backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Mallory-Weiss Tear (Mallory-Weiss tear)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Mallory-Weiss Tear (Mallory-Weiss tear) ကဘာလဲ။

အချိန်ကြာရှည်စွာ ဆိုးဆိုးရွားရွားအော့အန်နေမယ်ဆိုရင် အစာအိမ်နှင့် လည်ချောင်းကို ဆက်ပေးထားသောပြွန်တစ်ခုဖြစ်သည့် အစာရေပြွန်အတွင်းပိုင်းနံရံတွေမှာ ပေါက်ပြဲမှုတွေရှိလာနိုင်ပါတယ်။ Mallory-Weiss tear ဆိုတာ အစာရေပြွန်နဲ့ အစာအိမ်ဆုံတဲ့နေရာ အတွင်းပိုင်းနံရံတွေမှာ ပေါက်ပြဲခြင်းကို ခေါ်တာပါ။ စုတ်ပြဲမှုအများစုကတော့ ကုသမှုရှိရှိမရှိရှိ၇ရက်၁၀ရက်အတွင်းမှာ ပြန်ကောင်းသွားကြသော်လည်း Mallory-Weiss tearကတော့ သွေးအလွန်ထွက်စေနိုင်ပါတယ်။ စုတ်ပြဲမှု၏ ဆိုးရွားမှုအပေါ်မူတည်ပြီး ခွဲစိတ်မှုလည်းလိုအပ်နိုင်ပါတယ်။

Mallory-Weiss Tear (Mallory-Weiss tear) က ဘယ်လောက်အဖြစ်များသလဲ

ယောက်ျားများ အထူးသဖြင့် အရက်သမားများမှာ ပိုဖြစ်တတ်ပါတယ်။ အမျိုးသားရှားပါးရောဂါအဖွဲ့အစည်းရဲ့အဆိုအရ အသက်၄၀နဲ့၆၀ကြားလူတွေမှာ ဖြစ်နိုင်ခြေများတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်ရံ ကလေးတွေနဲ့ လူငယ်တွေမှာ တွေ့ရတာလည်းရှိပါတယ်။

နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Mallory-Weiss Tear (Mallory-Weiss tear) ရဲ့လက္ခဏာတွေကဘာတွေလဲ

အတွေ့များတဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

ဗိုက်အောင့်ခြင်း

ဆိုးဆိုးရွားရွားအန်ခြင်း

Hematemesis လို့ခေါ်သော သွေးအန်ခြင်း

အလိုလိုပျို့နေခြင်း

အန်လိုက်သောသွေးသည် မဲပြီးခဲနေတာလည်းဖြစ်နိုင်သလို လတ်ဆတ်မယ်ဆိုရင် နီနေနိုင်ပါတယ်။ ကော်ဖီရောင်ဖြစ်နိုင်ပါတယ်။ မစင်မှာမဲနေပြီး ကတ္တရောင်ဖြစ်နေနိုင်ပါတယ်။ ထိုလက္ခဏာတွေရှိနေပြီဆိုရင် အရေးပေါ်ဆေးကုသမှုခံယူပါ။ တချို့အခြေအနေတွေမှာ သွေးထွက်များပြီး အသက်အန္တရယ်ရှိနိုင်ပါတယ်။

Mallory-Weiss tear တိုင်းမှာတော့ လက္ခဏာပြမှာမဟုတ်ဘူးဆိုတာ သိထားရပါမယ်။ နည်းနည်းပဲပေါက်ပြဲတဲ့အခြေအနေတွေမှာဆို သွေးအနည်းငယ်သာထွက်ပြီး မြန်မြန်အနာကျက်သွားတာကြောင့် လက္ခဏာမပြတတ်ပါဘူး။

အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်းရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်ဖော်ပြထားသောလက္ခဏာတွေရှိမယ် ဒါမှမဟုတ် မေးစရာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်းမတူညီကြပါဘူး။ သင့်အခြေအနေအတွက်ဘာက အသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Mallory-Weiss Tear (Mallory-Weiss tear) ကိုဘာတွေကဖြစ်စေသလဲ

အများစုကတော့ အချိန်ကြာမြင့်စွာ ဆိုးဆိုးရွားရွားအန်လို့ဖြစ်ရတာပါ။ အော့အန်တာတွေက နာမကျန်းဖြစ်ခြင်းတွေနဲ့ တွဲပါတယ်။ အရက်သမားတွေ၊ အစာအလွန်စားသောရောဂါရှိတဲ့သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။

အော့အန်ခြင်းဟာ အဓိကအကြောင်းအရင်းဖြစ်သော်လည်း အောက်ပါတို့ကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

ရင်ဘတ်တို့၊ ဝမ်းဗိုက်တို့ကို ထိခိုက်မိခြင်း

အချိန်ကြာမြင့်စွာ ဆိုးဆိုးရွားရွား ကြို့ထိုးခြင်း

ပြင်းပြင်းထန်ထန်ချောင်းဆိုးခြင်း

အလေးမခြင်း၊ ညစ်ခြင်း

အစာအိမ်ရောင်ခြင်း

အစာအိမ်က ရင်ဝမ်းခြားကြွက်သား၏ အစာရေပြွန်ထွက်သည့် အပေါက်မှ ထိုးထွက်နေခြင်း (Hiatal hernia)

CPR အလုပ်လွန်သောကြောင့် အစာရေပြွန်စုတ်ပြဲခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Mallory-Weiss Tear (Mallory-Weiss tear) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

Mallory-Weiss tear ဖြစ်နိုင်ခြေမြင့်မားစေတဲ့အရာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

အစာအိမ်မှ အက်စစ်ထုတ်လုပ်မှုများပြားစေသည့် ရှားပါးကျူမာရောဂါတစ်မျိုးဖြစ်သော Zollinger-Ellison syndrome ။ နာတာရှည်အနာတွေဖြစ်ပေါ်စေပါတယ်။

နာတာရှည်အစာအိမ်ရောင်ခြင်း။ အနာလိုအရာမျိုးတွေဖြစ်ပြီး အစာအိမ်ရောင်နေခြင်းဖြစ်ပါတယ်။

အစာရေပြွန်ပေါက်ခြင်း

အော့အန်ခြင်းကြောင့် အစာရေပြွန်ပေါက်သောရောဂါဖြစ်သည့် Boerhaave’s syndrome

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Mallory-Weiss Tear (Mallory-Weiss tear) ကို ဘယ်လိုအတည်ပြုပါသလဲ

ထိုရောဂါရှိနေမယ်လို့ သံသယရှိရင် ဆရာဝန်က ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများနဲ့ အခြားစစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မယ်။ ရောဂါလက္ခဏာက အစာရေပြွန်မှာ သွေးထွက်နေတယ်လို့ပြနေရင် EGD လို့ခေါ်တဲ့ မှန်ပြောင်းထိုးကြည့်သည့်နည်းလမ်းကို အသုံးပြုပါလိမ့်မယ်။ ထိုသို့ပြုလုပ်နေစဉ်မှာ အဆင်ပြေမှုရှိရအောင် စိတ်ညိမ်ဆေးနဲ့ အနာသက်သာဆေးတွေကို သောက်ရပါလိမ့်မယ်။ ဆရာဝန်က Endoscope လို့ခေါ်တဲ့ ကင်မရာတပ်ဆင်ထားသည့် ပိုက်ပျော့လေးကို အစာရေပြွန်ကနေတစ်ဆင် အစာအိမ်ထဲထိကြည့်မှာပါ။ ထိုနည်းလမ်းက အစာရေပြွန်ကိုကြည့်ရှုဖို့နဲ့ စုတ်ပြဲတဲ့နေရာတွေကို ရှာဖွေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။

သွေးနီဥအရေအတွက်ကိုသိဖို့ သွေးဆဲလ်စုစုပေါင်းအရေအတွက်ကိုရှာခြင်း(CBC) လုပ်ခိုင်းပါလိမ့်မယ်။ အစာရေပြွန်မှာ သွေးထွက်နေမယ်ဆိုရင် သွေးနီဥအရေအတွက်နည်းနေပါလိမ့်မယ်။ ထိုစစ်ဆေးမှုတွေကနေတစ်ဆင့် Mallory-Weiss tear ရှိမရှိသိနိုင်ပါတယ်။

Mallory-Weiss Tear (Mallory-Weiss tear) ကို ဘယ်လိုကုသပါသလဲ

Mallory-Weiss tear ရဲ့ ၈၀နဲ့၉၀ရာခိုင်နှုန်းလောက်တို့မှာ သွေးထွက်တာ သူ့အလိုလို ရပ်သွားတတ်ကြပါတယ်။ ရက်အနည်းငယ်လောက်သာရှိပြီး ကုသမှုမလိုအပ်ကြပါဘူး။

ဆိုးရွားတဲ့အခြေအနေတွေအတွက် ကုသမှုတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

ခွဲစိတ်ခြင်း

သွေးထွက်တာသူ့အလိုလိုမရပ်သွားဘူးဆိုရင်တော့ ခွဲစိတ်ဖို့လိုအပ်ပါလိမ့်မယ်။

ခွဲစိတ်ကုသဖို့အတွက် ရွေးချယ်မှုတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

အနာထံသို့ ဆေးတိုက်ရိုက်ရောက်စေပြီး သွေးကြောတွေပိတ်စေကာ သွေးတိတ်စေသော Sclerotherapy ဒါမှမဟုတ် ဆေးထိုးကုသနည်း။

ပေါက်ပြဲသွားသော သွေးကြောများအား အပူပေးပြီးပိတ်စေသော သွေးခဲကုသနည်း။

ပေါက်ပြဲနေသော သွေးကြောများအားရှာဖွေပြီး ပိတ်စေသော Arteriography။

သွေးအလွန်အကျွန်ထွက်နေပါက သွေးသွင်းခြင်း။

ဆေးဝါးကုသနည်း။

အစာအိမ်မှ အက်စစ်ထုတ်လုပ်မှုကို လျော့ချပေးသော Famotidine(Pepcid) ဒါမှမဟုတ် Lansoprazole(Prevacid) တို့ကို လိုအပ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ထိရောက်မှုကတော့ သိပ်ပြီးစိတ်မချရပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ

Mallory-Weiss tear ကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက Mallory-Weiss tear ကိုရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။

Hemophilia လို့ခေါ်တဲ့ သွေးမတိတ်သောရောဂါရှိနေမယ်ဆိုရင် သွေးခဏခဏထွက်နေပါလိမ်မယ်။ Mallory-Weiss tear (MWS) ကို ကာကွယ်နိုင်ဖို့ အချိန်ကြာကြာ ဆိုးဆိုးရွားရွားအော့အန်နေခြင်း၏ ရောဂါရင်းမြစ်ကို ကုသဖို့လိုအပ်ပါတယ်။ အရက်အလွန်အကျွန်သောက်ခြင်းနဲ့ အသဲခြောက်ခြင်းတွေကလည်း MWS ကို ပိုဆိုးစေနိုင်ပါတယ်။ နောက်ထပ်မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ ဆရာဝန်နဲ့တိုင်ပင်ပါ။ အရက်ဖြတ်ပါ။ အရက်ရှောင်ပါ။

မေးစရာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement