backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Mad Cow Disease (နွားရူးပြန်ရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Mad Cow Disease (နွားရူးပြန်ရောဂါ) ကဘာလဲ။

Mad cow ရောဂါဆိုသည်မှာ ကျွဲနွားများတွင် ဦးနှောက်နှင့် အာရုံကြောမကြီးကိုထိခိုက်ပျက်စီးစေသောသေနိုင်သည့်ရောဂါဖြစ်သည်။ ၎င်းကို Bovine Spongiform Encephalopathy (BSE) ဟုလည်းခေါ်သည်။

လူများတွင် mad cow ရောဂါမဖြစ်နိုင်ပေ။ သို့သော် လူများတွင်ဖြစ်နိုင်သော Mad cow ရောဂါလည်း ရှိသည်။ Varient Creutzfeldt-Jakob (VCID) ရောဂါဟုခေါ်ပြီး သေစေနိုင်သည်။

Mad Cow Disease (နွားရူးပြန်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ထိုရောဂါ၏ပထမဆုံးဖြစ်ပွားသောလူနာကို ၁၉၉၆ တွင်စတင်တွေ့ရှိခဲ့သည်။ ထိုအချိန်မှစ၍ ကမ္ဘာပေါ်တွင် ထိုရောဂါဖြစ်ပွားသောလူနာအနည်းငယ်ကို ဆက်လက်တွေ့ရှိရသည်။ အများစုသည် အင်္ဂလန်နိုင်ငံ၏ ဒေသများတွင် တွေ့ရှိရသည်။

၎င်းရောဂါသည်ပြင်းထန်သော်လည်း ရှားပါးသည်။ တစ်နှစ်လျင် လူတစ်သန်းတွင် တစ်ယောက်လောက်သာ ဖြစ်နိုင်သည်ဟု ခန့်မှန်းတွက်ချက်ထားပြီး၊ အသက်ကြီးသူများတွင်ဖြစ်နိုင်ပါသည်။

သို့သော် ၎င်းကိုဖြစ်စေနိုင်သောအကြောင်းရင်းများကိုလျော့ချခြင်းဖြင့် ရောဂါဖြစ်ခြင်းကိုထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Mad Cow Disease (နွားရူးပြန်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Creutzfeldt-Jakob ရောဂါသည်လပိုင်းအတွင်းတွင် စိတ်ပိုင်းဆိုင်ရာ လျင်မြန်စွာဆိုးရွားသွားနိုင်သော ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါလက္ခဏာများတွင် အောက်ပါတို့ပါဝင်သည်။

– ကိုယ်အမူအရာများပြောင်းလဲခြင်း

– စိတ်ပူပင်စိုးရိမ်ခြင်း

– စိတ်ဓါတ်ကျခြင်း

– မှတ်ဉာဏ်ပျောက်ဆုံးခြင်း

– အမြင်အာရုံေဝဝါးခြင်း၊ မျက်စိကွယ်ခြင်း

– အိပ်မပျော်ခြင်း၊

– စကားပြောရန်ခက်ခဲခြင်း

– အစာမျိုချရန် ခက်ခဲခြင်း

– အကြောလိုက်သလိုဖြစ်ခြင်း

ရောဂါဆိုးရွားလာသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများလည်း ဆိုးရွားလာသည်။ လူအများစုသည် သတိလစ်မေ့မြောသည့် အခြေအနေအထိ ရောက်သွားနိုင်သည်။

နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ၊နမိုးနီးယား သို့မဟုတ် အခြားသောရောဂါပိုးသည် သေဆုံးခြင်း၏ အဓိက အကြောင်းရင်းများဖြစ်ကြသည်။ တစ်နှစ်အတွင်း သေဆုံးနိုင်သည်။ ရှားပါးသော VCJD ရောဂါနှင့် လူနာများသည် အစပိုင်းတွင် စိတ်ပိုင်းဆိုင်ရာလက္ခဏာများ ပို၍ထင်ရှားပြီး မှတ်ဉာဏ်ပျောက်ဆုံးတတ်သည်။ ရောဂါဖြစ်ပြီးနောက်ပိုင်းတွင် စဉ်းစားတွေးခေါ်နိုင်ခြင်းပျောက်ဆုံးလာသည်ကိုတွေ့ရသည်။ ထို့အပြင်ဤအမျိုးမျိုးသော လက္ခဏာများသည် ဖြစ်နေကျလက္ခဏာများထက် လူငယ်များတွင် ပိုဖြစ်သည်ကို တွေ့ရပြီး ၁၂လမှ ၁၄လအထိကြာမြင့်သည်ကို တွေ့ရသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ထိုရောဂါလက္ခဏာများဖြစ်ပေါ်ပါက ဆရာဝန်နှင့် ချက်ခြင်းပြသသင့်သည်။ Mad cow ရောဂါသည် ချက်ခြင်းကုသမှုခံယူရမည့် အသက်အန္တရာယ်ရှိသော ရောဂါဖြစ်သည်။

အခြားသော လက္ခဏာများရှိပါက သို့မဟုတ် မေးမြန်းလိုသည်များရှိပါက သင့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းသည် ရောဂါကို တုံ့ပြန်မှုမတူညီကြပေ။

အကြောင်းရင်းများ

Mad Cow Disease (နွားရူးပြန်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ပညာရှင်များသည်လည်း mad cow သိုမဟုတ် VCJD ရောဂါကို ဖြစ်စေသော အကြောင်းရင်းများကို အသေအချာမသိကြပေ။

စာပေများတွင် ဖော်ပြထားသည်မှာ ၎င်းရောဂါသည် Prion ဟုခေါ်သောပရိုတင်းတစ်မျိုးကြောင့်ဖြစ်ပြီး ကျွဲနွားများတွင် ဖြစ်သည်။ ထိုပရိုတင်းသည် ဦးနှောက်၊ အာရုံကြောမနှင့် အူသိမ်တို့တွင်တွေ့ရသည်။ Prion ပရိုတင်းသည် အသားနှင့် နို့တွင်တွေရသည်ဟု သက်သေသာဓကမရှိပေ။

နွားကို သားသတ်ရုံတွင်သတ်သောအခါ အချို့သော အစိတ်အပိုင်းများကို လူများစားနိုင်ရန်၊ အချို့ကို တိရိစ္ဆာန်များစားနိုင်ရန် အသုံးပြုကြသည်။ ရောဂါပိုးရှိသော နွားကို သတ်သောအခါ အာရုံကြောတစ်သျှူးများကို အခြားသော ကျွဲနွားများကို ကျွေးသည့်အခါ ရောဂါကူးစက်နိုင်သည်။ ရောဂါရှိသော ဦးနှောက်နှင့် အာရုံကြောအစိတ်အပိုင်းများကို စားမိလျှင် လူတွင်လည်း ရောဂါကူးနိုင်သည်။

ဖြစ်နိုင်ခြေများ

Mad Cow Disease (နွားရူးပြန်ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖြစ်နိုင်ချေသည် မများလှပေ။ ရောဂါသည် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ထိေတွေ့ခြင်းအားဖြင့် မကူးစက်နိုင်ပေး။

အောက်ပါအကြောင်းရင်းများကြောင့် ကူးစက်နိုင်သည်။

-အကြောင်းရင်းမရှိပဲ ရောဂါဖြစ်ခြင်း။

– မျိုးရိုးလိုက်ခြင်း။ ။ အမေရိကန်ပြည်ထောင်စုတွင်၅-၁၀% သော လူနာများတွင် မိသားစုရာဇဝင်ရှိကြသည်။

-ထိတွေ့ကူးစက်ခြင်း။ ။ ရောဂါဖြစ်သော လူများထဲမှအနည်းငယ်သည် ရောဂါဖြစ်နေသောသူကို ဆေးကုသနေစဉ် ရောဂါကူးစက်ကြသည်။ ရောဂါပိုးသတ်သည့် နည်းလမ်းများသည် Prion ပရိုတင်းကို မသေစေနိုင်ပေ။ လူအနည်းငယ်သည် ရောဂါပိုးကူးစက်ထားသော ခွဲခန်းသုံးပစ္စည်းများကြောင့် ရောဂါပိုးကူးစက်ကြသည်။

အများစုသည် အကြောင်းရင်းမသိပဲဖြစ်ကြသည်။ ဖြစ်နိုင်ချေကို များစေသော အကြောင်းရင်းများ ခွဲခြားမသိနိုင်ပေ။ သို့သော် အချို့သော အချက်အနည်းငယ်သည် VCJD နှင့် ဆက်စပ်မှုရှိနိုင်သည်။

-အသက်အရွယ်။ ။ VCJD သည် အသက်ငယ်သောသူများတွင် အဖြစ်များပြီး အသက်၂၀ နောက်ပိုင်းတွင် အဖြစ်များသည်။

-မျိုးရိုးဗီဇ။ ။ VCJD ရှိသော လူများတွင် မျိုးရိုးဗီဇ ပြောင်းလဲမှုရှိသည့်အတွက် ရောဂါဖြစ်ပွားသည်။ သင့်တွင် မျိုးရိုးဗီဇ ပြောင်းလဲမှုရှိလျှင် သင့်ကလေးတွင် ဖြစ်နိုင်ချေ ၅၀%ရှိသည်။

-ရောဂါရှိသော အရာများနှင့် ထိတွေ့ခြင်း။ ။ ဦးနှောက်ရှိ ဂလင်းတစ်ခုမှထွက်သော ဟော်မုန်းကိုရရှိသော သို့မဟုတ် ဦးနှောက်ကို အုပ်ထားသော တစ်သျှူးစကို အစားထိုးရသော သူများသည် ရောဂါရနိုင်ချေရှိသည်။ အသားစားခြင်းကြောင့်ရောဂါကူးခြင်းသည် အတိအကျပြောရန်ခက်သည်။ ပြည်သူ့ကျန်းမာရေးကို သေချာလုပ်ဆောင်သောနိုင်ငံများတွင် ကူးစက်နိုင်ချေသည် မရှိသလောက်ပင်ဖြစ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Mad Cow Disease (နွားရူးပြန်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဦးနှောက်အသားစယူခြင်း သို့မဟုတ် သေပြီးနှောက် ဦးနှောက်ကို စစ်ဆေးခြင်းဖြင့်သာရောဂါကို သိနိုင်သည်။ သို့သော် ဆရာဝန်များမှ လူနာ၏ ဆေးရာဇဝင်ကို မေးမြန်းပြီး အာရုံကြောစစ်ဆေးမှုများပြုလုပ်ခြင်းဖြင့် ရောဂါကို အမည်တပ်နိုင်ပါသည်။

ထို့အပြင် အောက်ပါတို့သည် ရောဂါရှာဖွေရန်သုံးသော အခြားသော စစ်ဆေးချက်များဖြစ်ပါသည်။

Electroencephalogram (EEG)

ဦးနှောက်၏ လုပ်ဆောင်ချက်များကို လျှပ်စစ်စီးကြောင်းဖြင့် တိုင်းတာခြင်းဖြစ်သည်။ ရောဂါရှိသူသည် ပုံမှန်မဟုတ်သော ပုံစံများဖြင့် ဖော်ပြသည်။

MRI

သံလိုက်လှိုင်းများကို အသုံးပြုခြင်းဖြင့် ဦးခေါင်းနှင့် ခန္ခါကိုယ်ကို ကန့်လန့်ဖြတ် ပုံရိပ်များရရှိနိုင်သည်။ ဦးနှောက်တွင် ဖြစ်သောရောဂါများကို သိရှိနိုင်ရန် အဓိက အသုံးပြုသည်။

Spinal fluid tests

ခါးရိုးထဲမှ အရည်ကို စစ်ဆေးခြင်းဖြင့် VCJD ရောဂါတွင်ရှိသော ပရိုတင်းကို စစ်ဆေးခြင်းဖြစ်သည်။

Mad Cow Disease (နွားရူးပြန်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ဤရောဂါအတွက် ထိရောက်သောကုသမှုမရှိသေးပါ။ စတီးရွိုက် ပိုးသတ်ဆေးနှင့် ဗိုင်းရပ်စ်သတ်သော ဆေးများသည် သိသာစွာ အကျိုးမရှိလှချေ။ ထို့ကြောင့် ဆရာဝန်များသည် လူနာ၏ ရောဂါလက္ခဏာသက်သာစေရန်ကို အဓိကကုသကြသည်။

ဘဝနေထိုင်နည်းပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

အောက်ပါနည်းလမ်းများဖြင့် ကျန်းမာသော နေထိုင်နည်းပုံစံသည် သင့်တွင်ဖြစ်နိုင်ချေများလျင် အရေးကြီးသည်။

– အခြားနိုင်ငံများမှ တင်သွင်းသော ကျွဲနွားများကို သေချာစွာ စစ်ဆေးခြင်း

– တိရိစ္ဆာန်အစားအစာများကို စိစစ်ခြင်း

– နေမကောင်းသော တိရိစ္ဆာန်များနှင့် ထိတွေ့ခြင်းကို သတိပြုဆောင်ရွက်ခြင်း

– ကျွဲနွားများ၏ ကျန်းမာရေးကို စောင့်ကြည့်စစ်ဆေးခြင်း

– ကျွဲနွားများ၏ မည်သည့် အစိတ်အပိုင်းကို အစားအစာအဖြစ်အသုံးပြုမည်ကို စိစစ်ခြင်း

သင့်တွင် မေးမြန်းလိုသည်များရှိလျင် သင့်တွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement