Laryngitis (အသံအိုး ရောင်ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အဓိပ္ပါယ်ဖွင့်ဆိုချက်

Laryngitis (အသံအိုး ရောင်ခြင်း) ကဘာလဲ။

အသံအိုးရောင်ခြင်း (Laryngitis) ဆိုသည်မှာလည်မျိုတွင်ရှိသောအသံအိုးရောင်ရမ်းခြင်းကို ဖြစ်စေသည့် အခြေအနေတစ်ခု ဖြစ်သည်။ အသံအိုးအတွင်းတွင် အမြှေးပါး နှစ်ထပ်နဲ့  အသံကြိုး နှစ်ခုရှိသည်။ ပုံမှန်အားဖြင့် သင်၏အသံသည် တုန်ခါခြင်းကြောင့်ဖြစ်ပေါ်လာသည်။

ထိုအမြှေးပါးများရောင်ရမ်းနေပါကသင့်အသံသည် ကွဲအက်ခြင်း၊ အသံမထွက် ခြင်းတို့ ဖြစ်လာပါသည်။ အသက်ရှူရခက်ခြင်းနှင့် ချောင်းဆိုးရာတွင် နာကျင်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ရောင်ရမ်းခြင်းသည် စကားပြောများခြင်း၊ ရောဂါပိုးဝင်ခြင်း နှင့် ယားယံခြင်းတို့ကြောင့် ဖြစ်သည်။

အသံအိုးရောင်ခြင်းသည် ယာယီသို့မဟုတ် အချိန်အတန်ကြာ ဖြစ်နိုင်ပါသည်။ ရောဂါ လက္ခဏာများ ကြာရှည်နေပါကအသံအိုးရောင်ခြင်းသည် အခြားပိုပြင်းထန်သောအရာတစ်ခုကြောင့် ဖြစ်နိုင်သည်။ ဆရာဝန်နှင့် သွားရောက်စစ်ဆေးရန် အရေးကြီးပါသည်။

Laryngitis (အသံအိုး ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသံအိုးရောင်ခြင်းသည် အတော်တန် အဖြစ်များသောရောဂါတစ်ခုဖြစ်သည်။

အဆိုတော်များလူထုနှင့် စကားပြောရသူများစသောအသံကိုနေ့စဉ် အစဉ်အမြဲအသုံးပြုနေရသူများတွင် ပို၍အဖြစ်များပါသည်။ အအေးမိသူများလည်ချောင်းနာသူများတွင်လည်းအဖြစ်များပါသည်။

အန္တရာယ်ရှိသောအချက်များကိုလျော့ချခြင်း ဖြင့် အသံအိုးရောင်ခြင်းကိုထိန်းချုပ်နိုင်ပါသည်။ ပိုမိုသောအချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

လက္ခဏာများ

Laryngitis (အသံအိုး ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အသံအိုးရောင်ခြင်း၏ အဖြစ်များသောရောဂါလက္ခဏာများမှာအသံသြလာခြင်း၊ အက်ကွဲလာခြင်း နှင့် အချို့တွင် အသံမထွက်တော့ခြင်းတို့ဖြစ်ပါသည်။ အခြားရောဂါလက္ခဏာများမှာ

  • လည်ချောင်းတွင် ယားကျိကျိဖြစ်ခြင်း
  • အသံအားပျော့ခြင်း
  • ချောင်းခြောက်ဆိုးခြင်း
  • လည်ချောင်းနာခြင်း

အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အသံအိုးရောင်ခြင်းသည် မပြင်းထန်ပါ။ အိမ်သုံးကုသမှုများဖြင့် သက်သာနိုင်ပါသည်။ အချို့ကိစ္စများတွင် အသံအိုးရောင်ခြင်းသည် အခြားပို၍ပြင်းထန်သောအခြေအနေများ၏ ရောဂါ လက္ခဏာတစ်ခု ဖြစ်နိုင်ပါသည်။ အောက်ပါ လက္ခဏာများရှိပါကဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

  • အသက်ရှူရန်ခက်ခဲခြင်း
  • ချောင်းဆိုးရာတွင် သွေးပါခြင်း
  • ၃၉.၅ စင်တီဂရိတ် (၁၀၃ ဖာရင်ဟိုက်) ထက်မြင့်သောအဖျားတက်ခြင်း
  • လည်ချောင်းနာခြင်းပိုဆိုရွှားလာခြင်း
  • မြိုချရာတွင် ခက်ခဲခြင်း

အကြောင်းရင်းများ

Laryngitis (အသံအိုး ရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အသံအိုးရောင်ခြင်းကို ဖြစ်စေသောအကြောင်းရင်းသည် ရုတ်တရက်သို့မဟုတ် နာတာရှည်ဖြစ်ခြင်းအပေါ်တွင် မူတည်သည်။ အောက်ပါတို့မှာ ဖြစ်စေသောအကြောင်းရင်းအချို့ဖြစ်သည်။

ရုတ်တရက်လတ်တလောအသံအိုးရောင်ခြင်း

  • ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း (အအေးမိခြင်း၊ လည်ချောင်းနာခြင်း)
  • အသံအားစိုက်ရခြင်း (အော်ခြင်း၊ အသံအသုံးပြုမှုများခြင်း)
  • ဘက်တီးရီးယားပိုးကူးစက်ခြင်း (ဆုံဆို့နာ)

နာတာရှည် အသံအိုးရောင်ခြင်း

  • ယားယံနာကျင်စေသောအရာများ ရှူရှိုက်ခြင်း (မီးခိုး၊ ဓာတုအငွေ့များ)
  • ဆေးလိပ်သောက်ခြင်း
  • နာတာရှည် ထိပ်ကပ်နာ
  • အရက် အလွနအကျွံသောက်ခြင်း

ကလေးငယ်များတွင် အသံအိုးရောင်ခြင်းသည် အသက်ရှူလမ်းကြောင်းပိတ်ခြင်း၊ Croup (ချောင်းအကျယ်ကြီးဆိုးသောရောဂါတစ်မျိုး) နဲ့  လေပြွန်ဖုံးအရိုးနုရောင်ရမ်းခြင်းကို ဖြစ်စေသောရောဂါပိုးကူးစက်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ ၎င်းတို့သည် ပြင်းထန်ပါသည်။ ဆရာဝန်နှင့် ချက်ချင်း ပြသသင့်ပါသည်။

Risk factors

Laryngitis (အသံအိုး ရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အသံအိုးရောင်ခြင်းဖြစ်ပွားနိုင်ချေ ကိုမြင့်စေသောအကြောင်းရင်းများများစွာရှိပါသည်။ ဥပမာအားဖြင့်-

  • အအေးမိခြင်း၊ လည်ချောင်းနာခြင်း၊ ထိပ်ခတ်နာစသောအသက်ရှူလမ်းကြောင်းရောဂါပိုးကူးစက်မှုများ
  • ဆေးပြင်းလိပ်ငွေ့၊ ဓာတုပစ္စည်းများ၊ အစာအိမ် အက်စစ် စသောယားယံနာကျင်စေသောပစ္စည်းများဖြင့် ထိတွေ့ခြင်း
  • စကားပြောများခြင်း၊ ကျယ်လောင်စွာပြောခြင်း၊ အော်ဟစ်ခြင်း၊ သီချင်းဆိုခြင်းစသည်တို့ဖြင့် အသံကိုအလွန်အကျွံ အသုံးပြုခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Laryngitis (အသံအိုး ရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်တော်သောရောဂါအဖြေရှာမှုရရန် ဆရာဝန်သည် ဆေးမှတ်တမ်းနှင့် ရုပ်ပိုင်းဆိုင်ရာအခြေအနေကို ကြည့်ရှု စစ်ဆေးလိမ့်မည်။ ထပ်မံ၍ အောက်ပါစစ်ဆေးမှု များလည်း ပြုလုပ်နိုင်ပါသည်။

  • အသံကြိုးများကို ကြည့်ရှုစစ်ဆေးရန် အလင်းရောင် နှင့် မှန်အသေးစားကိုထိုးသွင်းကြည့်ခြင်း
  • အကျိတ်ဖုဟုဆရာဝန်ကသံသယရှိပါကထိုနည်းလမ်းသည် ကင်ဆာဖြစ်စေနိုင်သောဆဲလ်များရှိသလားကိုဆုံးဖြတ်နိုင်ပါသည်။

Laryngitis (အသံအိုး ရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ရုတ်တရက်လတ်တလောအသံအိုးရောင်ခြင်းတွင် ရောဂါလက္ခဏာများသည် တစ်ပတ်အတွင်းအလိုလိုပျောက်ကင်းသွားနိုင်ပါသည်။ သက်သာစေရန် အိမ်သုံးဆေးများနဲ့  ဆေးဆိုင်မှ ကိုယ်တိုင်ဝယ်၍ရသောဆေးများအသုံးပြုနိုင်ပါသည်။ အကိုက်အခဲပျောက်ဆေးများ (ibuprofen)၊ပါရာစီတမောနဲ့ ချောင်းဆိုးပျောက်ဆေးရည် တို့ သောက်နိုင်ပါသည်။

စကားလျော့ပြောခြင်း၊ စာရေး၍ပြောခြင်းတို့ဖြင့် အသံကိုအနားပေးပါ။ နာတာရှည် အသံအိုးရောင်ခြင်းတွင် ဆရာဝန်သည် အောက်ပါ ကုသမှုများကိုညွှန်ကြားပါလိမ့်မည်။

  • ထိုဆေးများသည် ဘက်တီးရီးယားကူးစက်မှု အတွက်သာဖြစ်သည်။ ဗိုင်းရပ်စ် ကိုမကုသနိုင်ပါ။
  • ထိုဆေးများသည် သင်၏ အသံကြိုးရောင်ခြင်းကိုလျော့ချပေးနိုင်သည်။ ထိုဆေးများကို croup ကဲ့သို့သော ပြင်းထန်သောကိစ္စများအတွက် ချန်လှပ်ထားသင့်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမသုံးကုထုံးတွေအသုံးပြုခြင်းကအသံအိုးရောင်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါလူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည်ကိုအသံအိုးရောင်ခြင်းကိုကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။

  • အသံကိုအနားပေးပါ။ စာရေးခြင်း၊ မက်ဆေ့ပို့ ခြင်းကိုအသုံးပြုပါ။
  • စိုစွတ်သောလေကို ရှူပါ။ ရေနွေးပူပန်းကန်မှ ရေငွေ့များကိုရှူပါ။ သို့မဟုတ် ရေငွေ့ရှူစက် အသုံးပြုပါ။
  • အရည်များများသောက်ပါ။ ရေဓာတ်ခန်းခြောက်ခြင်းကိုကာကွယ်ရန် ဖြစ်သည်။
  • အရက်နှင့် ဆေးလိပ်ကိုရှောင်ပါ။
  • လည်ချောင်းသန့်ရှင်းစေသောငုံဆေးပြားများငုံပါ။ ဆားရည်ဖြင့် ပလုပ်ကျင်းပါ။
  • နှာပိတ်ပျောက်ဆေးများကိုမသုံးပါနှင့်။ ထိုဆေးများသည်လည်ချောင်းကိုခြောက် သွေ့စေနိုင်သောကြောင့်ဖြစ်သည်။
  • အသံကိုအားစိုက်ရသောအလုပ်များကိုရှောင်ကြဉ်ပါ။
  • ဆရာဝန်ညွှန်ကြားချက်များကိုဂရုတစိုက်လိုက်နာပါ။

အကယ်၍သင့်တွင်မေးခွန်းများရှိပါကသင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇူလိုငျ 3, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 29, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။