backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Lupus (လူးပက်စ်ရောဂါ)


Dr. Su Sandy မှ ရေးသားသည်။ · 10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Lupus (လူးပက်စ်ရောဂါ) ကဘာလဲ။

Lupus သည် ခုခံအားစနစ်တွင်ဖြစ်သော ရောဂါတစ်မျိုးဖြစ်သည်။ ပုံမှန်တွင် ခုခံအားစနစ်သည် သင်၏ တစ်သျှူးများနှင့် အင်္ဂါများကို အပြင်မှဝင်ရောက်သော ပိုးများ၏ တိုက်ခိုက်မှုမှကာကွယ်သည်။ သို့သော် Lupus ရောဂါတွင် ခုခံအားစနစ်က ခန္ဓါကိုယ်ရှိဆဲလ်များကို ပြန်တိုက်ခိုက်သည်။ အပြင်မှဝင်ရောက်သော အရာများနှင့် ခန္ဓါကိုယ်ရှိ ပုံမှန်ကျန်းမားသော ဆဲလ်များကို မခွဲခြားနိုင်ပဲ တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ခန္ဓါကိုယ်၏ စနစ်များစွာကို ထိခိုက်စေနိုင်ပြီး နာတာရှည်ရောင်ရမ်းသည့် ရောဂါကို ဖြစ်စေသည်။ အရိုးအဆစ်၊ အရေပြား၊ ကျောက်ကပ်၊ သွေးဆဲလ်များ၊ ဦးနှောက်၊ နှလုံးနှင့် အဆုတ် စသည်ဖြင့် နေရာမျိုးစုံပါဝင်နိုင်သည်။ နာတာရှည်ဆိုသည်မှာ ရောဂါလက္ခဏာများသည် ၆ ပတ်ထက်ကြာနိုင်ပြီး၊ နှစ်ပေါင်းများစွာလည်းဖြစ်နိုင်သည်။ Lupus သည် မကူးစက်တတ်ပဲ မွေးရာပါပါလာသော ရောဂါဖြစ်ပြီး ရောဂါပိုးများ၊ ဆေးဝါးများ သို့မဟုတ် နေရောင်ခြည်တို့ကြောင့် ပိုမိုဆိုးရွားနိုင်ပါသည်။

Lupus (လူးပက်စ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဤကျန်းမာရေးအခြေအနေသည် အလွန်အဖြစ်များပါသည်။ ၎င်းသည် အမျိုးသားများထက် အသက် ၁၄ နှစ်မှ ၄၅ နှစ်ကြားဖြစ်သောအမျိုးသမီးများတွင် ပို၍ဖြစ်ပွားနိုင်ပါသည်။ အသက်အရွယ်မရွေးတွင်ဖြစ်ပွားနိုင်ပြီး ဖြစ်နိုင်ချေကိုများစေသော အကြောင်းအချက်များကို ထိန်းချုပ်ခြင်းအားဖြင့် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Lupus (လူးပက်စ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Lupus ရောဂါ၏ အဖြစ်များသော လက္ခဏာများတွင် အောက်ပါတို့ပါဝင်သည်။

– နာကျင်ကိုက်ခဲခြင်း၊ အဆစ်ရောင်ခြင်း

– ကြွက်သားများ နာကျင်ခြင်း

– မောပန်းနွမ်းနယ်ခြင်း

– အရေပြားများနီရဲခြင်း

– အသက်ပြင်းပြင်းရှူလျှင် ရင်ပတ်အောင့်ခြင်း

– အေးလျှင် သို့မဟုတ် စိတ်ဖိစီးမှုများလျှင် လက်ချောင်း၊ခြေချောင်းများ ဖြူဖျော့ခြင်း၊ ခရမ်းရောင်ဖြစ်ခြင်း။

– နေရောင်ထိတွေ့လျှင် ရောဂါပိုဆိုးခြင်း

– ခြေထောက်နှင့် မျက်လုံးတစ်ဝိုက် ရောင်ရမ်းခြင်း

– ပါးစပ်တွင် အနာများပေါက်ခြင်း၊

– ဂလင်းများရောင်ခြင်း။

– ဆံပင်ကျွတ်ခြင်း။

အထက်တွင် မဖော်ပြထားသော အခြားသော လက္ခဏာများလည်း ရှိသေးသည်။ သင့်တွင်စိုးရိမ်နေသည်များရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်တွင်အောက်တွင်ဖော်ပြထားသော အကြောင်းရင်းမရှိပဲ အနီကွက်ထွက်ခြင်း၊ ဖျားနာခြင်း၊ ကိုက်ခဲနာကျင်ခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်း များဖြစ်လျှင် သင့်ဆရာဝန်နှင့် ပြသပါ။

အကြောင်းရင်းများ

Lupus (လူးပက်စ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

Lupus ရောဂါ၏ အကြောင်းရင်းများမှာ သေချာစွာမသိရပါ။ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်အကြောင်းတရားများပေါင်းစပ်၍ ဖြစ်ခြင်းဖြစ်နိုင်သည်။ မျိုးရိုးရှိသော လူများသည်ပတ်ဝန်ကျင်မှ နေရောင်၊ အတက်ကျစေသော ဆေးဝါများ၊ သွေးတိုးကျဆေး နှင့် ပိုးသတ်ဆေးများ ကဲ့သို့သောလှုံ့ဆော်သော အကြောင်းများရှိလျှင် Lupus ရောဂါဖြစ်နိုင်သည်။

Lupus ရောဂါ အမျိုးမျိုးရှိသည်။

– Systematic Lupus Erythematosus (SLE) သည်အဖြစ်အများဆုံး အမျိုးအစားဖြစ်သည်။ ၎င်းသည် အပြင်းစား သို့မဟုတ် အပျော့စားဖြစ်နိုင်ပြီး ခန္ဓါကိုယ်၏ အစိတ်အပိုင်းများစွာကို ထိခိုက်နိုင်သည်။

– Discoid lupus သည် အနီကွက်များ မပျောက်သောရောဂါဖြစ်သည်။

– Subacute cutaneous lupus သည် နေရောင်ထဲထွက်လျှင်အနာများ ဖြစ်လာခြင်းဖြစ်သည်။

– Drug induced lupus သည် ဆေးဝါးအချို့ကြောင့် ဖြစ်နိုင်သည်။ ဆေးရပ်လိုက်လျင် ပျောက်ကင်းသွားလေ့ရှိသည်။

– Neonatal lupus သည် မွေးကင်းစကလေးများတွင် ဖြစ်သော ရှားပါးသော အမျိုးအစားဖြစ်သည်။ အမေထံမှရသော antibodies များကြောင့်ဖြစ်တတ်သည်။

ဖြစ်နိုင်ခြေများ

Lupus (လူးပက်စ်ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

– ကျား၊မ။ ။ အမျိုးသမီးများတွင် ပိုဖြစ်သည်။

– အသက်အရွယ်။ ။ အသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း အသက် ၁၅ နှစ်နှင့် ၄၀ ကြားတွင် ပိုဖြစ်နိုင်သည်။

– လူမျိုး။ ။ အာဖရိကန်၊ အမေရိကန်၊ ဟစ်စပန်းနစ်၊ နှင့် အာရှ လူမျိုးများတွင်ပိုဖြစ်နိုင်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Lupus (လူးပက်စ်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

Lupus ရောဂါ၏ လက္ခဏာများသည်အခြားသော ရောဂါများနှင့် မှားနိုင်သောကြောင့် Lupus ရောဂါကို သိရှိနိုင်ရန်ခက်ခဲသည်။ ရောဂါကို အတည်ပြုနိုင်ရန် အခြားသောစမ်းသပ်မှုများနှင့် ပေါင်းစပ်ပြုလုပ်ရသည်။

– ရောဂါရာဇဝင်မေးမြန်းခြင်း

– ပြည့်စုံသော စစ်ဆေးခြင်း

– သွေးစစ်ခြင်း

– အရေပြားကို အသားစယူစစ်ဆေးခြင်း

– ကျောက်ကပ်အသားစယူစစ်ဆေးခြင်း

Lupus (လူးပက်စ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

Lupus ရောဂါကို လုံးဝပျောက်ကင်းအောင် မကုသနိုင်ပေ။ ကုသနည်းသည် ရောဂါ၏ လက္ခဏာပေါ်တွင် မူတည်သည်။ ဆေးကုသခြင်းတွင် အောက်ပါတို့ပါဝင်လေ့ရှိသည်။

-အကိုက်အခဲပျောက်ဆေးများကို နာကျင်မှု၊ ရောင်ရမ်းခြင်း နှင့် အဖျားသက်သာစေရန်ပေးသည်။ ပြင်းထန်သော ဆေးများကို ဆရာဝန်၏ ညွှန်ကြားမှုနှင့်သာ သောက်ပါရန်။

-ငှက်ဖျားပျောက်ဆေးကို ငှက်ဖျားရောဂါတွင်သာမက Lupus ရောဂါအတွက်လည်း အသုံးပြုနိုင်သည်။ ဆေးထွက်ဆိုးကျိုးများတွင် အစာအိမ်နာခြင်း၊ မျက်ကြည်လွှာထိခိုက်ခြင်းများဖြစ်နိုင်သည်။

-Corticosteroid – prednisone နှင့် အခြားသော စတီးရွိုက် ပါသော ဆေးများကို ရောင်ရမ်းမှုများကို သက်သာစေရန်ပေးနိုင်သည်။ ကြာရှည်အသုံးပြုလျှင် ဘေးထွက်ဆိုးကျိုးများဖြစ်နိုင်သည်။

-ခုခံအားကိုလျော့ချခြင်း။ ။ ခုခံအားကိုကျစေသော ဆေးဝါးများကိုပေးခြင်းအာဖြင့် ပြင်းထန်သော ရောဂါအခြေအနေကို သက်သာစေနိုင်သည်။ ဥပမာအားဖြင့် အောက်ပါဆေးများပါဝင်သည်။ azathioprine (Imuran, Azasan), mycophenolate (CellCept), leflunomide (Arava) and methotrexate (Trexall), belimumab (Benlysta).

ဘဝနေထိုင်နည်းပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

အောက်ပါတို့သည် Lupus ရောဂါကိုသက်သာစေသောနည်းလမ်းများဖြစ်ကြပါသည်။

-သင့်ဆရာဝန်ကိုပုံမှန်ပြသပါ။ လက္ခဏာများ ဆိုးရွားလာသည့်အချိန်မှပြသသည်ထက် ပုံမှန်ပြသသည်က ပိုကောင်းသည်။ သင်၏ ပုံမှန်ကျန်းမာရေးကို စစ်ဆေးနိုင်ပြီး စိတ်ဖိစီးမှု၊ အာဟာရနှင့် လေ့ကျင့်ခန်းများကိုလည်းဂရုစိုက်ပေးနိုင်သည်။

-လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အနားယူခြင်း၊ ကျန်းမာသောအာဟာရကို စားသောက်ခြင်းအားဖြင့် ကျန်းမာသော ဘဝကို နေထိုင်ပါ။ ဆေးလိပ်၊ အရက်ဖြတ်ပါ။

-ရောဂါပိုဆိုးစေသောကြောင့် နေရောင်နှင့်ထိတွေ့မှုကို ရှောင်ပါ။

-အိပ်ရေးဝအောင်အိပ်ပါ။ လိုအပ်လျင် နေ့ခင်းဘက်တွင် ခဏအိပ်ပါ။

-အကူအညီပေးသော အဖွဲ့များနှင့် ချိတ်ဆက်ပါ။ အခြားသော ဘဝတူရောဂါရှင်များနှင့်စကားစမြည်ပြောခြင်းဖြင့် စိတ်သက်သာအောင်နေထိုင်ပါ။

သင့်တွင်မေးမြန်းလိုသည်များရှိလျှင် သင့်အတွက် အကောင်းဆုံးအဖြေကိုရရှိနိုင်ရန် သင့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Su Sandy မှ ရေးသားသည်။ · 10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement