Laryngeal Stenosis (အသံအိုးကျဉ်းသွားခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Laryngeal Stenosis (အသံအိုးကျဉ်းသွားခြင်း) ကဘာလဲ။

အသံအိုးကျဉ်းသွားခြင်းသည် အသံကြိုး ၂ ခု ကြားရှိအပေါက်နေရာ၊ ထိုနေရာ၏ အပေါ် ၊ အောက် မည်သည့်နေရာတွင်မဆို ပြွန်ချောင်း တလျှောက်ကျဉ်းသွားခြင်းကြောင့် အသံသြခြင်း၊ အသက်ရှုကျပ်ခြင်း၊ မောပန်းခြင်းတို့ဖြစ်လာရပါသည်။

ထို့ပြင် ခွဲစိတ်မှုများပြုလုပ်ခြင်း၊ လည်းချောင်းထဲသို့ အသက်ရှုပြွန်ထဲ့ခြင်း ၊ ဓာတ်ရောင်ခြည်ကုသမှု၊ ကင်ဆာဆေးသွင်းမှုများခံယူခြင်းနှင့် အခြားသော အကြောင်းများကြောင့် အသံအိုးကျဉ်းသွားခြင်ဖြစ်နိုင်သည်။ ကလေးငယ်များတွင်မူ မွေးရာပါ အသံအိုးကျဉ်းသွားခြင်းမျိုးကို တွေ့ရတတ်သည်။

အသံအိုးကျဉ်းသွားခြင်သည် ခဏတာဖြစ်နိုင်သလိုနာတာရှည်လည်း ဖြစ်နိုင်သည်။ ခဏတာမျှ ကျဉ်းသွားခြင်းဖြင့် အသက်ရှုလမ်းကြောင်းမှ တဆင့် အောက်ဆီဂျင်ဝင်ရောက်နိုင်မှုများနည်းသွားမည်ဖြစ်သည်။ ရောဂါလက္ခဏာများသည် မည်မျှ ကျဉ်းသလဲအပေါ်မူတည်ပြီး ကွားခြားနိုင်ပါသည်။

အသံအိုးကျဉ်းသွားခြင်းသည် ရုတ်တရက်ဖြစ်တတ်ပြီး သွေးထဲတွင် အောက်ဆီဂျင်ဓာတ်လျော့နည်းခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်များ များပြားလာခြင်းတို့ ဖြစ်လာကာ ခနာကိုယ်တွင်ရှိသော အရေးကြီးသည့် အဂါင်္အစိတ်အပိုင်းများအလုပ်မလုပ်နိုင်တော့ခြင်း နှင့် အဆိုးဝါးဆုံး သေဆုံးခြင်းအထိဖြစ်နိုင်ပါသည်။

ထိုသို့ ရုတ်တရက် လေပြွန်ကျဉ်းခြင်းသည် အဖြစ်မြန်သလို မြန်မြန်ကုသလျှင် ပြန်ကောင်းနိုင်ပါသည်။ သို့သော် လေပြွန်ကျဉ်းခြင်းဖြစ်ရသည့် အကြောင်းကို မဖယ်ရှားနိုင်ဘဲ လေပြွန်ကို အပေါက်ဖောက်ပြီး အရေးပေါ်ကုသရခြင်းမျိုးဖြစ်ပါက နာတာရှည်သွားနိုင်ပါသည်။

နာတာရှည် အသံအိုးပြွန်ကျဉ်းခြင်းများသည် အချိန်ကြာမြင့်စွာ ကုသမှု ခံယူရတတ်ပြီး ထိုအချိန်တွင်းတွင် ရုတ်တရက် အသက်ရှုကျပ်ခြင်း ကဲ့သို့သော ဝေဒနာများ ခံစားရနိုင်ပါသည်။

Laryngeal Stenosis (အသံအိုးကျဉ်းသွားခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသံအိုးကျဉ်းသွားခြင်းသည် မည်သည့် အသက်အရွယ်တွင်မဆို ဖြစ်နိုင်ပါသည်။သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

Laryngeal Stenosis (အသံအိုးကျဉ်းသွားခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများသော ရောဂါလက္ခဏာများမှာ အသံသြသွားခြင်း၊ ရှတတ ဖြစ်သွားခြင်း၊ အသက်ရှုမြန်ခြင်း၊ အသက်ရှုရခက်ခြင်း၊ အသက်ရှုသံများဆူညံခြင်း၊ မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်ခြင်းနှင့် ဂနာမငြိမ်ဖြစ်ခြင်းတို့ဖြစ်ပါသည်။

(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Laryngeal Stenosis (အသံအိုးကျဉ်းသွားခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အသံအိုးကျဉ်းသွားခြင်းသည် အလိုလိုဖြစ်လာသောရောဂါ မဟုတ်ပါ။ ရောဂါလက္ခဏာစုများသည် အခြားသော ရောဂါများ၏ နောက်ဆက်တွဲဆိုးကျိုးအနေနှင့် ဖြစ်လာခြင်းဖြစ်ပြီး ရောဂါဖြစ်စေသော အကြောင်များသည် များပြားစွာရှိပါသည်။

အများဆုံးဖြစ်စေသော အကြောင်းများမှာ အသက်ရှုလမ်းကြောင်းပြွန်ထဲ့ခြင်းကြောင့် လေပြွန်လမ်းကြောင်းထိခိုက်မိခြင်းကြောင့်ဖြစ်ပြီး များသောအားဖြင့် ၁၀ရက်ထက်ပိုကြာအောင်ထဲ့ထားရသူများတွင် ပိုဖြစ်ကြောင်းတွေ့ရသည်။

အခြားသော အဖြစ်များသော အကြောင်းများမှာ အနီစက်များထွက်ပြီး ဖျားခြင်း (scarlet fever)၊ ဌက်ဖျားဖြစ်ခြင်း၊ ၀က်သက်ပေါက်ခြင်း၊ အူရောင်ငန်းဖျားဖြစ်ခြင်း၊ တီဘီရောဂါနှင့် ကာလသားရောဂါများဖြစ်ခြင်း စသည်တို့ဖြစ်ပါသည်။

ထို့ပြင် အသံအိုးနှင့် လေပြွန်လမ်းကြောင်းကို ထိခိုက်မိခြင်း၊ ဓာတုဗေဒပစ္စည်းများလောင်ခြင်း၊ ပြင်ပမှ ပစ္စည်းများဝင်ခြင်း၊ ဆေးကုသမှုများခံယူခြင်း၊ သေနတ် ဒဏ်ရာရခြင်း နှင့် မွေးရာပါအသံအိုးနှင့် လေပြွန်လမ်းကြောင်းရောင်ရမ်းခြင်း(အာသီးရောင်ခြင်း၊ အသံအိုးရောင်ခြင်း နှင့်လေပြွန်ရောင်ခြင်း) တို့ကြောင့်လည်း အသံအိုးကျဉ်းသွားခြင်းဖြစ်နိုင်ပါသည်။

ထို့ပြင် အသံအိုးအနီးတ၀ိုက်တွင်ဖြစ်သော အလုံးအကြိတ်များ၊ အသံအိုးကင်ဆာ၊ ကြွက်သားများအားနည်းခြင်း စသည့်အကြောင်းရင်းများသည်လည်း အသံအိုးကျဉ်းသွားခြင်းကို ဖြစ်စေနိုင်ပါသည်။

ဖြစ်နိုင်ခြေများ

 Laryngeal Stenosis (အသံအိုးကျဉ်းသွားခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။

  • ကြာရှည်စွာ အသက်ရှုလမ်းကြောင်းပြွန်ထဲ့ထားရသူများ
  • ကိုယ်အလေးချိန်မပြည့်ဘဲ မွေးသော ကလေးများ
  • စားချဥ့်ပြန်တတ်သူများ
  • ရောဂါပိုးဝင်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Laryngeal Stenosis (အသံအိုးကျဉ်းသွားခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်တွင် အသံအိုးကျဉ်းသွားခြင်းခြင်းဖြစ်နေပြီဟု သံသယရှိပါကပထမဦးစွာ နား နှာခေါင်းလည်ချောင်း အထူးကုက သင့်ကို စစ်ဆေးခြင်း၊ မှန်ဘီလူးများအသုံးပြုကာ အသက်ရှုလမ်းကြောင်းများထဲသို့ ကြည့်ရှုခြင်းတို့ကို ပြုလုပ်ပါလိမ့်မည်။

ကလေးများတွင် အသံအိုးကျဉ်းသွားခြင်းဖြစ်လျှင် ချောင်းဆိုးလျှင် သလိပ်ရည်များထွက်ခြင်း၊ အစားမစားနိုင်ခြင်း၊ အသက်ရှုကျပ်ခြင်း၊ မောပန်းခြင်း၊ဆုံဆို့နာကဲ့သို့ချောင်းဆိုးခြင်းများမကြာခဏဖြစ်ခြင်း တို့ဖြစ်တတ်ပြီး အချို့ကလေးများသည် မည်သည့် ရောဂါလက္ခဏာမျှ မပြဘဲ ရှိနေတတ်သည်။

လမစေ့ဘဲမွေးသော ကလေးများတွင်မူ အသက်ရှုလမ်းကြောင်းပိုက်ကို ဖြုတ်လိုက်သော အခါတွင်မှ သူတို့ ကောင်းကောင်းအသက်မရှုနိုင်ကြောင်းသိရတတ်သည်။

ထို့ကြောင့် ရောဂါရှိနေကြောင်းသံသယရှိသော ကလေးများတွင် အသံအိုးထဲသို့ မှန်ပြောင်းထဲ့ကြည့်ခြင်း၊အသက်ရှုလမ်းကြောင်းထဲသို့ ပြွန်ထဲ့ခြင်းတို့ကို ပြုလုပ်ရပါသည်။ ယင်းတို့ကိုအသုံးပြုရန် ကလေးငယ်ကို ခွဲစိတ်ခန်းထဲတွင် မေ့ဆေးပေးပြီး ကြည့်ရခြင်းဖြစ်သည်။

ထိုသို့ ထည့်ကြည့်သော မှန်ပြောင်းငယ်များ၏ ထိပ်တွင် ကင်မရာကို တပ်ဆင်ထားခြင်းဖြင့် အသက်ရှုလမ်းကြောင်းကျဉ်းနေခြင်း နှင့် လမ်းကြောင်းရှိ မူမမှန်သော အရာများကို မြင်ရပါသည်။

Laryngeal Stenosis (အသံအိုးကျဉ်းသွားခြင်း) ကို ဘယ်လိုကုသပါသလဲ

လူနာ၏ အခြေအနေသည် ကျဉ်းသွားသော ပမာဏ အပေါ်မူတည်ပြီး ကွာခြားမှုရှိနိုင်သလို ကုသမှုများသည်လည်း ကျဉ်းသွားသော ပမာဏ နှင့် ဖြစ်စေသော အကြောင်းများအပေါ်မူတည်ပြီး ကွာခြားမှုရှိပါသည်။

ရောဂါကုသရခြင်း၏ရည်ရွယ်ချက်မှာ အသက်ရှုကျပ်ခြင်းကို သက်သာစေရန် နှင့် အောက်ဆီဂျင်ဓာတ်နည်းပြီး မွန်းကျပ်နေခြင်းကို သက်သာစေရန်ဖြစ်ပါသည်။

ထို့ကြောင့် ကုသမှုများတွင် မှန်ပြောင်းကြည့်ခြင်း၊ အသေးစားခွဲစိတ်မှုများလုပ်ခြင်း တို့ပြုလုပ်ခြင်းဖြင့် အသက်ရှုလမ်းကြောင်းကို ပွင့်အောင်လုပ်ပေးခြင်းများနှင့် အနာကျက်စေရန် ဆေးပါတခါတည်းထည့်ခြင်းများ ပါဝင်ပါသည်။ လိုအပ်လျှင် အဆင့်မြင့်နည်းပညာများသုံးကာ ခွဲစိတ်မှုများပြုလုပ်ရပါသည်။

အောက်ပါကုသမှုများသည် အထောက်အကူဖြစ်ပြီး ထိရောက်သော ကုသမှုများဖြစ်ပါသည်။

  • လူနာကို စောင့်ကြပ်ကြည့်ရှုခြင်း

အသံအိုး အနည်းငယ်ကျဉ်းသောသူများတွင် သတ်မှတ်ထားသည့် အတိုင်းရက်ချိန်းမှန်မှန်ပြခြင်း နှင့် အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းပိုးဝင်ခြင်းများမဖြစ်ရန် ဂရုစိုက်ခြင်းများ ပြုလုပ်ရပါသည်။

  • အသံအိုးထဲသို့ ဆေးထိုးခြင်း

ရောဂါပိုးဝင်ခြင်း၊ အသက်ရှုလမ်းကြောင်းရောင်ရမ်းခြင်းကြောင့် ကျဉ်းသွားသောသူများတွင် ပိုးသတ်ဆေး၊ အရောင်ကျဆေးများကို အသံအိုးလမ်းကြောင်းထဲသို့ တိုက်ရိုက်ထိုးသွင်းခြင်းများ ပြုလုပ်ရပါသည်။

  • အသံအိုးထဲသို့ မှန်ပြောင်းကြည့်ခြင်း

ယင်းသည် Carbon dioxide လေဆာကို အသုံးပြုပြီး လမ်းကြောင်းချဲ့သော အသေးစား ခွဲစိတ်မှုဖြစ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် အလယ်လတ်အဆင့် လမ်းကြောင်းကျဉ်းသူများတွင် ပြုလုပ်ခြင်းဖြစ်ပြီး  ပုံမှန်အတိုင်း အသက်ပြန်ရှုနိုင်စေရန် အထောက်အကူဖြစ်စေပါသည်။

  • ခွဲစိတ်ပြီး ပြန်လည်ပြုပြင်ခြင်း

အသံအိုးကျဉ်ခြင်းကို ပြင်းထန်အဆင့် ခံစားနေရသော သူများသည် ခွဲစိတ်မှုခံယူရမှသာလျှင် ပုံမှန်အတိုင်း အသက်ပြန်ရှုနိုင်စေရန် အထောက်အကူဖြစ်စေပါသည်။

(ဥပမာ-အသံအိုးဖောက်ပြီး အသက်ရှုလမ်းကြောင်းပွင့်အောင်လုပ်ခြင်း )

ထိုသို့သော ကုသမှုများခံယူပြီးလျှင် ရက်ချိန်းမှန်မှန်လာပြရန်နှင့် အဆုတ်အထူးကုဆရာဝန်၏ညွှန်ကြားချက်အတိုင်း အသက်ရှုလုပ်ငန်းများမှန်ကန်မှုရှိမရှိ စမ်းသပ်ရန်၊ အသက်ရှုလမ်းကြောင်း ပိတ်ဆို့မှုများရှိမရှိ စမ်းသပ်ရန် အရေးကြီးပါသည်။

 

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် အသံအိုးကျဉ်းသွားသူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

  • သန့်ရှင်းလတ်ဆတ်ပြီး အစိုဓာတ်ပါသော လေကို ရှုပါ။
  • ကိုယ်လက်လေ့ကျင့်ခန်းများကို အတိုင်းအတာတခု အထိသာ ပြုလုပ်ပါ။

သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဥာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 12, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 8, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ