backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Marie Antoinette syndrome (Marie Antoinette syndrome)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Marie Antoinette syndrome ဆိုတာဘာလဲ။

Marie Antoinette syndrome ဆိုတာက ဆံပင်တွေ ရုတ်တရတ်ဖြူသွားတဲ့အခြေအနေ (canities) ကို ရည်ညွှန်းပါတယ်။ ဒီနာမည်က ပြင်သစ်ဘုရင်မကြီး Marie Antoinette ရဲ့ပုံပြင်ကနေ ဖြစ်လာတာပါ။ သူမကို ၁၇၉၃ ခုနှစ်မှာ ကွပ်မျက်ခဲ့စဉ်က ရုတ်တရတ်ကြီး ဆံပင်ဖြူတွေပြောင်းသွားတယ်လို့ ဆိုကြပါတယ်။ အသက်ကြီးလို့ ဆံပင်ဖြူတာက သဘာဝပါ။ အသက်ကြီးလာတဲ့အခါ ဆံပင်အရောင်ကို ဖြစ်စေတဲ့ မယ်လနင်ရောင်ခြယ်ပစ္စည်းတွေ စနည်းလာပါတယ်။ ဒါပေမယ့် သည်ရောဂါကတော့ အသက်နဲ့မဆိုင်ဘူး။ alopecia areata ဆိုတဲ့ ရုတ်တရတ်ဆံပင်ကျွတ်တဲ့အခြေအနေနဲ့ ဆက်စပ်နေပါတယ်။ (ပုံပြင်ကမှန်မမှန်မသိရပေမယ့် Marie Antoinette ကွပ်မျက်ခံရတုန်းကအရွယ်က ၃၈ နှစ်ပဲရှိပါသေးတယ်။)

Marie Antoinette syndrome ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Marie Antoinette syndrome က အဖြစ်နည်းပါတယ်။ နာမည်မကြီးတဲ့ Marie Antoinette အပြင် သမိုင်းတစ်လျှောက်က နာမည်ကြီးပုဂ္ဂိုလ်တွေမှာ ရုတ်တရတ်ဆံပင်အရောင်ပြောင်းတဲ့ကိစ္စတွေ ရှိခဲ့ဖူးပါတယ်။ လူသိများတဲ့ ၁၅၃၅ ခုနှစ်မှာ ကွပ်မျက်ခံရတဲ့ သောမတ်စ်မိုးဆိုရင်လည်း မသေခင်မှာ ဆံပင်တွေရုတ်တရတ်ဖြူကုန်တယ်လို့ ဆိုပါတယ်။

အရေပြားရောဂါမှတ်တမ်းတွေမှာ ဒုတိယကမ္ဘာစစ်တုန်းက ဗုံးဒဏ်ကနေလွတ်လာတဲ့ လူတွေအတော်များများမှာ ဆံပင်တွေရုတ်တရတ် ဖြူလာတာကို မျက်မြင်တွေ့ရသူတွေအကြောင်း ပါရှိပါတယ်။ နောက် ဆံပင်အရောင်ပြောင်းတာကို စာပေနဲ့ သိပ္ပံဝတ္ထုတွေမှာ ခံစားချက်တွေဖိနှိပ်မျိုသိပ် နေရသူတွေမှာဖြစ်လေ့ရှိကြောင်း ထည့်ရေးကြတာကို တွေ့ရပါတယ်။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ရောဂါလက္ခဏာများ

Marie Antoinette syndrome ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Marie Antoinette syndrome ရဲ့ အဓိကလက္ခဏာကတော့ canities (အရောင်ရှိတဲ့ဆံပင်ကျွတ်ခြင်း) ဖြစ်ပါတယ်။

အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

အသက်ကြီးလို့ ဆံပင်ဖြူတာက ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆံပင်ကျွတ်တာ၊ ချပ်လိုက်ကွာတာ၊ အကွက်ထတာတို့လို့ လက္ခဏာတွေပါတွဲနေရင်တော့ ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက Marie Antoinette syndrome ဖြစ်ပွားစေသလဲ။

Marie Antoinette syndrome ဖြစ်ရတဲ့အကြောင်းကို ကိုယ်ခံအားကပြန်တိုက်တဲ့ရောဂါလို့ တွေးထားကြပါတယ်။ ဒီအခြေအနေက ခန္ဓါကိုယ်က ကိုယ့်ရဲ့ဆဲလ်ကို ကိုယ်ပြန်တိုက်တာမျိုးဖြစ်ပါတယ်။ Marie Antoinette syndrome မှာတော့ ခန္ဓါကိုယ်က ပုံမှန်ဆံပင်အရောင်ထွက်ခြင်းကို တားလိုက်ပါတယ်။ ရလဒ်အနေနဲ့ ဆံပင်တော့ဆက်ရှည်လာပေမယ့် အရောင်ကတော့ အဖြူ သို့မဟုတ် မီးခိုး ဖြစ်သွားတော့တာပဲ။

ဒီရောဂါနဲ့မှားနိုင်တဲ့ အရွယ်မတိုင်မီ ဆံပင်ဖြူရတဲ့ အကြောင်းရင်းတွေအများကြီးရှိပါသေးတယ်။ အောက်ပါအခြေအနေတွေကို စဉ်းစားကြည့်ပါ။

Alopecia areata – အကွက်လိုက်ထိပ်ပြောင်တဲ့ သတိထားစရာအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ Alopecia areata ရဲ့လက္ခဏာတွေက အောက်ခံရောင်ရမ်းမှုတစ်ခုကြောင့်လို့ စဉ်းစားရပါတယ်။ ဒါကြောင့် ဆံပင်အမြစ်တွေကို ဆံပင်ထပ်မရှည်အောင် လုပ်ပစ်လိုက်ပါတယ်။ ရှိနေတဲ့ဆံပင်တွေလည်း ကျွတ်ကုန်ပါတယ်။ ကိုယ့်မှာ နဂိုကဆံပင်ဖြူစပေါက်နေပြီဆိုရင်တော့ ဒီအခြေအနေကြောင့်ဖြစ်တဲ့ ထိပ်ပြောင်တာက ဆံပင်အရောင်ကို ပိုပြီးဖြူလာစေပါတယ်။ ဒါကြောင့် ထင်ရတာထက်ကို ဆံပင်တွေဖြူနေတယ်လို့ မြင်ရစေပါတယ်။ ကုသမှုယူရင်တော့ ဆံပင်အသစ် ပေါက်လာတဲ့အခါမှာ ဖြူနေတာကို ဖုံးပေးပါလိမ့်မယ်။ ဒါပေမယ့် တဖြည်းဖြည်းဖြူလာနေတာကိုတော့ တားနိုင်မှာမဟုတ်ပါဘူး။

မျိုးဗီဇ – အရွယ်မတိုင်မီ ဆံဖြူတတ်တဲ့မျိုးရိုးရှိပါက သင့်မှာလည်းဖြစ်နိုင်ချေများပါတယ်။ Mayo Clinic အရ IRF4 လို့ခေါ်တဲ့ ဗီဇတစ်မျိုးက အဓိကကျတယ်လို့ ဆိုပါတယ်။ ဆံပင်ဖြူရတဲ့မျိုးဗီဇလွှမ်းမိုးတဲ့အခါ ဆံပင်အရောင်ပြန်ပြောင်းဖို့က စိန်ခေါ်မှုတစ်ခု ဖြစ်သွားပါတယ်။

ဟော်မုန်းပြောင်းခြင်း – သိုင်းရွိုက်ရောဂါ၊ သွေးဆုံးခြင်းနဲ့ တက်စ်တိုစတီရုမ်းလယ်ဗယ်ကျခြင်းတို့ ပါဝင်ပါတယ်။ ဆရာဝန်က ဟော်မုန်းလယ်ဗယ်တွေ ညီမျှနေအောင် နောက်ပိုင်းမှာ ဆံပင်မဖြူရန် ကာကွယ်ရအောင် ဆေးတွေပေးပါလိမ့်မယ်။

သဘာဝအရမည်းမှောင်သောဆံပင် – ဆံပင် မည်းနက်သူရောဖျော့သူရောက ဆံပင်ဖြူလွယ်ပါတယ်။ ဒါပေမယ့် သင့်မှာ မည်းနက်တဲ့ဆံပင်ရှိရင် ဆံပင်ဖြူတာက သူများထက်ပိုသိသာပါတယ်။ ဒီလိုဖြစ်ရပ်တွေမှာ ပြုပြင်ဖို့ခက်ပေမယ့် ဆံပင်ဆေးဆိုးလိုက်တာဆိုတာမျိုးနဲ့ စီမံနိုင်ပါတယ်။ Nemours ဖောင်ဒေးရှင်းအဆိုအရ ဆံပင်ဖြူဖို့ ၁၀ စုနှစ်တစ်ခု ကြာပါတယ်။ ချက်ချင်းဖြစ်တာမျိုး မဟုတ်ပါဘူး။

အာဟာရချို့တဲ့ခြင်း – ဗီတာမင် B12 ချို့တဲ့တာက အဓိကပါပဲ။ အာဟာရနဲ့ဆက်စပ်တဲ့ ဆံဖြူတာမျိုးကိုတော့ လိုနေတာစားပေးရုံနဲ့ ပြုပြင်နိုင်ပါတယ်။ ဒီလိုချို့တဲ့တာတွေကိုသိဖို့ သွေးစစ်တာမျိုးက အကူအညီပေးပါလိမ့်မယ်။ ဆရာဝန်အပြင် အာဟာရပညာရှင်နဲ့ပါ တွဲကုဖို့ လိုကောင်းလိုပါလိမ့်မယ်။

သမင်ဖြူစွဲခြင်း – သည်ကိုယ်ခံအားက ပြန်တိုက်တဲ့ရောဂါက အရေပြားမှာ ရောင်ခြယ်ပစ္စည်းတွေကိုဆုံးရှုံးစေပြီး အဖြူကွက်တွေ ပေါ်လာတဲ့ရောဂါဖြစ်ပါတယ်။ ဒီကနေ ဆံပင်တွေမှာရှိတဲ့ ရောင်ခြယ်ပစ္စည်းတွေအထိ ပျံ့လာပြီး ဆံပင်တွေပါဖြူလာနိုင်ပါတယ်။ သမင်ဖြူက အထူးသဖြင့်ကလေးတွေ ကုရက်ခက်တယ်။ ကော်တီကိုစတီးရွိုက်၊ ခွဲစိတ်ခြင်းနဲ့ အလင်းကုထုံး စတာတွေနဲ့ကုသရပါတယ်။ ကုသမှုတွေကနေ ရောင်ခြယ်ပစ္စည်းဖျက်တာကိုတားနိုင်တဲ့အခါ ဆံပင်ဖြူတွေနည်းလာတာကို သတိပြုမိပါလိမ့်မယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်မားစေတဲ့အကြောင်းရင်းများ

ဘယ်အရာတွေက Marie Antoinette syndrome ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

သိလိုသောအချက်အလက်များရှိပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။

ရောဂါအဖြေရှာခြင်းနဲ့ ကုသခြင်း

ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။

Marie Antoinette syndrome ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

သိလိုသောအချက်အလက်များရှိပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။

Marie Antoinette syndrome ကို ဘယ်လိုကုသလဲ။

အခုချိန်ထိတော့ ဆံပင်အရောင်ကို ပြန်ပြောင်းနိုင်စေမယ့် ထိရောက်တဲ့ကုထုံးမျိုး မရှိသေးပါဘူး။ ရုတ်တရတ်ဆံပင်ဖြူလာလို့ ရှက်ရွံ့စိတ်ဖြစ်နေပါက ဆေးဆိုးပြီးနေရုံသာရှိပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Marie Antoinette syndrome ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement