backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Laryngeal Trauma (အသံအိုးတွင် ထိခိုက်ဒဏ်ရာရခြင်း)


Dr. K Zin Thwe မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Laryngeal Trauma (အသံအိုးတွင် ထိခိုက်ဒဏ်ရာရခြင်း) ကဘာလဲ။

လည်ပင်းနေရာကို တိုက်ရိုက်ထိခိုက်မိခြင်းကြောင့် အသံအိုးကွဲကာ ထိခိုက်ဒဏ်ရာရခြင်းဖြစ်ပြီး ယင်းသို့ထိခိုက်မိပါက အသက်အန္တရာယ်ထိခိုက်နိုင်သည် လေလမ်းကြောင်း ပိတ်ဆို့မှုများဖြစ်နိုင်ပါသည်။

ထို့ကြောင့် လူနာသည် အသံအိုးကွဲသည်ဟု သံသယရှိပါက အရေးပေါ်အနေအထားအတိုင်း ကုသရမည်ဖြစ်ပါသည်။

Laryngeal Trauma (အသံအိုးတွင် ထိခိုက်ဒဏ်ရာရခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသံအိုးတွင် ထိခိုက်ဒဏ်ရာရခြင်းသည် အလွန်အဖြစ်များပြီး အသက်ကြီးအရွယ်မရွေး ဖြစ်နိုင်ပါသည်။ ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

Laryngeal Trauma (အသံအိုးတွင် ထိခိုက်ဒဏ်ရာရခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အသံအိုးတွင် ထိခိုက်ဒဏ်ရာရခြင်းတွင် အဖြစ်များဆုံးသော ရောဂါလက္ခဏာများမှာ

  • စကားပြောရာတွင် ၊ အသံထွက်ရာတွင် ခက်ခဲခြင်း
  • အသံပြောင်းသွားခြင်း (အသံသြလာခြင်း)
  • အသက်ရှုသံကျယ်လာ(ဆူညံ)ခြင်း
  • အသက်ရှုရခက်ခြင်း
  • လည်ပင်းနာခြင်း၊ အစာမြိုချိန် ချောင်းဆိုးချိန်များတွင် လည်ပင်းနာခြင်း
  • လည်ပင်းပေါ်တွင် သွေးခြေဥခြင်း
  • လည်ပင်းတွင် ရောင်ရမ်းခြင်း

အသံအိုးဒဏ်ရာရခြင်းသည် မသိသာသည်များလည်းရှိပါသည်။ သင့်ကလေးသည် မတော်တဆဖြစ်ချိန်၊ ချော်လဲချိန်တွင် အသံအိုးဒဏ်ရာဖြစ်သွားသည်ဟု သံသယရှိပါက သင့်ကလေးအား ဆရာဝန်နှင့်ပြကာ စစ်ဆေးမှုခံယူသင့်သည်။

(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Laryngeal Trauma (အသံအိုးတွင် ထိခိုက်ဒဏ်ရာရခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အသံအိုးကွဲခြင်းသည် တုံသောအရာမျာ၊ ချွန်ထက်သောအရာများနှင့် ထိခိုက်မိခြင်းကြောင့်ဖြစ်နိုင်ပြီး ထိမိသော ပြင်းအားပေါ်တွင်လည်းမူတည်သည်။

အဖြစ်များဆုံးမှာ မော်တော်ယာဉ်မတော်တဆဖြစ်ခြင်း သို့မဟုတ် အဝတ်လှန်းတန်းများနှင့် ထိခိုက်မိခြင်းကြောင့်ဖြစ်သည်။ အနည်းစုမှာ ခိုက်ရန်ဖြစ်ပွားချိန်၊ အားကစားလုပ်ချိန်၊ ဆွဲကြိုးချခြင်း၊ လည်ပင်းညှစ်ခြင်း နှင့် ဆေးကုသမှုခံယူပြီးနောက် ထိခိုက်မိခြင်းတို့ဖြစ်သည်။

ဖြစ်နိုင်ခြေများ

Laryngeal Trauma (အသံအိုးတွင် ထိခိုက်ဒဏ်ရာရခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အသံအိုးတွင် ထိခိုက်ဒဏ်ရာရခြင်းကိုဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။

  • လိင်

အမျိုးသမီးများသည် လည်တံရှည်ပြီး သွယ်လျကြသောကြောင့် အသံအိုးတွင် ထိခိုက်ဒဏ်ရာရခြင်းကိုဖြစ်နိုင်ချေများစေသည်။

  • အသက်

အသက်ပိုကြီးသော ကလေးများသည် အသံအိုးတွင် ထိခိုက်ဒဏ်ရာရခြင်းကိုဖြစ်နိုင်ချေများသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Laryngeal Trauma (အသံအိုးတွင် ထိခိုက်ဒဏ်ရာရခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အသံအိုးတွင် ထိခိုက်ဒဏ်ရာရသည်ဟု သံသယရှိပါက ဆရာဝန်သည် အောက်ပါတို့ဖြင့် အတည်ပြုလိမ့်မည်။

  • ဆရာဝန်သည် သင့်အသက်ရှုမှုပုံစံနှင့် ဒဏ်ရာ၏အခြေအနေတို့ကို စစ်ဆေးလိမ့်မည်။
  • လည်ပင်းကို တုံးသောအရာများဖြင့် ထိခိုက်မိသောဒဏ်ရာများ တွင် လည်ပင်းကို ထိခြင်းဖြင့် တဂျစ်ဂျစ်မြည်သံ၊ အက်သံနှင့် တဖောက်ဖောက်အသံများကြားရသလား ဆရာဝန်က စစ်ဆေးလိမ့်မည်။
  • ကလေး၏အသံသည် ပြောင်းလဲမှုရှိနေပါက အရေးပေါ်အခန်းထဲတွင် အသံအိုးထဲသို့မှန်ပြောင်းထဲ့ကာစစ်ဆေးခြင်းဖြင့် အသံကြိုးတွင် သွေးလုံးဖြစ်ခြင်း၊ ပျက်စီးသွားခြင်းရှိမရှိ သိနိုင်သည်။
  • ကလေးသည် တည်ငြိမ်သော အနေအထားရှိပါက လည်ပင်းနှင့် ရင်ဘတ်ကို ကွန်ပျူတာဓါတ်မှန်ရိုက်နိုင်သည်။
  • လေလမ်းကြောင်းကို ပြုပြင်ရန် အသံအိုးထဲသို့ အသေးစားမှန်ပြောင်းကြည့်ခြင်း နှင့် လေပြွန်ထဲသို့ မှန်ပြောင်းကြည့်ခြင်းများ ပြုလုပ်ရနိုင်သည်။
  • ရောဂါလက္ခဏာများ အပေါ်မူတည်ပြီး ဒဏ်ရာရမှုများကို ၄ မျိုး ခွဲခြားနိုင်သည်။ ထိုသို့အမျိုးအစားများခွဲခြားခြင်းဖြင့် လျော်ညီသော ကုသမှုများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။

    • အုပ်စု (၁)

    ထိုလူနာများသည် ရောဂါလက္ခဏာ အနုစားများပြသောသူများဖြစ်သည်။ လက်တွေ့အားဖြင့်ထိုလူနာများသည် အသံအိုးတွင် သွေးလုံးငယ်များဖြစ်ခြင်း၊ အနည်းငယ် စုတ်ပြဲခြင်းမျိုးသာဖြစ်ပြီး သိသာသော အသံအိုးကွဲခြင်းမျိုးမရှိပေ။ ထိုသို့သောလူနာများကို ခေါင်းထောင်လျက်ထားခြင်း၊ အောက်ဆီဂျင်နှင့် စိုထိုင်းဆရှိသော လေကို ပေးခြင်းဖြင့် စောင့်ကြည့်ရပေမည်။

    • အုပ်စု (၂)

    ထိုလူနာများသည် လေလမ်းကြောင်းထိခိုက်ဒဏ်ရာရကာ သွေးလုံးဖြစ်ခြင်း၊ရောင်ရမ်းခြင်းတို့ဖြစ်ကြသည်။ ထိုလူနာများတွင် အချွဲလွှာကို အနည်းငယ်ထိခိုက်သွားပြီး အရိုးနုကိုမူ မမြင်ရပါ။ ထို့ကြောင့် ထိုလူနာများကို လေလမ်းကြောင်းစိတ်ချရအောင်ထားကာ သေချာစွာဂရုထားသင့်သည်။ အရေးပေါ်လေပြွန်ဖောက်ခြင်းမျိုးလည်း လိုအပ်လာနိုင်ပါသည်။ အသံအိုးထဲသို့ တိုက်ရိုက်မှန်ပြောင်းကြည့်ခြင်း၊ အစာရေမြိုပြွန်ထဲသို့ မှန်ပြောင်းကြည့်ခြင်းတို့ဖြင့် ဒဏ်ရာကို ကြည့်ရှုစစ်ဆေးနိုင်ပါသည်။

    • အုပ်စု (၃)

    ထိုလူနာများသည် လေလမ်းကြောင်းထိခိုက်ဒဏ်ရာရကာ သွေးလုံးဖြစ်ခြင်း၊ရောင်ရမ်းခြင်းတို့အပြင်းအထန် ဖြစ်ကြသည်။ ထိုလူနာများတွင် အချွဲလွှာပြဲသွားပြီး အရိုးနုကိုမြင်နေရသည်။

    ထိုလူနာများတွင် အသံကြိုးများ မလှုပ်ရှားနိုင်တော့ခြင်းကြောင့် အရေးပေါ်လေပြွန်ဖောက်ခြင်းမျိုးလည်း လိုအပ်ပါသည်။ အသံအိုးထဲသို့ တိုက်ရိုက်မှန်ပြောင်းကြည့်ခြင်း၊ အစာရေမြိုပြွန်ထဲသို့ မှန်ပြောင်းကြည့်ခြင်းတို့ဖြင့် ဒဏ်ရာကို ကြည့်ရှုစစ်ဆေးရပါသည်။ လည်ပင်းကိုခွဲကာ ဒဏ်ရာကို ပြုပြင်ခြင်းမျိုးလုပ်ရနိုင်သော်လည်း ပြွန်ချောင်းထဲ့ရန် မလိုအပ်သေးပါ။

    • အုပ်စု (၄)

    ထိုလူနာများသည် လေလမ်းကြောင်းထိခိုက်ဒဏ်ရာရကာ သွေးလုံးဖြစ်ခြင်း၊ရောင်ရမ်းခြင်းတို့အပြင်းအထန် ဖြစ်ကြသည်။ ထိုလူနာများတွင် အချွဲလွှာပြဲသွားပြီး အရိုးနုကိုမြင်နေရသည်။

    ထိုလူနာများတွင် အသံကြိုးများ မလှုပ်ရှားနိုင်တော့ခြင်းကြောင့် အရေးပေါ်လေပြွန်ဖောက်ခြင်းမျိုးလည်း လိုအပ်ပါသည်။ အသံအိုးထဲသို့ တိုက်ရိုက်မှန်ပြောင်းကြည့်ခြင်း၊ အစာရေမြိုပြွန်ထဲသို့ မှန်ပြောင်းကြည့်ခြင်းတို့ဖြင့် ဒဏ်ရာကို ကြည့်ရှုစစ်ဆေးရပါသည်။

    လည်ပင်းကိုခွဲကာ ဒဏ်ရာကို ပြုပြင်ခြင်းမျိုးလုပ်ရန်လိုအပ်ပြီး အသက်ရှုလမ်းကြောင်း ကျဉ်းသွားခြင်းမှကာကွယ်ရန် အသက်ရှုလမ်းကြောင်းထဲသို့ ပြွန်ချောင်းထဲ့ရန် လိုအပ်ပါသည်။

    Laryngeal Trauma (အသံအိုးတွင် ထိခိုက်ဒဏ်ရာရခြင်း) ကို ဘယ်လိုကုသပါသလဲ

    အသံအိုးတွင် ထိခိုက်ဒဏ်ရာရသည်ဟု သေချာပါက ပထမဦးစွာ လေလမ်းကြောင်းကို ဖွင့်ပေးမှသာ စိတ်ချရပေမည်။ အသံအိုးတွင် ထိခိုက်မိသော ဒဏ်ရာအခြေအနေကို သိရှိရန် မှန်ပြောင်းဖြင့်ကြည့်ရမည်။

    ထို့ပြင် အနာ၏ အတိမ်အနက်ကို ဓါတ်ပုံ၊ ဗီဒီယိုတို့ဖြင့် လည်းမှတ်တမ်းပြုစုထားနိုင်ပါသည်။ စိတ်ချရသော အနေအထားတွင် လေပြွန်တပ်ဆင်ခြင်းပြုလုပ်ရမည်။ အရေးပေါ် အခြေအနေများတွင် မူ လေလမ်းကြောင်းပွင့်စေရန် အရေးပေါ်လေပြွန်ဖောက်ခြင်းကို ပြုလုပ်ရပြီး ထိခိုက်မှုများကို ခွဲစိတ်ပြုပြင်ရပါသည်။

    ထိခိုက်မှုများကို ခွဲစိတ်ပြုပြင်ခြင်း သို့မဟုတ် အတွင်းပိုင်းတွင် လေလမ်းကြောင်းဖောက်ခြင်းတို့ကို တတ်နိုင်သမျှမြန်မြန်ပြုလုပ်ရပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် အသံအိုးနှင့် လေပြွန်ကို တဆင့်တည်းနှင့် ပြန်လည်တည်ဆောက်ခြင်းလည်းဖြစ်ပြီး လေပြွန်ဖောက်ခြင်းပြုလုပ်ရန်မလိုသော နည်းလည်းဖြစ်သည်။

    ထိုသို့ပြုလုပ်ထားချိန်တွင် လူနာသည် ၅-၇ ရက်အထိ လေပြွန်ကို တပ်ဆင်ထားရမည်ဖြစ်သည်။ ထိုလေပြွန်ကို ပြန်မဖြုတ်မီ လူနာ၏ဒဏ်ရာအနာကို လေပြွန်ကြည့်မှန်ပြောင်းများဖြင့်လည်း စစ်ဆေးနိုင်ပါသည်။

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် အသံအိုးတွင် ထိခိုက်ဒဏ်ရာရသူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

    အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

    သင့်လေလမ်းကြောင်း ထိခိုက်မှုကို ပြုပြင်ပြီးလျှင် စကားပြောကျင့်ခြင်း နှင့် အမြိုကျင့်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ ကလေးများအား အသံကို အနားပေးစေခြင်း နှင့် စကားပြောကျင့်ခြင်းများကို ပြုလုပ်ပေးရမည်။

    သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement