Kidney Failure (ကျောက်ကပ်ပျက်စီးခြင်းဆိုသည်မှာ အဘယ်နည်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Kidney Failure (ကျောက်ကပ်ပျက်စီးခြင်းဆိုသည်မှာ အဘယ်နည်း) ကဘာလဲ။

ခန္ဓာကိုယ်တွင် ကျောက်ကပ်သည် သွေးထဲမှ မလိုအပ်သော ရေနှင့် အညစ်အကြေးများကို ဆီးမှ တဆင့် စွန့်ထုတ်ပေးရန် စစ်ပေးသော တာဝန်ကို ထမ်းဆောင်သည်။ ကျောက်ကပ်ပျက်စီးခြင်းကို နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါဟု ခေါ်သည်။

၎င်းသည် သင့်ကျောက်ကပ်မှ နေ့စဉ်ဘ၀တွင် လိုအပ်ချက်များကို ပြည့်မီအောင် မလုပ်ဆောင်နိုင်တော့သည်ကို ဆိုလိုခြင်းဖြစ်သည်။

သင့်တွင် ကျောက်ကပ်ရောဂါနောက်ဆုံးအဆင့် ဖြစ်နေပါက သင့်ကျောက်ကပ်သည် ပုံမှန်လုပ်ဆောင်ချက်၏ ၁၀ ရာခိုင်နှုန်းသာ အလုပ်လုပ်တော့သည်။ ထိုအခြေအနေတွင် သင့်ကျောက်ကပ်သည် လုံးဝအလုပ်မလုပ်တော့သည့် အခြေအနေလည်း ဖြစ်နိုင်သည်။

ကျောက်ကပ်ရောဂါသည် တဖြည့်ဖြည်းနှင့် ပိုဆိုးလာတတ်သည်။ နာတာရှည်ကျောက်ကပ်ရောဂါသည် ရောဂါကို သိပြီးနောက် နှစ်ပေါင်း ၁၀-၂၀ အထိ နောက်ဆုံးအဆင့်မရောက်နိုင်သေးပေ။ ရောဂါသည် တဖြည်းဖြည်းနှင့် ကြီးထွားလာနိုင်သည်။

သင့်တွင် သွေးပေါင်တက်ခြင်း၊ သွေးအားနည်းခြင်း၊ အရိုးအားနည်းးခြင်း၊ အာဟာရမကောင်းခြင်း၊ အာရုံကြောပျက်စီးခြင်းတို့ ဖြစ်နိုင်သည်။ ထို့အပြင်တွင် ကျောက်ကပ်ရောဂါသည် နှလုံးရောဂါနှင့် သွေးကြောရောဂါများကိုလည်း ဖြစ်စေနိုင်သည်။ ထိုပြသနာများသည် အချိန်ကြာလာသည်နှင့် အမျှ ပို၍ဆိုးဝါးလာကြသည်။

Kidney Failure (ကျောက်ကပ်ပျက်စီးခြင်းဆိုသည်မှာ အဘယ်နည်း) က ဘယ်လောက်အဖြစ်များသလဲ

ကျောက်ကပ်ပျက်စီးခြင်းသည် အလွန် အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော် ၎င်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများကို လျော့ချခြင်းအားဖြင့် ဖြစ်ပွားနှုန်းကို လျော့စေနိုင်သည်။ ပိုမို သိရှိနိုင်ရန် သင့်ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

လက္ခဏာများ

Kidney Failure (ကျောက်ကပ်ပျက်စီးခြင်းဆိုသည်မှာ အဘယ်နည်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကျောက်ကပ်ပျက်စီးသည့် လက္ခဏာများသည် အဘယ်နည်း။

ကျောက်ကပ်ပျက်စီးလျှင် အောက်ပါ ရောဂါလက္ခဏာများရှိနိုင်ပါသည်။

– ဆီးမသွားနိုင်ခြင်း

– ဆီးသွားများခြင်း သို့မဟုတ် ဆီးသွားနည်းခြင်း

– မောပန်းနွမ်းနယ်ခြင်း

– အစားအသောက်ပျက်ခြင်း

– ပျို့အန်ခြင်း

– အသားခြောက်ခြင်း၊ ယားယံခြင်း

– အသားရောင် ပြောင်းလဲခြင်း

– ကြွက်တက်ခြင်း

– ဗိုက်မဆာခြင်း

– ခြေကျင်းဝတ်၊ လက်ကောက်ဝတ်များ ရောင်ရမ်းခြင်း

– အသက်ရှူရခက်ခြင်း

– မအိပ်နိုင်ခြင်း

– အသက်ရှူထုတ်သည့် အခါ အနံ့နံခြင်း

– သွေးခြေဥခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ ၀မ်းထဲတွင် သွေးပါခြင်း

– ရေအလွန်ငတ်ခြင်း

အထက်တွင် မဖော်ပြထားသော ရောဂါလက္ခဏာများလည်း ရှိနိုင်သည်။ ထို့ကြောင့် သင့်တွင် ရောဂါလက္ခဏာနှင့် ပတ်သတ်ပြီး စိုးရိမ်စိတ်ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်တွင် အထက်ပါ လက္ခဏာများ ရှိပြီး ကျောက်ကပ်ရောဂါ၊ သို့မဟုတ် ဆီးချို ရောဂါ၊ သွေးတိုးရောဂါ ရှိပါက သို့မဟုတ် မေးမြန်းလိုသည်များ ရှိပါက သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လူတိုင်း၏ ခန္ဓာကိုယ်သည် တုံ့ပြန်မှု မတူညီသောကြောင့် သင့်အတွက် အကောင်းဆုံး အဖြေကို ရနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အကြောင်းရင်းများ

Kidney Failure (ကျောက်ကပ်ပျက်စီးခြင်းဆိုသည်မှာ အဘယ်နည်း) ကိုဘာတွေကဖြစ်စေသလဲ

ကျောက်ကပ်ပျက်စီးခြင်းသည် အခြားသော ကျန်းမာရေးပြသနာများကြောင့် ဖြစ်ရပြီး သင့်ကျောက်ကပ်ကို တဖြည်းဖြည်းနှင့် တစ်သက်လုံးပျက်စီးစေနိုင်သည်။ သွေးတိုးခြင်းသည် ကျောက်ကပ်ပျက်စီးခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်သည်။

သင့်ကျောက်ကပ်ပျက်စီးသောအခါ သူတို့ လုပ်ဆောင်သင့်သည်များကို လုပ်တော့မည်မဟုတ်ပေ။ ပိုဆိုးလာလျှင် ပို၍ လုပ်ဆောင်ချက်များ နည်းလာပြီး ကျောက်ကပ်ပျက်စီး ခြင်းသည် ကျောက်ကပ် ရောဂါ၏ နောက်ဆုံး အဆင့်ဖြစ်သည်။

ထို့ကြောင့် ကျောက်ကပ်ပျက်စီးခြင်းကို ကျောက်ကပ်ရောဂါ၏ နောက်ဆုံးအဆင့် ဟုလည်း ခေါ်သည်။

ဖြစ်နိုင်ခြေများ

 Kidney Failure (ကျောက်ကပ်ပျက်စီးခြင်းဆိုသည်မှာ အဘယ်နည်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖြစ်နိုင်ချေကို များစေသော အကြောင်းရင်းများစွာ တို့တွင် အောက်ပါတို့ပါဝင်သည်။

–      ဆီးချိုရောဂါ

–      သွေးတိုးရောဂါ

–      မျိုးရိုးဗီဇ ရောဂါ၊ (Polycystic kidney disease)

–      Alport syndrome

–      ကျောက်ကပ်ပြည်တည်ခြင်း

–      ခုခံအားစနစ်မှ ကျောက်ကပ် ဆဲလ်များကို ပျက်စီးစေခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Kidney Failure (ကျောက်ကပ်ပျက်စီးခြင်းဆိုသည်မှာ အဘယ်နည်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်မှ ခန္ဓာကိုယ်ကို စစ်ဆေးစမ်းသပ်ပြီး ကျောက်ကပ်လုပ်ဆောင်ချက်များကို စစ်ဆေးပြီး ကျောက်ကပ်ရောဂါကို အတည်ပြုပါလိမ့်မည်။

ကျောက်ကပ်လုပ်ဆောင်ချက်ကို စစ်ဆေးရန် အောက်ပါတို့ကို ပြုလုပ်သည်။

–      ဆီးစစ်ခြင်း။ ဆီးထဲတွင် ပရိုတင်းနှင့် သွေး ပါခြင်းကို စစ်ဆေးသည်။ ကျောက်ကပ်သည် စွန့်ပစ်ပစ္စည်းများကို မစွန့်ထုတ်နိုင်သည့် လက္ခဏာဖြစ်သည်။

–      သွေးရေကြည်ထဲတွင် creatine ပါခြင်းကို စစ်ဆေးခြင်း။

–      သွေးထဲတွင် urea nitrogen ပါခြင်းကို စစ်ဆေးခြင်း

–      ကျောက်ကပ်မှ စွန့်ပစ်မည့် ပစ္စည်းများကို စစ်နိုင်သည့် အခြေအနေကို စစ်ဆေးရန် Glomerular filtration rate (GFR) ကို စစ်ဆေးခြင်း။

Kidney Failure (ကျောက်ကပ်ပျက်စီးခြင်းဆိုသည်မှာ အဘယ်နည်း) ကို ဘယ်လိုကုသပါသလဲ

ကျောက်ကပ်ရောဂါ၏ နောက်ဆုံးအဆင့်ကို ပျောက်ကင်းအောင် ကုသနိုင်သည့် နည်းလမ်းမရှိပေ။ ကုသသည့် နည်းလမ်းနှစ်မျိုးရှိသည်။ ကျောက်ကပ်ဆေးခြင်းနှင့် ကျောက်ကပ်လဲလှယ်ခြင်းဖြစ်သည်။

  • ကျောက်ကပ်ဆေးခြင်း။ 

သင့်ကျောက်ကပ်ကို ဆေးမည်ဆိုလျှင် ရွေးချယ်စရာ နှစ်မျိုးရှိသည်။ သွေးကို သန့်စင်ခြင်း (hemodialysis) နှင့် ၀မ်းခေါင်းထဲသို့ ဆေးရည်ထည့်ပြီး ဆေးခြင်း (peritoneal  dialysis) ဖြစ်သည်။ သွေးကို သန့်စင်ခြင်းတွင် သင့်သွေးကို စက်ဖြင့် ပြုလုပ်ထားသော ကျောက်ကပ်အတုထဲသို့ ဖြတ်သန်းစေခြင်းဖြင့် သွေးထဲရှိ မစွန့်ထုတ်နိုင်သော အညစ်အကြေးများကို သန့်စင်ပေးသည်။

ထိုကုသမှုကို တစ်ပတ်လျင် သုံးကြိမ်အထိ ပြုလုပ်နိုင်သည်။ တစ်ခါပြုလုပ်လျင် သုံးနာရီမှ လေးနာရီကြားကြာနိုင်သည်။ ၀မ်းခေါင်းထဲသို့ ဆေးရည်တစ်မျိုးကို ထည့်ပြီး လည်းကုသနိုင်သည်။ ၀မ်းခေါင်းထဲသို့ ဆေးရည်ကို ပိုက်မှ တဆင့်ထည့်ပြီး အချိန်အနည်းငယ်ထားပြီး ပြန်ထုတ်ရသည်။ ထိုနည်းလမ်းကိုအိမ်တွင်၊ အလုပ်တွင် သို့မဟုတ် ခရီးသွားရင်းဖြင့်လည်း ပြုလုပ်၍ရနိုင်သည်။

  • ကျောက်ကပ်လဲလှယ်ခြင်း။

ကျောက်ကပ်လဲလှယ်ခြင်းသည် သင့်ရောဂါရှိသော ကျောက်ကပ်ကို ထုတ်ပြီး အလှုရှင်၏ ကျန်းမာသော ကျောက်ကပ်ဖြင့် အစားထိုးခြင်း ဖြစ်သည်။

အခြားသော ကုသမှုများသည် သင်၏ ရောဂါအခြေအနေပေါ်တွင် မူတည်သည်။ အောက်ပါကုသမှုများ ပြုလုပ်နိုင်သည်။

–      ကယ်စီယမ်နှင့် ဗီတာမင် ဒီ သောက်ခြင်း၊ ဆေးမသောက်ခင် ဆရာဝန်နှင့်တိုင်ပင်ပါ။

–      Phosphorous များလာခြင်းကို ကာကွယ်ရန် Phosphate binder ဟုခေါ်သော ဆေးပေးခြင်း။

–      သွေးအားနည်းခြင်းအတွက် ကုသရန် သံဓာတ်အားဖြည့်ခြင်းနှင့် သွေးသွင်းခြင်း။

–      သင့်သွေးပေါင်ချိန်ကို ထိန်းရန် ဆေးသောက်ခြင်း။

ရလဒ်ကောင်းရရှိနိုင်ရန် အာဟာရကို အထူးဂရုစိုက်ရန် လိုအပ်သည်။ အောက်ပါတို့ကို စားသုံးသင့်သည်။

–      ပရိုတင်းဓာတ်နည်းသော အစာကို စားခြင်း။

–      ကိုယ်အလေးချိန်ကျဆင်းလာလျင် လုံလောက်သော ကယ်လိုရီ ပမာဏရရှိစေရန် ပြုလုပ်ခြင်း။

–      အရည်ကို ကန့်သတ်သောက်သုံးခြင်း

–      ဆား၊ ပိုတက်ဆီယမ်၊ ဖော့စဖိတ် နှင့် အခြားသော ဓာတ်များကို ကန့်သတ်စားသုံးခြင်း

 

ဘ၀နေထိုင်နည်း ပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ကျောက်ကပ်ရောဂါကို သက်သာစေနိုင်ရန် အောက်ပါ ဘ၀နေထိုင်နည်းပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများက ကူညီနိုင်ပါလိမ့်မည်။

–        သင့်သွေးထဲမှ သကြားဓာတ် နှင့် သွေးပေါင်ချိန်ကို ထိန်းသိမ်းပါ။

–        အာဟာရကို စနစ်တကျ စားသောက်ပါ။

–        လေ့ကျင့်ခန်းပြုလုပ်ပါ။

–        ကယ်လိုရီများများရအောင်စားပါ။ ပရိုတင်းစားခြင်းကို လျော့ပါ။

–        ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။

–        အရက်ကို ကန့်သတ်သောက်ပါ။ ဆေးလိပ်ဖြတ်ပါ။

–        ကာကွယ်ဆေးထိုးပါ။ (အသည်းရောင်ရောဂါ A, B ကာကွယ်ဆေး၊ တုပ်ကွေးကာကွယ်ဆေး၊ နမိုးနီးယားကာကွယ်ဆေး)

သင့်တွင် မေးမြန်းလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိစေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 12, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 13, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
ပုံစံတူသောဆောင်းပါးများ
Kidney Dialysis ( ကျောက်ကပ်ဆေးခြင်း)
လေ့လာမည်, သူများကိုကူညီမည်
Kidney Dialysis ( ကျောက်ကပ်ဆေးခြင်း)
ကျောက်ကပ်အစားထိုးပြီးတဲ့အခါ ကျန်းမာနေစေဖို့
လေ့လာမည်, သူများကိုကူညီမည်
ကျောက်ကပ်အစားထိုးပြီးတဲ့အခါ ကျန်းမာနေစေဖို့
ကျောက်ကပ်လေးကျန်းမာနေစေဖို့
လေ့လာမည်, သူများကိုကူညီမည်
ကျောက်ကပ်လေးကျန်းမာနေစေဖို့
လေ့လာမည်
သွေးတိုးခြင်းနှင့် သင့်ကျောက်ကပ်ရောဂါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။