေးရန် လိုအပ်ပါသည်။

    အကောင်းမြင် တွေးပေးပါ

    သင်ချစ်ခင်ရသူများကို အစတွင် သူတို့ စိတ်မသက်မသာ ဖြစ်နိုင်ကြောင်း ပြောပြထားပါ။ သို့သော် မိနစ်အနည်းငယ် အကြာတွင် နာကျင်မှုနှင့် စိုးရိမ်ပူပန်မှုများ ပျောက်သွားနိုင်ကြောင်း သိထားသင့်သည်။ ဆရာဝန်နှင့် သူနာပြုများသည် သူတို့ကို စိတ်သက်သာစေရန် ကူညီပါလိမ့်မည်။ ပြုလုပ်နေသည်တို့နှင့် ပတ်သက်ပြီး ဘာမှ သတိမရသည်လည်း ဖြစ်နိုင်ပါသည်။

    သင့်မိသားစုနှင့် မိတ်ဆွေများကို သင် ခွဲစိတ်ခန်း အပြင်တွင် ရှိမည်ဖြစ်ကြောင်း အသိပေးထားပါ။ ဆေးအရှိန် ပြယ်သည်အထိ သင်အနားတွင် ရှိနေမည် ဖြစ်ကြောင်း အသိပေးထားပါ။

    အားပေးပါ

    သင်ချစ်ခင်ရသော သူများသည် အားပေးမှုကို လိုအပ်နေနိုင်ပါသည်။ အလည်အပတ် သွားခြင်း၊ ပို့စ်ကတ်များ ပို့ခြင်း၊ ဖုန်းဆက်ခြင်း စသည်တို့ကို လုပ်ပေးခြင်းဖြင့် သူတို့၏ စိုးရိမ်ပူပန်မှုများ လျော့နည်းစေနိုင်ပါသည်။

    ဆေးကုသမှုပြီးလျှင် အိမ်သို့ ပြန်ပို့ပေးပါ

    မေ့ဆေး အရှိန်ကျန်နေသေးချိန်တွင် လူနာသည် အိမ်သို့ တစ်ယောက်တည်း မပြန်သင့်ပါ။ ကုသမှု အပြီးတွင် လူနာနှင့် ရက်အနည်းငယ် အဖော်လုပ်ပေးနိုင်ပါသည်။ ပင်ပန်းနွမ်းနယ်ပြီး နေမကောင်း ဖြစ်နေနိုင်သောကြောင့် ထိုအရာများကို ကြိုတင် ဆွေးနွေးထားသင့်သည်။

    ခွဲစိတ်ကုသခြင်းသည် သင့်မိသားစုနှင့် မိတ်ဆွေများကို စိတ်ပူစေပါသည်။ သို့သော် ခွဲစိတ်မှုမတိုင်မီ နာကျင်မှုကို သက်သာစေရန်၊ စိတ်ဖိစီးမှုကို ထိန်းချုပ်ရန် မေ့ဆေးကို လိုအပ်သောကြောင့် မေ့ဆေးအတွက် ကြိုတင် ပြင်ဆင်ထားနိုင်ရန် သူတို့ကို ကူညီပေးရန် လိုအပ်ပါသည်။

    Hello Health Group သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများနှင့် ကုသခြင်းများကို မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement