backup og meta

ခြေသည်း၊ ခြေချောင်းတွေ ကုသရာမှာ လိုက်နာရမည့် အချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေသည်း၊ ခြေချောင်းတွေ ကုသရာမှာ လိုက်နာရမည့် အချက်များ

    အမျိုးသမီးတစ်ယောက်အနေနဲ့ ခြေထောက်အနာအဆာကင်းရှင်းအောင်ပုံမှန်ကုသမှုက သင့်ကိုယ်ကိုသင်ကျေနပ်စေပြီး ဘဝကိုပျော်ရွှင်နိုင်ဖို့ နည်းလမ်းကောင်းဖြစ်ပါတယ်။

    သေသေချာချာဂရုမစိုက်ဘူးဆိုရင်တော့ဆလွန်းအလှပြင်ခန်းတွေရဲ့ မသန့်ရှင်းမှုကြောင့် ကူးစက်ပိုးတွေဝင်နိုင်ပါတယ်။

    ခြေထောက်အနာအဆာကင်းရှင်းအောင်ပုံမှန်ကုသမှုအပြီး ဆရာဝန်နဲ့သွားပြဖို့အလိုမရှိဘူးဆိုရင် အောက်ပါစိတ်ချရတဲ့ဘေးကင်းတဲ့

    နည်းလမ်းတွေကို အသုံးပြုဖို့လိုပါတယ်။

    သင့်ခြေသလုံးမွေးတွေကို ရိတ်သင်ခြင်းမပြုပါနဲ့။

    အလှပြင်ခန်းကိုသွားပြီး ခြေထောက်အနာအဆာကင်းရှင်းအောင်ပုံမှန်ကုသမှုခံယူဖို့ရည်ရွယ်ထားတယ်ဆိုရင်

    ကုသမှုမခံယူခင်၂၄နှစ်နာရီအတွင်း သင့်ခြေသလုံးနဲ့ခြေထောက်တွေကို အမွေးရိတ်သင်ခြင်း၊ အမွေးချွတ်ခရင်မ်၊ ဖယောင်းအသုံးပြုခြင်းတွေ မလုပ်သင့်ပါဘူး။ ခြေသလုံးခြေထောက်အမွေးတွေဖယ်ခြင်းဖြင့် သင်မသိနိုင်တဲ့သိမ်မွေ့တဲ့ပွန်းပဲ့ဒဏ်ရာတွေ ရသွားနိုင်ပါတယ်။ ထို့နောက် ခြေထောက်အနာအဆာ

    ကင်းရှင်းအောင်ပုံမှန်ကုသမှုခံယူတဲ့အခါမှာ ဘတ်တီးရီးယား၊ မှိုပိုးတွေက ထိုအပေါက်ငယ်လေးတွေကတစ်ဆင့် သင့်ကိုယ်အတွင်းဝင်ရောက်လာနိုင်ပါတယ်။ ကူးစက်ရောဂါတွေဝင်လာနိုင်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

    ခြေထောက်အနာအဆာကင်းရှင်းအောင်ပုံမှန်ကုသမှုအတွက် ကိုယ်ပိုင်ကိရိယာများယူဆောင်သွားပါ။

    ကုသမှုမှာအသုံးပြုတဲ့ကိရိယာတန်ဆာပလာတွေကို ပိုးမသတ်ထားဘူး၊ သေချာသန့်စင်ခြင်းမပြုထားဘူးဆိုရင် လူတစ်ယောက်မှတစ်ယောက်ဆီ ဘတ်တီးရီးယားမှိုပိုးတွေ အလွယ်တကူကူးစက်ပျံ့နှံ့သွားနိုင်ပါတယ်။ ကာကွယ်ဖို့အတွက် ကိုယ်ပိုင်ကိရိယာတန်ဆာပလာတွေကို ပြင်ဆင်ယူဆောင်သွားသင့်ပါတယ်။

    ဒီလိုပြုလုပ်ပေးခြင်းဖြင့် ရောဂါရခြင်းမှရှောင်ကြဉ်နိုင်ပါတယ်။

    လက်သည်းတိုက်တံစဉ်းတွေကဲ့သို့သော အချို့သောကိရိယာတန်ဆာပလာတွေကို ကောင်းကောင်း

    ပိုးသတ်ထားခြင်း၊ တစ်ဦးကိုအသုံးပြုပြီးအစားထိုးလဲလှယ်ခြင်းတွေ မရှိနိုင်ပါဘူး။ ဒါကြောင့် ကိုယ်ပိုင်ပစ္စည်းတွေကို အသုံးပြုခြင်းက သင့်အတွက်ပိုကောင်းပါတယ်။

    သင့်ခြေသည်းနဲ့အသားမာတွေကို

    ဘယ်လိုလှီးညှပ်ရမလဲဆိုတာကို သေချာတိတိကျကျပြောပြပါ။

    ခြေထောက်အနာအဆာ

    ကင်းရှင်းအောင်ပုံမှန်ကုသမှုခံယူလေ့ရှိတဲ့ အမျိုးသမီးတွေဟာ ခြေသည်းနဲ့ပတ်သက်ပြီး ပြုစုကုသပေးသူတွေစိတ်ကြိုက်

    ပြုလုပ်ခွင့်ပေးထားတတ်ပါတယ်။ လုံးဝဆိုးရွားပါတယ်။ အဲ့ဒီအစား သင့်ခြေသည်းနဲ့ ခြေသည်းပန်းကုံးတွေကို ဘယ်လိုလှီးဖြတ်သင့်တယ်ဆိုတာကို တိတိကျကျပြောပြသင့်ပါတယ်။ ခြေသည်းကောက်ကြောင်းအတိုင်းတည့်တည့်လှီးဖြတ်သင့်ပြီးထောင့်တွေထဲကို မလှီးဖြတ်သင့်ပါဘူး။

    ဒီလိုမဟုတ်ဘူးဆိုရင် ခြေသည်းကအရေပြားတွေထဲကို ဝင်ရောက်ကြီးထွားနိုင်ပြီး အတွင်းဘက်လှည့်ခြေသည်းကြီးထွားမှု (ခြေစွယ်ငုပ်ခြင်း)ကို ဖြစ်စေနိုင်ပါတယ်။ ခြေသည်းအဝိုင်းပုံမညှပ်ဖို့ ပြောပြရမှာဖြစ်ပါတယ်။ ခြေစွယ်ငုပ်ခြင်းရှိတယ်ဆိုရင်လည်း ခြေထောက်အနာအဆာ

    ကင်းရှင်းအောင်ပုံမှန်ကုသမှုကို လုံးလုံးရှောင်ကြဉ်ဖို့မပြုလုပ်ဖို့လိုပြီး ကုသမှုအတွက်ခြေထောက်ခြေသည်းဆိုင်ရာကျွမ်းကျင်သူနဲ့ ပြသသင့်ပါတယ်။

    အခြားတစ်ဖက်မှာလည်း ခြေသည်းပန်းကုံးက ခြေသည်းရှည်ထွက်ဖို့အတွက် လိုအပ်တာပေမဲ့ အလွန်ပါးတဲ့တစ်ရှူးဖြစ်ပါတယ်။

    ကူးစက်ပိုးနဲ့ပတ်သက်ပြီး စိုးရိမ်မယိဆိုရင် သင့်ခြေသည်းပန်းကုံးတွေကို လှီးဖြတ်ခွင့်မပြုဘဲ နူးညံ့အောင်ထိန်းသိမ်းခြင်းပဲ ပြုသင့်ပါတယ်။ သင့်ခြေထောက်တွေနူးညံ့မှုနဲ့ ပတ်သက်ပြီးသေချာပြုသင့်ပါတယ်။ ခြေထောက်အနာအဆာ

    ကင်းရှင်းအောင်ပုံမှန်ကုသမှုခံယူတဲ့အခါမှာ သင့်ခြေထောက်အရေပြားဆဲလ်သေတွေကို သင်တုန်းဓါးနဲ့လှီးဖြတ်ဖယ်ရှားခံရနိုင်ပါတယ်။ မှန်ကန်တဲ့နည်းလမ်းကတော့ အရေပြားဆဲလ်သေတွေကို သင့်တော်အောင်ဖယ်ရှားဖို့ ရေမြုပ်ကျောက်အသုံးပြုခြင်းဖြစ်ပါတယ်။

    အခြားအလားတူကိစ္စတွေမှာလည်း သင်တုန်ဓါးကိုမမှန်မကန်အသုံးပြုခြင်းကြောင့် အရေပြားပဲ့ခြင်း၊ ကူးစက်ပိုးဝင်ခြင်း ၊ အရေပြားပျက်စီးသွားခြင်းတွေကို ဖြစ်စေပါတယ်။

    ခြေထောက်အနာအဆာကင်းရှင်းအောင်ပုံမှန်ကုသမှုနဲ့ ပတ်သက်ပြီး ကူးစက်ပိုးဝင်ခြင်းတွေဖြစ်နိုင်တာကြောင့်

    ဒီအလေ့အထအကျင့်မမွေးသင့်ဘူးလို့ မဆိုလိုပါဘူး။ အချို့သောဘေးကင်းတဲ့အချက်တွေကို လိုက်နာခြင်းဖြင့် သင့်ခြေထောက်ကျန်းမာရေးကို ကောင်းအောင်ထိန်းထားနိုင်ပါတယ်။

    သင့်ခြေသည်းဂရုစိုက်ခြင်းနဲ့ပတ်သက်ပြီး စိုးရိမ်ခြင်းရှိနေမယ်ဆိုရင် အရေပြားဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement