backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Labyrinthitis (နားအတွင်းပိုင်းရောင်ရမ်းခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Labyrinthitis (နားအတွင်းပိုင်းရောင်ရမ်းခြင်း) ကဘာလဲ။

အတွင်းနားရောင်ခြင်းဆိုသည်မှာနား၏အတွင်းပိုင်းရောင်ရမ်း ခြင်းတစ်မျိုးဖြစ်ပြီးမူးဝေခြင်းကို ဖြစ်စေပါသည်။ နား၏ အတွင်းဖက်တွင် မျှခြေကိုထိန်းပေးသောဝင်္ကပါအခွေ ဟုခေါ် သောအစိတ်အပိုင်းတစ်ခုရှိပါသည်။

ဝင်္ကပါအခွေ သည် ထိခိုက်ခံရပါကဦးနှောက်သို့ မှားယွင်းသောအချက်ပြ မှုများကိုပို့ပါသည်။ အတွင်းနားရောင်ခြင်းသည် အကြားအာရုံဆုံးရှုံးခြင်း၊ ချာချာလည်သလိုခံစားရခြင်း၊ မျှခြေမထိန်းနိုင် ခြင်း နှင့် မအီမသာဖြစ်ခြင်းတို့ကို ဖြစ်စေပါသည်။

Labyrinthitis (နားအတွင်းပိုင်းရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အတွင်းနားရောင်ခြင်းသည် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုဖြစ်ပါသည်။ မည်သည့်အသက်အရွယ် တွင် မဆို ဖြစ်နိုင်ပါသည်။ အန္တရာယ် ဖြစ်စေသောအချက်များကိုလျော့ချခြင်းဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။

လက္ခဏာများ

Labyrinthitis (နားအတွင်းပိုင်းရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာများသည် ရုတ်တရက် စတင်လာနိုင်ပြီးတစ်မိနစ်မှ နာရီအနည်းငယ် သို့မဟုတ် ရက်များအတွင်းပျောက်လိုက် ပေါ်လိုက် ဖြစ်တတ်ပါသည်။ ကိုယ်နေကိုယ် ထားကိုလျင်မြန်စွာပြောင်းလဲလိုက်ပါကချာချာလည် သလိုခံစားရနိုင်ပါသည်။

အခြားရောဂါ လက္ခဏာများမှာမူးဝေခြင်း၊ မတည်ငြိမ်သလိုခံစားရခြင်း၊ မျှခြေမထိန်းနိုင်ခြင်း၊ မအီမသာ ဖြစ်ခြင်း၊ နားအူခြင်း၊ မောပန်းခြင်း နှင့် နေမကောင်းသလိုခံစားရခြင်းတို့ဖြစ်ပါသည်။ အော့အန်ခြင်းလည်း ဖြစ်နိုင်ပါသည်။ လူအများစုတွင် များသောအားဖြင့် နှစ်ပတ်အတွင်းတဖြည်းဖြည်းနှင့် ပုံမှန်အကြားအာရုံ ပြန်ရပါသည်။

အထက်တွင် ဖော်ပြ မထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင် ဖော်ပြထားသောရောဂါလက္ခဏာများရှိပါ က သို့မဟုတ် ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ အဖျားတက် ခြင်း၊ တောင့်တင်းခြင်း၊ လည်ပင်းနာခြင်းတို့ဖြစ်ပါကဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Labyrinthitis (နားအတွင်းပိုင်းရောင်ရမ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ဘတ်တီးရီးယားကူးစက်မှု ကြောင့်လည်း ဖြစ်နိုင်ပါ သည်။ အကြောင်းရင်းကိုမသိရသောအကြိမ်များလည်းများစွာရှိပါသည်။

Risk factors

Labyrinthitis (နားအတွင်းပိုင်းရောင်ရမ်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အတွင်းနားရောင်ခြင်း ဖြစ်နိုင်ချေကို မြင့်စေသောအချက် များစွာရှိပါသည်။ ဥပမာ-

  • အရက် အလွန်သောက်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • ဓါတ်မတည့်မှုများရှိခြင်း
  • မကြာမီကဖြစ်သောဗိုင်းရပ်ကြောင့်ဖျားခြင်း၊ အသက် ရှု လမ်းကြောင်းရောဂါပိုးကူးစက်ခြင်း၊ နားရောဂါပိုးဝင်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • စိတ်ဖိစီးမှု
  • အချို့ ညွှန်ကြားထားသောသို့မဟုတ် ညွှန်ကြားမထားသောဆေးများအသုံးပြုခြင်း (ဥပမာ- aspirin)

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Labyrinthitis (နားအတွင်းပိုင်းရောင်ရမ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ယခုဖော်ပြထားသည့် အချက်အလက် များမှာဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ၏ အကြံပေးချက် များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသောအချက်အလက် များအတွက် သင့်၏ ဆရာဝန်နှင့် အမြဲတိုင်ပင် ဆွေးနွေးပါ။

Labyrinthitis (နားအတွင်းပိုင်းရောင်ရမ်းခြင်း) ကို ဘယ်လိုကုသပါသလဲ

အတွင်းနားရောင်ခြင်းအတွက် ကုသခြင်းရွေးချယ်မှုတွေကဘာတွေလဲ။

အတွင်းနားရောင်ခြင်းသည် ရက်အနည်းငယ်မှ နှစ်ပတ် အတွင်းအလိုလိုပျောက်ကင်းသွားလေ့ ရှိပါသည်။ ပြင်းထန် စွာမူးဝေပါကဆရာဝန်သည် meclizine ဆေးသောက်ရန် ညွှန်ကြားပါလိမ့်မည်။

အမှောင်ခန်းထဲတွင် မျက်လုံးပိတ်ပြီးလဲလျောင်းနေခြင်းသည် ပြင်းထန်စွာမူးဝေခြင်းကိုသက် သာစေပါသည်။ လဲလျောင်းနေရမှ ထရပ်ခြင်းကဲ့သို့ ကိုယ် နေကိုယ်ထားပြောင်းလဲမှုများကို ဖြည်းညင်းစွာ ပြုလုပ်ပါ။

Epley maneuvers ဟုခေါ်သောဦးခေါင်းလှုပ်ရှားမှု များကိုမူးဝေခြင်းသက်သာစေရန် အတွက် လုပ်နိုင်ပါသည်။ ရေနှင့် အခြားအရည်များများများသောက်ရန်လည်းအရေး ကြီးပါသည်။ ရေဓါတ် ခန်းခြောက်ခြင်းသည် ရောဂါ လက္ခဏာများကိုပိုဆိုးစေသောကြောင့် ဖြစ်သည်။

ဖြစ်ပွားမှု အများစုမှာဘတ်တီးရီးယားကူးစက်မှု ကြောင့် မဟုတ်သောကြောင့် ပဋိဇီဝဆေးများသည် အကူအညီမပေးနိုင်ပါ။ ဘတ်တီးရီးယားကူးစက်မှု ဟုယူဆရသောအချို့ရှားပါးသောကိစ္စများတွင်သာပဋိဇီဝဆေးကိုပေးပါသည်။

အတွင်းနားရောင်ခြင်းအတွက် အသုံးများသောစမ်းသပ်မှု တွေကဘာတွေလဲ။

ဆရာဝန်သည် ရောဂါလက္ခဏာများနှင့် စစ်ဆေးခြင်း (အ ထူးသဖြင့် မျက်လုံး၊ နား၊ နှာခေါင်း နှင့် လည်ချောင်း) တို့မှ ရောဂါအတည်ပြုခြင်းကို ပြုလုပ်ပါသည်။ လည်ချောင်းနှင့် နှာခေါင်းအနည်းငယ် နီရဲခြင်းသည် ဗိုင်းရပ်ကူးစက်မှုတွင် တွေ့ရနိုင်ပါသည်။

တစ်ခါတစ်ရံတွင် ဆရာဝန်သည် နားအ ကြားအာရုံဆုံးရှုံးခြင်းစသောအခြားလက္ခဏာများ အ တွက် အထူးစစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။

ဆရာဝန် သည် နား၊နှာခေါင်း၊လည်ချောင်းအထူးကုသို့မဟုတ် အာရုံကြောအထူးကုဆရာဝန်နှင့် သွားရောက်ပြသရန် အကြံပြု ပါမည်။ ဓါတ်မှန်ရိုက်ခြင်း နှင့် ဓါတ်ခွဲခန်းစစ်ဆေးမှုများကိုများသောအားဖြင့် မလိုအပ်ပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများအသုံးပြုခြင်းသည် အတွင်းနားရောင်ခြင်းကိုကုသရာတွင် ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံးကုထုံးများသည် အတွင်းနားရောင်ခြင်းကိုထိန်းချုပ်နိုင် ပါသည်။

  • မူးဝေပါကထိုင်ပါ သို့မဟုတ် လဲလျောင်းပါ။
  • ရောဂါလက္ခဏာများပိုဆိုးလာပါကဆရာဝန်အားပြောပြပါ။
  • အရည် များများသောက်ပါ။

အကယ်၍ သင့်တွင် မေးခွန်းများရှိပါကသင့်အတွက် သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement