Juvenile Rheumatoid Arthritis (ကလေး လေးဖက်နာရောဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အဓိပ္ပါယ်ဖွင့်ဆိုချက်

Juvenile Rheumatoid Arthritis (ကလေး လေးဖက်နာရောဂါ) ကဘာလဲ။

ကလေး လေးဖက်နာရောဂါ ဆိုသည်မှာ ကလေးများတွင် ဖြစ်ပွားသော အဆစ်အမြစ်ရောင်ရောဂါတစ်မျိုး ဖြစ်ပါသည်။ ကလေးများတွင်ဖြစ်သော ဘာကြောင့်မှန်းမသိဘဲ အဆစ် ရောင်ခြင်း နှင့် Still’s disease ဟုလည်း ခေါ်ပါသည်။

ကလေး လေးဖက်နာရောဂါသည် အရွယ်ရောက်ပြီးသူများတွင် ဖြစ်သော လေးဖက်နာရောဂါနှင့် ကွဲပြားပါသည်။  နာတာရှည် ရောဂါတစ်မျိုးဖြစ်ပြီး လများ နှစ်များ အထိကြာနိုင်ပါသည်။ သို့သော် ကလေးငယ်များ၏ ၇၅ရာခိုင်နှုန်းသည် ပျောက်ကင်း သွားပါသည်။

ပျောက်ကင်းစေသော ဆေးမရှိသော်လည်း အချိန်မီ သိခြင်း၊ ဆေးကောင်းခြင်း နှင့် ကုသမှုကောင်းခြင်း သည် ပုံမှန်ဘဝ အတိုင်း အခွင့်အရေးများ ရစေပါသည်။

ကလေး လေးဖက်နာရောဂါသည် စာရေးခြင်း၊ အဝတ်ဝတ်ခြင်း နှင့် ပစ္စည်းများသယ်ခြင်း (လက်၊ လက်ကောက်ဝတ်) ၊ လမ်းလျှောက်ခြင်း၊ ဆော့ကစားခြင်း၊ မတ်တပ်ရပ်ခြင်း (တင် ပဆုံ၊ ဒူး၊ ခြေထောက်) ၊ နောက်ပြန်ခေါင်းလှည့်ကြည့်ခြင်း (လည်ပင်း) စသော နေ့စဉ်လှုပ်ရှားမှုများကို ပြုလုပ်ရ ခက်ခဲ စေပါသည်။

Juvenile Rheumatoid Arthritis (ကလေး လေးဖက်နာရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ကလေး လေးဖက်နာရောဂါသည် အသက်၁၇နှစ်အောက် ကလေးများတွင် အဖြစ်များပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် တုပ်ကွေး ဖြစ်ပွားခြင်းကို လျော့ချ နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။

လက္ခဏာများ

Juvenile Rheumatoid Arthritis (ကလေး လေးဖက်နာရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာများတွင် နံနက်ပိုင်းတွင် ပိုဆိုးပြီး ညပိုင်းတွင် သက်သာသွားတတ်သော အဆစ်နာကျင်ခြင်း နှင့် တောင့်တင်းခြင်းတို့ပါဝင်ပါသည်။

ကလေးငယ်များသည် နာကျင်သော အဆစ်များကို ခန္ဓာကိုယ်နှင့် နီးကပ်စွာ ကိုင်ထား သို့မဟုတ် ကွေးထား လုပ်နိုင်ပါသည်။ ကလေး လေးဖက်နာ ရောဂါ၏ အမျိုးအစား ၃မျိုးမှာ အဆစ်အနည်းငယ်၊ အဆစ် အများအပြား နှင့် ခန္ဓာကိုယ်အနှံ့တို့ ဖြစ်ပါသည်။

အဆစ်အနည်းငယ်တွင်ဖြစ်သော ကလေး လေးဖက်နာ ရောဂါသည် အဆစ်အနည်းငယ် (ပုံမှန်အားဖြင့် လေးခုထက် နည်းသော၊ ဒူး၊ တံတောင်ဆစ်၊ ခြေကျင်းဝတ်) သာ ထိခိုက်စေ ပါသည်။ ကလေး လေးဖက်နာဖြစ်သော ကလေးများ၏ ၅၀ ရာ ခိုင်နှုန်းတွင် ဖြစ်ပွားပြီး မိန်းကလေးများတွင် ပိုဖြစ်ပါသည်။

မျက်လုံးရောဂါ (ရောင်ရမ်းခြင်း) ဖြစ်နိုင်ပါသည်။ အဆစ် အများအပြားကိုထိခိုက်စေသော ကလေးလေးဖက်နာ ရောဂါ သည် အဆစ်များစွာကိုထိခိုက်စေပြီး ကလေးလေးဖက်နာ၏ ၃၀ ရာခိုင်နှုန်းရှိပါသည်။ မိန်းကလေးများတွင် ပိုဖြစ်ပါသည်။ လည်ပင်း၊ ဒူးခေါင်း၊ ခြေကျင်းဝတ်၊ ခြေထောက်၊ လက် ကောက်ဝတ် နှင့်လက်များကို ထိခိုက်စေပါသည်။ မျက်စိရောင် ခြင်းလည်းဖြစ်နိုင်ပါသည်။

ခန္ဓာကိုယ်အနှံ့ဖြစ်သော ကလေး လေးဖက်နာသည် ကလေးလေးဖက်နာ၏ ၂၀ရာခိုင်နှုန်းရှိပြီး မိန်းကလေးများနှင့် ယောင်္ကျာလေးများတွင် ညီတူဖြစ်ပွားပါသည်။ အဖျား တက်ခြင်း၊ အဖုများထွက်ခြင်း၊ သွေးဆဲလ်များပြောင်းလဲခြင်း နှင့် အဆစ်နာခြင်းတို့ ဖြစ်ပေါ်ပါသည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

  အောက်ပါတို့ဖြစ်ပွားပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

  • သင့်ကလေးတွင် ဆေး၏ ဆိုးကျိုးများရရှိပါက
  • ဆေးဖြင့်မသက်သာဘဲ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လုပ်ငန်းပိုင်းဆိုင်ရာ ကုထုံးဆရာဝန်ထံမှ လွဲပြောင်း ခြင်း လိုအပ်ပါက

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓာကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Juvenile Rheumatoid Arthritis (ကလေး လေးဖက်နာရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ကလေး လေးဖက်နာရောဂါသည် ကိုယ်ခံအားပြန်လည် တိုက်ခိုက်မှု ရောဂါတစ်ခုဖြစ်ပြီး ဖြစ်စေသော အကြောင်းရင်း ကို မသိရှိပါ။ ကိုယ်ခံအားပြန်လည်တိုက်ခိုက်ခြင်း ဆိုသည်မှာ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်မှ ကိုယ်ပိုင် တစ်ရှူးများကို ပြန် လည် တိုက်ခိုက်ခြင်းကို ဆိုလိုသည်။

မျိုးဗီဇနှင့် ပတ်ဝန်းကျင် အချက်များသည် ကလေး လေးဖက်နာရောဂါဖြစ်နိုင်ချေကို မြင့်တက်စေပါသည်။ ကလေး လေးဖက်နာရောဂါသည် အခြား သူဆီမှ မကူးစက်နိုင်ပါ။

Risk factors

 Juvenile Rheumatoid Arthritis (ကလေး လေးဖက်နာရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ကလေး လေးဖက်နာရောဂါဖြစ်နိုင်ချေကို မြင့်တက်စေ သော အချက်များစွာရှိပါသည်။ ဥပမာ-

  • မျိုးရိုးဆင်းသက်မှု
  • လိင်။ မိန်းကလေးများသည် ယောင်္ကျားလေးများထက် ကလေး လေးဖက်နာရောဂါပိုဖြစ်နိုင်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Juvenile Rheumatoid Arthritis (ကလေး လေးဖက်နာရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆေးများ၊ ကုထုံးများ၊ လေ့ကျင့်ခန်း၊ လေ့လာ သင်ယူမှု နှင့် အေးဆေးသော လှုပ်ရှားမှုများဖြင့် မောပန်းခြင်းကို သက် သာအောင်လုပ်ရန် အကောင်းဆုံးဖြစ်ပါသည်။ အဆစ်ရောင် ရောဂါကုသသော ဆရာဝန်သည် ကလေးကိုလည်း ဂရုစိုက် ရန် လိုပါသည်။

ရောင်ရမ်းခြင်းအတွက် စတီးရွိုက်မပါသော အရောင်ကျဆေးများ ( NSAIDs) နှင့် ရောဂါကိုသက်သာ စေသော ဆေးများ (methotrexate) တို့ကို အသုံးပြုနိုင်ပါ သည်။

အဆစ်များလှုပ်ရှားမှုနှင့် ကြွက်သားများသန်မာစေရန် လေ့ကျင့်ခန်းလုပ်ရန် အရေးကြီးပါသည်။ နာကျင်ရောင်ရမ်း နေသော အဆစ်များသက်သာစေရန် ပတ်တီးစီးခြင်း ပြုလုပ် နိုင်ပါသည်။

Juvenile Rheumatoid Arthritis (ကလေး လေးဖက်နာရောဂါ) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်သည် ဆေးမှတ်တမ်းယူခြင်း၊ အဆစ်များအား ကြည့်ရှုစစ်ဆေးခြင်း၊ ဓာတ်ခွဲခန်းစစ်ဆေးမှုများနှင့် ဓာတ်မှန် ရိုက်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

တိကျသော သွေးပရိုတိန်း rheumatoid factor (RP) နှင့် anti-nuclear anti-body (ANA) စစ်ဆေးခြင်းဖြင့်လည်း ရောဂါအဖြေရှာနိုင်ပါသည်။ ခန္ဓာကိုယ်အနှံ့ဖြစ်သော ကလေး လေးဖက်နာသည် ရောဂါ အဖြေရှာရန် ခက်ခဲပါသည်။ ရောင်ရမ်းခြင်းသည် ချက်ချင်း မစတင်သောကြောင့်ဖြစ်သည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ  အသုံးပြုခြင်း သည် ကလေး လေးဖက်နာရောဂါ ကို ကုသရာတွင်  ဘယ်လို အထောက် အကူပြုနိုင်မလဲ။

  အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ကလေး လေးဖက်နာရောဂါ ကို ထိန်းချုပ်နိုင် ပါသည်။

  • သင့်ကလေးကို သောက်သုံးရန် ညွှန်ကြားထားသော ဆေးများ တိုက်ပါ။
  • လေ့ကျင့်ခန်းလုပ်ရန် တိုက်တွန်းပါ။
  • သင့်ကလေးကို အခြားကလေးများ နည်းတူ လှုပ်ရှားမှု များတွင် ပါဝင် အောင် တိုက်တွန်းပါ။ သို့သော် လှုပ်ရှားမှုများကို အလှည့်ကျလုပ်၍ အနားယူပါ။
  • သင့်ကလေး၏ ဆရာနှင့် ကျောင်းသူနာပြုများ နှင့် တိုင်ပင်ပါ။ သင့်ကလေးကို ကူညီပေးနိုင်သော ကျောင်း မှ ဝန်ဆောင်မှုများကို မေးမြန်းပါ။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇူလိုငျ 3, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 29, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။