အဓိပ္ပါယ်ဖွင့်ဆိုချက်

Lumbar spinal stenosis (ခါးရိုးဆစ်ကျဉ်းခြင်း ) ကဘာလဲ။

Lumbar spinal stenosis ဆိုတာ ခါးပိုင်းရှိ ကျောရိုးမကြီး ကျဉ်းမြောင်းခြင်း ကိုခေါ်ပါတယ်။

 

ထိုသို့ဖြစ်ရခြင်းမှာ ကျောရိုး သို့မဟုတ် အသားစ သို့မဟုတ် နှစ်ခုလုံးဟာ ကျောရိုးမကြီးရှိ အပေါက်များထဲသို့ ရောက်ရှိလာခြင်းကြောင့် ဖြစ်ပါတယ်။

ရလဒ်အားဖြင့် ခြေထောက်၊ခြေဖ၀ါး နှင့် တင်ပါးတို့တွင် နာကျင်ခြင်း၊ ထုံကျင်ခြင်း၊ အားနည်းခြင်း တို့ကိုဖြစ်စေပါတယ်။

Lumbar spinal stenosis (ခါးရိုးဆစ်ကျဉ်းခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Lumbar spinal stenosis (ခါးရိုးဆစ်ကျဉ်းခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ခါးပိုင်းရှိ ကျောရိုးမကြီး ကျဉ်းမြောင်းခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့  ခြေထောက်၊ခြေဖ၀ါး နှင့် တင်ပါးတို့တွင် နာကျင်ခြင်း၊ ထုံကျင်ခြင်း၊ အားနည်းခြင်း တို့ဖြစ်ပါတယ်။ ထိုလက္ခဏာများသည် လမ်းလျှောက်ခြင်း၊ မတ်တပ်ရပ်ခြင်း သို့မဟုတ် ရှေ့သို့ ခါးကုန်းခြင်းတို့ ပြုလုပ်သည့်အခါ ပိုဆိုးပါတယ်။

ခြေထောက်နဲ့ ပေါင်တို့တွင် တင်းတောင့်ခြင်း

ခါးနာခြင်း

အလွန်ဆိုးပါက ဆီးနှင့် ၀မ်းထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးခြင်း တို့ကိုဖြစ်စေပါတယ်။ လက္ခဏာများဟာ ဆိုးချင်တဲ့အချိန် အရမ်းဆိုးတတ်ပြီး အရမ်းမပြင်းထန်သော အချိန်များလည်း ရှိပါတယ်။ လူအများစုဟာ ပြင်းပြင်းထန်ထန် ထိခိုက်မှု ဖြစ်လေ့မရှိပါဘူး။ များသောအားဖြင့် ရောဂါလက္ခဏာ မပြတတ်ကြပါဘူး။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

(ယေဘူယျအသိပေးချက် – ယခုအပိုင်းရဲ့အစပိုင်းမှာထည့်သွင်းပါ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

(တကယ်လို့ တခြားဘာအချက်အလက်မှမရှိဘူးဆိုရင် ဒီအောက်ကစာသားကို ထည့်သွင်းပါ)

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Lumbar spinal stenosis (ခါးရိုးဆစ်ကျဉ်းခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

ကျောရိုး ကြီးထွားလာခြင်း- အရိုးအဆစ်ရောင်ရောဂါတွင် ခန္ဓာကိုယ်မှ တုံ့ပြန်မှုအနေနဲ့ အရိုးအတက်များ ထွက်လာတတ်ပါတယ်။ ထိုအတက်များဟာ ကျောရိုးမထဲ တိုးဝင်လာပါတယ်။ လူကြီးများတွင် တွေ့ရသော Paget’s bone disease တွင် ထိုသို့အတက်များဟာ ကျောရိုးထဲတိုးဝင်လာပါတယ်။

-အရွတ်ပြားကျွံခြင်း- ပြင်းထန်သော လှုံ့ဆော်မှုများကို ခံနိုင်ရည်ရှိရန် အရွတ်ပြားများက ကျောရိုးဆစ်တစ်ခုနှင့် တစ်ခုကြား ရှိနေပါတယ်။ အသက်ကြီးလာသည်နှင့် အမျှ ထိုအရွတ်ပြားများဟာ ပါးလာနိုင်ပါတယ်။ အရွတ်ပြားအပြင်ဘက် မျက်နှာပြင် ကွဲအက်ခြင်းဖြင့် အတွင်းရှိပစ္စည်းသည် အပြင်ကျွံလာကာ အာရုံကြောမကြီးနှင့် အာရုံကြောများကို ဖိမိနိုင်ပါတယ်။

-အရွတ်များထူလာခြင်း- ကျောရိုးတစ်လျှောက် အဆစ်များကို ခိုင်ခံ့အောင် တွယ်ဆက်ပေးထားသော အရွတ်များဟာ အချိန်ကြာလာပါက ထူလာနိုင်ပါတယ်။ ထိုသို့ထူလာပြီး ကျောရိုးမထဲသို့ ကျွံဝင်လာနိုင်ပါတယ်။

-အလုံးအကျိတ်များ- အာရုံကြောမကြီး၊ ထိုအာရုံကြောမကြီး ၏အကာ၊ အာရုံကြောမကြီးနှင့် ကျောရိုးများကြား နေရာ တို့မှ ပုံမှန်မဟုတ်တဲ့ အလုံးအကျိတ်များ ထွက်တတ်ပါတယ်။ သို့သော် ရှားပါးဖြစ်တတ်ပြီး ကျောရိုး ကွန်ပြူတာ ဓါတ်မှန် သို့မဟုတ် သံလိုက်ဓါတ်မှန်တို့တွင် တွေ့နိုင်ပါတယ်။

-ကျောရိုး ထိခိုက်မိခြင်း- ကားအက်ဆီးဒင့် နှင့်အခြားသော ထိခိုက်မိခြင်းတို့ကြောင့် ကျောရိုးဆစ် လွဲခြင်း၊ ကျိုးခြင်းများ ဖြစ်တတ်ပါတယ်။ ကျိုးပြီး နေရာလွဲသွားခြင်းကြောင့် ကျောရိုးထဲမှ ပစ္စည်းများ ထိခိုက်နိုင်ပါတယ်။

-ကျောရိုးခွဲစိပ် ပြီးပြီးချင်းတွင် ဘေးရှိ ကြွက်သား တစ်ရှူးများ ရောင်ရမ်းခြင်းဟာ အာရုံကြောမကြီးနှင့် အာရုံကြောငယ်မျာ ပေါ်ဖိအားသက်ရောက်ပါတယ်။

 

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Lumbar spinal stenosis (ခါးရိုးဆစ်ကျဉ်းခြင်း ) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

ခါးပိုင်းရှိ ကျောရိုးမကြီး ကျဉ်းမြောင်းခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

ခါးပိုင်းရှိ ကျောရိုးမကြီး ကျဉ်းမြောင်းခြင်း ဖြစ်သောသူ အများစုဟာ အသက် ၅၀ ကျော်အရွယ်ဖြစ်ကြပါတယ်။ လူငယ်များတွင် ဆုတ်ယုတ်ပြောင်းလဲမှုများ ကြောင့် ဖြစ်တတ်သော်လည်း အခြားအကြောင်းရင်းများကိုလည်း စဉ်းစားဖို့လိုပါတယ်။ ယင်းတို့မှာ ထိခိုက်မိခြင်း၊ မွေးရာပါ ကျောရိုးပုံ မမှန်ခြင်း ဥပမာ scoliosis (ကျောရိုးကွေးကောက်ခြင်း) နှင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားနှင့် အရိုးများ ဗီဇပြောင်းလဲရောဂါဖြစ်ခြင်း တို့ဖြစ်ပါတယ်။ ကျောရိုး ဓါတ်မှန်များ ရိုက်ကြည့်ခြင်းဖြင့် ထိုအကြောင်းရင်းများကို သိနိုင်ပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ ခါးပိုင်းရှိ ကျောရိုးမကြီး ကျဉ်းမြောင်းခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Lumbar spinal stenosis (ခါးရိုးဆစ်ကျဉ်းခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှ ရောဂါ ရာဇ၀င်မေးမြန်းခြင်း၊ စမ်းသပ်ခြင်းနှင့် လိုအပ်ပါက အောက်ပါ ဓါတ်မှန်စစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မယ်။

– ကျောရိုး ဓါတ်မှန် -ကျောရိုး ဓါတ်မှန် ရိုက်ခြင်းဖြင့် အရိုးပြောင်းလဲမှုများ ၊ အတက်ထွက်ခြင်းများ တွေ့မြင်နိုင်ပါတယ်။ ဓါတ်ရောင်ခြည် ထိတွေ့မှုဟာ  အနည်းငယ်တော့ ရှိပါတယ်။

-သံလိုက် ဓါတ်မှန်ရိုက်ခြင်း- အားပြင်းသော သံလိုက်ဓါတ်နှင့် အသံလှိုင်းများကို အသုံးပြုထားပြီး ကျောရိုး ကိုကန့်လန့်ဖြတ် ပုံရိပ်များ ဖြင့်တွေ့မြင် နိုင်ပါတယ်။ ထိုကြောင့် အရွတ်ပြားနှင့် အရွတ်များ ၊ အလုံးအကျိတ်များ အကုန်မြင်နိုင်ပါတယ်။ အာရုံကြောများ မည်သည့်နေရာတွင် မည်မျှ ဖိခံထားရသည်ကိုပါ တွေ့နိုင်ပါတယ်။

-ကွန်ပြူတာ ဓါတ်မှန်ရိုက်ခြင်း သို့မဟုတ် ဆိုးဆေးထိုး၍ ကွန်ပြူတာ ဓါတ်မှန်ရိုက်ခြင်း – သံလိုက် ဓါတ်မှန်မရှိပါက ပြုလုပ်လေ့ရှိပါတယ်။ ရိုးရိုး ဓါတ်မှန်ကို ရှုထောင့် မျိုးစုံမှ ရိုက်ကာ ခန္ဓာကိုယ်ကို အသေးစိတ်မြင်နိုင်သော ဓါတ်မှန်ဖြစ်ပါတယ်။ မရိုက်ခင် ဆိုးဆေးထိုးပြီးမှ ရိုက်ခြင်းကို CT myelogram ဟုခေါ်ပါတယ်။ ထိုဆိုးဆေးဟာ အာရုံကြောများကို ထင်ရှားစေပြီး ကျွံနေသော အရွတ်ပြားများ၊ အတက်များ နှင့် အလုံးများကို လည်းမြင်စေနိုင်ပါတယ်။

Lumbar spinal stenosis (ခါးရိုးဆစ်ကျဉ်းခြင်း ) ကို ဘယ်လိုကုသပါသလဲ

ခါးပိုင်းရှိ ကျောရိုးမကြီး ကျဉ်းမြောင်းခြင်း ၏ကုသမှု ဟာ ဖြစ်သော နေရာနှင့် ပြင်းထန်မှုပေါ်မူတည်ပါတယ်။

ဆေးများ-

-အကိုက်အခဲပျောက်ဆေးများ-  Ibuprofen(Advil, Motrin IB), Naproxen(Aleve) and Acetaminophen(Tylenol) စသည်တို့ကို နာကျင်မှု ခဏသက်သာစေရန် သုံးနိုင်ပါတယ်။ ထိုဆေးများဟာ အချိန်တိုအတွက်သာ သုံးရပြီး ရေရှည်တွက်မဟုတ်ပါ။

-စိတ်ကျရောဂါအတွက်ဆေးများ ကို ညဘက်များတွင် သုံးခြင်းဖြင့် နာတာရှည် နာကျင်ခြင်းများကို သက်သာစေနိုင်ပါတယ်။ ဥပမာ- amitriptyline

-အချို့သော အတက်ရောဂါကုဆေးများဖြစ်တဲ့ gabapentin(neurotin) and pregabalin(lyrica) တို့ကိုလည်း အာရုံကြောများ နာကျင်ခြင်းကို သက်သာစေပါတယ်။

-မူးယစ်ဆေး ကိုကိန်းပါသော ဆေးများဖြစ်တဲ့ oxycodone(oxycontin, Roxicodone) ,hydrocodone(norco,Vicodin) တို့ကို ခဏတာ နာကျင်ခြင်းသက်သာစေရန် သုံးနိုင်ပါတယ်။ သို့သော် ဆေးစွဲခြင်း စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်စေနိုင်ပါတယ်။

Physical therapy

ဒီရောဂါဖြစ်သောအခါ ထိခိုက်သောနေရာကို နာကျင်မှုမဖြစ်အောင် လှုပ်ရှားမှု မပြုဘဲနေကြပါတယ်။ ထိုအခါ ကြွက်သားများ အားနည်းလာပြီး ပို၍ပင် နာကျင်မှုကို ဖြစ်စေပါတယ်။ ထို့ကြောင့် Physical therapist က အောက်ပါကောင်းချက်များကို ဖြစ်စေသော လေ့ကျင်ခန်းများကို သင်ပေးနိုင်ပါတယ်။

-ခွန်အားနှင့် ခံနိုင်စွမ်းရည်မြင့်လာခြင်း

-ကျောရိုးကို ကွေး/ဆန့်နိုင်ခြင်း၊ တည်တံ့အောင် ထိန်းနိုင်ခြင်း

-ဟန်ချက်ညီစေခြင်း

 

စတီးရွုက် ထိုးခြင်း

အာရုံကြောများ ဟာ ထိခိုက်မှုဖြစ်ပါက ရောင်ရမ်းတတ်ကြပါတယ်။ စတီးရွုက်ကို အာရုံကြောမနှင့် ကျောရိုးကြားနေရာသို့ ထိုးခြင်းဖြင့်

ခါးပိုင်းရှိ ကျောရိုးမကြီး ကျဉ်းမြောင်းခြင်းကို မကုနိုင်သော်လည်။ ရောင်ရမ်း နာကျင်ခြင်းများကို သက်သာစေပါတယ်။ ဒီနည်းသည် လူတိုင်းအတွက် အလုပ်မဖြစ်ပါ။ မကြာခဏ ထိုးပါက နီးစပ်ရာ အရိုးများနှင့် တွယ်ဆက်ကြွက်သားများကို အားနည်းစေတဲ့အတွက် တစ်နှစ်လျှင် အကြိမ်အနည်းငယ်သာ ထိုးနိုင်ပါတယ်။

Decompression procedure

ကျောရိုးအနောက်ဘက်ရှိ ထူနေသော အရွတ်ကို အပ်ပုံစံ ကိရိယာများကို သုံး၍ ဖယ်ထုတ်ခြင်း နည်းဖြစ်သည်။ ထိုသို့ဖြင့် အာရုံကြောမကြီးနေရာ ကျယ်လာပြီး ဖိမိခြင်းကို ကုပေးပါတယ်။

ဒီနည်းမှာ အရွတ်ထူနေသော ဝေဒနာရှင်များ အတွက်သာဖြစ်သည်။

ထိုနည်းကို Percutaneous image-guided lumbar decompression (PILD) ဟုခေါ်ပါတယ်။ Minimally invasive lumbar decompression(MILD) ဟုလည်းခေါ်ခဲ့ကြသည်။ သို့သော် အခြား minimally invasive ခွဲစိပ်နည်းများနှင့် မရောစေရန် PILD ဟုသာ ခေါ်ကြတော့သည်။

PILD သည် မေ့ဆေးပေးရန်မလိုသောကြောင့် အခြားရောဂါများကြောင့် ခွဲစိပ်လို့မရသောသူများ အတွက် သင့်တော်ပါတယ်။

ခွဲစိပ်ခြင်း

အခြားနည်းလမ်းများ အလုပ်မဖြစ်ပါက သို့မဟုတ် လှုပ်ရှားမှုကို ထိခိုက်လာသော အခြေအနေဖြစ်ပါက ခွဲစိပ်မှုကို ပြုလုပ်ပါတယ်။ ခွဲစိပ်ခြင်းဖြင့် အာရုံကြောများ နေရာကျယ်ကာ ဖိမိခြင်းမှ လွတ်သွားနိုင်ပါတယ်။

ကျောရိုးမရှိ ကျဉ်းနေသော နေရာကို ကျယ်ကာ အာရုံကြောများဖိမိခြင်းမှ လွတ်မြောက်စေခြင်းဖြင့် ရေဂါလက္ခဏာများ သက်သာလာပါတယ်။

အတွေ့အကြုံရင့်သော ခွဲစိပ်ဆရာဝန်ကြီးများနှင့် ခွဲစိပ်မှုပြုလုပ်ပါက နောက်ဆက်တွဲ ဆိုးကျိုးများ နည်းကြောင်း လေ့လာတွေ့ရှိရပါတယ်။ ထို့ကြောင့် ဆရာဝန်၏ အတွေ့အကြုံကို စုံစမ်းရန် ၀န်မလေးသင့်ပါ။ မရှင်းပါက ထင်မြင်ယူဆချက်များ ကို ရှာဖွေနိုင်ပါတယ်။

ခွဲစိပ်နည်း ဥပမာများမှာ

-ထိခိုက်မိသော ကျောရိုးဆစ်၏ အနောက်ဘက် လမိုင်နာကို ဖယ်ထုတ်ခြင်း – laminectomy or decompression surgery ဟုခေါ်ပါတယ်။ ဒီနည်းဟာ အာရုံကြောများ နေရာကျယ်ကာ ဖိမိခြင်းမှ လွတ်သွားနိုင်ပါတယ်။

အချို့အခြေအနေများတွင် ထိခိုက်သော ကျောရိုးဆစ်ကို ဘေးရှိအခြားကျောရိုးဆစ်များ နှင့် တွယ်ဆက်ရန် ပြင်ပမှ အထူးလုပ်ထားသော သတ္တုပစ္စည်း သို့မဟုတ် ခန္ဓာကိုယ်အခြားနေရာမှ အရိုးကို အသုံးပြုခြင်းဖြင့် ကျောရိုးကို ခိုင်မြဲစေပါတယ်။

ဒီနည်းတွင် လမိုင်နာ အစိတ်အပိုင်းတစ်ခုကို သာဖယ်ပြီး ဖိအားသက်သာရန် အပေါက်ဖေါက်ခြင်းဖြစ်သည်။

ဒီနည်းကို လည်ပင်းကျောရိုး အတွက်သာ အသုံးပြုပါတယ်။ လမိုင်နာနှင့် တွယ်ဆက်ခြင်းဖြင့် အာရုံကြောနေရာကို ကျယ်စေပါတယ်။

Minimally invasive surgery- ဒီနည်းဟာ ပတ်ဝန်းကျင်ရှိ ကောင်းသော တစ်ရှူးများ၊ ကြွက်သားများထိခိုက်မှု နည်းသော အရိုး သို့မဟုတ် လမိုင်နာ ကိုဖယ်သော နည်းဖြစ်ပါတယ်။ ပြန်တွယ်ဆက်ရသော လိုအပ်ချက်ကို နည်းစေပါတယ်။

ပြန်တွယ်ဆက်သော နည်းများဟာ ကျောရိုးကို ခိုင်စေပြီး နာကျင်မှုနည်းစေပါတယ်။ သို့သော်လည်း ထိုနည်းမသုံးခြင်းဖြင့် ခွဲပြီး နာကျင်မှုများ၊ရောင်ရမ်းခြင်း၊ အနီးရှိ အစိတ်အပိုင်းများ ပိုးဝင်ခြင်း စသည်တို့ကို လျှော့ချနိုင်ပါတယ်။ ထို့ပြင် မြန်မြန် ပြန်ကောင်းစေနိုင်ပါတယ်။

အာရုံကြောနေရာ ကျယ်စေသော ခွဲစိပ်နည်းများသည် ရောဂါလက္ခဏာများကို လျော့နည်းစေပါတယ်။ သို့သော် အချို့လူများတွင် ခွဲစိပ်ပြီး မသက်သာခြင်း ၊ ပိုဆိုးလာခြင်းတို့လည်းဖြစ်တတ်ပါတယ်။ ခွဲစိပ်ခြင်းဟာ ပိုးဝင်ခြင်း၊ အာရုံကြောမကြီးအကာကို ပြဲစေခြင်း၊ ခြေထောက်သွေးပြန်ကြောထဲ သွေးခဲခြင်း၊ အာရုံကြော အားနည်းခြင်း စသည့်နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်စေနိုင်ပါတယ်။

အနာဂါတ် ကုထုံးများ

Stem ဆဲလ်များကို ဆုတ်ယုတ်ကျောရိုးမရောဂါ ကိုကုသရန် အသုံးပြုဖို့ စမ်းသပ်မှုများ ပြုလုပ်နေကြပါတယ်။ ထိုနည်းကို regenerative medicine လို့ခေါ်ပါတယ်။ ကျောရိုးမကြီး ကျဉ်းမြောင်းခြင်းကို ကုသရန်လည်း ဗီဇအသစ် ကုထုံးများကို စမ်းသပ်နေကြပါပြီ။

Alternative medicine

Integrative medicine(ပေါင်းစပ်ဆေးပညာ) and alternative therapies များကို ကျောရိုးမကြီး ကျဉ်းမြောင်းခြင်း နာကျင်မှု သက်သာရန် အသုံးပြုကြပါတယ်။ ဥပမာ-

-နှိပ်နယ်ခြင်း

-လှုံ့ဆော်ခြင်း

-အပ်စိုက်ခြင်း

 

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကျောရိုးမကြီး ကျဉ်းမြောင်းခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကျောရိုးမကြီး ကျဉ်းမြောင်းခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

 

-အကိုက်အခဲ နှင့် ရောင်ရမ်းခြင်း ပျောက်ဆေးများ- aspirin, ibuprofen, naproxen, acetaminophen

-အပူ သို့မဟုတ် အအေးအိတ်များ ကပ်ခြင်း ဖြင့် အချို့လက္ခဏာများကို သက်သာစေပါတယ်

-ကိုယ်အလေးချိန်ကို ပုံမှန်တွင် ထိန်းထားခြင်း- ကိုယ်အလေးချိန် များပါက ကျောရိုးပေါ်သို့ ဖိအားသက်ရောက်နိုင်သော ကြောင့် ဆရာဝန်က ကိုယ်အလေးချိန်ကို လျှော့ခိုင်းပါလိမ့်မယ်။

-ကွေးခြင်း၊ ဆန့်ခြင်း၊ သန်မာခြင်း လေ့ကျင့်ခန်းများဟာလည်း ကျောရိုး နေရာကျယ်လာစေခြင်း ကို အထောက်အကူပြုပါတယ်။ မည်သည့် လေ့ကျင့်ခန်းမျိုး သင့်တော်သည် ၊ အိမ်တွင် ပြုလုပ်နိုင်သည် ကို physical therapist နှင့် တိုင်ပင်နိုင်ပါတယ်။

-လက်ကိုင် တုတ်တစ်ခုခု သုံးကာ လမ်းလျှောက်ခြင်း ဖြင့် ကျောရိုး ခိုင်မြဲစေရုံမက ရှေ့သို့ကုန်းခြင်းကြောင့် နာကျင်ခြင်းကို လည်းသက်သာစေပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ မတျ 13, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတျ 13, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ