Lactational Mastitis (မိခင်နို့ တိုက်ခြင်းနှင့် ပတ်သတ်သောရင်သား ရောင်ရမ်းခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Lactational Mastitis (မိခင်နို့ တိုက်ခြင်းနှင့် ပတ်သတ်သောရင်သား ရောင်ရမ်းခြင်း) ကဘာလဲ။

နို့တိုက်သောကြောင့် ရင်သားရောင်ခြင်းဆိုသည်မှာကလေးကိုမိခင်နို့ တိုက်နေတဲ့ကာလမှာရင်သားတွင် ပိုးဝင်ခြင်းကြောင့် နာခြင်း၊ နီခြင်း၊ ဖျားခြင်း၊ ကြွက်သားများကိုက်ခဲခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ဖြစ်ပါတယ်။

၎င်းက ကလေးမွေးဖွားပြီးနောက် ပထမဆုံးခြောက်ပတ်အတွင်းမှာအဖြစ်အများဆုံးဖြစ်ပါတယ်။

Lactational Mastitis (မိခင်နို့ တိုက်ခြင်းနှင့် ပတ်သတ်သောရင်သား ရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အန္တရာယ်ဖြစ်စေတဲ့အချက်တွေကိုလျှော့ချခြင်းနဲ့ ဆောင်ရွက်နိုင်

ပါတယ်။

(အခြားအချက်အလက်များသိရှိရဖို့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)

လက္ခဏာများ

Lactational Mastitis (မိခင်နို့ တိုက်ခြင်းနှင့် ပတ်သတ်သောရင်သား ရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်အများဆုံးလက္ခဏာတွေကတော့

  • -ရင်သားကိုထိပါကနာခြင်းဒါမှမဟုတ် ထိလျှင်ပူနေခြင်း
  • -နေထိုင်မကောင်းခြင်း
  • -ရင်သားရောင်လာခြင်း
  • -နာခြင်းသို့မဟုတ် ပူခြင်းကိုတောက်လျှောက်ခံစားရခြင်းသို့မဟုတ် နို့တိုက်စဉ် ခံစားရခြင်း
  • -အရေပြားနီခြင်းသပ်ပုံစံမြင်ရခြင်း
  • -အဖျား ၁၀၁ နဲ့ ၁၀၁အထက် ဖျားခြင်း

ဒီလိုရင်သားရောင်ခြင်းဟာများသောအားဖြင့် နို့တိုက်တာရဲ့ အစောပိုင်းအပတ်တွေမှာအဖြစ်များပေမယ့် နို့တိုက်နေချိန်ကာလတစ်လျှောက်လုံးဘယ်အချိန်မဆိုဖြစ်နိုင်ပါတယ်။ဒီလိုရောင်ခြင်းဟာရင်သားတစ်ဖက်ထဲကိုပဲဖြစ်စေတာများပါတယ်။

(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓာကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။

အကြောင်းရင်းများ

Lactational Mastitis (မိခင်နို့ တိုက်ခြင်းနှင့် ပတ်သတ်သောရင်သား ရောင်ရမ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

နို့တိုက်ခြင်းဆိုတာဟာသေချာသင်ထားရတဲ့ ကျွမ်းကျင်မှုတစ်ခုပါပဲနည်းလမ်းမှန်တဲ့ပုံစံတွေနဲ့ တိုက်ပါကရင်သားထဲမှာနို့တွေကျန်နေပြီးရင်သားရောင်ခြင်းကို ဖြစ်စေပါတယ်။အခြားအကြောင်းအရာများကတော့

-နို့ချောင်းပိတ်ခြင်း။တကယ်လို့ နို့တိုက်ချိန်မှာအကုန်ကုန်သွားအောင်မတိုက်လိုက်ပါကသင့်ရဲ့နို့ချောင်းတွေဟာပိတ်နေတတ်ပြီးနို့တွေ့စုပြီး ရင်သားပိုးဝင်ခြင်းကိုဖြစ်စေပါတယ်။

-ဘတ်တီးရီးယားပိုးများရင်သားထဲကို ၀င်ရောက်ခြင်း။သင့်အရေပြားပေါ်မှာရှိသောဒါမှမဟုတ် သင့်ကလေးပါးစပ်ထဲမှ ပိုးမွှားများဟာသင့်အရေပြားရဲ့ ပြဲတဲ့နေရာနို့သီးခေါင်းမှာကွဲတဲ့နေရာရှိပါက ၄င်းနေရာတွေကနေ နို့ပြွန်တွေဆီကိုပိုးမွှားတွေဝင်ရောက်နိုင်ပါတယ်။ရင်သားထဲမှာနို့တွေစုနေခြင်းကုန်အောင်မတိုက်ခြင်းကြောင့် အဲ့ဒီနေရာဟာဘတ်တီးရီးယားပိုးမွှားတွေပေါက်စေတဲ့နေရာကြီးဖြစ်နေပါမယ်။သင့်ရဲ့ နို့ထဲမှာဘတ်တီးရီးယားပိုးမွှားတွေကိုဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိတာမို့ သင့်ကလေးဆီကို ပိုးဝင်ခြင်းကိုတော့ကာကွယ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Lactational Mastitis (မိခင်နို့ တိုက်ခြင်းနှင့် ပတ်သတ်သောရင်သား ရောင်ရမ်းခြင်း) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

အချက်တွေအများကြီးပဲရှိပါတယ်။ ၄င်းတို့ကတော့

-ကလေးမွေးပြီးအပတ်အနည်းငယ်အတွင်းမှာနို့တိုက်ရခြင်း

-နာနေသောသို့မဟုတ် ကွဲနေသောနို့သီးခေါင်းရှိခြင်း၊ ရင်သားရောင်ခြင်းဟာအရေပြားပေါက်ပြဲတာမရှိပေမယ့်လည်း ဖြစ်နိုင်ပါတယ်။

-နို့တိုက်ချိန်မှာပုံစံတစ်မျိုးတည်းနဲ့တိုက်ခြင်းကြောင့် သင့်ရင်သားမှနို့များသေချာမစီးဆင်းခြင်း

-ဘော်လီ ခပ်ကျပ်ကျပ်ဝတ်ခြင်း၊ ခါးပတ်ကိုတင်းနေအောင်ပတ်သောကြောင့် ရင်ဘတ်တွင်ဖိအားများခြင်း၊လေးလံသောအိတ်များသယ်ခြင်း ၄င်းတို့မှ နို့စီးဆင်းမှုကိုတားထားသလိုဖြစ်စေပါတယ်။

-ပင်ပန်းနွမ်းနယ်ခြင်းဒါမှမဟုတ် စိတ်ဖိစီးမှုများခြင်း

-အရင်တုန်းကနို့တိုက်စဉ်ကရင်သားရောင်ဖြစ်ထားခြင်း

-အာဟာရမပြည့်ဝခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Lactational Mastitis (မိခင်နို့ တိုက်ခြင်းနှင့် ပတ်သတ်သောရင်သား ရောင်ရမ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရင်သားရောင်ခြင်းကိုသင့်ဆရာဝန်မှ စမ်းသပ်စစ်ဆေးကြည့်ရှုခြင်း၊ရောဂါလက္ခဏာများဖြစ်တဲ့ ဖျားခြင်း၊

ချမ်းတုန်ခြင်းနဲ့ ရင်သားနာကျင်ခြင်းတို့ကိုထည့်စဉ်းစားပါမယ်။

နောက်ထပ်လက္ခဏာတစ်ခုကတော့ သပ်ပုံစံရှိတဲ့နီရဲနေတဲ့ နေရာဟာနို့သီးခေါင်းဘက်ကို ညွှန်နေသလိုပုံစံရှိပြီးထိလိုက်ပါကနာပါလိမ့်မယ်။သင့်ဆရာဝန်က သင့်မှာရင်သားပြည်တည်နာမရှိဘူးဆိုတာကိုသေချာဖို့အတွက် ကြည့်ပါမယ်။ရင်သားပြည်တည်နာဆိုတာဟာရင်သားရောင်ခြင်းကိုသေချာကုသမှုမပေးပါက ဖြစ်တတ်တဲ့ နောက်ဆက်တွဲဆိုးကျိုးဖြစ်ပါတယ်။တကယ်လို့ သင့်ရဲ့ပိုးဝင်ခြင်းကဆိုးပါကသင့်ဆရာဝန်က သင့်ရဲ့နို့ရည်ကိုအကောင်ဖောက်ကြည့်ခြင်းနဲ့ ဘယ်ပိုးသတ်ဆေးကအကောင်းဆုံးဖြစ်မယ်ဆိုတာကိုသိနိုင်ပါလိမ့်မယ်။ရှားပါးတဲ့ ရင်သားကင်ဆာတစ်မျိုးဖြစ်တဲ့ ရောင်တတ်သောရင်သားကင်ဆာမှာလည်းရင်သားရောင်ခြင်းနီရဲ

ခြင်းတွေနဲ့ပြတတ်လို့ ဒီလိုနို့တိုက်သောကြောင့်ရင်သားရောင်ခြင်းနဲ့မှားတတ်ကြပါတယ်။

သင့်ဆရာဝန်က ရောဂါရှာဖို့အတွက် ရင်သားဓာတ်မှန်ရိုက်ကြည့်ဖို့အကြံပေးပါလိမ့်မယ်။တကယ်လို့ သင်ကပိုးသတ်ဆေးကိုရက်စေ့ သောက်ပြီးတာတောင် ရောဂါလက္ခဏာတွေကျန်နေသေးပါကသင့်ကိုအသားစယူပြီးစစ်ကြည့်ခြင်းနဲ့ သင့်မှာရင်သားကင်ဆာရှိမရှိစမ်းသပ်ဖို့လိုပါမယ်။

Lactational Mastitis (မိခင်နို့ တိုက်ခြင်းနှင့် ပတ်သတ်သောရင်သား ရောင်ရမ်းခြင်း) ကို ဘယ်လိုကုသပါသလဲ

ရင်သားရောင်ခြင်းကိုကုသမှုမှာ ပါဝင်တာတွေကတော့

-ပိုးသတ်ဆေးပေးခြင်း။ရင်သားရောင်ခြင်းကိုကုသမှုအတွက် ပိုးသတ်ဆေးကို ၁၀ရက် မှ ၁၄ရက်လောက်ထိ ပေးဖို့လိုအပ်ပါတယ်။သင်ကပိုးသတ်ဆေးစသောက်ပြီး ၂၄နာရီမှ ၄၈နာရီအတွင်း သက်သာသလိုခံစားရမှာပါ ဒါပေမယ့် နောက်ထပ်

ထပ်ဖြစ်မလာအောင် ကာကွယ်ဖို့အတွက် ဆေးလုံးတွေအကုန် လုံးကိုသောက်ပစ်ဖို့ လိုအပ်ပါတယ်။

-အနာသက်သာဆေးများပေးခြင်း။သင့်ဆရာဝန်က အနာသက်သာဆေးတွေဖြစ်တဲ့ acetaminophen, ibuprofen တို့သောက်ဖို့ပြောပါလိမ့်မယ်။

-နို့တိုက်ခြင်းနည်းလမ်းများကိုချိန်ညှိပေးရန်။ နို့တိုက်တဲ့အချိန်မှာသင့်ရင်သားမှနို့များကို အကုန်ကုန်အောင်တိုက်ရန်နှင့် သင့်ကလေးကို သေချာပုံစံမှန် ထားနိုင်ရန်။သင့်ဆရာဝန် က သင့်ရဲ့ နို့တိုက်တဲ့ပုံစံကို ကြည့်မယ် ဒါမှမဟုတ် အကူအညီရနိုင်ဖို့အတွက် နို့တိုက်နည်းကို သင်ပေးမယ့်သူတွေဆီကို လွှဲပေးတာမျိုးတွေလုပ်ပါလိမ့်မယ်။

-ကိုယ်ကိုယ်တိုင် ဂရုစိုက်ဖို့လိုပါတယ်။အနားယူရမယ်။ဆက်ပြီးနို့တိုက်ရမယ် ပြီးလျှင် ရင်သားပိုးဝင်ခြင်းကိုတိုက်ဖို့ ရေအများကြီး သောက်ရပါမယ်။

တကယ်လို့ ရင်သားရောင်ခြင်းဟာ ပိုးသတ်ဆေးသောက်ပြီးတာတောင် မပျောက်သွားပါက သင့်ဆရာဝန်နဲ့ ထပ်ပြီး သွားပြဖို့လိုအပ်ပါတယ်။အဲ့ဒါမှာ တစ်ခြား ဘာတွေထပ်စစ်ရမယ် ဘာတွေလိုမယ်ဆိုတာ ဆရာဝန်က ဆုံးဖြတ်နိုင်မှာပါ။

 

လူနေမှုဘ၀ပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ။

နို့တိုက်သောကြောင့်ရင်သားရောင်ခြင်း ကို သက်သာအောင်ကူညီနိုင်မယ့် လူနေမှုဘ၀ပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။

နို့တိုက်သောကြောင့် ရင်သားရောင်ခြင်းကို သက်သာစေမယ့် လူနေမှုဘ၀ပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကတော့

-သင်ကလေးက ဗိုက်ဆာနေသမျှ နို့ကို တိုက်နိုင်သမျှ တိုက်ပေးပါ။

-အနားယူနိုင်သမျှယူပါ။အိပ်ယာထဲမှာကလေးနဲ့ အတူလှဲအိပ်ပြီးနေခြင်းနဲ့ နို့တိုက်ခြင်းကို မကြာခဏ လုပ်လို့ရပါတယ်။

-နို့မတိုက်ခင် ရင်သားမှာနို့တွေပြည့်လျှံလာတာကို ရှောင်ပါ။

-သင်နို့တိုက်တဲ့ပုံစံကို မကြာခဏ ပြောင်းပါ။

-အရည်တွေအများကြီးသောက်ပါ။

-တကယ်လို့ နို့ကို ကုန်အောင်တိုက်လို့မရဘူးဆိုရင် ရင်သားကို ခပ်နွေးနွေးအစနဲ့အုပ်ပေးခြင်း ဒါမှမဟုတ် ရေနွေးနဲ့ ရေချိုးခြင်း၊ နို့များ ညှစ်ထုတ်ခြင်းတို့ကို လုပ်ပေးနိုင်ပါတယ်။

-အထောက်ပံ့ပေးနိုင်တဲ့ ဘရာစီယာ ကောင်းကောင်းဝတ်ပါ။

တကယ်လို့ သင့်မှာ ရင်သားရောင်ခြင်း ရှိပါက နို့တိုက်ခြင်းကိုဆက်လုပ်ခြင်းနဲ့ ပိုးဝင်ခြင်းကို ဖယ်ရှားနိုင်ပါတယ်။တကယ်လို့ ပိုးဝင်တဲ့ရင်သားဘက်မှာ နို့တိုက်ခြင်းဖြင့် အရမ်းနာကျင်ပါက ဒါမှမဟုတ် ကလေးက အဲ့ဒီဘက်ကို မစို့ဘူးဆိုပါက နို့တွေကို လက်နဲ့ ညှစ်ထုတ်ခြင်း၊ စက်နဲ့ညှစ်ပေးခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

သင့်ကလေးနဲ့ နို့တိုက်မှု ပြုလုပ်ခြင်းမှာ အကောင်းဆုံးအခြေအနေနဲ့စနိုင်ဖို့ ပြီးတော့ နို့ရောင်ခြင်းတွေမဖြစ်ဖို့အတွက် နို့တိုက်ခြင်းအထူးပြုညွှန်ကြားပေးနိုင်မယ့် လူများနဲ့တိုင်ပင်ပါ။သူကနေမှ နို့တိုက်ပုံ တိုက်နည်း တွေကို သေချာ အကြံပေး သင်ပြပေးပါလိမ့်မယ်။နို့ရောင်ခြင်းဖြစ်လာမယ့် အခွင့်အရေးတွေလျော့ကျဖို့အတွက် အောက်ပါ အချက်များကို လိုက်နာနိုင်ပါတယ်

-နို့တိုက်စဉ်မှာ သင့်ရင်သားမှ နို့များကို အကုန်ကုန်အောင်တိုက်ပါ။

-နို့တိုက်စဉ်မှာ သင့်ကလေးကိုနို့တစ်ဖက်မှတစ်ဖက်ကို မပြောင်းခင် တစ်ဖက်ကို ကုန်အောင်တိုက်ပေးပါ။

-နို့တိုက်ချိန်မှာ ပုံစံကို ခဏခဏပြောင်းပြီး တိုက်ပေးပါ။

-သင့်ကလေးနို့စို့ချိန်မှာ ကလေးကသေချာစို့လားဆိုတာ သေချာအောင်လုပ်ပါ။

(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မျှဝေမည်

တည်းဖြတ်သည့်နေ့ မတျ 12, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 13, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။