backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ischemic Heart Disease (နှလုံးသွေးကြောကျဉ်းရောဂါ)


Dr. K Zin Thwe မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Ischemic Heart Disease (နှလုံးသွေးကြောကျဉ်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Ischemic Heart Disease (နှလုံးသွေးကြောကျဉ်းရောဂါ) ကဘာလဲ။

နှလုံးသွေးကြောကျဉ်းရောဂါသည်နှလုံးသွေးကြောနံရံတွင် အဆီအနည်းများစုပုံလာခြင်းကြောင့် သွေးစီးဆင်းမှုကို နည်းစေခြင်း၊ ပိတ်ဆို့ခြင်းမျာဖြစ်သော ရောဂါဖြစ်ပါသည်။ သွေးထဲတွင် ရှိသော အဆီများသည် သွေးကြောနံရံများကို ရောင်ရမ်းစေခြင်းကြောင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေပါသည်။

သွေးကြောနံရံတွင် အဆီအနည်များစုပုံရာမှ သွေးကြောသည် တဖြည်းဖြည်း ကျဉ်းလာပြီး နှလုံးသို့သွေးလုံလောက်စွာမရောက်တော့သောအခါ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုမဝဖြစ်ခြင်းနှင့် နှလုံးသွေးကြောကျဉ်းရောဂါ၏ အခြားသော လက္ခဏာများဖြစ်လာစေပါသည်။

နှလုံးသွေးကြောသည် လုံးဝပိတ်သွားလျှင် ရုတ်တရက်နှလုံးအလုပ်မလုပ်တော့ခြင်းဖြစ်ကာ အသက်အန္တရာယ်ရှိနိုင်ပါသည်။

Ischemic Heart Disease (နှလုံးသွေးကြောကျဉ်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

နှလုံးသွေးကြောကျဉ်းရောဂါသည်အလွန်အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

Ischemic Heart Disease (နှလုံးသွေးကြောကျဉ်းရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများသော ရောဂါလက္ခဏာများမှာ

  • ရင်ဘတ်အောင့်ခြင်း
  • လက်မောင်း၊ မေးရိုး၊ လည်ပင်း၊ ကျောပြင် နှင့် ဗိုက် စသည့် ခန္ဓါကိုယ်၏ အခြားနေရာများတွင် နာကျင်ခြင်း
  • ခေါင်းမူးခြင်း
  • ချွေးပြန်ခြင်း
  • ပျို့ခြင်း
  • အသက်ရှုမဝဖြစ်ခြင်း စသည်တို့ဖြစ်ပါသည်။

(အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ကျန်ရှိနိုင်ပါသည်။ တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Ischemic Heart Disease (နှလုံးသွေးကြောကျဉ်းရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

နှလုံးသွေးကြောကျဉ်းရောဂါသည် နှလုံးသွေးကြော၏အတွင်းအလွှာကို ထိခိုက်ခြင်းမှ အစပြုသည်ဟု ယူဆရပြီး တခါတရံတွင် ကလေးဘဝကတည်းမှ စဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်စေသော အကြောင်းရင်းများစွာရှိပါသည်။ ယင်းတို့မှာ

  • ဆေးလိပ်သောက်ခြင်း
  • သွေးပေါင်ချိန်တက်ခြင်း
  • သွေးတွင်း အဆီပမာဏများခြင်း
  • ဆီးချိုရောဂါဖြစ်ခြင်း နှင့် အင်ဆူလင်ဟော်မုန်း အလုပ်မလုပ်ခြင်း
  • လှုပ်ရှားမှုနည်းသော နေထိုင်မှုပုံစံ စသည်တို့ဖြစ်ပါသည်။

နှလုံးသွေးကြော၏ အတွင်းဆုံးအလွှာကို ထိခိုက်မိလျှင် သွေးကြောထဲရှိအဆီများသည် ထိုနေရာတွင် စုပုံလာပြီး သွေးကြောများမာလာပါသည်။

ထို့နောက် ထိုနေရာတွင် သွေးကြောအနာဖြစ်ခြင်း၊ ပေါက်သွားခြင်းတို့ဖြစ်လာရာမှ သွေးဆဲလ်များစုပုံလာပြီး သွေးကြောပိတ်ကာ ရုတ်တရက် နှလုံးရပ်ခြင်းကိုဖြစ်စေနိုင်ပါသည်။

ဖြစ်နိုင်ခြေများ

Ischemic Heart Disease (နှလုံးသွေးကြောကျဉ်းရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နှလုံးသွေးကြောကျဉ်းရောဂါ

ကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။

  • အသက်အရွယ်

အသက်ကြီးလာလေလေ နှလုံးသွေးကြောများကျဉ်းနိုင်ချေနှင့် နှလုံးကို ထိခိုက်နိုင်ချေများလေလေဖြစ်ပါသည်။

  • လိင်

အမျိုးသားများသည် အမျိုးသမီးများထက် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေ ပိုများသော်လည်း အမျိုးသမီးများသည်လည်း သွေးဆုံးပြီးလျှင် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေရှိပါသည်။

  • မိသားစုရာဇဝင်

သင့်အဖေသို့မဟုတ် ညီအကို ထဲတွင် အသက်၅၅နှစ်မတိုင်မီ နှလုံးရောဂါဖြစ်ဖူးလျှင် သင့်တွင်လည်း နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေများပါသည်။

အလားတူ သင့်အမေ သို့မဟုတ် ညီအမထဲတွင် အသက်၆၅နှစ်မတိုင်မီ နှလုံးရောဂါဖြစ်ဖူးလျှင် သင့်တွင်လည်း နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေများပါသည်။

  • ဆေးလိပ်သောက်ခြင်း

သင်ကိုယ်တိုင်သောက်ခြင်းဖြစ်စေ၊ ဆေးလိပ်သောက်သူများနှင့် အတူ အနီးကပ်နေထိုင်ခြင်းဖြစ်စေ ရှိလျှင် သင့်တွင်လည်း နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေများပါသည်။

  • သွေးပေါင်ချိန်များခြင်း

သွေးပေါင်ချိန်များခြင်း၊ မထိန်းနိုင်ခြင်းကြောင့် နှလုံးသွေးကြောနံရံများ မာကြောလာပြီး ကျဉ်းမြောင်းလာကာ သွေးစီးဆင်းမှုများကို အနှောက်အယှက်ဖြစ်စေပါသည်။

  • သွေးတွင်းအဆီဓါတ်များခြင်း

သွေးတွင်းအဆီဓါတ်များခြင်းကြောင့် သွေးကြောနံရံတွင် အဆီအနည်များစုပုံလာပြီး သွေးကြောနံရံထူလာနိုင်ချေများပါသည်။

  • ဆီးချိုရောဂါ

ဆီးချိုရောဂါရှိခြင်းသည် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေများစေပါသည်။ အဝလွန်ခြင်း၊ သွေးပေါင်ချိန်များခြင်း စသည့် အချက်များသည် အမျိုးအစား ၂ ဆီးချိုနှင့်နှလုံးသွေးကြောကျဉ်းရောဂါတို့ကို ဖြစ်နိုင်ချေများစေသော ဘုံတူညီနေသည့် အချက်များဖြစ်ပါသည်။

  • ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း

လေ့ကျင့်ခန်းများမလုပ်ခြင်းကြောင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေများစေပါသည်။

  • စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုများကို မဖြေဖျောက်နိုင်ခြင်းသည် နှလုံးသွေးကြောများကို ထိခိုက်စေပြီး နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေများကို မြင့်တက်စေပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Ischemic Heart Disease (နှလုံးသွေးကြောကျဉ်းရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်တွင် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နေပြီဟု သံသယရှိပါက

ပထမဦးစွာ သင့်ဆရာဝန်က သင့်ကို ကစစ်ဆေးမှုပြုလုပ်ပါလိမ့်မည်။ ထို့နောက် တိကျသော ကုသမှုလုပ်ရန် သိသင့်သည်များကို စစ်ဆေးပါလိမ့်မည်။

ပုံမှန်အားဖြင့် နှလုံးသွေးကြောကျဉ်းရောဂါအတွက် စစ်ဆေးမှုများမှာ

  • နှလုံးကို ECG သို့မဟုတ် EKG ဆွဲခြင်း
  • လေ့ကျင့်ခန်းလုပ်ခိုင်းခြင်းဖြင့် နှလုံး၏စွမ်းဆောင်ရည်ကို စမ်းသပ်ခြင်း
  • အီလက်ထရွန်ရောင်ခြည်ဖြင့်စမ်းသပ်ခြင်း
  • ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း နှင့်
  • နှလုံးသွေးကြောထဲသို့ ပြွန်ချောင်းထဲ့ခြင်း စသည် တို့ဖြစ်ပါသည်။

Ischemic Heart Disease (နှလုံးသွေးကြောကျဉ်းရောဂါ) ကို ဘယ်လိုကုသပါသလဲ

နှလုံးသွေးကြောကျဉ်းရောဂါအတွက် ကူသမှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • စားသောက်နေထိုင်မှုပုံစံပြောင်းလဲခြင်း (ဆေးလိပ်ဖြတ်ခြင်း၊ အသင့်စားအစာများ၊ စီမံပြုလုပ်ထားသော အစာများ နှင့် ပြည့်ဝဆီ အသွင်ပြောင်းဆီပါသော အစာများကိုရှောင်ကျဉ်ခြင်းနှင့် သကြားလျှော့စားခြင်း)
  • aspirin, beta blockers, nitroglycerin, angiotensin-converting enzyme (ACE) inhibitors, and angiotensin II receptor blockers (ARBs)စသည့် နှလုံးသွေးကြောကျဉ်းရောဂါအတွက် ပေးသော သောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်ခြင်း
  • ခွဲစိတ်မှုများနှင့် အခြားသော ကုထုံးများဖြစ်သည့် နှလုံးသွေးကြောချဲ့ခြင်း၊ အရေပြားပေါ်မှတဆင့် ကျဉ်းနေသော သွေးကြောထဲသို့ ပြွန်ချောင်းထဲ့ခြင်း၊ သွေးကြောမွေးခြင်း နှင့် သွေးကြောပိတ်နေသော နေရာကို လမ်းလွှဲပြီး သွေးကြောဆက်သော ခွဲစိတ်မှုများပြုလုပ်ခြင်း စသည့်နည်းများဖြင့် ကုသနိုင်ပါသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ

ဖြစ်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

  • ဆေးလိပ်ဖြတ်ပါ။
  • သွေးပေါင်ကို ထိန်းပါ။
  • သင့်သွေးတွင်းမှ အဆီပမာဏကို စစ်ဆေးပါ။
  • ဆီးချိုရောဂါရှိလျှင် ဆီးချိုထိန်းပါ။
  • ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပြုလုပ်ပါ။
  • ကျန်းမာရေးနှင့် ညီညွတ်သော အစာများစားပါ။
  • ကိုယ်အလေးချိန် ထိန်းပါ။
  • စိတ်ဖိစီးမှုများ ကင်းဝေးအောင် နေထိုင်ပါ။

သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. K Zin Thwe မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement