backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Lyell's syndrome

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 17/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Lyell’s syndrome ဆိုတာဘာလဲ။

ဓါတ်မတည့်တဲ့ရောဂါတွေက ခန္ဓါကိုယ်အပေါ် ဆိုးကျိုးသက်ရောက်မှု အမျိုးမျိုးနဲ့အတူ နောက်ဆက်တွဲတွေပါ ဖြစ်စေပါတယ်။ အဆိုးဝါးဆုံး ဆိုးကျိုးကတော့ Lyell’s syndrome ပါပဲ။ ဒီအခြေအနေက အသက်အန္တရာယ်ဖြစ်စေနိုင်ပြီး အရေပြားအပေါ်လွှာမှာ အသားပုပ်တဲ့ပြောင်းလဲမှုတွေ ဖြစ်လာစေပါတယ်။ နောက်ပိုင်းမှာ ကွာကျတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ နက်ခရိုးစစ်ခေါ် အသားပုပ်တဲ့ အခြေအနေဆိုတာ ဓါတ်မတည့်တာနဲ့ထိမိတဲ့အခါ ခန္ဓါကိုယ်အပေါ် အဆိပ်အာနိသင်ဖြစ်စေပြီး ရောဂါရဲ့လက္ခဏာတွေ ပေါ်လာတာမျိုး ဖြစ်ပါတယ်။

Lyell’s syndrome ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ရောဂါလက္ခဏာများ

Lyell’s syndrome ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ပြင်ပပစ္စည်းတစ်ခုနဲ့ ထိတွေ့မိတဲ့အခါ ဖြစ်လာတတ်တဲ့ဓါတ်ပြုမှုတွေက Lyell’s syndrome မှာ အရမ်းကိုမြန်ပါတယ်။ ရက်အနည်းငယ်အတွင်း ဖြစ်လာတာမျိုးပါ။ ရုတ်တရတ် ကိုယ်အပူချိန်တိုးလာပြီးနောက် ခန္ဓါကိုယ်အနှံ့မှာ အဖုအပိန့်အကွက်တွေထလာပါလိမ့်မယ်။ နောက်ရက်အနည်းငယ်အကြာမှာ အရည်ကြည်ဖုတွေ ဖြစ်လာပြီးတော့ ပြင်းထန်အပူလောင်အဆင့်နဲ့ တူလာနိုင်ပါတယ်။ အရေပြားအပေါ်လွှာကွာကျလာပြီး နေရာအနှံ့မှာ သွေးထွက်လာပါလိမ့်မယ်။ Lyell’s syndrome က အရေပြားအပြင် အကျိအချွဲအမြှေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အပြင်အမြှေးတွေဖြစ်တဲ့ နှုတ်ခမ်း၊ မျက်ခွံအတွင်းသား၊ လိင်အင်္ဂါတွေအပြင် အတွင်းအင်္ဂါအဖုံးမြှေးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ အမြှေးတွေမှာဖုထာတဲ့အခါ ရောင်ရမ်းတဲ့ဖြစ်စဉ်တွေ စဖြစ်လာပါတယ်။ Lyell’s syndrome ရဲ့ အဆိပ်သင့်ဖြစ်စဉ်က မြန်မြန်တိုးပွားလာပါတယ်။ ကိုယ်အပူချိန်မြင့်နေတာကလည်း ရေဓါတ်ကို မြန်မြန်ခမ်းစေပြန်တယ်။ ဒါကို ခွန်အားနည်းလာတာ၊ အိပ်ငိုက်တာ၊ အရပ်မျက်နှာမသိနိုင်တာတွေကို ကြည့်ပြီး သိနိုင်ပါတယ်။ သွေးပျစ်လာတာကနေ သွေးကြောတွေမှာ သွေးစီးဆင်းမှုမကောင်းတော့ဘဲ ကနဦးအနေနဲ့ နှလုံး၊ ကျောက်ကပ်၊ အသည်းစတဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ ပြဿနာပေါ်လာတော့တယ်။

အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက Lyell’s syndrome ဖြစ်ပွားစေသလဲ။

Lyell’s syndrome အပါအဝင် ဓါတ်မတည့်တဲ့ ရောဂါတွေဖြစ်ရတဲ့ အဓိကအချက်ကတော့ ဆေးတွေပဲဖြစ်ပါတယ်။ ဓါတ်မတည့်တဲ့ဓါတ်ပြုမှုကို အများဆုံးဖြစ်စေတာက ပဋိဇီဝဆေးတွေပါပဲ။ သို့သော် ဘယ်ဆေးမဆို ဓါတ်မတည့်မှုဖြစ်စေနိုင်တာကို သတိချပ်ရပါမယ်။ သည်လိုဖြစ်ရတာက မိမိမှာ ဆေးတွေ ပစ္စည်းတွေကို ဒဏ်မခံနိုင်တဲ့နှုန်းက အရမ်းမြင့်တက်နေလို့ပါပဲ။

Lyell’s syndrome သို့မဟုတ် အရေပြားအပေါ်လွှာ ပုပ်ခြင်းက တခြားဓါတ်မတည့်ရောဂါတွေဖြစ်ရတာနဲ့ ကွာပါတယ်။ ဓါတ်မတည့်ရောဂါအများစုမှာ ခန္ဓါကိုယ်ကနေ မတည့်တဲ့ပစ္စည်းကို တိုက်ရိုက်ဓါတ်ပြုပါတယ်။ Lyell’s syndrome ကတော့ အရေပြားအပေါ်လွှာမှာရှိတဲ့ ဓါတ်မတည့်ပရိုတင်းပေါင်းကို ခန္ဓါကိုယ်က သူနဲ့မဆိုင်ဘူးဆိုပြီးအမှတ်မှားတဲ့အခါ စပြီးကန်ထုတ်တာနေ ဖြစ်ပွားပါတယ်။ ဒါကြောင့် အန္တရယ်မများတဲ့ဆေးသုံးရတဲ့သူတွေမှာတောင်မှ ပြင်းထန်တဲ့ကိုယ်ခံအားဓါတ်ပြုတွေ ဖြစ်လာရခြင်း ဖြစ်ပါတယ်။

ရလဒ်အနေနဲ့ ဖြိုခွဲခံရတဲ့ ပရိုတင်းပေါင်းတွေက ခန္ဓါကိုယ်ထဲမှာစုပြုံလာပြီး အဆိပ်ဖြစ်လာပါတယ်။ Lyell’s syndrome က သေနှုန်းအတော်မြင့်ပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်မားစေတဲ့အကြောင်းရင်းများ

ဘယ်အရာတွေက Lyell’s syndrome ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

မွေးခါစကလေးတွေမှာ ပတ်ဝန်းကျင်ရဲ့ ရောဂါဖြစ်စေတဲ့အကြောင်းရင်းတွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒါကြောင့် ရောဂါအမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အမေဆီကရတဲ့ ကိုယ်ခံအားက ကလေးတွေကို ကာကွယ်ပေးသလို ပြင်းထန်တဲ့ ဓါတ်မတည့်ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် Lyell’s syndrome အဖြစ်နည်းတယ်။

အရွယ်ရောက်သူတွေမှာ အရေပြားအပေါ်လွှာပုပ်တာက ဆေးသုံးစွဲပြီးနောက် ဒါမှမဟုတ် သွေး၊ သွေးရည်ကြည်သွင်းပြီးနောက်မှာ ပေါ်လာတတ်တာကို သိထားပါ။ Staph ပိုးဝင်ဖူးတဲ့ ကလေးငယ်တွေမှာက Lyell’s syndrome ပိုအဖြစ်များပါတယ်။ သည်ရောဂါဖြစ်ရတဲ့ အရေးကြီးတစ်ချက်က ဓါတ်မတည့်မှုလွယ်ကူတာကို မျိုးရိုးဆက်ခံခြင်းဖြစ်ပါတယ်။ အသက်ငယ်တဲ့ကလေးတွေမှာ အရေပြားအပေါ်လွှာ ပုပ်ခြင်းက ရုတ်တရတ်ပြင်းထန်တတ်ပြီး ရောဂါသဘောကလည်း ဆိုးဝါးပါတယ်။ အဆိပ်သင့်တဲ့ ဓါတ်ပြုမှုက အရေပြားတစ်ခုလုံးကို အနိုင်ယူနိုင်ပြီး သွေးဆိပ်သင့်သည်အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် စောစောကုနိုင်မယ်ဆိုရင် ကလေးတွေမှာ ပြန်ကောင်းနိုင်တဲ့ရာနှုန်းက အရွယ်ရောက်ပြီးသူတွေထက် ပိုများနေပါတယ်။ ထပ်ပြီးသိချင်တာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။

ရောဂါအဖြေရှာခြင်းနဲ့ ကုသခြင်း

ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။

Lyell’s syndrome ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ထပ်ပြီးသိချင်တာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။

Lyell’s syndrome ကို ဘယ်လိုကုသလဲ။

Lyell’s syndrome ရဲ့လက္ခဏာပေါ်လာတာနဲ့ ဆေးရုံချက်ချင်းတက်ဖို့လိုပါတယ်။ သည်ရောဂါမှာ အချိန်မှီတာက လူနာရဲ့အသက်ကိုကယ်ဖို့ အရေးကြီးပါတယ်။

ဆေးကုသမှုတွေကို အရင်ဆုံးအနေနဲ့ အဆိပ်ဖြေဖို့ ပေးရပါတယ်။ ဒါ့အပြင် ရေဆားမျှချေ၊ သွေးလှည့်ပတ်မှုနဲ့ သက်ဖြစ်အင်္ဂါတွေ ပုံမှန်တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် ပုံမှန်ပြန်ဖြစ်အောင်လုပ်ဖို့ကလည်း အရေးကြီးပါတယ်။ Lyell’s syndrome ကုသမှုမှာ ဖြစ်နေတဲ့အရေပြားကို အရေးစိုက်ကုသတာမျိုးလည်းပါပါတယ်။ Aerosol ပါသော အရေပြားအနာကျက်မြန်ဆေးများကို လိမ်းပေးဖို့လည်း လုပ်ရပါတယ်။ ခံတွင်းအမြှေးအတွက် သဘာဝပလုတ်ကျင်းဆေးများနဲ့ ဆေးတာမျိုးလည်း လုပ်ရပါတယ်။ Lyell’s syndrome လူနာကို အထူးကြပ်မတ်တာလည်း အရေးကြီးပါတယ်။ အိမ်မှာဆိုလည်း ပိုးသတ်ပြီး အဝတ်အထည်၊ အိပ်ယာခင်း၊ စောင်တွေအပြင် ပိုးသတ်မီးချောင်းတွေကိုပါ တပ်ဆင်ထားရပါမယ်။

ပြင်းထန်တဲ့ Lyell’s syndrome ကုသမှုမှာတော့ plasmapheresis ဆိုတာကို သုံးရပါတယ်။ ဒီလုပ်ထုံးမှာ သက်ရောက်မှုနှစ်မျိုးရှိတယ်။ ပထမတစ်ခုက အဆိပ်သင့်ပစ္စည်းတွေကို ဖယ်ထုတ်ပေးတာ၊ နောက်တစ်ခုက ဆိုးဝါးလာတဲ့ ကိုယ်ခံအားစနစ်ကို ပုံမှန်ပြုပြင်ပေးတာ ဖြစ်ပါတယ်။ ဒီကနေ ပြန်ကောင်းလာဖို့ ဦးတည်စေပါလိမ့်မယ်။

ခန္ဓါကိုယ်ကနေ ဘယ်ပစ္စည်းကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာ ခန့်မှန်းရခက်တာကြောင့် ဓါတ်မတည့်ရောဂါတွေကိုကာကွယ်ရတာ အတော်ရှုပ်ထွေးပါတယ်။ ဒါပေမယ့် Lyell’s syndrome ကို ပြင်းထန်တဲ့ဓါတ်မတည့်ရောဂါတွေက ပြင်းထန်လွန်းတာကြောင့် ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ရမယ်။ ဓါတ်မတည့်တာမျိုးဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကို ကုနေတာမျိုးလုပ်တာက အနုတ်ဆောင်တဲ့ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Lyell’s syndrome ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 17/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement