backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Lupus Nephritis (Lupusကျောက်ကပ်ရောင်ခြင်း)


Dr. Sandy Kyaw မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Lupus Nephritis (Lupusကျောက်ကပ်ရောင်ခြင်း) ကဘာလဲ။

Lupusကျောက်ကပ်ရောင်ခြင်းဆိုတာသင့်ကျောက်ကပ်ကရောင်လာတဲ့အချိန်မှာဖြစ်တဲ့ အခြေအနေကိုခေါ်ပါတယ်။

ဒီရောဂါကို systemic lupus erythematosusလို့ခေါ ်တဲ့ အရေပြားသွေးလေးဘက်နာရှိတဲ့လူနာတွေမှာနောက်ဆက်

တွဲဆိုးကျိုးအနေနဲ့ တွေ့ရပါတယ်။ Lupus လို့အခေါ်များပါတယ်။ သင့်ရဲ့ခန္ဓါကိုယ်မှာသင့်ရဲ့ကိုယ်ခံအားစနစ်ကထုတ်တဲ့ ပရိုတင်းဓါတ်တစ်မျိုးဖြစ်တဲ့ autoantibodies တွေကကိုယ့်ရဲ့ မူလတစ်ရှူးတွေ အင်္ဂါတွေကိုပြန်တိုက်နေခြင်းကိုကိုယ့်ကိုယ်ခံအားကိုပြန်တိုက်တဲ့ရောဂါ Lupusဆိုပြီးခေါ်ပါတယ်။Lupus ကျောက်ကပ်ယောင်ခြင်းအာ Lupus autoantibody တွေကသင့်ကျောက်ကပ်မှာအရေးကြီးတဲ့ တာဝန်ကိုထမ်းဆောင်တဲ့ အညစ်အကြေးစွန့်ထုတ်ရာမှာပြုလုပ်တဲ့ တည်ဆောက်ပုံမှာသွားပြီးတိုက်ခိုက်ပါတယ်။ ဒါ

ကြောင့်မို့ ကျောက်ကပ်ကယောင်လာရပြီးသွေးထဲမှာဆီးပါခြင်း၊ သွေးထဲမှာပရိုတင်းဓါတ်ပါခြင်း၊ သွေးတိုးခြင်း၊ကျောက်ကပ်လုပ်ငန်းစဉ်များယိုယွင်းခြင်းနဲ့ နောက်ဆုံးမှာကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်နိုင်ပါတယ်။

Lupus Nephritis (Lupusကျောက်ကပ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

Lupus ကျောက်ကပ်ရောင်ခြင်းဟာကမ္ဘာတစ်ဝှမ်းမှာ

အမျိုးသားကောအမျိုးသမီးပါ အပါအဝင် အနီးစပ်ဆုံး ၁၀၀၀၀မှာ ၃ယောက်လောက်ခံစားနေရပါတယ်။ သို့သော်

လည်းအမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုဖြစ်တတ်ပြီးအများအားဖြင့် အသက် ၂၀-၄၀အတွင်း အဖြစ်များတတ်ပါတယ်။ ဒါပေမယ့်လည်းဒါတွေကို အန္တရာယ်ရှိတဲ့အချက်တွေကို လျှော့ချခြင်းနဲ့စီမံဆောင်ရွက်နိုင်ပါတယ်။

(အခြားအချက်အလက်တွေသိရဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။)

လက္ခဏာများ

Lupus Nephritis (Lupusကျောက်ကပ်ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Lupus ကျောက်ကပ်ရောင်ခြင်းဆိုတာကျောက်ကပ်မှာဖြစ်တတ်တဲ့ ဆိုးရွားတဲ့ ပြသနာတစ်ခုဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေဟာသိပ်မဆိုးတတ်ပါတယ်။ အများကြီးထဲကမှ ပထမဆုံးသတိထားမိမယ့်လက္ခဏာတွေကတော့ ခြေထောက်များ၊ခြေကျင်းဝတ်နဲ့ ခြေဖမိုးများယောင်လာခြင်း

ဖြစ်ပါတယ်။ မျက်နှာနဲ့လက်တွေယောင်ခြင်းကတော့ တစ်ခါတစ်ရံဖြစ်တတ်ပါတယ်။Lupus ကျောက်ကပ်ယောင်ခြင်းကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေ

ဟာတစ်ခြားသောကျောက်ကပ်ရောဂါတွေနဲ့ လက္ခဏာဆင်တူတတ်ပါတယ်။၎င်းတို့ကတော့

-ဆီးရောင်ရင့်ခြင်း

-ဆီးထဲသွေးပါခြင်း

-ဆီးအမြှုပ်ထခြင်း

-ဆီးမကြာခဏသွားရခြင်းအထူးသဖြင့်ညဘက်သွားရခြင်း

-ဝိတ်တက်လာခြင်း

-သွေးတိုးခြင်းတို့ဖြစ်ကြပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စာစီးစွာရောဂါရှာဖွေခြင်းနဲ့ကုသမှုပေးခြင်းဟာအရေးပေါ်ကျန်းမာရေးအခြေအနေတွေဖြစ်လာနိုင်ခြင်းနဲ့ ဆိုးလာနိုင်တဲ့အခြေအနေတွေကိုရပ်နိုင်တားနိုင်တဲ့အတွက်

သင့်ဆရာဝန်နဲ့ တတ်နိုင်သမျှအစောဆုံးဆွေးနွေးပါ။

(အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။)

အကြောင်းရင်းများ

Lupus Nephritis (Lupusကျောက်ကပ်ရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

Lupus ကျောက်ကပ်ရောင်ခြင်းကိုဘယ်အကြောင်းအရင်းတွေကဖြစ်စေတာလဲ။

Lupus ကျောက်ကပ်ရောင်ခြင်းဟာမျိုးရိုးဗီဇကြောင့် ဖြစ်နိုင်ပါတယ်။ မျိုးရိုးဗီဇပုံစံမျိုးစုံကြောင့် ဖြစ်စေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ဟာလူ့ခန္ဓါကိုယ်ကို ပိုးဝင်ခြင်းကနေကာကွယ်ပေးပါတယ်။ ဒါပေမယ့် လူ့ကိုယ်ခံအားစနစ်ဟာလူ့ခန္ဓါကိုယ်ထဲဝင်လာတဲ့ဟာကို အန္တရာယ်ရှိတဲ့ဟာလားကျန်းမာတဲ့အရာလားဆိုတာကိုမခွဲခြားပေးနိုင်တာပြသနာတစ်ခုပါပဲ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Lupus Nephritis (Lupusကျောက်ကပ်ရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

Lupus ကျောက်ကပ်ရောင်ခြင်းကို ပိုဖြစ်စေတဲ့အန္တရာယ်ရှိတဲ့အ

ချက်တွေကဘာတွေလဲ။

အောက်ကပြောပြမယ့်အခြေအနေတွေကို သင့်မှာရှိနေတယ် ကြုံတွေ့နေရတယ် ဆိုရင်တော့ သင့်မှာ ပိုပြီးအန္တရာယ်ရှိနေနိုင်ပါ

တယ်။

-မိန်းမဖြစ်နေခြင်း

-အသက်၂၀မှ၄၀အတွင်း

-မိမိကိုယ်ခံအားကိုပြန်တိုက်သော ရောဂါရှိခြင်း

-သွေးလေးဖက်နာရောဂါရှိခြင်း၊ မိသားစုဝင်တွေမှာရှိနေတာကလည်းအချက်တစ်ခုဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Lupus Nephritis (Lupusကျောက်ကပ်ရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်က သင့်မှာ ဒီရောဂါခံစားနေရတယ်လို့ သံသယရှိပါက သင့်ကို စမ်းသပ်စစ်ဆေးခြင်းနဲ့ သွေးစစ်ခြင်း များကို ပြ ုလုပ်ပါလိမ့်မယ်။ ဒီ ကျောက်ကပ်ရောင်ခြင်းမှာ ပထမဆုံးပြတဲ့လက္ခဏာကတော့ သင့်ဆီးထဲမှာ သွေးပါမယ် သို့မဟုတ် ဆီးက အမြှုပ်အရမ်းထတာတို့ ဖြစ်ပါလိမ့်မယ်။ သွေးတိုး

ခြင်းနဲ့ သင့်ခြေထောက်တွေယောင်ခြင်းကလည်း ဒီလိုကျောက်ကပ်

ရောင်ခြင်းကို ပြသနေပါတယ်။ အောက်မှာပြောပြမယ့် တစ်ချို့စစ်ဆေးမှုတွေက ရောဂါရှာရာမှာ ကူညီနိုင်ပါလိမ့်မယ်။

-သွေးစစ်မှုများ

သင့်ဆရာဝန်က urea ,creatinine လို့ခေါ်တဲ့ ကျောက်ကပ်က စွန့်ပစ် ပစ္စည်းတွေပမာဏ တက်နေလားဆိုတာ ကြည့်ပါလိမ့်မယ်။

-၂၄နာရီ ဆီးစုဆောင်းကြည့်ခြင်း။

ဒီစစ်ဆေးမှုကတော့ သင့်ကျောက်ကပ်က စွန့်ပ်စ္စည်းတွေ စွန့်ထုတ်နိုင်မှုကို ရွေးချယ်တိုင်းတာနည်းပါ။၎င်းက ၂၄နာရီအတွင်းမှာ ဆီးကနေ ပရိုတင်းဓါတ်ဘယ်လောက် ရလဲဆိုတာကို ဆုံးဖြတ်တာပါ။

-ဆီးစစ်ခြင်း။

ဆီးစစ်တာကတော့ သင့်ရဲ့ကျောက်ကပ် လုပ်ငန်းတွေကို သိဖို့အတွက်ပါ။

-ပရိုတင်းဓါတ်

-သွေးနီဥ

-သွေးဖြ ူဥ တွေကို တိုင်းတာခြင်းဖြစ်ပါတယ်။

-Lothalamate clearance testing

ဒီနည်းလမ်းကတော့ ကျောက်ကပ်က သေချာစစ်ထုတ်နိုင်ရဲ့လားဆို

တာကို ပုံရိပ်ဖော်ဆေးထိုးပြီး စစ်ဆေးခြင်းဖြစ်ပါတယ်။ ရေဒီယိုသတ္တိ

ကြွ isothalamateကို သင့်ရဲ့ သွေးကြောထဲကို ထိုးထည့်ပါတယ်။

သင့်ဆရာဝန်က သင့်ဆီးထဲမှာ ဘယ်လောက်ထွက်သလဲ ဆိုတာကို

စမ်းသပ်ပါတယ်။ နောက်ပြီး သင့်သွေးထဲကနေ ဘယ်လောက်မြန်

မြန် ထွက်သွားသလဲဆိုတာကို စစ်ပါတယ်။ ဒီနည်းလမ်းကိုတော့ ကျောက်ကပ်ရဲ့ စစ်ထုတ်ခြင်း နှုန်းအတွက် ကြည့်ရှုဖို့ အတိကျဆုံးနည်းလမ်းလို့ ယူဆကြပါတယ်။

-ကျောက်ကပ်မှ အသားစယူစစ်ခြင်း

အသားစယူစစ်ဆေးခြင်းဆိုတာ အတိကျဆုံးနဲ့ အတွင်းထဲထိ ဖောက်ပြီး အစစ်ဆေးရဆုံး နည်းလမ်းတစ်ခုပါပဲ။ သင့်ဆရာဝန်က သင့်အစာအိမ်နဲ့ ကျောက်ကပ်ထဲကို အပ်အရှည်တစ်ခု ထိုးသွင်းပြီး

စစ်တာပါ။ နောက်ပြီးကျောက်ကပ်ကနေ အသားစ နမူနာလေးယူပြီး

ကျောက်ကပ်တစ်ရှုးတွေမှာ ထိခိုက်ဒဏ်ရာရနေတဲ့လက္ခဏာတွေရှိ

လား ခွဲခြမ်းစိတ်ဖြာတာပါ။

-တီဗီဓါတ်မှန်ရိုက်ကြည့်ခြင်း။

တီဗီဓါတ်မှန်ဆိုတာဟာ အသံလှိုင်းတွေကို အသုံးပြ ုပြီးကျောက်

ကပ်ကို ကြည့်တာပါ။ သင့်ဆရာဝန်က ကျောက်ကပ်ကို လိုက်ရှာပါလိမ့်မယ်။ သင့်ဆရာဝန်က သင့်ကျောက်ကပ် မူမမှန်တဲ့

ပုံစံရှိနေလား၊အရွယ်အစားက ဘယ်လိုလဲဆိုတာကို ရှာပါလိမ့်မယ်။

Lupus Nephritis (Lupusကျောက်ကပ်ရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကံမကောင်းစွာနဲ့ပဲ lupus ကျောက်ကပ်ရောင်ခြင်းကို လုံး၀ ပျောက်ကင်းအောင် ကုသဖို့နည်းလမ်းမရှိပါဘူး။ ကုသမှုရဲ့ အဓိက ပန်းတိုင်ကတော့ ပြသနာတွေကို ပိုပြီးဆိုးမလာအောင် လုပ်ဖို့ပါပဲ။

ကျောက်ကပ်ပျက်စီးမှုကို စောစီးစွာတားနိုင်အောင် လုပ်ခြင်းကနေ

ကျောက်ကပ် အစားထိုးလဲလှယ်မှုကို မလိုအပ်ပဲမလုပ်ရအောင် တားနိုင်ပါတယ်။ ကုသမှုတွေကနေ ကျောက်ကပ်ရောင်ခြင်းကြောင့်

ဖြစ်တဲ့လက္ခဏာတွေကို သက်သာစေဖို့အတွက် ပြ ုလုပ်ပေးနိုင်ပါ

တယ်။

အသုံးပြ ုများတဲ့ ကုသမှု အချို့ကတော့

-ပရိုတင်းဓါတ်နဲ့ ဆားဓါတ် ဝင်တာကို လျှော့ချနိုင်ရပါမယ်။

-သွေးတိုးကျဆေးကို အမြဲ သောက်ဖို့လိုပါတယ်။

-ရောင်တာကျဖို့အတွက် စတီးရွိုက်ကို အသုံးပြ ုပေးရပါမယ်။

-သင့်ရဲ့ ကိုယ်ခံအားစနစ်ကို ဖိနှိပ်ထားနိုင်ဖို့အတွက် prednisoneလိုဆေးမျိုးက သင့်ကိုယ်ခံအားစနစ်က ကျောက်ကပ်ကို ပြန်ဖျက်စီးခြင်းကို လျှော့စေမှာပါ။

ကျောက်ကပ်အလွန်အမင်းပျက်စီးသွားပြီဆိုရင်တော့ ဒီထက်ပိုတဲ့ကုသမှုတွေ ပြ ုလုပ်ဖို့လိုအပ်ပါလိမ့်မယ်။

လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ

Lupus ကျောက်ကပ်ရောင်ခြင်းကို ကူညီလျှော့ချပေးနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။

တစ်ချို့သော လူနေမှုဘဝပုံစံ အကျင့်တွေက သင့်ကျောက်ကပ်ကို

ကာကွယ်ရာမှာ ကူညီပေးနိုင်ပါတယ်။lupus ကျောက်ကပ်ရောင်ရှိသူများဟာ အောက်ကအချက်တွေကို လုပ်သင့်ပါတယ်။

-ရေကိုလုံလောက်စွာသောက်ပြီး ရေဓါတ်အမြဲ ရှိနေအောင်နေပါ။

-ဆားဓါတ်နည်းသော အစားအသောက်ကိုစားပါ အထူးသဖြင့် သွေးတိုးရှိပါက ပိုလျှော့စားသင့်ပါတယ်။

-ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းကို ရှောင်ပါ။

-ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။

-သွေးပေါင်ကို ပုံမှန်အနေအထားတိုင်း ရှိအောင် ထိန်းသိမ်းထားပါ။

-ကျောက်ကပ်ကို ထိခိုက်စေမယ့် သောက်ဆေးတွေသောက်ခြင်းကို

ရှောင်ပါ ဥပမာ အကိုက်အခဲပျောက်ဆေးများ။

(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Sandy Kyaw မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement