မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
အူကျွံခြင်းဆိုသည်မှာ ဝမ်းဗိုက်ခေါင်းနံရံရှိ အပေါက်မှ အူ ၏ တစ်စိတ်တစ်ပိုင်း တိုးထွက်ခြင်းသော အခြေအနေတစ်ခု ကိုခေါ်ပါသည်။ ထိုအပေါက်သည် ဝမ်းဗိုက်နံရံ၏ ပါးခြင်း အားနည်းခြင်းကြောင့် ဖြစ်ပေါ်လာပါသည်။ အူမှ ဖိအားသည် ထိုအပေါက်ကို တိုးသောအခါ အမြှေးပါးသည် ပေါက်သွားပြီး အူသည် ထိုအပေါက်တွင်းသို့ ဖြတ်ဝင်သွားပါသည်။
အူကျွံခြင်းသည် မကုသဘဲထားပါက ပိုဆိုးလာခြင်း သက်သာသွားခြင်း မရှိပါ။ သို့သော် အသက်အန္တရာယ်ရှိ နိုင် သော ဆိုးကျိုးများ ဖြစ်စေပါသည်။ ထို့ကြောင့် ဆရာဝန် သည် အူကျွံခြင်း ပိုကြီးလာသောအခါ နာကျင်လာသော အခါ ခွဲစိတ်မှုပြုရန် တိုက်တွန်းကြပါသည်။ ထိုရောဂါသည် အစာအိမ် ဖေါင်းခြင်းကို ဖြစ်စေပြီး ချောင်းဆိုးစဉ်၊ ခါးကုန်း စဉ်၊ လှုပ်ရှားမှုပြင်းပြင်းလုပ်စဉ်တွင် နာကျင်ခြင်း ဖြစ်စေပါ သည်။ အစာခြေစနစ်ကိုလည်း အနှောင့်အယှက် ပေးပါ သည်။
အူကျွံခြင်းသည် အဖြစ်များပါသည်။ အမျိုးသမီးများ ထက်အမျိုးသားများတွင် ပို၍ ဖြစ်ပွားပါသည်။ မည်သည့် အသက်အရွယ်တွင် မဆို ဖြစ်နိုင်ပါသည်။ အန္တရာယ် ဖြစ်စေ သော အချက်များကို လျော့ချခြင်းဖြင့် ရောဂါ ဖြစ်ပွား ခြင်းကို လျော့ချ နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။
တစ်ခါတစ်ရံတွင် အူကျွံခြင်းသည် ရောဂါလက္ခဏာ မပြ ဘဲဖြစ်ပွားနိုင်ပါသည်။ အူကျွံခြင်းသည် သေးငယ်ပါက အပြင် ဘက်မှ ကြည့်၍ မမြင်နိုင်ပါ။ နာကျင်မှုကိုလည်း မခံစားရနိုင် ပါ။ အချို့ကိစ္စများတွင် ပေါင်ခြံတွင် နာကျင်ကိုက်ခဲခြင်း၊ ပြည့်သလိုခံစားရခြင်း တို့ဖြစ်နိုင်ပါသည်။ နောက်သို့မှီခြင်း၊ လဲလျောင်းခြင်းစသော ဝမ်းဗိုက်ဖိအားကို လျော့ချခြင်းဖြင့် အူကျွံခြင်းကို ဝမ်းဗိုက်ခေါင်းအတွင်းသို့ ပြန်သွင်း၍ ရပါ သည်။
အူကျွံခြင်းသည် ဝမ်းဗိုက်နံရံတွင် ညပ်နေပါက ဆိုးကျိုး များဖြစ်နိုင်ပါသည်။ ထိုအခါ ကျွံနေသောအူအား သွေး ထောက်ပံ့မှု ပြတ်တောက်ပါလိမ့်မည်။ အူကျွံသော အပိုင်းမှ တစ်ရှူးများ သွေးလုံလောက်စွာ မရရှိသောကြောင့် သေဆုံး ပါသည်။ ထို့အပြင် သင့် အစာခြေစနစ်ကို ပိတ်ဆို့ခြင်း ဖြစ် စေပါသည်။ အူကျွံခြင်းသည် ပြန်မဝင်ပါက အရေးပေါ် အခြေအနေ ဖြစ်ပါသည်။
အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
အောက်ပါ ရောဂါလက္ခဏာများရှိပါက ဆရာဝန်နှင့် တိုင် ပင်ဆွေးနွေးပါ။
လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း သည် သင်၏ အခြေ အနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါ သည်။
အူကျွံခြင်းသည် ဝမ်းဗိုက်နံရံတွင် အားနည်းသော အကွက်ရှိသောကြောင့် ဖြစ်ပါသည်။ ထိုနံရံတွင် ဟာကွက် ဖြစ်လာစေသော အကြောင်းရင်းများစွာ ရှိနိုင်ပါသည်။ အရွယ်ရောက်ပြီးသူများတွင် မွေးရာပါ ချို့ယွင်းချက် ကြောင့် စြဖပါသည်။ ကလေးငယ်များတွင်မူ ထိုနံရံကောင်းစွာ မဖွံ့ဖြိုးသေးသောကြောင့် ဖြစ်နိုင်ပါသည်။ ဖြစ်စေသော အကြောင်းရင်းပေါ် မူတည်၍ အူကျွံခြင်းသည် ရုတ်တရက် သို့မဟုတ် ဖြည်းဖြည်းချင်း ဖြစ်နိုင်ပါသည်။
အူကျွံခြင်းဖြစ်နိုင်ချေကို မြင့်စေသော အချက်များစွာ ရှိပါ သည်။ ဥပမာ-
အချို့အလုပ်အကိုင်များ။ အချိန်အကြာကြီး မတ် တပ်ရပ်ရသော သို့မဟုတ် အလုပ်ကြမ်းလုပ်ရသော လူများသည် အူကျွံခြင်းဖြစ်နိုင်ချေမြင့်ပါသည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်သည် ဆေးမှတ်တမ်းယူခြင်းနှင့် ထိုင်ထပြုလုပ် ခြင်း၊ချောင်းဆိုးခြင်း စသည်တို့ပြုလုပ်၍စစ်ဆေးခြင်း တို့ဖြင့် ရောဂါအဖြေရှာခြင်း ပြုလုပ်နိုင်ပါသည်။ အူကျွံခြင်းကို အပြင် ဘက်မှ မြင်နိုင်ပါက ဆရာဝန်သည် ဖုဖေါင်းခြင်းကို ထိတွေ့ ခံစားပြီး ထိသောနေရာတွင် နာကျင်သလား မေးမြန်းပါမည်။
တစ်ခါတစ်ရံတွင် အူကျွံခြင်းကို အတည်ပြုရန်နှင့် အခြား ဆိုးကျိုးများ ရှာဖွေဖော်ထုတ်ရန် ပုံရိပ်ဖော်သော စစ်ဆေးမှု များကို အသုံးပြုနိုင်ပါသည်။ အသုံးများသော ပုံရိပ်ဖော် စစ် ဆေးမှုများမှာ-
အူကျွံခြင်းသည် ဆိုးကျိုးများ မဖြစ်ခင်တွင် ဆရာဝန် သည် ပိုဆိုးခြင်းမှ ကာကွယ်ရန် ခွဲစိတ်ကုသခြင်းကို တိုက် တွန်းပါမည်။ ကလေးငယ်များတွင် အလွန်နာကျင်နိုင်သော ကြောင့် ဖြစ်နိုင်သလောက် အမြန် ခွဲစိတ်မှု ပြုလုပ်ရန် ထောက်ခံထားပါ သည်။
ခွဲစိတ်ခြင်းကို ထုံးတမ်းစဉ်လာနည်းလမ်း ( အရေပြား အားခွဲ၍) သို့မဟုတ် laparoscopic နည်းလမ်း အသုံးပြု၍ ပြုလုပ်နိုင်ပါသည်။ Laparoscopic ခွဲစိတ်မှုတွင် ဆရာဝန် သည် အရေပြားပေါ်တွင် ဖြတ်ရာပါးပါး လုပ်ပါသည်။ ထို ဖြတ်ရာမှ ကင်မရာနှင့် အလင်းပါသော ပြွန်ကိုသွင်းကာ အူကျွံသည့်နေရာကို ရှာဖွေဖော်ထုတ်ပါသည်။ ကိရိယာများ တပ်ထားသော အခြားပြွန်ဖြင့် ကျွံသော အူကိုဖမ်းယူကာ ဝမ်းဗိုက်ခေါင်းတွင်းသို့ ပြန်သွင်းပါသည်။ ဝမ်းဗိုက်နံရံမှ အပေါက်ကိုလည်း အပ်နှင့်ချုပ်ကာ ပိတ်လိုက်ပါသည်။
လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် အူကျွံခြင်း ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အူကျွံခြင်း ကို ထိန်းချုပ်နိုင်ပါသည်။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။