Lymphangitis (ပြန်ရည်ကြောရောင်ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အဓိပ္ပါယ်ဖွင့်ဆိုချက်

Lymphangitis (ပြန်ရည်ကြောရောင်ခြင်း) ကဘာလဲ။

ပြန်ရည်ကြော ရောင်ခြင်းသည် ပြန်ရည်ကြောများ ရောင် ရမ်းခြင်း ဖြစ်သည်။ ၎င်းသည် ဘတ်တီးရီးယားကူးစက်ခြင်း ၏ အဖြစ်များသော ဆိုးကျိုးတစ်ခုဖြစ်သည်။

ပြန်ရည်ကြောစနစ် သည် ကိုယ်ခံအားစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ခန္ဓာ ကိုယ် တစ်လျှောက် အင်္ဂါများ၊ ဂလန်းများ၊ ပြွန်များ၊ နှင့် သွေးကြောများ ပါဝင်သည်။ ၎င်းသည် ပြန်ရည်ဟုခေါ်သော အရည်များကို ထုတ်လုပ်ပြီး တစ်ရှူးမှ သွေးကြောများဆီသို့ ပို့ပေးသည်။

ပြန်ရည်ကြောရောင်ခြင်း သည် ရောဂါပိုးကူးစက်မှုက လျင် မြန်စွာ ဆိုးရွားလာနိုင်သော လက္ခဏာတစ်ခု ဖြစ်နိုင်သည်။ ရောဂါ သည် သွေးစီးကြောင်းတွင်း ရောဂါပိုးပျံ့ခြင်း နှင့် အခြား ရောဂါပိုးကူးစက်မှုများ ကို ဖြစ်စေပြီး အသက်အန္တရာယ် စိုးရိမ် ရပါသည်။

Lymphangitis (ပြန်ရည်ကြောရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ပြန်ရည်ကြောရောင်ခြင်း သည် အဖြစ်များပါသည်။ ကိုယ် ခံအားစနစ် အားနည်းသော လူများတွင် ဖြစ်ပွားပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါ ကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက်အလက်များ အတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။

လက္ခဏာများ

Lymphangitis (ပြန်ရည်ကြောရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

  ပြန်ရည်ကြောရောင်ခြင်း၏ ရောဂါလက္ခဏာများ။ အနာ အနီးတွင် အနီးဆုံးပြန်ရည်ကြောအဖုဆီသို့ ဦးတည်နေသော အနီရောင် အစင်းကြောင်း။  ဥပမာ လက်မောင်းတွင် ရောဂါပိုး ကူးစက်ခံရပါက ချိုင်းကြားရှိ ပြန်ရည်ကြောအဖုများကို ထိ ခိုက်ပါသည်။

ခြေထောက် တွင်ရောဂါပိုးဝင်ပါက ပေါင်ခြံရှိ ပြန်ရည်ကြောအဖုများကို ထိခိုက်ပါသည်။ ထိုအဖုများသည် ရောင်လာပြီး ထိသောအခါ နာကျင်ပါသည်။ မောပန်းနွမ်းနယ် ခြင်း၊ အနာတွင် စပ်ဖျဉ်းဖျဉ်းနေခြင်း၊ အစာစားချင်စိတ် ပျောက် ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ အေး ခြင်း နှင့် အဖျားတက်ခြင်းတို့လည်း ဖြစ်ပွားနိုင်ပါသည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ရောဂါအခြေအနေသည် တစ် ဦးနှင့် တစ်ဦး မတူညီပါ။ ရောဂါအဖြေရှာခြင်းများ၊ ကုသမှုများ ပြုလုပ်ရန် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ သင့်အတွက် အ ကောင်းဆုံးကုသမှုကို ရယူပါ။

 

အကြောင်းရင်းများ

Lymphangitis (ပြန်ရည်ကြောရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ပြန်ရည်ကြောရောင်ခြင်းသည် streptococcus ကြောင့် ဖြစ်သော အရေပြားရောဂါပိုးကူးစက်မှု၏ ရလဒ်ဖြစ်ပါသည်။ ရောဂါသည် staph ကူးစက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ သို့သော် staph ကူးခြင်းမှာ ရှားပါသည်။ ရောဂါပိုးကူးစက်ခြင်း သည် ပြန်ရည်ကြောအဖုများကို ရောင်ရမ်းစေပါသည်။

  ပြန်ရည်ကြောရောင်ခြင်းသည် အရေပြား ရောဂါပိုးကူးစက် မှု ပိုမိုဆိုးရွားလာသော လက္ခဏာတစ်ခု ဖြစ်နိုင်ပါသည်။ ဘတ် တီးရီးယားသည် သွေးစီးကြောင်းအတွင်းသို့ ပျံ့နှံ့ပြီး အသက် အန္တရာယ် စိုးရိမ်ရသော ပြဿနာများကို ဖြစ်စေပါသည်။

Risk factors

 Lymphangitis (ပြန်ရည်ကြောရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ပြန်ရည်ကြောရောင်ခြင်းဖြစ်နိုင်ချေ ကို မြင့်စေသော အ ချက်များမှာ-

  • ကင်ဆာကုသမှုပြီးနောက်
  • သောက်ရန်ညွှန် ကြားထားသည့် ပဋိဇီဝဆေးများ မကုန်ခင် ဆေး သောက်ခြင်းကို ရပ်ခြင်း၊ ကျော်ခြင်း
  • အနာသည် ရောဂါကူးစက်နိုင်ပုံပေါ်သော်လည်း အနာ ကိုလျစ်လျူရှုခြင်း

ဖြစ်နိုင်ချေကိုမြင့်စေသော အချက်များ မရှိခြင်းသည် ရောဂါမရနိုင်ပါဟု မဆိုလိုပါ။ ထိုလက္ခဏာများသည် ကိုးကားချက်သာလျှင် ဖြစ်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Lymphangitis (ပြန်ရည်ကြောရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် ဆေးမှတ်တမ်း နှင့် ကျန်းမာရေး စစ်ဆေးခြင်း အထူးသဖြင့် ပြန်ရည်ကြောအဖုများအား စစ်ဆေးခြင်းဖြင့် ရောဂါအဖြေရှာနိုင်ပါသည်။ ဆရာဝန်သည် မည်သည့် ဘတ်တီးရီးယား အမျိုးအစားကြောင့် ဖြစ်သလဲ ရောဂါသည် ဘယ်လောက်ပြင်းထန်သလဲ သိရှိရန် သွေးစစ် ခြင်း ပြုလုပ်ပါမည်။

Lymphangitis (ပြန်ရည်ကြောရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ပြန်ရည်ကြောရောင်ခြင်းကို လျင်မြန်စွာ ကုသရန် လိုအပ် ပါသည်။ ကုသမှုတွင် ပဋိဇီဝဆေးများနှင့် အနာပျောက်ဆေး များပါဝင်ပါသည်။ ပြင်းထန်သော ရောဂါ လက္ခဏာများ ( အ ဖျားတက်ခြင်း၊ အေးခြင်း၊ ကြွက်သားနာခြင်း) ရှိသောသူများ ကို ပဋိဇီဝဆေး သွေးကြောတွင်းသို့ တိုက်ရိုက်ထိုးသွင်း ပေးရန် လိုအပ်ပါသည်။

နေ့စဉ် အကြိမ်းများစွာ ပူနွေးစိုစွတ်သော အဝတ်စ သို့မဟုတ် အပူ ပေးသော အပြားဖြင့် အနာကို ဖိပေး ခြင်းသည် ရောင်ရမ်းခြင်း နှင့် အကိုက်အခဲပျောက်ဆေးများ သောက်ရခြင်းကို လျော့ချပေးနိုင်သည်။ ဖြစ်နိုင်ပါက ထိခိုက် သောနေရာကို စီစဉ်ပြုပြင်ပေးသင့် ပါသည်။ ပဋိဇီဝဆေးများ ပေးပြီးမှသာ အနာကို ဂရုစိုက်ပါ။ (ဥပမာ အနာကို အခြောက် ခံခြင်း)

Streptococcus ဘတ်တီးရီးယား အုပ်စု အေ ကူးစက်ခြင်း သည် အရေးပေါ်ကုသမှုခံယူရန် လိုအပ်ပါသည်။ ပြန်ရည်ကြောအဖုရောင်ခြင်းသည် လျင်မြန်စွာ ဆိုးရွားလာနိုင် ပြီး ပြင်းထန်သောဆိုးကျိုးများကို ဖြစ်စေပါသည်။ ထိုဆိုးကျိုး များသည် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်ပါသည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ  အသုံးပြုခြင်း သည် ပြန်ရည်ကြောရောင်ခြင်းကို ကုသရာတွင်  ဘယ်လို အထောက် အကူပြုနိုင်မလဲ။

  အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ပြန်ရည်ကြောရောင်ခြင်း ကို ထိန်းချုပ်နိုင် ပါသည်။

  • ပဋိဇီဝဆေးများကို ပြီးဆုံးသည်အထိ သောက်ပါ။ ပဋိ ဇီဝဆေးများ စသောက်ပြီး ဆက်တိုက် အဖျားတက် နေပါက ဆရာဝန်အား ခေါ်ပါ။
  • နာကျင်မှုအတွက် acetaminophen, ibuprofen စသော ဆေးများသောက်ပါ။ ဆေးသောက်သော် လည်း နာကျင်မှု မသက်သာပါက ဆရာဝန်အား ပြော ဆိုတိုင်ပင်ပါ။
  • ရောဂါပြန်လည်ကောင်းမွန်ရန် ရေများများ သောက် ပါ။ မျှတသော အစားအသောက်ကို စားပါ။
  • ထိခိုက်သော နေရာကို ပတ်တီးစီးပါ။
  • ရောင်ရမ်းခြင်း သက်သာစေရန်နှင့် သွေးစီးမှု ကောင်း စေရန် ထိခိုက်သော နေရာပေါ်သို့ ပူနွေးစိုစွတ်သော အဝတ်တင်ပါ။
  • ရောဂါကူးစက်မှု လက္ခဏာများပြပါက လျင်မြန်စွာ ပြန် လည်ကောင်းမွန်လာတော့မည် ဖြစ်သည်။
  • ကုသမှု စတင်ပြီး အနီရောင် အစင်းကြောင်းများ အနာအနီးတွင် ဆက် လက်ပေါ်ပေါက်လာကာ အနီး ဆုံး ပြန်ရည်ကြောအဖုဆီသို့ ပျံ့နှံ့လာပါက ဆရာဝန် အား အကြောင်းကြားပါ။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

 

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇူလိုငျ 3, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 29, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။