backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Kidney Cyst (ကျောက်ကပ်အကျိတ်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Kidney Cyst (ကျောက်ကပ်အကျိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Kidney Cyst (ကျောက်ကပ်အကျိတ်) ကဘာလဲ။

ဘဲဥပုံ၊ အဝိုင်းပုံ ၁စင်တီအောက်ကနေ၁၀စင်တီအထက် ပုံသဏ္ဍန်အမျိုးမျိုး၊ အရွယ်အမျိုးမျိုးရှိနိုင်ပါတယ်။ အတွေ့များတတ်ပြီး တစ်လုံးတည်း၊မြောက်များစွာနဲ့ ကျေက်ကပ်နှစ်လုံးလုံးမှာဖြစ်နိုင်ပါတယ်။

Kidney Cyst (ကျောက်ကပ်အကျိတ်) က ဘယ်လောက်အဖြစ်များသလဲ

ကျောက်ကပ်ကျိတ်ရိုးရိုးက အတွေ့ရများဆုံးဖြစ်ပြီး ဖြစ်ရပ်တွေရဲ့ အကြမ်းဖျင်း၆၅-၇၀%ဖြစ်ပါတယ်။ ကျောက်ကပ်နှစ်ဘက်လုံးအကျိတ်ဖြစ်ခြင်းက

အဖြစ်နည်းပြီး အသက်၅၀အောက်တွေမှာရှားပြီး အသက်ကြီးသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Kidney Cyst (ကျောက်ကပ်အကျိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကျောက်ကပ်အကျိတ်တွေက လက္ခဏာတွေပြလေ့မရှိပါဘူး။ လက္ခဏာတွေနဲ့ပတ်သက်ပြီး ကွဲကွဲပြားပြားမသိသေးပါဘူး။ အကျိတ်က ကျောက်ကပ်ကိုပိတ်ဆို့မနေဘူးဆိုရင် ကျောက်ကပ်အလုပ်ကို မထိခိုက်စေနိုင်ပါဘူး။

ငယ်ရွယ်သူတွေမှာတေတာ့ ကျောက်ကပ်အကျိတ်က ကျေက်က်အလုပ်ကိုထိခိုက်နိုင်စေပါတယ်။

လူနာတော်တော်များများဖြစ်တတ်တဲ့လက္ခဏာတွေကတော့

သာမန်ထက်ကျေက်ကပ်လုပ်ဆောင်နိုင်စွမ်းကျသွားခြင်းဖြ်စစစပါတယ်။

  • အကျိတ်ပေါက်သွားခြင်းကနေ သွေးဆီးသွားခြင်းသို့ ပြင်းပြင်းထန်ထန်နာခြင်းကို ဖြစ်စေနိုင်ပါတယ်။
  • ကျောက်ကပ်အကျိတ်ကူးစက်ပိုးဝင်ခြင်းကနေ ကူးစက်ပိုးဝင်တဲ့လက္ခဏာတွေ ဖြစ်ုနငိပါတယ်။
  • အနီးနားတစ်ဝိုက်ကို ဖိခြင်ေးကြာင့် သွေးတိုးခြင်းကိုဖြစ်စေနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Kidney Cyst (ကျောက်ကပ်အကျိတ်) ကိုဘာတွေကဖြစ်စေသလဲ

ကျေက်ကပ်တစ်ရှူးအတွင်း မျိုးရိုးဗီဇဆိုင်ရာဒါမှမဟုတ် မျိုးရိုးဗီဇနဲ့မသက်ဆိုင်ဘဲ ဖြစ်သွားနိုင်ပါတယ်။ ကျောက်ကပ်မျက်နှာပြင်လျော့ရဲပြီး အိတ်ဖြစ်သွားတဲ့အခါမှာ ကျေက်ကပ်ကျောက်တည်ခြင်းဖြ်စ်တယ်လို့ သီအိုရီတစ်ခုကပြောထားပါတယ။် အိတ်အတွင်းအရည်တွေပြည့်လာပြိး အကျိတ်အဖြစ်နဲ့ပြုတ်ထွက် ကြီးပြင်းလာခြင်းဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

Kidney Cyst (ကျောက်ကပ်အကျိတ်) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အသက်အရွယ်မရွေးဖြစ်ပွားစေနိုင်ပေမယ့်လည်း အရွယ်ရောက်ပြီးသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ လေ့လာမှုတစ်ခုက အသက်၄၀အထက်တွေမျာ ၂၀%ဖြစ်နိုင်ချေရှိပြီး အသက်၆၀အထက်တွေမှာ ၅၀%ဖြစ်နိုင်ချေရှိပါတယ်။

ကျောက်ကပ်အကျိတ်နဲ့ အမျိုးသားအမျိုးသမီးကြား ဆက်နွယ်ခြင်းရှိကြောင်း အထောက်အထားမရှိပါဘူး။ အနည်းဆုံးလေ့လာမှု၂ခုအရ အမျိုးသားတွေမှာ အမျိုးသမီးတွေထက် မကြာခဏဖြစ်နိုင်ချေရှိပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Kidney Cyst (ကျောက်ကပ်အကျိတ်) ကို ဘယ်လိုအတည်ပြုပါသလဲ

အောက်ပါစမ်းသပ်စစ်ဆေးခြင်းတွေကို ပြုလုပ်ရနိုင်ပါတယ်။

ပုံရိပ်ဖော်မှန်းဆခြင်း– ကျောက်ကပ်အကျိတ်တစ်ချို့က အယ်ထရာဆောင်း၊ စီတီနဲ့ အမ်အာအိုငတွေမျာ တွေ့နိုင်ပါတယ်။ ကျောက်ကပ်အဖုက အရည်အိတ်လား အကျိတ်လားဆိုတာကိုခွဲခြာ်းဖို့ ဒီနည်းလမ်းကို အသုံးပြုပါတယ်။

ကျောက်ကပ်လုပ်ငန်းစစ်ဆေးခြင်း– သွေးနမူနာစစ်ခြင်းက ကျောက်ကပ်အကျိတ်က ကျောက်ကပ်အလုပ်ကိထိခိုက်

ရှိမရှိ စစ်ဆေးခြင်းဖြစ်ပါတယ်။

Kidney Cyst (ကျောက်ကပ်အကျိတ်) ကို ဘယ်လိုကုသပါသလဲ

ရိုးရှင်းတဲံအရည်အိတ်တော်တော်များများက ကုသမှုမလိုပါဘူး။ လက္ခဏာတွေပြခဲ့မယ်ဆိုရင်တော့ ဆရာဝန်ရဲ့ကုသမှုခံယူသင့်ပါတယ်။

အရည်အိတ်ကို ဖောက်ခြင်း၊ အရည်စုပ်ထုတ်ခြင်း နောက်အယ်ကိုဟောပြန်ြဖ်ည့်ပေးခြင်း – အရည်အိတ်ကိုကျုံ့သွားစေဖို့ဆိုရင် ဆရာဝန်က အရေပြားတစ်လျှောက် အပ်သေးသေးရှည်ရှည်နဲ့ထိုးသွင်းပြီး ကျောက်ကပ်အရည်အိတ်နံရံထိ ထိုးထည့်ရမှာဖြစ်ပါတယ်။ သင့်ဆရာဝန်က နောက်တစ်ခါပြန်မဖြစ်အောင် အယ်ကိုဟောနဲ့ပြန်ဖြည့်ပေးပါလိမ့်မယ်။

အရည်အိတ်ကိုခွဲစိတ်ဖယ်ထြုတ်ခင်း- ကြီးနေရင်သို့ လက္ခဏာပြနေရင် ခွဲစိတ်ဖယ်ထုတ်ဖို့လိုပါတယ်။ အရည်အိတ်ထိရောက်ဖို့ဆိုရင် ဆရာဝန်ကသင့်အရေပြားပေါ်မှာ ဓါးရာသေးသေးလေးတွေအများကြီး ပြုလုပ်ပြိး ကိရိယာတွေနဲ့ဗီဒီယိုကင်မရာတစ်ခုကို ထည့်သွင်းမှာဖြစ်ပါတယ်။ ခွဲစိတ်ခန်းအတွင်းတပ်ဆင်ထားတဲ့ ဗီဒီယိုကိုကြည့်ပြိး ခွဲစိတ်ဆရာဝန်ကကိရိယာတွေကို ကိုင်တွယ်ပြီးအရည်အိတ်ထဲက အရည်တွေကိုအပြင်ကိုစီးစေမှာ ဖြစ်ပါတယ်။ အဲံနောက်မှာတော့ အရည်အိတ်နံရံတွေကို လှီးထုတ်တာမျိုးလုပ်ပါလိမ့်မယ်။

ကုသမှုတွေကနေအောက်ပါ နောက်ဆက်တွဲအခြေအနေတွေကို ပေးနိုင်တဲ့

  • နာကျင်ခြင်း၊
  • ကူးစက်ပိုးဝင်ခြင်း
  • သွေးတိုးခြင်း

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက

ကျောက်ကပ်အရည်အိတ်ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကျောက်ကပ်အကျိတ် ဆိုတာဘာလဲ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ရေများများသောက်ခြင်း
  • ဗီတာမင်အီးနဲ့ သဘာဝဓါတ်တိုးဆန့်ကျင်ပစ္စည်းများမှီဝဲခြင်း ( အသီးအနှံဟင်းသီးဟင်းရွက်များ)
  • လေ့ကျင့်ခန်းအသင့်အတင့်ပြုလုပ်ခြင်း
  • ကျန်းမာရေးနဲ့မညီညွှတ်တဲ့အလေ့အကျေင့်တွေကို စွန့်လွှတ်လိုက်ခြင်း
  • သဘာဝအတိုင်းကုသခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement