backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Intestinal Obstruction (အူပိတ်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Intestinal Obstruction (အူပိတ်ခြင်း) ကဘာလဲ။

အူသိမ် ဒါမှမဟုတ် အူမကြီးမှာ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ဖြစ်၊ အကုန်ုလုံးပဲ ဖြစ်ဖြစ် ပိတ်သွားတဲ့ အခါ အူပိတ်တာ ဖြစ်သွားပါတယ်။ အဲ့လို ပိတ်သွားတဲ့အခါ အစာတွေ၊ အရည်တွေ နဲ့ အငွေ့တွေဟာ အူထဲမှာ ပုံမှန်လမ်းကြောင်း အတိုင်းမသွားနိုင်တော့ပဲ ပြင်းထန်တဲ့ နာကျင်မှု ကို ခံစားရပါတော့တယ်။

Intestinal Obstruction (အူပိတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အူပိတ်တယ်ဆိုတာက အများကြီး ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ ထပ်သိချင်တယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။

လက္ခဏာများ

Intestinal Obstruction (အူပိတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အူပိတ်တာရဲ့ လက္ခဏာတွေက ဘာတွေ ဖြစ်မလဲ။

  • ဗိုက်ထဲက နေ နာလိုက်၊ မနာလိုက်နဲ့ ဖြစ်နေမယ်
  • အစားအသောက်ပျက်မယ်
  • ဝမ်းချုပ်မယ်
  • အန်မယ်
  • ဝမ်းသွားလို့ မရဘူး၊ လေမလည်နိုင်ဘူး
  • ဝမ်းဗိုက်က ဖောရောင်နေမယ်

အပေါ်မှာ ဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေ အပြင် တခြား လက္ခဏာတွေလည်း ရှိချင်ရှိနိုင်ပါတယ်။ မေးစရာလေးတွေ ရှိနေမယ်ဆိုရင်တော့ သင့်ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တချိန်လုံး ပြင်းပြင်းထန်ထန် ဗိုက်အောင့်နေမယ်ဆိုရင် ဆရာဝန်ပြပါ။ အဲ့လို ဖြစ်ရတာ အူထဲကို သွေးတွေ မရောက်တော့ ဒါမှမဟုတ် အူမှာ အပေါက်ဖြစ်နေတဲ့ လက္ခဏာ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။

အကြောင်းရင်းများ

Intestinal Obstruction (အူပိတ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဘယ်အချက်တွေက အူပိတ်တာကိုဖြစ်စေသလဲ။

အကျိတ်တွေ၊ အမာရွတ်တစ်ရှုး (ကပ်နေတာ) တွေ သို့မဟုတ် အူလိမ်ခြင်း၊ အူကျဉ်းခြင်း စတဲ့ အချက်တွေက အူပိတ်ခြင်းကို ဖြစ်စေပါတယ်။

အူသိမ်ထဲမှာ အူပိတ်ရောဂါ ဖြစ်ရင် အမာရွတ်တစ်ရှုးက အတွေ့ရများဆုံး အကြောင်းရင်း ဖြစ်ပါတယ်။ တခြားဖြစ်နိုင်တဲ့ အကြောင်းရင်း တွေထဲမှာတော့ အူကျရောဂါ၊ အူကို ကျဉ်းစေ လိမ်ခေါက်စေတဲ့ ခရုန်းရောဂါ နဲ့ အူကို ပိတ်စေတဲ့ အကျိတ် တို့ ပါဝင်ပါတယ်။ တကယ်လို့ အူထပ်ခြင်း (အူအစိတ်အပိုင်း တစ်ခုက တခြားအူ တစ်ခုဆီခေါက်ဝင်နေခြင်း) ဖြစ်နေမယ် ဆိုရင်လည်း အူထဲ ပိတ်ဆို့နေတာ ဖြစ်နိုင်ပါတယ်။

အူမကြီးထဲမှာ ဆိုရင် ကင်ဆာက ဖြစ်နိုင်ချေ အများဆုံး ဖြစ်ပါတယ်။ တစ်ခါ တစ်လေမှာ မာကျောတဲ့ မစင်ကြောင့် ပိတ်နေတာ၊ အူမကြီးနံရံမှာ အိတ်လိုမျိုး ဖောင်းနေပြီး ရောင်ရမ်းတဲ့ ရောဂါ သို့မဟုတ် အူရောင်တဲ့ ရောဂါကြောင့် ပိတ်နေတာ မျိုးတွေလည်း ရှိတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Intestinal Obstruction (အူပိတ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဘယ်အချက်တွေက အူပိတ်ရောဂါ ဖြစ်နိုင်ချေ ပိုများသလဲ။

အူပိတ်ရောဂါ ဖြစ်စေမယ့် အချက်တွေ အများကြီး ရှိပါတယ်။

  • ဝမ်းဗိုက် သို့မဟုတ် တင်ပဆုံရိုး ခွဲစိတ်ကုခြင်း ကြောင့် အဖြစ်များပါတယ်။ ကပ်တွဲနေတဲ့ အမာရွတ်တစ်ရှုးတွေက အူပိတ်ရောဂါဖြစ်စေပါတယ်။
  • ခရုန်းရောဂါ – အူနံရံတွေကို ထူထဲစေပြီး အူလမ်းကြောင်းကိုလည်း ကျဉ်းစေပါတယ်။
  • ဝမ်းဗိုက်ကင်ဆာ – ဝမ်းဗိုက်အကျိတ် ကို ဖယ်ထုတ်တဲ့ ခွဲစိတ်မှုကို လုပ်ရတဲ့ အခါ သို့မဟုတ် ဓါတ်ရောင်ခြည်ကုသမှုကို လုပ်ရတဲ့ အခါ ဖြစ်တတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Intestinal Obstruction (အူပိတ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က ရောဂါလက္ခဏာတွေ၊ အစာချေဖျက်တဲ့ စနစ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ ဝမ်းဗိုက်မှာ လုပ်ခဲ့သမျှ ခွဲစိတ်မှုတွေကို မေးမြန်းပါလိမ့်မယ်။ သင့်ဗိုက်က ပျော့နေပြီး ဖောရောင်နေသလား ဆိုတာကို လည်း စစ်ဆေးပါလိမ့်မယ်။

သင့်ဆရာဝန်က

အူသိမ်နဲ့ အူမကြီးတို့မှာ ဘာတွေက ပိတ်ဆို့နေသလဲ ဆိုတာ စစ်ဆေးဖို့ ဝမ်းဗိုက်ဓါတ်မှန် ရိုက်ခိုင်းပါလိမ့်မယ်။

အူပိတ်နေတာ နည်းနည်းလား၊ လုံးဝပိတ်နေတာလား ဆိုတာ သိရအောင်လည်း စီတီ စကန် ရိုက်ခိုင်းပါလိမ့်မယ်။

Intestinal Obstruction (အူပိတ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အူပိတ်ရောဂါ အများစုက အူနည်းနည်းပဲ ပိတ်တာ ဖြစ်ပြီး သူ့ဘာသာသူ ပြန်ကောင်းသွားတတ်ပါတယ်။ တချို့ကတော့ ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ စအိုထဲသွင်းရတဲ့ အရည် သို့မဟုတ် ပိုက်ငယ်တွေကို အသုံးပြု ကုသတတ်ပါတယ်။

အူလုံးဝပိတ်နေမယ် ဒါမှမဟုတ် အူထဲ သွေးမရောက်တော့ဘူး ဆိုရင်တော့ ခွဲစိတ်ကုသမှု လုပ်ဖို့ အမြဲတမ်း လိုအပ်ပါတယ်။ ခွဲစိတ်ပြီးတဲ့ အခါ အူမကြီးကို ဖောက်တာ ဒါမှမဟုတ် အူသိမ်နောက်ပိုင်းနဲ့ အူမကြီးဆက်စပ်ပေးတာမျိုး လုပ်ဖို့ လိုတတ်ပါတယ်။ ရောဂါ ဖြစ်နေတဲ့ အစိတ်အပိုင်းကို ဖယ်ထုတ်လိုက်ပြီးပြီ ဆိုရင် နောက်ထပ်ကျန်နေတဲ့ အပိုင်းကို အရေပြားကနေ အပေါက်ဖောက်ပြီး ချုပ်ပေးပါလိမ့်မယ်။ တစ်ခါတစ်လေမှာ အူဖောက်တာက ယာယီသာဖြစ်ပြီး ရောဂါ ပြန်ကောင်းသွားတဲ့ အထိသာ ဖြစ်ပါတယ်။ ရောဂါသက်သာလာတာနဲ့အမျှ အူအရင်းပိုင်းဟာ ပြန်ဆက်သွားပြီး အူဖောက်ထားတာကို ပြန်ပိတ်ပေးပါလိမ့်မယ်။

တကယ်လို့ အူပိတ်တာဟာ တခြား ရောဂါကြောင့် ( ဥပမာ – အူမကြီးနံရံမှာ အိတ်လိုမျိုး ဖောင်းနေပြီး ရောင်ရမ်းတဲ့ ရောဂါ ) ဆိုရင်တော့ အဲ့ဒီရောဂါကို မကုမချင်း အူပိတ်တာက ဆက်ဖြစ်နေပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ

အိမ်တွင်းကုထုံးတွေက ဘာတွေ ဖြစ်မလဲ။

အောက်ပါ နေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်း ကုထုံးတွေက အူပိတ်ရောဂါကို ထိန်းချုပ်စေနိုင်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

  • အူမကြီးကင်ဆာ ဖြစ်ခြင်းကနေ ကာကွယ်ဖို့ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးတွေ အများကြီး ပါဝင်ပြီး အဆီနည်းတဲ့ ဓါတ်စာ ကို စားပေးဖို့ လိုအပ်ပါတယ်။ ဆေးလိပ်မသောက်ပါနဲ့။ အသက် ၅၀ နောက်ပိုင်းဆိုရင် အူမကြီးကင်ဆာကို စစ်ဆေးဖို့ ဆရာဝန်နဲ့ တွေ့ကြည့်ပါ။
  • အူကျတာကို ကာကွယ်ဖို့ အလေးမတာကို ရှောင်ပါ။ အလေးမခြင်းက ဝမ်းဗိုက်အတွင်းမှာ ဖိအားများစေပြီး ဝမ်းဗိုက်နံရံအပြင်ဖက်ကို အူထွက်သွားတာ (အူကျခြင်း) ဖြစ်စေပါတယ်။ ) ဝမ်းဗိုက်အရေပြား အောက်နားမှာ၊ အထူးသဖြင့် ပေါင်ခြံ နားမှာ ပုံမှန်မဟုတ်တဲ့ အဖုအလုံးရှိနေမယ် ဆိုရင် ဆရာဝန်ပြပါ။
  • အူမကြီးမှာ အိတ်ငယ်တွေ ဖြစ်ပေါ်တာကြောင့် အူပိတ်ရောဂါ ဖြစ်တာကို တားဆီးဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် တချို့ ဆရာဝန်တွေယုံကြည်ထားတဲ့အတိုင်း ဆိုရင်တော့ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပြီး အူထဲမှာ ဖောင်းနေတဲ့ အိတ်တွေကို ထိခိုက်စေမယ့် အစေ့အဆံတွေနဲ့ ပြောင်းဖူးပေါက်ပေါက်တွေကို ရှောင်မယ်ဆိုရင် ရောဂါကို ထိန်းချုပ်ဖို့ ပိုလွယ်သွားပါမယ်။

မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဉာဏ်ရယူပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement