backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Jumping Frenchmen of Maine (မိန်းပြည်နယ်ရှိ လန့်ခုန်ကြသော ပြင်သစ်များ (ရုတ်တရက်ယောင်တတ်ခြင်းရောဂါပုံစံ))


Dr. Moe Htike Thu မှ ရေးသားသည်။ · 28/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Jumping Frenchmen of Maine (မိန်းပြည်နယ်ရှိ လန့်ခုန်ကြသော ပြင်သစ်များ (ရုတ်တရက်ယောင်တတ်ခြင်းရောဂါပုံစံ)) ကဘာလဲ။

Jumping Frenchmen of Maine ဆိုတာ ပုံမှန်မဟုတ်ဘဲရုတ်တရက် တုန်လှုပ် ယောင်ယမ်းတုံ့ပြန်မှုတမျိုးဖြစ်ပါတယ်။ သူဟာ ပုံမှန်ခြေအနေတွေမှာလည်းဖြစ်ပေါ်နိုင်ပါတယ်။ ဘာ့ကြောင့်ဖြစ်ပေါ်ရသလဲဆိုရင်တော့ ရုတ်တရက် သို့မဟုတ်မျှော်လင့်ထားတဲ့ လှုံ့ဆော်သက်ရောက်မှုတခု (ဥပမာ – ရုတ်တရက်အသံတခုကြားလိုက်ရခြင်း ၊ ရုတ်တရက် တခုခုကို တွေ့လိုက်ရခြင်းတို့ ) ကြောင့် စိတ်ရဲ့ထိန်းချုပ်မှုမရှိပဲ လျင်မြန်စွာတုံ့ပြန်ခြင်းတမျိုးပဲဖြစ်ပါတယ်

Jumping Frenchmen of Maine (မိန်းပြည်နယ်ရှိ လန့်ခုန်ကြသော ပြင်သစ်များ (ရုတ်တရက်ယောင်တတ်ခြင်းရောဂါပုံစံ)) က ဘယ်လောက်အဖြစ်များသလဲ

Jumping Frenchmen of Maine ဟာ အတော်လေးကိုဖြစ်နိုင်ဖို့ရှားပါးပါတယ် ။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Jumping Frenchmen of Maine (မိန်းပြည်နယ်ရှိ လန့်ခုန်ကြသော ပြင်သစ်များ (ရုတ်တရက်ယောင်တတ်ခြင်းရောဂါပုံစံ)) ရဲ့လက္ခဏာတွေကဘာတွေလဲ

Jumping Frenchmen of Maine ရဲ့ ရောဂါလက္ခဏာတွေဟာဆိုရင် လူပျိုဖော် အပျိုဖော်ဝင်ပြီးချိန် ဒါမှမဟုတ် ဆယ်ကျော်သက် အရွယ်အချိန်တွေအတွင်းမှာ စပြီးဖြစ်ပေါ်တတ်တာမျိုးပါ။ ဒီလိုရောဂါ အမူအကျင့်မျိုးဖြစ်နေသူတွေဟာ ရုတ်တရက် ထခုန်ခြင်း ၊ ထ အော်မိခြင်း ၊ ရုတ်တရက်လက်တွေ မြှောက်မိခြင်း ၊ လက်တွေနဲ့ ရိုက်ခြင်တွေ အပြင် ပစ္စည်တွေကို လွှင့်ပစ်မိခြင်း အစရှိတဲ့ ရုတ်တရက် အလွန်အမင်း ထိတ်လန်ယောင်ယမ်း တုန့်ပြန်မှုတွေကို ပြတတ်ပါတယ်

ဒီလို ရုတ်တရက်ယောင်ယမ်းတုန့်ပြန်မှုတွေဟာဆိုရင် ရုတ်တရက် အသံကျယ်ကြီးတခုကြားလိုက်ရခြင်း ၊ ရုတ်တရက် အမိန်ပေးခိုင်စေသံတခုကြားလိုက်ရခြင်း ၊ နံကြားနေရာ ဒါမှမဟုတ် ခါးကို ရုတ်တရက်အတို့ခံလိုက်ရခြင်တွေ အစရှိတဲ့ မမျှော်လင့်ထားတဲ့ ရုတ်တရက် သက်ရောက်မှု အခြေအနေများကြောင့် ဖြစ်ပေါ်နိုင်ပါတယ်ယောင်တတ်သူတွေဟာ အဲ့လို ယောင်ပြီးတာနဲ့ တပြိုင်နက်ဆိုသလို စကားလုံးတချို့ ဒါမှမဟုတ် စကားလုံးပြောင်းပြန်တွေကို ပါးစပ်ကနေ ကြက်တူရွေးအော်သလို လွှတ်ခနဲ ထွက်မိတတ်ပါတယ် ။ ဒါကို ‘ echolalia ‘ ( အက်ခိုလဲလီယာ ) လို့ခေါ်ပါတယ်။ ဒါ့အပြင်နောက်တခုထပ်လုပ်မိတာကတော့ သူ့စိတ်ထဲကနေလုပ်မယ်ဆိုပြီးလုပ်တာ မဟုတ်ဘဲ လှုပ်ရှားမှုတခုကိုယောင်ပြီး ထလုပ်မိတာပါပဲ ။ အဲ့ဒါကိုတော့ “echopraxia’ ( အက်ခိုပရက်ရှာ ) လို့ခေါ်ပါတယ် ။ တချို့ ဖြစ်တဲ့သူတွမှာဆိုရင် ရုတ်တရက် ဆဲဆိုမိတာတွေ ဒါမှမဟုတ် လူကြားလို့သိပ်မသင်တော်တဲ့ စကားလုံးတွေကို ပြောထွက်မိတာတွေလည်းရှိပါတယ်။ ‘ Coprolalia ‘ ( ကိုပရိုလဲလီယာ ) လို့ခေါ်ပါတယ်။ ဒါတွေဒါတွေအပြင် တချို့ သူတွေဆို ယောင်ပြီးတော့ သူများတွေခိုင်းတဲ့အတိုင်း လိုက်လုပ်မိတတ်တာတွေရှိပါတယ် ။ ဥပမာ ခုန်လိုက် ဆိုပြီး ခါးတို့လိုက်ရင်ယောင်ပြီး ခုန်မိတာတွေ ပြေးလိုက်ဆိုပြေးမိတာတွေ ၊ ရိုက်လိုက်ဆို လက်နဲ့ရိုက်မိတာတွေ စတာတွေလည်းလုပ်တတ်ပါသေးတယ် ။ ပုံမှန်အတိုင်းမှာဆို သူတို့ဟာ အဲ့လိုလုပ်ဆို လိုက်လုပ်ကြမှာမဟုတ်ပါဘူး။

ဒီလိုယောင်တတ်သူတွေထဲမှာ အများစုကတော့ အသက်ကြီးလာတာနဲ့အမျှ ယောင်တတ်တဲ့ အကြိမ်ရေအတွက်ရော ပြင်းထန်အားပါမှုတွေရောပါ ကျဆင်းနည်းပါး သွားတတ်ပါတယ်။ အဲ့ဒီလို ယောင်တတ်တဲ့ တုန့်ပြန်မှု အနည်းအများဟာ ဘယ်လောက်တောင် ခဏခဏ လှုံ့ဆော်ခံရမှု ရှိလဲမရှိလဲဆိုတာပေါ်ကို မူတည်တဲ့အပြင် မောပန်းမှုတွေ စိတ်ပင်ပန်းမှု စိတ်အလိုမကျမှုတွေ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေ အပေါ်ကိုလည်းမူတည်ပါသေးတယ်။ သူတို့ဟာ အဲ့လိုရုတ်တရက်လှုံ့ဆော်ခံရမှုတွေကို ယောင်ခြင်းအားဖြင့် ပြန်လည် တုံ့ပြန်ရခြင်းပဲဖြစ်ပါတယ်

Jumping Frenchmen of Maine ဟာ နေ့စဉ်လူနေမှု ဘဝကို အနည်းနဲ့အများသက်ရောက်မှု တခုတော့ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုရင် အဲ့လိုယောင်တတ်သူတွေဟာတနေ့တာလုံးလိုလို အတွင်းမှာကို သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်မှုမရှိဘဲ ယောင်ပြီးတော့သာ တုံ့ ပြန်ပြီးနေရတဲ့အတွက်ပါ။ အဲ့လိုယောင်တတ်သူတွေဟာ အခြားသူတွေရဲ့ စ နောက်ခြင်း ကို အတော်လေး ခံ ရတတ်ပါတယ်။ အဲ့လို စ နောက်ခံရတာတွေများလေလေ သူတို့ရဲ့ ယောင်တတ်တဲ့ အကြိမ်ရေအတွက် အနည်းအများ အပြင်းအထန်တွေဟာ ပိုများလာလေလေပါပဲ ။ အများအားဖြင်ယောင်တတ်သူတဦးဟာ ပိုပြီး ခဏခဏ အ စ ခံရလေလေ သူတို့ ရဲ့ ယောင်တတ်ခြင်းပုံစံ တွေဟာ ပိုပြီး ပြင်းထန် ပိုပြီး ပုံစံတူတွေအတိုင်း တုံ့ ပြန်လာလေလေ ဖြစ်နေတာပါ။

အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အကယ်၍သင့်မှာ အထက်ပါ လက္ခဏာတွေ ရှိနေတာဖြစ်ဖြစ် အခြားမေးမြန်းစရာတခုခုရှိတာဖြစ်ဖြစ် ဆရာဝန်နဲ့ ပြသဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ လူတဦးနဲ့တဦးရဲ့ ခန္ဓါကိုယ်ဖွဲ့စည်းပုံမတူတာနဲ့အမျှ တုံ့ပြန်ပုံခြင်တွေ မတူညီနိုင်ပါ။ ဒါ့ကြောင့် သင့်အတွက် ဘယ်လို အနေအထားပုံစံကုသမှုက အဆင်ပြေဆုံးဖြစ်မှာလဲဆိုတာကို သိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ကုသပါ။

အကြောင်းရင်းများ

Jumping Frenchmen of Maine (မိန်းပြည်နယ်ရှိ လန့်ခုန်ကြသော ပြင်သစ်များ (ရုတ်တရက်ယောင်တတ်ခြင်းရောဂါပုံစံ)) ကိုဘာတွေကဖြစ်စေသလဲ

အထက်ပါဖော်ပြခဲ့သော ယောင်တတ်မှုမျိုးကို အဓိကဖြစ်စေတဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးပါ။ သီအိုရီတခုရဲ့အဆိုအရတော့ အဆိုပါ ယောင်တတ်ခြင်းဟာ ရှေးရိုးစွဲ အကြောင်းခြင်းရာတွေရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်လာတဲ့ လှုံ့ဆော်မှုအခြေအနေ တရပ်ကို အပြင်းအထန်ရုတ်တရက်တုံ့ပြန်ရာမှ ဖြစ်ပေါ်လာတဲ့ မူမမှန်မှုတခုလို့ ဆိုပါတယ်။ Jumping Frenchmen of Maine ဟာ ကမ္ဘာအနှံ့မှာ ဖြစ်ပေါ်နေတဲ့ ယောင်ယမ်းတုံ့ပြန်မှုရောဂါစုများ ဆိုတဲ့ တူညီတဲ့အုပ်စုတွေထဲက တခုပဲဖြစ်ပါတယ်။ အဲ့ဒီရောဂါ အုပ်စုတွေကြားထဲက တခုနဲ့တခု ဆက်သွယ်ပုံတွေကတော့ မသိရသေးပါဘူး။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Jumping Frenchmen of Maine (မိန်းပြည်နယ်ရှိ လန့်ခုန်ကြသော ပြင်သစ်များ (ရုတ်တရက်ယောင်တတ်ခြင်းရောဂါပုံစံ)) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဘယ်အရာက သင့်ကို အထက်ပါ ယောင်တတ်မှုအပြုအမူကို ပိုဖြစ်စေတတ်သလဲ?

နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Jumping Frenchmen of Maine (မိန်းပြည်နယ်ရှိ လန့်ခုန်ကြသော ပြင်သစ်များ (ရုတ်တရက်ယောင်တတ်ခြင်းရောဂါပုံစံ)) ကို ဘယ်လိုအတည်ပြုပါသလဲ

ဖြစ်နေပြီဆိုတာကို ဘယ်လို သတ်မှတ်နိုင်မလဲ?

ယောင်တတ်ခြင်ရောဂါဖြစ်မှုကို သေချာစေ့စပ်သော ဆေးပညာဆိုင်ရာ သုံးသပ်ချက်များ၊ လူနာရဲ့ ရောဂါရာဇဝင်အပြည့်အစုံ၊ အထူးစမ်းသပ်စစ်ဆေးမှုများ အစရှိသဖြင့် အသုံးပြု ပြီး အခြား ရောဂါ အခြေအနေများမှမတူအောင် ခွဲခြားထုတ်ပြနိုင်ပါတယ်

Jumping Frenchmen of Maine (မိန်းပြည်နယ်ရှိ လန့်ခုန်ကြသော ပြင်သစ်များ (ရုတ်တရက်ယောင်တတ်ခြင်းရောဂါပုံစံ)) ကို ဘယ်လိုကုသပါသလဲ

အဆိုပါယောင်တတ်ခြင်ရောဂါဖြစ်တတ်သူတွေကို ကုသဖို့ တိကျသော ကုသချက်များတော့မရှိသေးပါ။ အခြားသူများမှ သူတို့ကို တမင်ရည်ရွယ်ချက်ဖြင့် ထိတ်လန်စေရန်နောက်ခြင်းများ ( ဥပမာ – ခါးတို့ခြင်း စသည်များ ) ကို မပြုလုပ်စေခြင်း၊ ရှောင်ကြဉ်စေခြင်း ဖြင့်သာ ထိုကဲ့သို့ ယောင်တတ်ခြင်းအပြုအမူအကြိမ်ရေအတွက် နှင့်ပြင်းထန်မှုတို့ကို လျော့နည်စေ အဆုံးသတ်စေနိုင်မှာဖြစ်ပါတယ်ယောင်တတ်ခြင်းလက္ခဏာဟာ အသက်ရ လာတာနဲ့အမျှ လျော့နည်းလာတတ်သော်လည်း စိတ်ပင်ပန်းမှု စိုးရိမ်မှုတွေများနေရင်တော့ ပိုပြီးဆိုးလာတတ်တာပါ။

လေ့လာမှတ်သားထားဖူးသော မှတ်တမ်းများအရ အဆိုပါ ယောင်တတ်ခြင်းဖြစ်စဉ်တွေဟာ စိတ်ပင်ပန်စေသော အလုပ်အကိုင်ခြေအနေတွေဖြစ်တဲ့ ဥပမာ တောထဲတောင်ထဲ သစ်ခုတ်လုပ်ငန်းလုပ်ကိုင်ရသူတွေနဲ့ ဆက်စပ်မှုရှိနေတာကိုတွေ့နိုင်ပါတယ်။ အဲ့လို သစ်ခုတ်လုပ်ငန်းကနေ အလုပ်ထွက် အနားယူလိုက်တာနဲ့တပြိုင်နက် ယောင်တတ်တဲ့ အကြိမ်ရေအတွက်နဲ့ ပြင်းထန်မှုတွေ လျော့နည်းသွားတာကိုလည်တွေ့ရပါတယ်

ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးဝါးများ

ဘယ်ကဲ့သို့သော ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်းနည်းလမ်းများနှင့် အိမ်တွင်ဆေးဝါးများက Jumping Frenchmen of maine ယောင်တတ်ခြင်းအတွက် အကူအညီပေးနိုင်မလဲ

နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

သိချင်တာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Moe Htike Thu မှ ရေးသားသည်။ · 28/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement