Ingrown Hair (အရေပြားအတွင်းသို့ပြန်ဝင်နေသောအမွှေး) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အဓိပ္ပါယ်ဖွင့်ဆိုချက်

Ingrown Hair (အရေပြားအတွင်းသို့ပြန်ဝင်နေသောအမွှေး) ကဘာလဲ။

Ingrown hair ဆိုသည်မှာ ဆက်လက်ရှည်ထွက်လာရမည့်အစား လိပ်ပြီး အရေပြားထဲသို့ ပြန်ဝင်သွားသော အမွှေးများကို ခေါ်သည်။ ၎င်းတို့သည် အမွှေးကျွတ်သွားသည့်နေရာတွင် သေးငယ်သော အဖုလေးများဖြစ်ပြီး နာကျင်ရောင်ရမ်းခြင်းကို ဖြစ်စေသည်။
၎င်းသည် အဖြစ်များသော အခြေအနေဖြစ်ပြီး အမွှေးရိတ်ခြင်းကြောင့်ဖြစ်သည်။ အမျိုးသားများတွင် မုတ်ဆိတ်မွှေးရိတ်သော လည်ပင်း၊ မေးစေ့၊ ပါးတို့တွင် အဖြစ်များသည်။ ခေါင်းရိတ်သော အမျိုးသားများတွင် ခေါင်းဦးရေပြားတွင်လည်း တွေ့ရသည်။ အမျိုးသမီးများတွင် ချိုင်း၊ ဆီးခုံတစ်ဝိုက်၊ နှင့် ခြေထောက်တွင်တွေ့ရသည်။
ထိုသို့ဖြစ်ခြင်းသည် ကုသမှုမရှိပဲ ပျောက်ကင်းနိုင်သည်။ သို့သော် ထိုသို့ဖြစ်ခြင်းကြောင့် ယားယံပြီး အရှက်ရနိုင်သည်။ အမွှေးမရိတ်ခြင်းဖြင့် ထိုသို့မဖြစ်စေရန်ကာကွယ်နိုင်သည်။ သို့မဟုတ်လျှင် အခြားသော Ingrown hair မဖြစ်စေသော အမွှေးကျွတ်မည့် နည်းလမ်းကို အသုံးပြုနိုင်သည်။ ထိုသို့ ကြာရှည်ဖြစ်လျှင်
• ဘက်တီးရီးယားပိုးဝင်ခြင်း
• အရေပြားမဲလာခြင်း
• အမာရွတ်ဖြစ်ခြင်း
• အမွှေးအိတ်ရောင်ခြင်း တို့ဖြစ်နိုင်သည်။

Ingrown Hair (အရေပြားအတွင်းသို့ပြန်ဝင်နေသောအမွှေး) က ဘယ်လောက်အဖြစ်များသလဲ။

Ingrown hair သည် အလွန် အဖြစ်များသည်။ ၎င်းသည် အသက်အရွယ်မရွေးတွင်လည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ချေများစေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Ingrown Hair (အရေပြားအတွင်းသို့ပြန်ဝင်နေသောအမွှေး) ရဲ့လက္ခဏာတွေကဘာတွေလဲ။

အဖြစ်များသောလက္ခဏာများမှာ
• သေးငယ်ပြီး မာသော အဖုများ
• သေးငယ်ပြီးပြည်တည်နေသောအရည်ကြည်ဖုများ
• အသားမဲခြင်း
• နာကျင်ခြင်း
• ယားယံခြင်း
• အထဲဝင်နေသောအမွှေးများ
အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိတတ်သည်။ မေးလိုသည်များရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ။

သင့်တွင် အောက်ပါလက္ခဏာများရှိလျှင် ဆရာဝန်နှင့် ပြသပါ။
• Ingrown hair သည်ကြာရှည်ဖြစ်လာလျှင် သင့်ဆရာဝန်သည် သင့်ကို ထိုအခြေအနေကို သက်သာစေရန်ကူညီနိုင်ပါလိမ့်မည်။
• သင်သည် hirsutism ဟုခေါ်သော အမွှေးများစွာပေါက်ပြီး အရေပြားအတွင်းသို့ ပြန်ဝင်နေသော အမွှေးများရှိသော အမျိုးသမီးဖြစ်လျှင် သင့်ဆရာဝန်သည် ထိုသို့ဖြစ်ခြင်းသည် ဟော်မုန်းကြောင့်ဖြစ်သော ရောဂါဟုတ်၊ မဟုတ် စစ်ဆေးပေးနိုင်ပါသည်။

အကြောင်းရင်းများ

Ingrown Hair (အရေပြားအတွင်းသို့ပြန်ဝင်နေသောအမွှေး) ကိုဘာတွေကဖြစ်စေသလဲ။

Ingrown hair သည် မည်သူမဆိုဖြစ်နိုင်သည်။ သို့သော် ဆံပင်ကောက်ပြီး ကြမ်းသော လူများတွင်ပိုပြီး အဖြစ်များသည်။ ဆဲလ်အသေများသည် အမွှေးအိတ်ကိုပိတ်စေပြီး အမွှေးကို အပြင်သို့မထွက်လာစေပဲ အထဲမှာပဲ ကြီးထွားလာစေသည်။
ထို့အပြင် လိင်ပိုင်းဆိုင်ရာ ဟော်မုန်းများသော လူများတွင် အမွှေးထူသောကြောင့် အရေပြားအတွင်းသို့ ပြန်ဝင်သောအမွှေးများ ပိုဖြစ်စေနိုင်သည်။
အာဖရိကန်-အမေရိကန် လူမျိုးများတွင် ထူပြီးကောက်သော အမွှေးများရှိသောကြောင့် Pseudofolliculitis ဟုခေါ်သော အရေပြားအတွင်းပြန်ဝင်နေသော အမွှေး ပုံစံတစ်မျိုးအဖြစ်များသည်။ Razorbumps ဟုလည်း ခေါ်သည်။ မုတ်ဆိတ်ပေါက်သောနေရာတွင် မုတ်ဆိတ်ရိတ်ပြီးချိန်၊ နုတ်ပြီးချိန်တွင်ဖြစ်တတ်သည်။
အောက်ပါတို့ကို ပြုလုပ်လျှင် Ingrown hair ဖြစ်နိုင်သည်။
• အမွှေးရိတ်သည့်အခါတွင် သင့်အရေပြားကိုတင်းထားလျှင် ရိတ်လိုက်သော အမွှေးသည် အရေပြားထဲသို့ ပြန်ဝင်သွားပြီး အပြင်သို့ ရှည်ထွက်မလာတော့ပေ။
• မွှေးညှပ်ဖြင့် နှုတ်ခြင်းသည်လည်း အမွှေးစများ အရေပြားအောက်တွင် ကျန်ခဲ့နိုင်သည်။
အမွှေးသည် အရေပြားအောက်သို့ဖောက်ဝင်သောအခါ ၎င်းကို ပြင်ပပစ္စည်းအဖြစ်သတ်မှတ်သော ကြောင့် ထိုနေရာတွင် ရောင်ရမ်းလာနိုင်သည်။

ဖြစ်ပွားနိုင်ချေ မြင့်မားစေသည့်အကြောင်းရင်းများ

 Ingrown Hair (အရေပြားအတွင်းသို့ပြန်ဝင်နေသောအမွှေး) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ။

ထူပြီးကောက်သော အမွှေးများရှိခြင်းသည် ဒီပြဿနာကို ဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Ingrown Hair (အရေပြားအတွင်းသို့ပြန်ဝင်နေသောအမွှေး) ကို ဘယ်လိုအတည်ပြုပါသလဲ။

ဆရာဝန်သည် သင့်အရေပြားကိုစစ်ဆေးပြီး အမွှေးနှုတ်သည့် အလေ့အထကိုမေးမြန်းခြင်းဖြင့် Ingrown hair ကို သိရှိနိုင်သည်။

Ingrown Hair (အရေပြားအတွင်းသို့ပြန်ဝင်နေသောအမွှေး) ကို ဘယ်လိုကုသပါသလဲ

လေဆာကို အသုံးပြုပြီး အမွှေးကို အနက်ပိုင်းအထိ သန့်စင်ပြီး လုံးဝပြန်မပေါက်စေရန် ပြုလုပ်နိုင်သည်။ သင့်ဆရာဝန်မှ အခြေအနေကို သက်သာစေရန် အခြားဆေးများလည်း ပေးနိုင်သည်။ အောက်ပါဆေးများ ပါဝင်သည်။
• ဆဲလ်အသေများကိုဖယ်ရှားပေးသည့် ဆေးများ -retinoids သည် သင့်အရေပြားကို ထူနေခြင်း၊ မဲနေခြင်း များမှသက်သာစေသည်။
• အရောင်ကျစေသော စတီးရွိုက်ပါသော လိမ်းဆေးများ ကို ဆရာဝန်မှ ညွှန်ကြားနိုင်သည်။
• ရောဂါပိုးဝင်ခြင်းကို သက်သာစေသော သောက်ဆေးများ၊ လိမ်းဆေးများ၊ ဖြစ်သောနေရာကို ကုတ်သောကြောင့် ပိုးဝင်လျှင် ပိုးသတ်ဆေးပါသော လိမ်းဆေးလိမ်းနိုင်သည်။ ရောဂါဆိုးဝါးလျှင် သောက်ဆေးကိုလည်း ပေးနိုင်သည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်း နှင့် အိမ်တွင်းကုထုံးများ

Ingrown hair ကို သက်သာစေနိုင်သော အိမ်တွင်းကုထုံးများ သို့မဟုတ် နေထိုင်မှုပုံစံပြောင်းလဲနည်းများ ရှိပါသလား။

Ingrown hair ကိုသက်သာစေရန် အောက်ပါတို့သည် သင့်ကို အထောက်အကူပြုနိုင်ပါလိမ့်မည်။
• ဖြစ်သောနေရာကို အ၀တ်စ သို့မဟုတ် သွားပွတ်တံ သုံးပြီး အ၀ိုင်းပုံ သုတ်ပြီး သန့်ရှင်းပေးပါ။ အမွှေးမရိတ်မီနှင့် ညအိပ်ရာဝင်ချိန်များတွင် ပြုလုပ်ပါ။
• မြုပ်နေသော အမွှေးကို ထုတ်ရန် တစ်ခါသုံးအပ်ကို သုံးပါ။
• ထက်ပြီးအသွားတစ်ခုသာပါသော ရိတ်စက်ကို သုံးပါ။
• အခြေအနေမတိုးတက်သေးခင် အမွှေးရိတ်ခြင်း၊ နှုတ်ခြင်း မပြုလုပ်ပါနှင့်။
• အမွှေးရှည်လာလျှင် တစ်ဖက်တည်းသို့ ရိတ်ပါ။
• အချက်ရေနည်းနည်းသာ ရိတ်ပါ။
• ရိတ်ပြီးတိုင်း ရိတ်စက်ကို ရေဆေးပါ။
• အရေပြားကို ကပ်ပြီးမရိတ်သင့်ပါ။
• လျှပ်စစ်သုံးသော ရိတ်စက်ကို သုံးပါက အရေပြားပေါ်တွင် နည်းနည်းခွာပြီးကိုင်ပါ။
• အေးသော အ၀တ်စကို အမွှေးရိတ်ပြီးသည့်အခါ အရောင်ကျသက်သာစေရန် ကပ်ထားပါ။
သင့်တွင် မေးမြန်းလိုသည်များ ရှိပါက သင့်အတွက် အကောင်းဆုံး အဖြေကို ရရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဩဂုတျ 2, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 13, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
ပုံစံတူသောဆောင်းပါးများ
မျက်နှာမှာရှိတဲ့ နေလောင်ကွက်နဲ့ အမဲစက်တွေသက်သာစေဖို့
နေလောင်ခံခရမ်နှင့် ဖြူစင်ဝင်းပခြင်းဆိုင်ရာ, ကျန်းမာစွာနေထိုင်ခြင်း, ကျန်းမာခြင်းနည်းလမ်းများ, အလှအပ
မျက်နှာမှာရှိတဲ့ နေလောင်ကွက်နဲ့ အမဲစက်တွေသက်သာစေဖို့
Oatmeal ကြိုက်သူလေးတွေအတွက် သတင်းကောင်း
ကျန်းမာစွာနေထိုင်ခြင်း, ကျန်းမာရေးနဲ့ အာဟာရ
Oatmeal ကြိုက်သူလေးတွေအတွက် သတင်းကောင်း
ဝက်ခြံတွေတိုင်း ကုသနည်းကအတူတူပဲလား..........
ဝက်ခြံနှင့် အသားရေထိန်းသိမ်းခြင်းဆိုင်ရာ, ကျန်းမာစွာနေထိုင်ခြင်း, ကျန်းမာခြင်းနည်းလမ်းများ, အလှအပ
ဝက်ခြံတွေတိုင်း ကုသနည်းကအတူတူပဲလား……….
သင့်ကိုချွေးပေါက်ကျယ်စေတဲ့ တရားခံတွေ
ဝက်ခြံနှင့် အသားရေထိန်းသိမ်းခြင်းဆိုင်ရာ, ကျန်းမာစွာနေထိုင်ခြင်း, ကျန်းမာခြင်းနည်းလမ်းများ, အလှအပ
သင့်ကိုချွေးပေါက်ကျယ်စေတဲ့ တရားခံတွေ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။