backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Intestinal Tuberculosis (အူလမ်းကြောင်းတွင် တီဘီဖြစ်ခြင်း)


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Intestinal Tuberculosis (အူလမ်းကြောင်းတွင် တီဘီဖြစ်ခြင်း) ကဘာလဲ။

တီဘီဆိုတာဖွံဖြိုးဆဲနိုင်ငံတွေမှာအဖြစ်များတဲ့ဘက်တီးရီးယားရောဂါပိုးဖြစ်ပြီးအူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာအပါအဝင် ရောဂါလက္ခဏာအမျိုးမျိုးပြနိုင်ပါသည်။ တီဘီရောဂါသည်ကူးစက်လွယ်ပြီးဆေးကုသမှုချက်ချင်းယူရန်လိုအပ်ပါသည်။

တီဘီရောဂါပိုးသည်များသောအားဖြင့်အဆုတ်ကိုကူးစက်တတ်ပြီးနာတာရှည်ချောင်းဆိုးခြင်း၊ကိုယ်အလေးချိန်ကျခြင်းနှင့်အခြားလက္ခဏာများဖြစ်ပွားတတ်ပါသည်။ သို့သော်တစ်ခါတစ်ရံတွင်အကျိတ်နှင့်အခြားကိုယ်အင်္ဂါများ(ဥပမာအူလမ်းကြောင်း)တွင်ဖြစ်စေတတ်သောextrapulmonary(အဆုတ်ပြင်ပ၌ဖြစ်သောတီဘီ)များလည်းဖြစ်ပွားတတ်ပါသည်။

အူလမ်းကြောင်းတွင် တီဘီဖြစ်ခြင်းသည် ဖွံဖြိုးဆဲနိင်ငံများတွင်အဖြစ်များပြီးတစ်ခါတစ်ရံတွင်ရောဂါလက္ခဏာပြသခြင်းမရှိပါ။

ဗိုက်အောင့်ခြင်း၊ဗိုက်ရစ်ခြင်း၊ကိုယ်အလေးချိန်ကျခြင်းတို့တစ်ခါတစ်ရံဖြစ်ပေါ်တတ်ပါသည်။ အူတီဘီရှိသောလူအများစုသည်အဆုတ်တီဘီပါတွဲရှိနေတတ်သည်။

မိမိ၏သားသမီးကိုသင့်တော်သောဆရာဝန်နှင့်ပြသရန်မှာအလွန်အရေးကြီးပါသည်။ တီဘီရောဂါဆေးစသောက်သည်ဆိုလျှင်ပင်ဆေးဝါးများစွာကိုအချိန်မှန်မှန်လပေါင်းများစွာစွဲသောက်ရန်လိုသည့်အပြင်ရောဂါရှိသူတွင်အခြားရောဂါများ(ဥပမာ-ခုခံအားကျဆင်းမှုရောဂါ)ရှိ/မရှိပါစစ်ဆေးရန်လိုအပ်ပါသည်။

Intestinal Tuberculosis (အူလမ်းကြောင်းတွင် တီဘီဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Intestinal Tuberculosis (အူလမ်းကြောင်းတွင် တီဘီဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တိတိကျကျပြော၍မရပါ။ များသောအားဖြင့်ဗိုက်တစ်ပြင်လုံး(သို့)ဗိုက်တစ်နေရာမှအောင့်ခြင်း၊ကိုယ်အလေးချိန်ကျခြင်း၊ညဘက်ချွေးစေးပြန်ခြင်း၊ဖျားခြင်း၊အန်ခြင်း၊နုံးခြင်း၊ဝမ်းလျော၊ဝမ်းပိတ်ခြင်း(သို့)ဝမ်းထဲသွေးပါခြင်းတို့ဖြစ်တတ်ပါသည်။ အူလမ်းကြောင်းတွင်အနာဖြစ်၍်ဝမ်းပျက်ခြင်း၊အူလမ်းကြောင်းကျဉ်း/ကျုံ့သွား၌ဗိုက်အောင့်ခြင်းများလဲဖြစ်တတ်သည်။ ဗိုက်အရမ်းအောင့်လျှင်အူပေါက်တာမျိုးလဲဖြစ်တတ်ပါသည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးသည်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Intestinal Tuberculosis (အူလမ်းကြောင်းတွင် တီဘီဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

(Primary)နွားမှတစ်ဆင့်ကူးစက်နိုင်သော်လည်းနွားနို့ကိုကျိုချက်သောက်ခြင်းကြောင့်ယခုအဖြစ်နည်းသွားပါပြီ။

(Secondary)အဖြစ်များပြီးတီဘီပိုးပါသောသလိပ်အူလမ်းကြောင်းအတွင်းဝင်ရောက်ခြင်းကြောင့်ဖြစ်တယ်။

Tubercle bacillusဟုခေါ်သည့်တီဘီပိုးသည်၎င်း၏အခွံရှိအဆီများနှင့်အစာအိမ်ကချေဖျက်ခြင်းကိုကာကွယ်နိုင်သည်။

ထို့နောက်အူထဲသို့ဝင်ကာileum,jejunum,duodenumစသည့်အူသိမ်များကိုတစ်ဆင့်ခြင်းကူးစက်ပါသည်။ ပြန်ရည်ကြောတစ်ရှူးများပြားခြင်း၊ဘက်တီရီးယားပိုးကိုချေဖျက်မှုအားနည်းခြင်းတို့သည်အူသိမ်တွင်တီဘီဖြစ်မှုနှုန်းများစေပါသည်။ မီလီယာရီတီဘီတွင်လည်းသွေးမှတစ်ဆင့်အူထဲသို့ပျံနှံခြင်းတွေ့ရပြီးအနားမှအင်္ဂါမှတစ်ဆင့်ပျံနှံခြင်းလည်းရှိသည်။ ခန္ဓါကိုယ်ခုခံအားကျဆင်းချိန်တွင်ငြိမ်နေသောတီဘီပိုးသည်ထကြွတတ်ပါသည်။

Risk factors

Intestinal Tuberculosis (အူလမ်းကြောင်းတွင် တီဘီဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အူတီဘီဖြစ်ပွားနိုင်ချေကိုမြင့်စေသောအရာများမှာ

  • ခုခံအားကျဆင်းမှုရောဂါ(HIV)ရှိသူများ၊ခုခံအားကျနေသူများ
  • ဆီးချိုရောဂါရှိသူများ
  • ကိုယ်အလေးချိန်ကျသောသူများ
  • ဦိးခေါင်း(သို့)လည်ပင်းကင်ဆာ၊သွေးကင်ဆာ၊Hodgkinရောဂါရှိသောသူများ
  • Steroidပါသောဆေးနှင့်ဆေးကုသနေသူများ၊အရေပြားလေးဘက်နာ၊သွေးလေးဘက်နာရှိသောသူများ
  • ကျောက်၊သဲမှုန့်တို့ကိုရှူရာမှဖြစ်သောအသက်ရှူလမ်းကြောင်းရောဂါရှိသောသူများ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Intestinal Tuberculosis (အူလမ်းကြောင်းတွင် တီဘီဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ပါဝင်စမ်းသပ်မှုများမှာ

  • ဓါတ်ခွဲစမ်းသပ်မှုများ=တီဘီလူနာတွင်သွေးအားနည်းခြင်း၊သွေဖြူဥများခြင်း၊ESRတက်ခြင်းတို့အတွေ့များသည်။
  • ဓါတ်မှန်ရိုက်ခြင်း=ရင်ဘတ်ဓါတ်မှန်သည်တီဘီရှိမရှိကိုပြနိုင်သည်။ သို့သော်လည်းဓါတ်မှန်တွင်မတွေ့ပါကတီဘီမဟုတ်ဟုမပြောနိုင်ပါ။
  • Barium enema and barium mealစမ်းသပ်မှု။
  • Lymphagiography-ပြန်ရည်ကြောထဲသို့ပစ္စည်းတစ်ခုဆေးထိုးပြီးနောက်ဓါတ်မှန်ရိုက်ခြင်း
  • အသံလှိုင်းဖြင့်ရှာဖွေခြင်း
  • ကွန်ပြူတာဓါတ်မှန်ရိုက်ခြင်း-ကင်ဆာရောဂါရှိမရှိနှင့်ဆေးသွင်းကုသပြီးနောက်သက်သာမှုရှိမရှိတွင်ကူညီပေးသည်။
  • Gallium citrateဖြင့်အူယောင်ခြင်းရှိမရှိသိနိုင်သည်။
  • မှန်ပြောင်းဖြင့်အူကြည့်ခြင်း
  • ဗိုက်ကိုအပေါက်ဖောက်၍မှန်ပြောင်းကြည့်ခြင်း
  • သွေးထဲတွင်ရှိသောantibodiesများကိုရှာဖွေခြင်းတို့ဖြစ်သည်။

Intestinal Tuberculosis (အူလမ်းကြောင်းတွင် တီဘီဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အူလမ်းကြောင်းတီဘီကိုဆေးကုထုံးနှင့်ခွဲစိတ်ခြင်းတို့ဖြင့်ကုသနိုင်သည်။ ခွဲစိတ်ကုသမှုကိုနောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာချိန်တွင် အလုပ်များသည်။

ဆေးကုထုံး-:

Isoniazid (300 mg) and rifampin (600 mg)ကို၁၈-၂၄လထိနေ့စဉ်သောက်ခြင်းသည်အဓိကကုထုံးဖြစ်သည်။

သလိပ်တွင်ပိုးကောင်ရေများနေလျှင်streptomycinကိုတစ်နေ့လျှင်၁ဂရမ်နှင့်၂-၃လပေးနိုင်သည်။

အူကိုဖုံးအုပ်ထားသောအမှေးပါးပါရောင်နေလျှင်steroidဆေးပါထပ်ထည့်နိုင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကတီဘီရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် တီဘီရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ယခုလက်ရှိတီဘီဖြစ်နေသူသည်အခြားသူများကို မကူးစက်ရန်ဆရာဝန်မှစိတ်ချရပြီဟုမပြောမချင်းအိမ်တွင်သာနေသင့်သည်။ ရက်သတ္တပတ်လောက်ဝကာနိုင်ပြီးဆရာဝန်မှစိတ်ချရပြီဟုပြောမှသာပုံမှန်လုပ်ငန်းများကိုလုပ်ဆောင်သင့်ပါသည်။

မိမိအိမ်သားများအားမကူးစက်စေရန်သတိထားရမည်။ လေမှတစ်ဆင့်ကူးစက်နိုင်သည့်အတွက်မျက်နှာဖုံးကိုနှာခေါင်းနှင့်ပါးစပ်လုံအောင်တပ်ဆင်ရမည်။ ချောင်းဆိုး၊နှာချေသည့်အခါတစ်ရှူးနှင့်ပါးစပ်အုပ်ပြီးနောက်အိတ်ထဲသို့ထည့်ကာလွှင့်ပစ်ရမည်။ အခန်းကိုလေဝင်လေထွက်ကောင်းအောင်ထားရမည်။ ပန်းကာကိုပြူတင်းပေါက်နားထားခြင်းဖြင့်အခန်းကိုပိုးမွှားလျှော့ကျစေနိုင်ပါသည်။

အရေးအကြီးဆုံးမှာဆေးကိုအချိန်မှန်စွာနှင့်ကာလပြည့်အောင်သောက်ရန်ဖြစ်သည်။ ဆေးရပ်လိုက်ခြင်း(သို့)ကျော်သွားခြင်းဖြစ်လျှင်ဆေးမမတိုးခြင်းဖြစ်နိုင်သည်။ ထို့ကြောင့်ဆေးသောက်ရန်မိသားစုဝင်များအားသတိပေးခိုင်းခြင်းတို့လုပ်ဆောင်သင့်ပါသည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement