Insulin Resistance (အင်ဆူလင်ဟော်မုန်းခုခံအားတက်လာခြင်း(အင်ဆူလင် မတိုးခြင်း) ဆိုသည်မှာ အဘယ်နည်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Insulin Resistance (အင်ဆူလင်ဟော်မုန်းခုခံအားတက်လာခြင်း(အင်ဆူလင် မတိုးခြင်း) ဆိုသည်မှာ အဘယ်နည်း) ကဘာလဲ။

အင်ဆူလင်ခုခံအားတက်လာခြင်းဆိုသည်မှာ ခန္ဓာကိုယ်မှ အင်ဆူလင်ကို ကောင်းစွာအသုံးမပြုနိုင်ခြင်းဖြစ်သည်။ အင်ဆူလင်သည် မုန့်ချိုအိတ်ခုခေါ်သော အင်္ဂါတစ်ခုမှထုတ်ပြီး သင်၏ ဆဲလ်များကို စွမ်းအင်ပြောင်းလဲရန်အတွက် သကြားဓာတ်ကို အသုံးပြုသည်။

ခန္ဓာကိုယ်မှ ပုံမှန် သို့မဟုတ် မြင့်မားသော အင်ဆူလင်ပမာဏကို ခုခံအားတက်လာသောကြောင့် သကြားဓာတ်များကို ချေဖျက်ပြီး စွမ်းအင်ထုတ်ရန်အလုပ်မလုပ်တော့ပေ။ ထိုသို့ဖြင့် သွေးထဲတွင် သကြားဓာတ်တက်လာပြီး မကုသလျှင်  ပြင်းထန်သော နောက်ဆက်တွဲများဖြစ်လာနိုင်ပါသည်။

Insulin Resistance (အင်ဆူလင်ဟော်မုန်းခုခံအားတက်လာခြင်း(အင်ဆူလင် မတိုးခြင်း) ဆိုသည်မှာ အဘယ်နည်း) က ဘယ်လောက်အဖြစ်များသလဲ

၎င်းသည် အ၀လွန်သောသူများတွင် ပုံမှန်ကိုယ်အလေးချိန်ရှိသူများထက် အဖြစ်များသည်။ ၎င်းသည် အသက်အရွယ်မရွေးတွင်လည်း ဖြစ်နိုင်သည်။ အထူးသဖြင့် မိသားစုထဲတွင် မျိုးရိုးလိုက်တတ်သည်။ အသက်သုံးနှစ်သာရှိသော ကလေးတွင်လည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ချေများစေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Insulin Resistance (အင်ဆူလင်ဟော်မုန်းခုခံအားတက်လာခြင်း(အင်ဆူလင် မတိုးခြင်း) ဆိုသည်မှာ အဘယ်နည်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

များသောအားဖြင့် ရောဂါလက္ဓဏာမရှိတတ်ပေ။ လက္ခဏာဖြစ်လာလျှင် အောက်ပါတို့ဖြစ်တတ်သည်။

  • မကြာခဏဆီးသွားခြင်း။
  • ရေအရမ်းငတ်ခြင်း။
  • မျက်စိေ၀၀ါးခြင်း။
  • လည်ပင်းအနောက်ဘက်၊ ပေါင်ခြံ၊ နှင့် ချိုင်းကြားတို့တွင် အမည်းကွက်များပေါ်တတ်သည်။

အင်ဆူလင် မတိုးခြင်းသည် သင်မသိလိုက်ခင်မှာပင် သင်၏ သွေးကြောများကိုပျက်စီးစေပြီး နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို ပိုဖြစ်စေနိုင်သည်။

အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိတတ်သည်။ မေးလိုသည်များရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်တွင် အထက်ပါ လက္ခဏာများရှိလျှင် ဆရာဝန်နှင့် ပြသပါ။ လူများသည်တစ်ယောက်တစ်ယောက် တုံ့ပြန်မှုမတူညီသောကြောင့် သင့်အခြေအနေအတွက် အကောင်းဆုံး ဖြစ်သောကုသမှုကို ရရန် သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။

အကြောင်းရင်းများ

Insulin Resistance (အင်ဆူလင်ဟော်မုန်းခုခံအားတက်လာခြင်း(အင်ဆူလင် မတိုးခြင်း) ဆိုသည်မှာ အဘယ်နည်း) ကိုဘာတွေကဖြစ်စေသလဲ

ဤကျန်းမာရေးအခြေအနေသည် ဆီးချိုအမျိုးအစား (၂) ကို ကုသခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည်။ အောက်ပါတို့ ကြောင့် ဖြစ်နိုင်သည်။

–  အင်ဆူလင်ကို ဆိုးရွားစွာ တုံ့ပြန်မှု မရှိခြင်း

–      သကြားဓာတ်ကို ခံနိုင်ရည်ကျလာပြီး ဆီးချိုရောဂါ အမျိုးအစား (၂) ဖြစ်ခြင်း

–      အ၀လွန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ပိုးဝင်ခြင်း၊ သွေးထဲတွင် ယူရီးယားဓာတ်များခြင်း၊ ကိုယ်အဂါင်္အစိတ်အပိုင်းများ ကြီးသောရောဂါ၊ Glucocorticoid ဟော်မုန်းများခြင်း၊ နှင့် ကိုယ်ဝန်ဆောင်ခြင်း၊ များသည် ထပ်ဆင့် အင်ဆူလင် မတုံ့ပြန်ခြင်းကို ဖြစ်စေသည်။

–      Metabolic syndrome၊ သွေးတိုးရောဂါ၊ သွေးထဲတွင် အဆီဓာတ်များခြင်း၊ နှလုံးသွေးကြောရောဂါများ၊ သားဥအိမ်တွင် အရည်ကြည်အိတ်များဖြစ်သောရောဂါနှင့် ovarian hyperthecosis ရောဂါများ

ဖြစ်နိုင်ခြေများ

Insulin Resistance (အင်ဆူလင်ဟော်မုန်းခုခံအားတက်လာခြင်း(အင်ဆူလင် မတိုးခြင်း) ဆိုသည်မှာ အဘယ်နည်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

၎င်းကို ဖြစ်စေနိုင်သော အကြောင်းများစွာတွင် အောက်ပါတို့ပါဝင်သည်။

–       စိတ်ဖိစီးမှုများခြင်း

–      ကိုယ်အလေးချိန် မထိန်းနိုင်ခြင်း

–      အ၀လွန်ခြင်းနှင့် အလိုလျောက်ခုခံအားဖြစ်ပေါ်သော ရောဂါနှင့် ဆီးချိုရောဂါ အမျိုးအစား (၂) တို့ မိသားစုတွင် မျိုးရိုးရှိခြင်း။

အင်ဆူလင် မတိုးတော့ခြင်းသည် သင့်ကို နေမကောင်းဖြစ်စေခြင်း မဟုတ်ပဲ၊ အချိန်မီ မကုသလျှင်နောက်ဆက်တွဲ ပြသနာများ ဖြစ်ပေါ်စေနိုင်သည်။ ထိုရောဂါသည် ဆီးချိုရောဂါ အမျိုးအစား (၂)  ကို ဖြစ်စေသော အောက်ပါနောက်ဆက်တွဲ ပြသနာများကို ဖြစ်စေနိုင်ပါသည်။

–      နှလုံးရောဂါ

–      လေဖြတ်ခြင်း

–      ကျောက်ကပ်ရောဂါ

–      မျက်စိအာရုံချို့ယွင်းခြင်း (မျက်စိကွယ်ခြင်းထိဖြစ်နိုင်သည်။)

–      ခြေ၊ လက်များတွင် အာရုံခံစားမှု ပျောက်ခြင်း

–      လက် သို့မဟုတ် ခြေချောင်းများကိုဖြတ်ပြစ်ရန် လိုခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Insulin Resistance (အင်ဆူလင်ဟော်မုန်းခုခံအားတက်လာခြင်း(အင်ဆူလင် မတိုးခြင်း) ဆိုသည်မှာ အဘယ်နည်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အပြင်မှ သွင်းသောအင်ဆူလင်ကို မတုံ့ပြန်ခြင်းကို အချို့ နည်းပညာများအရသိနိုင်သည်။

–      သွေးကြောထဲသို့ သကြားဓာတ်ထည့်ပြီးတုံ့ပြန်မှုကို စောင့်ကြည့်ခြင်း၊

–      အင်ဆူလင်ကို ထိန်းချုပ်ထားသော ဓာတ်

–      Euglycemic insulin clamp technique

 

Insulin Resistance (အင်ဆူလင်ဟော်မုန်းခုခံအားတက်လာခြင်း(အင်ဆူလင် မတိုးခြင်း) ဆိုသည်မှာ အဘယ်နည်း) ကို ဘယ်လိုကုသပါသလဲ

လူနာအများစုသည် အင်ဆူလင်ကို ထိုးလေ့မရှိပေ။  အင်ဆူလင် မတိုးခြင်းကို သက်သာစေရန် သောက်ဆေးကို သောက်ရန်သာ အဓိကပြုလုပ်ကြသည်။

သွေးထဲမှ သကြားဓာတ်ကို ထိန်းချုပ်နိုင်စေရန် ဆေးအချို့ရှိသည်။ အချို့လူများသည် အင်ဆူလင်မတိုးသော ရောဂါတွင် အင်ဆူလင်ကို ပို၍ထုတ်နိုင်စေရန် ဆေးသောက်ပေးရန် လိုအပ်သည်။ အချို့လူများတွင် အင်ဆူလင်ထိုးပေရန် လိုအပ်သည်။

တခါတရံတွင် ဆီးချိုရောဂါ အမျိုးအစား (၂) ကြောင့် အင်ဆူလင် မတိုးသောရောဂါရှိလျှင် ရောဂါလက္ခဏာများ သက်သာစေရန် ဆေးသောက်ရန်လိုအပ်သည်။ သွေးတိုးကျစေရန်နှင့် သောက်ရသော ဆေးများသည် နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို လျော့နည်းစေသည်။

 

နေထိုင်မှုပုံစံပြောင်းလဲခြင်း နှင့် အိမ်တွင်းကုထုံးများ

ထိုရောဂါကို သက်သာစေနိုင်သော အိမ်တွင်းကုထုံးများ သို့မဟုတ် နေထိုင်မှုပုံစံပြောင်းလဲနည်းများ ရှိပါသလား။ အောက်ပါတို့သည် သင့်ကို အင်ဆူလင် မတိုးသောရောဂါမှ သက်သောစေရန် အထောက်အကူပြုနိုင်ပါလိမ့်မည်။

– ကိုယ်အလေးချိန်ထိန်းရန် သည် အရေးအကြီးဆုံးဖြစ်သည်။ သင့်တွင် ရောဂါရှိပြီးဖြစ်လျင် ကိုယ်အလေးချိန်လျော့ခြင်းအားဖြင့် သင့်ကျန်းမာရေးနှင့် သွေးထဲမှ သကြားဓာတ်ကို ထိန်းချုပ်ခြင်း တို့ကို တိုးတက်စေသည်။

– လှုပ်လှုပ်ရှားရှား နေခြင်းသည်  ရောဂါကို ကာကွယ်ခြင်း၊ သို့မဟုတ် ရောဂါကိုထိန်းချုပ်နိုင်စွမ်းတိုးစေသည်။

-ပုံမှန် အစားစားခြင်းနှင့် ဆေးလိပ်မသောက်ခြင်းသည် လူများကို တတ်နိုင်သမျှ ကျန်းမာစွာ နေထိုင်စေနိုင်ပါသည်။

-သင့်တွင် မေးမြန်းလိုသည်များ ရှိပါက သင့်အတွက် အကောင်းဆုံး အဖြေကို ရရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 12, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 13, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ