backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Laparoscopic Cholecystectomy (မှန်ပြောင်းသုံး၍ သည်းခြေအိတ်ဖယ်ထုတ်ခြင်း)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Hello Sayarwon မှ ရေးသားသည်။ · 13/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လက္ခဏာများ

Laparoscopic Cholecystectomy (မှန်ပြောင်းသုံး၍ သည်းခြေအိတ်ဖယ်ထုတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။

သင့်သည်းခြေအိတ်မှာဖြစ်နေတဲ့ ကျောက်တွေကို သည်းခြေကျောက်လို့ခေါ်ပါတယ်။ အဖြစ်များပြီး မျိုးရိုးလိုက်တတ်ပါတယ်။ အသက်ရလာတဲ့အမျှ အဆီအစားများလာတာနဲ့အမျှ သည်းခြေကျောက်ဖြစ်နိုင်ချေများလာပါတယ်။

သည်းခြေကျောက်အတွက် ခွဲစိတ်ကုသခြင်းအပြင် အခြားသောကုသမှုတွေလည်း ရှိပါသေးတယ်။ သည်းခြေကျောက်တွေကို ဖျော်လိုက်ခြင်း (သို့) သေးငယ်တဲ့အစိတ်အပိုင်းလေးတွေ အဖြစ်ချေလိုက် ခြင်းတွေ လုပ်နိုင်ပေမဲ့ ဒီနည်းလမ်းတွေမှာ ဆိုးကျိုးတွေပေးတဲ့ဆေးတွေ ပါနိုင်ပါတယ်။ ပဋိဇီဝဆေးတွေနဲ့ သင့်သည်းခြေကူးစက်ပိုးဝင်ခြင်းကို ကုသနိုင်ပါတယ်။ အဆီလျော့စားခြင်းဖြင့်လည်း နာကျင်မှုကိုသက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းတွေနဲ့ ပျောက်ကင်းအောင်ကုသလို့တော့ မရနိုင်ပါဘူး။ လက္ခဏာတွေ ပြန်ပေါ်လာနိုင်ပါတယ်။

ဘာကြောင့် မှန်ပြောင်းသုံး၍ သည်းခြေအိတ် ဖယ်ထုတ်ခြင်း လုပ်ရလဲ။

အကြီးကြီးခွဲစရာမလိုဘဲ သေးငယ်တဲ့ခွဲရာလေးတွေကတစ်ဆင့် လုပ်ဆောင်နိုင်ပါတယ်။

သင့်ရဲ့သည်းခြေအိတ်နေရာမှာ အရင်ကခွဲစိတ်ခဲ့ဖူးရင်၊ သွေးထွက်များရင်၊ သည်းခြေအိတ်ကိုဆရာဝန်ကြည့်ရာမှာ အခက်တွေ့နေမယ်ဆိုရင်တော့ ဗိုက်ခွဲပြီး ဖယ်ထုတ်ခြင်းက သင့်အတွက်ပိုကောင်းပါတယ။် သင့်ရဲ့ဆရာဝန်က သင်နဲ့သင့်တော်မယ့်နည်းကို ဆုံးဖြတ်ပါလိမ့်မယ်။

အန္တရာယ်များ

မှန်ပြောင်းသုံး၍ သည်းခြေဖယ်ထုတ်ခြင်းကြောင့် ရလာနိုင်တဲ့အန္တရာယ်တွေက ဘာတွေလဲ။

နောက်ဆက်တွဲရလဒ်တွေကတော့ သွေးထွက်ခြင်း၊ ကူးစက်ပိုးဝင်ခြင်းနဲ့ သည်းခြေရည်တွေကို သည်းခြေအိတ်မှတစ်ဆင့် အစာအိမ်ကို ပို့ပေးတဲ့ပြွန် ထိခိုက်မိနိုင်ခြင်းတို့ ဖြစ်ပါတယ။် ကိရိယာတွေကိုဝမ်းဗိုက်အတွင်းထည့်ချိန် အူ (သို့) ပင်မသွေးကြောမကြီး ထိခိုက်မိခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဖြစ်တော့ ဖြစ်ခဲပါတယ်။ တခြားဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့

  • အူမကြီး၊ သည်းခြေ သို့ သွေးကြောစတဲ့ အစိတ်အပိုင်းတွေကို ထိခိုက်မိခြင်း
  • ခွဲစိတ်ထားတဲ့နေရာမှာ အူကျွံခြင်း
  • ခွဲစိတ်မှုကြောင့်ဖြစ်တဲ့ အသက်ရှူမြန်ခြင်းအသက်ရှူမဝခြင်း
  • သည်းခြေရည်သို့သည်းခြေကျောက်များ စိမ့်ထွက်ခြင်း
  • သည်းခြေကျောက်များ ကျန်ခြင်း
  • အဆက်မပြတ်နာခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းဗိုက်တစ်လျှောက်နာခြင်း
  • ဓါတ်မတည့်မှုများဖြစ်ခြင်း
  • သည်းခြေပို့ပြွန်ထိခိုက်မိခြင်း
  • အူမကြီးထိခိုက်မိခြင်း
  • အသည်းကိုပြင်းပြင်းထန်ထန်ထိခိုက်မိခြင်း
  • ခွဲစိတ်မှုမပြုလုပ်ခင်မှာ မှန်ပြောင်းသုံး၍ သည်းခြေဖယ်ထုတ်ခြင်းကြောင့် ရလာနိုင်တဲ့အန္တရာယ်တွေနဲ့ နောက်ဆက်တွဲရလဒ်တွေကို သိထားဖို့အရေးကြီးပါတယ်။ သင့်မှာမေးခွန်းတွေရှိနေခဲ့မယ်ဆိုရင် ဆရာဝန်တွေခွဲစိတ်အထူးကုတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ပြင်ဆင်မှုများ

မှန်ပြောင်းသုံး၍ သည်းခြေဖယ်ထုတ်ခြင်းပြုလုပ်ဖို့အတွက် ဘာတွေပြင်ဆင်ထားသင့်လဲ။

မပြုလုပ်ခင်( ၈)နာရီအလိုကတည်းက ဘာမှမစားမသောက်သင့်ပါဘူး၊ ခွဲစိတ်မှုမတိုင်ခင်နေ့နဲ့ ခွဲစိတ်မယ့်နေ့တွေမှာ အကိုက်အခဲပျောက်ဆေးအပါအဝင် ဆေးတွေရပ်လိုက်ဖို့လိုပါတယ်။ ဆရာဝန်ကို အသိမပေးဘဲနဲ့တော့ ဆေးပြောင်းခြင်း၊ ဆေးရပ်ခြင်းတွေ မလုပ်သင့်ပါဘူး။ ပြင်ဆင်ထားဖို့လိုတဲ့အချက်တွေကို လိုက်နာဖို့အရေးကြီးပါတယ်။

ဖယ်ထုတ်နေချိန် ဖြစ်ပွားနိုင်မှု

မှန်ပြောင်းသုံး၍ သည်းခြေအိတ်ဖယ်ထုတ်ခြင်းပြုလုပ်နေချိန် ဘာတွေဖြစ်နိုင်လဲ။

မေ့ဆေးအသုံးပြုပြီး တစ်နာရီလောက် ခွဲစိတ်ရမှာဖြစ်ပါတယ်။ ဆရာဝန်က သင့်ဗိုက်မှာ အပေါက်သေးသေးတွေဖောက်ပါလိမ့်မယ်။ ထိုအပေါက်လေးတွေမှတစ်ဆင့် မှန်ပြောင်းနဲ့အတုူ ခွဲစိတ်ကိရိယာတွေကို ဗိုက်ထဲကိုထည့်ပြီး လုပ်ဆောင်မှာဖြစ်ပါတယ်။ သည်းခြေပြွန်နဲ့ သွေးကြောကို ဖယ်ထုတ်လိုက်ပါလိမ့်မယ်။ သည်းခြေကိုအသည်းကနေခွာပြီး ဖယ်ထုတ်လိုက်မှာဖြစ်ပါတယ်။

သင့်မှာမေးခွန်းတွေရှိနေခဲ့မယ်ဆိုရင် ဆရာဝန်တွေ ခွဲစိတ်အထူးကုတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဖယ်ထုတ်ပြီးနောက် ဖြစ်ပွားလာနိုင်မှု

မှန်ပြောင်းသုံး၍ သည်းခြေဖယ်ထုတ်ခြင်းပြုလုပ်ပြီးနောက် ဘာတွေဖြစ်နိုင်လဲ။

ခွဲပြီးနောက်တစ်နေ့မှာပဲ ဆေးရုံကနေဆင်းနိုင်ပါတယ်။ ခွဲစိတ်ထားတဲ့အတိုင်းအတာနဲ့ သင့်အလုပ်အကိုင်ပေါ်မူတည်ပြီး နှစ်ပတ်ကနေ လေးပတ်အကြာမှာ အလုပ်ပြန်လုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းဖြင့် သင့်ရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေကို အမြန်ဆုံးပြန်လုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်းမပြုလုပ်ခင်မှာတော့ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

လုံးဝပြန်ကျန်းမာလာပြီးနောက်မှာတော့ ပုံမှန်အလုပ်တွေပြန်လုပ်နိုင်လာပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Hello Sayarwon မှ ရေးသားသည်။ · 13/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement