မျက်ခုံးပုံဖော်ထိုးဖို့ ဘာတွေပြင်ဆင်ရမလဲ
မျက်ခုံးတစ်ခါထိုးပြီးရင် နှစ်နှစ်ကနေ သုံးနှစ်အထိ ခံမှာဖြစ်တဲ့အတွက် ကျွမ်းကျင်တဲ့ အလှအပပညာရှင်ကို ရွေးချယ်ဖို့ လိုပါလိမ့်မယ်။
အင်တာနက်မှာ စေ့စေ့စပ်စပ် ရှာဖွေခြင်းအားဖြင့် ယုံကြည်စိတ်ချရမယ့် ပညာရှင်ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
အကယ်၍ ပင်လယ်ကမ်းခြေဆီ ခရီးထွက်ဖို့ အစီအစဉ်ရှိတယ်ဆိုရင်တော့ မသွားခင်ရက်မှာ မျက်ခုံးထိုးမသွားမိဖို့ သတိပြုရပါလိမ့်မယ်။
မျက်ခုံးပုံဖော်ထိုးတာဟာ တက်တူးထိုးတာမဟုတ်ပေမယ့် ထုံဆေးလိမ်းထားလျက်နဲ့တောင် နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ထိုးဖူးသူအများစုကတော့ နားဖောက်သလို၊ စုပ်ထိုးသလိုနာတယ်လို့ မှတ်ချက်ပေးကြပါတယ်။
မျက်ခုံးတစ်ခါထိုးရင် အနည်းဆုံး နာရီဝက်ကနေ တစ်နာရီအထိ အချိန်ပေးရမှာ ဖြစ်ပါတယ်။ အလှအပပညာရှင်ရဲ့ အတွေ့အကြုံ၊ အသုံးပြုတဲ့ အရောင်ခြယ်ပစ္စည်းရဲ့ အရည်အသွေးကိုလိုက်ပြီး ပျမ်းမျှ ဒေါ်လာ ၄၀၀၀န်းကျင် ကုန်ကျမှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။