ကလစ်ပယ်ဖဲလ် စင်ဒရုန်းဆိုတာ လည်ပင်းရိုး၂ဆစ်နှင့်အထက် ပေါင်းစပ်သွားသော မွေးရာပါရောဂါတစ်ခုဖြစ်ပါတယ်။ ကလစ်ပယ်ဖဲလ် စင်ဒရုန်းလူနာတွေဟာ လည်ပင်းတိုသွားပြီး လည်ပင်းလှုပ်ရှားနိုင်စွမ်းလည်း လျော့နည်းသွားကြပါတယ်။ လည်ပင်းလည်းနာနိင်ပါတယ်။ ကလစ်ပယ်ဖဲလ် စင်ဒရုန်းကို အမျိုးအစား ၃ခု ခွဲထားပါတယ်။
အမျိုးအစား၁ – လည်ပင်းရိုးရဲ့ ပထမဆုံးအဆစ်ဖြစ်တဲ့ Atlas ဟာ ဦးခေါင်းနောက်စိရိုးနဲ့ ပေါင်းသွားပြီး Occipitalization of Atlas လို့ခေါ်ပါတယ်။ အမျိုးအစား၁ဟာ ဒုတိယ၊ တတိယမြောက် လညပင်းကျောရိုးဆစ်တွေနဲ့ ပေါင်းစပ်ခြင်းနဲ့ ဆက်စပ်နေနိုင်ပါတယ်။ ဆိုးဆိုးရွားရွားဖြစ်မယ်ဆိုရင် ကျောရိုးအတွင်းကျဉ်းသွားပြီး အာရုံကြောမကြီးနှင့် ဦးနှောက်အညှာကို ဖိမိသွားနိုင်ပါတယ်။
အမျိုးအစား၂ – ဒုတိယလည်ပင်းကျောရိုးဆစ်များပေါင်းစပ်ခြင်းနှင့် ဦးခေါင်း၊လည်ပင်းကျောရိုးဆက်တဲ့နေရာမှာ ပုံသဏ္ဍန်ပျက်ခြင်းတို့တွဲပါတယ်။
အမျိုးအစား၃ – လည်ပင်းကျောရိုးဟာ အစိတ်အပိုင်း၂ခုသာရှိတော့ပြီး လှုပ်ရှားမှုတွေဟာလည်း ထို၂ခုကြားမှ အဆစ်ဖြင့်သာပြုလုပ်ရပါတယ်။ ကျောရိုးမတည်ငြိမ်ခြင်းနှင့် အရိုးအဆစ်ရောင်ခြင်းတို့ထိ ဖြစ်သွားစေနိုင်ပါတယ်။
ကမ္ဘာတစ်ဝန်းရှိ မွေးကင်းစကလေးငယ် ၄၀၀၀၀ – ၄၂၀၀၀ မှာ ၁ယောက်နှုန်းဖြင့် ဖြစ်ပွားနေပါတယ်။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် အနည်းငယ်ပိုအဖြစ်များပါတယ်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ကလစ်ပယ်ဖဲလ် စင်ဒရုန်းနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ လက္ခဏာ၃ခုရှိပါတယ်။ လူနာအများစုမှာ အောက်ပါရောဂါလက္ခဏာတွေထဲက အနည်းဆုံး၂ခုရှိကြပါတယ်။
ကလစ်ပယ်ဖဲလ် စင်ဒရုန်းလူနာတွေဟာ ဆိုးရွားတဲ့ နာကျင်မှုတွေကိုလည်း ခံစားကြရပါတယ်။ နာကျင်မှုတွေက ကျောရိုးပေါက်ထဲရှိ အာရုံကြောတွေ အညှစ်ခံရတဲ့အတွက်ကြောင့် ဖြစ်ပေါ်ရတာပါ။ ရောဂါပိုဆိုးလာတဲ့အတွက်ကြောင့် လူနာဟာ အာရုံကြောမအပေါက်ကျဉ်းပြီး အာရုံကြောမကြီးကို ဖိညှစ်ခြင်း ခံစားရပါတယ်။
ရှားပါးတဲ့အခြေအနေတွေမှာ လက်လှုပ်ရခက်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ကလစ်ပယ်ဖဲလ် စင်ဒရုန်းလူနာတွေဟာ အသက်ကြီးလာတဲ့အခါ ကျောရိုးကွေးခြင်းဖြစ်သော စကိုလီယိုးစစ် ရောဂါကို ခံစားရရနိုင်ပါတယ်။
နှလုံး၊ ကျောက်ကပ်၊ အရိုး၊ ကျောရိုးသွေးလွှတ်ကြောနဲ့ အာရုံကြောပြွန်တို့လိုမျိုး ကိုယ်တွင်းအင်္ဂါတွေမှာဖြစ်တဲ့ ရောဂါတွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။
ပုခုံးကောင်းကောင်းမဖွံ့ဖြိုးတော့ဘဲ လက်ပြင်ရိုးမြင့်တက်သွားကာ Sprengel ပုံပျက်ခြင်းလို့ခေါ်သော အခြေအနေလည်း ဖြစ်လာနိုင်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ကလစ်ပယ်ဖဲလ် စင်ဒရုန်းရဲ့ လက္ခဏာများ
ခြုံငုံစစ်ဆေးခြင်း
အရိုးစစ်ဆေးခြင်း
ကိုယ်တွင်းကလီစာစစ်ဆေးခြင်း
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ကလစ်ပယ်ဖဲလ် စင်ဒရုန်းဟာ GDF6 နဲ့ GDF3 မျိုးရိုးဗီဇချို့ယွင်းမှုကြောင့် ဖြစ်ရတာပါ။ ထိုမျိုးရိုးဗီဇတွေဟာ ခန္ဓါကိုယ်ရဲ့ အရိုးနဲ့ အရိုးနု ကြီးထွားဖွံ့ဖြိုးရင့်မာမှုတို့အတွက် လိုအပ်သော ပရိုတင်းများကို ဆဲလ်တွေအား တည်ဆောက်စေပါတယ်။
GDF6 ပရိုတင်းကို ခြေရိုး၊ လက်ရိုး၊ ကျောရိုး၊ ဦးခေါင်းခွံ၊ ရင်ဘတ်နဲ့ နံရိုးဖြစ်ပေါ်မှုတို့အတွက် လိုအပ်ပါတယ်။ GDF3 ပရိုတင်း ဘာလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမယ့်လည်း အရိုးနဲ့အရိုးနု ဖွံ့ဖြိုးမှုဖြစ်စဉ်မှာ ပါဝင်နေတယ်လို့သိရပါတယ်။ ထိုမျိုးရိုးဗီဇတွေ ချို့ယွင်းတဲ့အခါ ပရိုတင်းတွေမထွက်နိုင်တော့ဘဲ ကလစ်ပယ်ဖဲလ် စင်ဒရုန်းဖြစ်ပေါ်လာပါတယ်။
နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
များသောအားဖြင့် ရောဂါလက္ခဏာတွေ အလိုက်ကုသပါတယ်။
ကလစ်ပယ်ဖဲလ် စင်ဒရုန်းအတွက် ဆေးဝါးများ
ဗဟိဒ္ဒကုထုံး
နာကျင်မှုအတွက် ကုထုံး
ကလစ်ပယ်ဖဲလ် စင်ဒရုန်းအတွက် ခွဲစိတ်ကုသခြင်း
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကလစ်ပယ်ဖဲလ် စင်ဒရုန်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။