backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ldl Cholesterol (အယ်လ်ဒီအယ်လ် ကိုလက်စထရော ဆိုသည်မှာ အဘယ်နည်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Su Sandy မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Ldl Cholesterol (အယ်လ်ဒီအယ်လ် ကိုလက်စထရော ဆိုသည်မှာ အဘယ်နည်း) ကဘာလဲ။

ကိုလက်စထေရောသည် သွေးထဲရှိ အဆီထဲတွင် တွေ့ရသော ဖယောင်းကဲ့သို့သော အရာတစ်မျိုးဖြစ်သည်။ ကိုလက်စထရောသည် ဆဲလ်များ၏အမြှေးပါး၊ ဗီတာမင် ဒီ၊ အစာခြေအရည် နှင့် အခြားသော ဟော်မုန်းများပြုလုပ်ရန် အရေးကြီးသည်။ သို့သော် အချို့သော ကိုလက်စထရောများသည် နှလုံးရောဂါဖြစ်နိုင်ချေကိုများစေသည်။

ကိုလက်စထရောသည် သွေးထဲတွင်မပျော်နိုင်ပေ။ ၎င်းတို့ကို သွေးထဲတွင် Lipoprotein ဟုခေါ်သော ပရိုတင်းတစ်မျိုးမှ သယ်ဆောင်သည်။ Lipoprotein မှသယ်ဆောင်သော ကိုလက်စထရော အမျိုးအစာပေါ်မူတည်ပြီး ကိုလက်စထရော အမျိုးမျိုးခွဲခြားနိုင်သည်။

– Low density lipoprotein (LDL) သည် ခန္ဓါကိုယ်အတွက် မကောင်းသော ကိုလက်စထရောအဖြစ်သတ်မှတ်သည်။ သွေးကြောများ၏ နံရံတွင် ဖြစ်ပေါ်ပြီး သွေးကြောကို မာပြီး ကျဉ်းမြောင်းလာစေသည်။

– High density lipoprotein (HDL) သည် ခန္ဓါကိုယ်အတွက် ကောင်းသော ကိုလက်စထရောအဖြစ်သတ်မှတ်သည်။ ၎င်းသည် သွေးကြောထဲမှLDL ကိုလက်စထရောများကိုဖယ်ရှားပြီး အသည်းသို့ ပို့ဆောင်ပေးသည်။

LDL ကိုလက်စထရော များပါက နှလုံးသွေးကြောပိတ်ပြီး ရုတ်တရက် နှလုံးရောဂါခံစားရနိုင်ချေများသည်။ ကိုလက်စထရောများလျင် နှလုံးရောဂါ ဖြစ်နိုင်ချေများစေသည်။ နှလုံးရောဂါများတွင် နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်း၊ နှင့်အခြားသော သွေးကြောရောဂါများပါဝင်သည်။ ကိုလက်စထရောများခြင်းသည် ဆီးချိုနှင့် သွေးတိုးရောဂါများနှင့်လည်း ဆက်စပ်မှုရှိပါသည်။

ကိုလက်စထရောများခြင်းသည် မျိုးရိုးလိုက်တတ်သော်လည်း၊ ကျန်းမာရေးနှင့် မညီညွတ်သော နေထိုင်မှုပုံစံကြောင့်လည်းဖြစ်နိုင်သည်။ ထို့ကြောင့် ၎င်းသည် ကာကွယ်၍ရနိုင်ပြီး ကုသ၍လည်း ရနိုင်သည်။

Ldl Cholesterol (အယ်လ်ဒီအယ်လ် ကိုလက်စထရော ဆိုသည်မှာ အဘယ်နည်း) က ဘယ်လောက်အဖြစ်များသလဲ

၎င်းကျန်းမာရေးအခြေအနေသည် အလွန် အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော် ၎င်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများကို လျော့ချခြင်းအားဖြင့် ဖြစ်ပွားနှုန်းကို လျော့စေနိုင်သည်။ ပိုမို သိရှိနိုင်ရန် သင့်ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

လက္ခဏာများ

Ldl Cholesterol (အယ်လ်ဒီအယ်လ် ကိုလက်စထရော ဆိုသည်မှာ အဘယ်နည်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

များသောအားဖြင့် ကိုလက်စထရောများခြင်းသည် ရောဂါလက္ခ္ခဏာပြလေ့မရှိပါ။ သို့သော် အောက်ပါတို့ကိုတွေ့ရနိုင်သည်။

– မွေးကင်းစတွင်LDL ကိုလက်စထရော အလွန်များလျှင်

– အဆီများသည် အရေပြားအောက်တွင်စုပုံနေတတ်သည်။ အထူးသဖြင့် လက်တွင်ရှိသော အရွတ်များ တဝိုက်တွင် ရှိတတ်သည်။

– မျက်ခွံအောက်တွင် အဝါရောင် အဆီများစုနေတတ်သည်။

– မျက်ဆံနားတဝိုက်တွင် မီးခိုးဖြူရောင် သို့မဟုတ် အပြာရောင် အရစ်တစ်ခု ရှိနေတတ်သည်။

– ရင်ဘတ်အောင့်တတ်သည်။

– လေဖြတ်သကဲ့သို့ လက္ခဏာများ ရှိတတ်သည်။

အထက်တွင် မဖော်ပြထားသော ရောဂါလက္ခဏာများလည်း ရှိနိုင်သည်။ ထို့ကြောင့် သင့်တွင် ရောဂါလက္ခဏာနှင့် ပတ်သတ်ပြီး စိုးရိမ်စိတ်ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်တွင် အောက်ပါ လက္ခ္ခဏာများရှိပါက သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ကိုလက်စထရောများခြင်းသည် လက္ခဏာပြလေ့မရှိပါ။ တခါတရံတွင် ကိုလက်စထရောများခြင်း သို့မဟုတ် နှလုံးရောဂါအတွက် အန္တရာယ်ရှိနေခြင်းအတွက် ပထမဆုံးပြသော လက္ခဏာသည် နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း နှင့် နှလုံးသွေးကြောပိတ်ခြင်း တို့ဖြစ်သည်။ ထိုအခါတွင် အရေးပေါ်ဆေးကုသမှု ခံယူရန် လိုအပ်ပါသည်။

အကြောင်းရင်းများ

Ldl Cholesterol (အယ်လ်ဒီအယ်လ် ကိုလက်စထရော ဆိုသည်မှာ အဘယ်နည်း) ကိုဘာတွေကဖြစ်စေသလဲ

– အစားအသောက်အလေ့အထ။ အဆီများသော အစားအသောက်များ စားသုံးခြင်းဖြင့် ကိုလက်စထရောတက်စေသည်။

– အဝလွန်ခြင်းသည် ကောင်းသော ကိုလက်စထရောကို နည်းစေပြီး မကောင်းသော အဆီဓါတ်ကို များစေသည်။

– အချို့သောရောဂါများသည် ကိုလက်စထရောကို များစေသည်။ သိုင်းရွိုက်ဟော်မုန်းအထွက်နည ်းခြင်း၊ ကျောက်ကပ်ရောဂါများနှင့် အချို့သော အသည်းရောဂါများ

– အချို့သော ဆေးဝါးများသည် မကောင်းသော အဆီဓါတ်များကို များစေသည်။ ထိုဆေးများတွင် ဆီးဆေးများ (thiazide diuretics)၊ နှလုံဆေးများ (beta blocker) နှင့် အီစထရိုဂျင်ဟော်မုန်း၊ နှင့် corticosteroid တို့ပါဝင်သည်။

ဖြစ်နိုင်ခြေများ

Ldl Cholesterol (အယ်လ်ဒီအယ်လ် ကိုလက်စထရော ဆိုသည်မှာ အဘယ်နည်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အကြောင်းရင်းများစွာ တို့တွင် အောက်ပါတို့ပါဝင်သည်။

– ပြည့်ဝဆီများပါဝင်သော အစားအစာများကိုစားခြင်း။

– အဝလွန်ခြင်း။ BMI ၃၀ ထက်ကျော်သော သူများသည် ကိုလက်စထရောများနိုင်ချေ ရှိသည်။

– လှုပ်ရှားမှုမရှိသော နေထိုင်မှုပုံစံ

– ဆေးလိပ်သောက်ခြင်း။ ဆေးလိပ်ငွေ့သည် သွေးကြောနံရံများကို ပျက်စီးစေပြီး အဆီစုစေသည်။ ဆေးလိပ်သောက်ခြင်းအားဖြင့် ကောင်းသော ကိုလက်စထရောကိုလည်း နည်းစေသည်။

– ခါးအတိုင်းအတာ လက်မ ၄၀ ထက်ကျောက်သော အမျိုးသားများနှင့် ခါးအတိုင်းအတာ ၃၅ လက်မထက်ကျော်သော အမျိုးသမီးများ

– မိသားစု ရာဇဝင်ရှိခြင်း။ သင့်မိသားစုထဲတွင် ကိုလက်စထရောများသော ရာဇဝင်ရှိပါက သင့်တွင်လည်း ဖြစ်နိုင်သည်။ ထိုအခြေအနေသည် ကုသရခက်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Ldl Cholesterol (အယ်လ်ဒီအယ်လ် ကိုလက်စထရော ဆိုသည်မှာ အဘယ်နည်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ကိုလက်စထရောများခြင်းကို သွေးစစ်ခြင်း အားဖြင့် ထိုသို့စစ်ဆေးခြင်းကို Lipid panel သို့မဟုတ် lipid profile ဟုခေါ်သည်။ အောက်ပါတို့ကို စစ်ဆေးသည်။

– Total cholesterol

– LDL cholesterol

– HDL cholesterol

– Triglycerides

ပိုမိုတိကျစေရန် ၉ နာရီမှ၁၂ နာရီ အထိ အစာမစားပဲ သွေးနမူနာကို ယူရသည်။ အသက် ၂၀ ကျော်လာလျှင် ကိုလက်စထရောကို ၅ နှစ်တစ်ခါစစ်သင့်သည်။ ကလေးများအတွက် ကိုလက်စထရောကို ၉ နှစ်မှ ၁၁နှစ် အတွင်းတွင် တစ်ကြိမ်၊ ၁၇ နှစ်နှင့် ၂၁ ကြားတွင် တစ်ကြိမ် စစ်သင့်သည်။

Ldl Cholesterol (အယ်လ်ဒီအယ်လ် ကိုလက်စထရော ဆိုသည်မှာ အဘယ်နည်း) ကို ဘယ်လိုကုသပါသလဲ

ကုသရခြင်း၏ ရည်ရွယ်ချက်မှာ နှလုံးရောဂါ နှင့် လေဖြတ်ခြင်းကို ကာကွယ်ရန်ဖြစ်သည်။ ကိုလက်စထရောပမာဏလျော့ချလိုခြင်း တစ်ခုထဲမဟုတ်ပေ။ နှစ်မျိုးမှာ ဆေးနှင့် ကုသခြင်းနှင့် နေထိုင်မှုပုံစံပြောင်းလဲခြင်း တို့ဖြစ်သည်။

ကုသမှုသည် လူတစ်ယောက်ခြင်းစီ၏ အသက်၊ ကျန်းမာရေးအခြေအနေနှင့် အခြားသော ဖြစ်နိုင်သောဘေးထွက်ဆိုးကျိုးများပေါ်မူတည်သည်။

များသောအားဖြင့် statin, bile-acid binding resins, cholesterol absorption inhibitors များကို ရွေးချယ်ကြသည်။

ဘဝနေထိုင်နည်း ပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ကိုလက်စထရောများခြင်းကို သက်သာစေနိုင်ရန် အောက်ပါ ဘဝနေထိုင်နည်းပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများက ကူညီနိုင်ပါလိမ့်မည်။

ကျန်းမာရေးနှင့် ညီညွှတ်သော အာဟာရတွင် အောက်ပါတို့ပါဝင်သည်။

– သံလွင်ဆီ၊ ထောပတ်သီး၊ သစ်ချသီး နှင့် အခွံမာအစေ့များ မှ ရသော မပြည့်ဝဆီများကို ပြည့်ဝဆီများနေရာတွင် အစားထိုးသုံးပါ။

– ကိုလက်စထရောများသော အစားအစာများကိုလျော့စားပါ။ ကိုလက်စထရောများသော အစာများတွင် အတွင်း ကလီစာများ၊ ကြက်ဥ အနှစ်၊ နှင့် နို့ထွက်ပစ္စည်းများ ပါဝင်သည်။

– ဆားပါဝင်မှုနည်းသော အသီးအရွက်၊ နှင့် နှံစားသီးနှံများစားပါ။

– အမျှင်ဓါတ်ပါသော အသီးအရွက်များများစားပါ။

– ကျန်းမာရေးအတွက်ကောင်းသော ငါးများ စားပါ။

– အရက်ကို သင့်တော်ရုံပမာဏကို သောက်ပါ။

ကျန်းမာစေသော အလေ့အထများကို ပြုလုပ်ပါ။

– ကိုယ်အလေးချိန်လျော့ချပါ။

– လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။ တစ်ပတ်တွင် တတ်နိုင်သမျှ ရက်များများ ပြုလုပ်ပါ။ တစ်ရက်တွင် အနည်းဆုံး မိနစ် သုံးဆယ် ပြုလုပ်ပါ။

– ဆေးလိပ်ဖြတ်ပါ။

သင့်တွင် မေးမြန်းလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိစေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Su Sandy မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement