Malaria (ငှက်ဖျား ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Malaria (ငှက်ဖျား ) ကဘာလဲ။

ငှက်ဖျားသည့် ကပ်ပါးပိုးတစ်မျိုးကြောင့်ဖြစ်ရသော အသက်အန္တရာယ်ရှိသည့် ရောဂါတစ်ခုဖြစ်ပါသည်။ ကူးစက်ခံထားရသော အနောဖလိခြင်ကိုက်လျှင် ငှက်ဖျားဖြစ်စေသော ပလက်စမိုးဒီးယမ် ကပ်ပါးပိုးသည် ကိုက်ရာမှတစ်ဆင့် သွေးထဲရောက်သွား၏။ သင့်၌ငှက်ဖျားဖြစ်လာပြီးဆိုပါက ချမ်းတုန်ဖျားခြင်းအား ခဏခဏခံစားရမည်ဖြစ်ပြီး ၂ ရက် ၃ ရက်လျှင်တစ်ခါကျ စက်ဝိုင်းပုံစံနှင့် ဖြစ်ပွားတတ်ပါသည်။

Malaria (ငှက်ဖျား ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် သမပိုင်းဒေသများထက် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများတွင် အလွန်အဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Malaria (ငှက်ဖျား ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ငှက်ဖျား ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • ချမ်းတုန်ခြင်း
  • ဖျားခြင်း
  • ချွေးအလွန်ထွက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အန်ခြင်း၊ ပျို့ခြင်း
  • ၀မ်းလျှောခြင်း
  • သွေးအားနည်းခြင်း
  • ကြွက်သားနာခြင်း
  • တက်ခြင်း
  • ကိုမာဝင်ခြင်း
  • သွေးဝမ်းသွားခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။

  • ငှက်ဖျားအန္တရာယ်မြင့်မားသည့် ဒေသများတွင် နေထိုင်ခဲ့ဖူးလျှင် သို့မဟုတ် ခရီးသွားဖူးလျှင်
  • ခရီးသွားပြီးနောက် ရက်သတ္တပတ်ပေါင်းများစွာ၊ လပေါင်းများစွာ သို့မဟုတ် တစ်နှစ်အကြာတွင် အပြင်းဖျားမှု ဖြစ်လျှင်

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Malaria (ငှက်ဖျား ) ကိုဘာတွေကဖြစ်စေသလဲ

ပလက်စမိုးဒီယမ်ဟုခေါ်သော အဏုကြည့်မှန်ပြောင်းနှင့်သာ မြင်ရသည့် ကပ်ပါးပိုးများသည် ငှက်ဖျားဖြစ်ရသည့် အကြောင်းရင်းပင်။ ဆည်းဆာချိန်နှင့် ညအခါများတွင် အနော်ဖလိခြင်အမ ကိုက်ရာမှ ကူးစက်ခြင်းဖြစ်သည်။ ပလက်စမိုးဒီယမ် ကပ်ပါး အမျိုးအစားအများကြီးထဲမှ ငါးမျိုးသာလျှင် လူကိုငှက်ဖျားဖြစ်စေပါသည်။ ခြင်ကိုက်ခံရသည့်အခါ ပိုးများက သွေးထဲသို့ရောက်သွား၏။ ကပ်ပါးပိုး ခန္ဓာကိုယ်ထဲရောက်သည်နှင့် အသည်းဆီသို့သွားကာ ဆက်လက်ကြီးထွားကြသည်။ တစ်ချို့အမျိုးအစားများသည် အသည်းတွင် နှစ်ချီအောင် နေတတ်ကြပါသည်။ ရက်အနည်းကြာသည်နှင့် ကြီးလာသော ကပ်ပါးပိုးသည် သွေးတွင်းသို့ဝင်ကာ သွေးနီဥများကို ကူးစက်ပါတော့သည်။ ၄၈ မှ ၇၂ နာရီအတွင်း ကူးစက်ခံရသောဆေးများ ပေါက်ကွဲထွက်သွားစေပါသည်။

ရှားပါသည့်ဖြစ်ရပ်များတွင် သွေးသွင်းခြင်း၊ ဆေးထိုးအပ်မျှ မျှဝေသုံးစွဲခြင်းမှ ငှက်ဖျားပိုး ကူးစက်ခံရနိုင်ပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Malaria (ငှက်ဖျား ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ငှက်ဖျား ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • ရောဂါအဖြစ်များသည့် အာရိဖကနိုင်ငံများ၊ ဆာဟာရ သဲကန္တာရ၊ အာဆီယံနိုင်ငံများ၊ ဆော်လမွန်ကျွန်းများ၊ ပါပူရာ နယူးဂီနီနှင့် ဟေတီနိုင်ငံများလို အပူပိုင်းဒေသများတွင် နေထိုင်လျှင် သို့မဟုတ် ခရီးသွားဖူးလျှင်
  • အသက်ငယ်လွန်းလျှင် ဥပမာ တစ်နှစ်သားအောက်နှင့် ကလေးများ
  • ဆင်းရဲခြင်း
  • ဗဟုသုတမရှိခြင်း
  • ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Malaria (ငှက်ဖျား ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် သင့်အား အပူပိုင်းဒေသများသို့ သွားဖူးခြင်းရှိ၊မရှိသိရန် မေးမြန်းပါလိမ့်မည်။ တချို့ဖြစ်ရပ်များတွင်တော့ စမ်းသပ်ခြင်းများ လိုအပ်နိုင်ပါသည်။ သင့်၌ ဘေလုံးနှင့် အသည်းကြီး၊မကြီး ဆရာဝန်မှ စမ်းသပ်နိုင်ပါသည်။

ကုသမှုအား ဆုံးဖြတ်နိုင်ရန်အတွက် ကပ်ပါးပိုးရှိမရှိ စစ်ဆေးရန် သွေးစစ်ခြင်းများလုပ်ရန် ပြောနိုင်ပါသည်။ စစ်ဆေးမှုများမှ သင့်၌ ငှက်ဖျားပိုးရှိ၊မရှိ၊ ပိုးအမျိုးအစား၊ ဘယ်လိုဆေးမျိုးကို ခုခံနိုင်သည့်ပိုး၊ တခြားသက်ဖြစ်အင်္ဂါများအား ထိခိုက်နေမှုရှိ၊မရှိသိနိုင်ရန် ဆရာဝန်အား အကူအညီပေးပါသည်။ ရလဒ်တစ်ခုရရန် ရက်ပေါင်းများစွာကြာအောင် စောင့်ရသည့် စစ်ဆေးမှုများလည်းရှိသလို ၁၅ မိနစ်လောက်တောင် မရှိသည့် စစ်ဆေးမှုများလည်း ရှိပါသည်။

Malaria (ငှက်ဖျား ) ကို ဘယ်လိုကုသပါသလဲ

ငှက်ဖျားဖြစ်ခြင်းသည့် အသက်အန္တရာယ်ရှိသောကြောင့် အိမ်မှာပဲကုသဖို့ ဘယ်တော့မှ မဆုံးဖြတ်လိုက်ပါနှင့်။ ဆေးရုံတွင်သာ ကုသမှုခံယူရန်အတွက် လမ်းညွှန်ထားပါသည်။ သင့်တွင်ဖြစ်နေသော ပိုးအမျိုးအစားပေါ်မူတည်ကာ ဆေးများကို လမ်းညွှန်မည်ဖြစ်သည်။ ဆေးကို ခုခံနိုင်သော ပိုးအမျိုးအစားဖြစ်သောကြောင့် ပိုးမသေဆိုပါက ဆရာဝန်မှ တခြားသောဆေးများ၊ ဆေးတစ်မျိုးထက်ပိုပေးခြင်းများကို စဉ်းစားချင့်ချိန်ပေးပါလိမ့်မည်။

သင့်၌ရှိနေသော ကပ်ပါးပိုးအမျိုးအစား၊ အသက်အရွယ်၊ ကိုယ်ဝန်ရှိ၊မရှိပေါ် မူတည်ပြီး သောက်ရမည့်ဆေးအမျိုးအစားနှင့် ကြာချိန်ကို ဆုံးဖြတ်မည်ဖြစ်သည်။ အသုံးများဆုံး ငှက်ဖျားပိုးသတ်ဆေးများမှာ chloroquine၊ quinine sulfate၊  hydroxychloroquine၊ mefloquine (သို့မဟုတ်) combination of atovaquone နဲ့ proguanil တို့ဖြစ်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ငှက်ဖျား ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ငှက်ဖျား ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

  • အိမ်ထဲဝင်သမျှခြင်များအား သတ်နိုင်မည့် ခြင်ဆေးများကို အိမ်နံရံများတွင် ဖြန်းထားပါ။
  • သင်နေသည့်နေရာကို သန့်ရှင်း ခြောက်သွေးပြီး သန့်စင်နေအောင်ထားပါ။ Detol, phenyl များအား အိမ်သန့်ရှင်းရေ အိမ်သာသန့်ရှင်းရေးအတွက် သုံးပါ
  • အိပ်လျှင် ခြင်ထောင်ထောင်ပါ
  • အရေပြားအား ဘောင်းဘီရှည် အင်္ကျီရှည်များဝတ်ပြီး ဖုံးအုပ်ပါ အထူးသဖြင့် သင်နေသည့်နေရာတစ်ဝိုက် အဖြစ်များနေပါက
  • ငှက်ဖျားဖြစ်သည့်အခါ အရည်ကိုသာသောက်ပါ။ ပြန်ကောင်းလာသည့်အခြေအနေတွင် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများစားသုံးပေးပါ။
  • ရေကန်များ ရေ၀ပ်နိုင်သည့်အပေါက် အခေါင်းများကို ရှင်းထားပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 2, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 13, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ