Lipoma (အဆီကျိတ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အဓိပ္ပါယ်ဖွင့်ဆိုချက်

Lipoma (အဆီကျိတ်) ကဘာလဲ။

အဆီကျိတ်ဆိုသည်မှာအရေပြားအောက် အရေပြားနှင့် ကြွက်သားအလွှာကြားတွင် တဖြည်းဖြည်းချင်းစုပြုံလာသောအဆီလွှာတစ်ခု ဖြစ်သည်။ လည်ပင်း၊ နောက်ကျော၊ ပခုံး၊ လက်မောင်း နှင့် ပေါင် တို့တွင် မကြာခဏ ဖြစ်ပွားတတ်သည်။အူကဲ့သို့ အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများတွင်လည်း ဖြစ်ပွားနိုင်ပါသည်။ အဆီကျိတ်သည် ကင်ဆာမဖြစ်စေသောအကျိတ် ဖြစ်ပြီးအရွယ်ရောက်ပြီးသူများတွင် အဖြစ်များပါသည်။

Lipoma (အဆီကျိတ်) က ဘယ်လောက်အဖြစ်များသလဲ

အဆီကျိတ်သည် အသက်အရွယ်မရွေးအမျိုးသားများရောအမျိုးသမီးများတွင်ပါ ဖြစ်ပွားနိုင်ပါသည်။ သို့သော်လည်းအသက် အလယ်အလတ်ခန့် အမျိုးသမီးများတွင် အများအားဖြင့် ဖြစ်ပွားပါသည်။ ရောဂါ အခြေအနေသည် တစ်ယောက်နှင့် တစ်ယောက် ကွာခြားနိုင်ပါသည်။ ရောဂါအဖြေရှာခြင်းကုသခြင်းတို့ ပြုလုပ်ရန် နှင့် သင့်အတွက် အကောင်းဆုံးကုသမှု ရရှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

လက္ခဏာများ

Lipoma (အဆီကျိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဆီကျိတ်သည် အရေပြားအောက်လွှာတွင် ပေါ်လာသောမနာကျင်သသည့်ခပ်ပျော့ပျော့အလုံးအခဲအနေဖြင့် စတင်ပေါ်ပေါက် လာပါသည်။ လူနာများသည် အဆီကျိတ်ရှိနေမှန်းမသိကြပါ။အကျိတ်အများစုသည် ကော်စေးသို့မဟုတ် ရော်ဘာကဲ့သို့ ပျော့စိစိ ဖြစ်နိုင်ပါသည်။အချို့  ကလည်းမာနိုင်ပါသည်။ ထိုအကျိတ် များသည် ပတ်ဝန်းကျင် နေရာများကိုအလွယ်တကူရွေ့  နိုင်ပါသည်။

အကျိတ်တစ်ခုထက် ပို၍ ဖြစ်နိုင်ပါသည်။ အကျိတ်သည် အာရုံကြောများအပေါ် ဖိပါကသို့မဟုတ် အကျိတ်ထဲတွင် သွေးကြောအများအပြားရှိပါကနာကျင်မှုကို ဖြစ်စေနိုင်ပါသည်။ အဆီကျိတ်သည် အရွယ်အစားတွင် ကွဲပြားမှု ရှိနိုင်သော်လည်း ၈စင်တီမီတာထက်ပို၍ကြီးခြင်းမှာရှားပါသည်။ လက်၊ ခြေ၊ နောက်ကျောနှင့်လည်ပင်းတို့တွင် ဖြစ်ပွားပါသည်။ အဆီကျိတ်သည် အဆုတ်၊အူမကြီး၊ ရင်သားစသော ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် လည်း ဖြစ်နိုင်ပါသည်။ ရောဂါလက္ခဏာများသည် နေရာပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။

အထက်တွင် ဖော်ပြ မထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အဆီကျိတ်သည် အန္တရာယ် သိပ်မရှိပါ။ သို့သော် သင် သည် သင့်ခန္ဓာကိုယ်တွင် အလုံးအကျိတ် ရှိသည်ဟုသတိ ပြုမိပါကဆရာဝန်နှင့် ပြသပါ။ ထိုနေရာများတွင် နာကျင်ပါ က ဆရာဝန် ကိုခေါ်ပါ။ အကျိတ် အရွယ်အစားသည် ၁၂လ အတွင်း ကြီးလာပါက (ဥပမာ- နှစ်ဆ) ဆရာဝန်နှင့် အမြန်ဆုံး ပြသပါ။ အဆီကျိတ်သည် ဖြည်းညင်းစွာ ကြီးလာပါကအခြားပြဿနာ၏ လက္ခဏာ ဖြစ်နိုင်ပါသည်။

အကြောင်းရင်းများ

Lipoma (အဆီကျိတ်) ကိုဘာတွေကဖြစ်စေသလဲ

အဆီကျိတ်ဖြစ်စေသောအကြောင်းရင်းကိုမသိရှိသေးပါ။မျိုးဗီဇအချက်များကြောင့်ဖြစ်နိုင်ပါသည်။ပုံမှန်အားဖြင့် အဆီကျိတ်သည် မိသားစုဝင်များတွင် ဖြစ်နိုင်ပါသည်။

Risk factors

ငါ့ဆီမှာ Lipoma (အဆီကျိတ်) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အဆီကျိတ် ဖြစ်ပွားနိုင်ချေကိုမြင့်စေသောအကြောင်းရင်းများများစွာရှိပါသည်။ ဥပမာအားဖြင့်-

  • အသက်အရွယ်။ အသက် ၄၀-၆၀ ရှိသူများသည် သာမန် ထက်ပို၍ ဖြစ်နိုင်ချေမြင့်ပါသည်။
  • အခြားအခြေအနေများ။ Cowden syndrome, Gardner’s syndrome စသောရောဂါများရှိခြင်း
  • မိသားစုမှတ်တမ်း။ မိသားစုထဲတွင် အဆီကျိတ် ဖြစ်ဖူးသူရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Lipoma (အဆီကျိတ်) ကို ဘယ်လိုအတည်ပြုပါသလဲ

အဆီကျိတ်သည် အန္တရာယ်နည်းသော်လည်းဆရာဝန် သည် အကျိတ်အရည်အိတ်၊ ပြည်တည်နာသို့မဟုတ် ကင် ဆာဖြစ်သောအဆီတစ်ရှူးပုံစံလားဆိုတာစစ်ဆေးရန် လိုအပ်ပါသည်။ ကင်ဆာဖြစ်စေသောအဆီတစ်ရှူးသည် အရေပြားအောက်တွင် နေရာပြောင်းရွေ့ရန် မလွယ်ပါ။ နာကျင်မှုကို ဖြစ်စေပါသည်။

Lipoma (အဆီကျိတ်) ကို ဘယ်လိုကုသပါသလဲ

အဆီကျိတ်သည် အန္တရာယ်နည်းပြီးကုသမှုခံယူရန် မလိုအပ်ပါ။ သို့သော်လည်းအကျိတ်သည် ကြီးထွားလာပါကဆရာဝန်သည် ခွဲစိတ်၍ ဖယ်ထုတ်ခြင်းကိုဆောင်ရွက်ပေးနိုင်ပါသည်။ အဆီကျိတ်သည် ခွဲစိတ်ကုသ ပြီးနောက် ပြန်လည်ဖြစ်ပွားခြင်းမရှိပါ။ အဆီများကိုစုပ်ယူ ခြင်းနည်းဖြင့် ဖယ်ရှားနိုင်ပါသည်။သို့သော် ထိုနည်းသည် အကျိတ်တစ်ခုလုံးကိုတော့ ဖယ်ရှားမပေးနိုင်ပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများအသုံးပြုခြင်းသည် အဆီကျိတ် ကိုကုသရာတွင် ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံးကုထုံးများသည် အဆီကျိတ်ဖြစ်ခြင်းကိုထိန်းချုပ်နိုင်ပါသည်။

  • ခန္ဓာကိုယ်တွင် ဖြစ်သောမည်သည့် အလုံးအဖုကိုမဆိုစစ်ဆေးပါ။ အဆီကျိတ်သည် အန္တရာယ် နည်းသော်လည်းအခြားအကျိတ်များသည် ပြင်းထန် ကာကုသမှု ခံယူသင့်ပါသည်။
  • အဆီကျိတ်တွင် နီရဲခြင်း၊ ရောင်ရမ်းခြင်း နှင့် ပူနွေးခြင်း ဖြစ်ပါကဆရာဝန်ကိုခေါ်ပါ။
  • ရောဂါလက္ခဏာများ နှင့် ကျန်းမာရေးတိုးတက်မှု များကိုစောင့်ကြည့်ရန် ချိန်းဆိုမှုများဖြင့် ပြန်လည် စစ်ဆေးပါ။
  • ဆရာဝန် ညွှန်ကြားချက်ကိုနားထောင်ပါ။ ကိုယ်စိတ်ကူးပေါက်သလိုဆေးသောက်ခြင်း၊ ဆေးရပ်ခြင်းများကိုမပြုလုပ်ရပါ။

အကယ်၍ သင့်တွင် မေးခွန်းများရှိပါကသင့်အတွက် သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇူလိုငျ 3, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုငျ 9, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။