Immunodeficiency Disorder (ကိုယ်ခံအားနည်းသည့်ရောဂါ ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အဓိပ္ပါယ်ဖွင့်ဆိုချက်

Immunodeficiency Disorder (ကိုယ်ခံအားနည်းသည့်ရောဂါ ) ကဘာလဲ။

ကိုယ်ခံအားစနစ်သည် ခန္ဓာကိုယ်ရှိ ပြန်ရည်တစ်ရှုး များဖြင့်အဓိကလုပ်ဆောင်ပြီး ပရိုတင်း နှင့် သွေးဆဲလ် အချို့လည်း ပါဝင်သည်။ ကိုယ်ခံအားစနစ်သည် ခန္ဓာကိုယ်ကို အန္တရယ်ဖြစ်စေသော antigen ဟုခေါ်သော ပဋိပစ္စည်းများမှ ကာကွယ်သည်။ antigen များတွင် ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးများ၊ အဆိပ်၊ ကင်ဆာဆဲလ်များ၊ ပြင်ပမှ သွေး သို့မဟုတ် တစ်သျှူးများ၊ ပါဝင်သည်။ ကိုယ်ခံအားစနစ်မှ ထိုအရာများကို သိရှိသောအခါ antibodies ဟုခေါ်သော ပဋိဇီဝပစ္စည်းများကို ထုတ်ပြီး တိုက်ခိုက်ချေဖျက်သည်။
ကိုယ်ခံအားနည်းသည့်ရောဂါသည်သင့်ခန္ဓာကိုယ်၏ ရောဂါပိုးများကို ကာကွယ်နိုင်စွမ်းကို နှောင့်ယှက်သည်။ ကိုယ်ခံအားနည်းရောဂါနှစ်မျိုးရှိသည်။ မွေးရာပါ ကိုယ်ခံအားနည်းရောဂါနှင့် နောက်မှရရှိသော ကိုယ်ခံအားနည်း ရောဂါတို့ဖြစ်သည်။ သင့်ကိုယ်ခံအားစနစ်ကို အားနည်းစေသော မည်သည့် အကြောင်းအရာမဆို ဒုတိယ အမျိုးအစားကို ဖြစ်စေသည်။
ကိုယ်ခံအားနည်းသည့်ရောဂါသည် သင့်ခန္ဓာကိုယ်မှ ရောဂါပိုးများ တိုက်ခိုက်ခြင်းကို တားဆီးသည်။ ထို့ကြောင့် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ် ပိုးများဝင်လွယ်ပြီး ရောဂါရလွယ်သည်။ကိုယ်ခံအားနည်းခြင်းသည် မွေးရာပါ ဖြစ်ခြင်းနှင့် နောက်မှတစ်ခုခုကြောင့် ဖြစ်ခြင်းဟူ၍နှစ်မျိုး ရှိသည်။

Immunodeficiency Disorder (ကိုယ်ခံအားနည်းသည့်ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ။

သွေးတိုးခြင်းသည် အလွန် အဖြစ်များသည်။ ၎င်းသည် အသက်အရွယ်မရွေးတွင်လည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ချေများစေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Immunodeficiency Disorder (ကိုယ်ခံအားနည်းသည့်ရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ။

အဖြစ်များသောလက္ခဏာများမှာ
• မျက်ခွံအတွင်းသားရောင်ရမ်းနီရဲခြင်း
• ထိပ်ကပ်နာ
• အအေးမိခြင်း
• ၀မ်းလျောခြင်း
• အဆုတ်ရောင်ခြင်း
• မှိုစွဲခြင်း တို့ဖြစ်သည်။
အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိတတ်သည်။ မေးလိုသည်များရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ။

သင့်တွင် အထက်ပါ လက္ခဏာများ ရှိခဲ့လျှင် သို့မဟုတ် မေးခွန်းများရှိလျှင် သင့်ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓာကိုယ်သည် တုံ့ပြန်မှုမတူညီပေ။ သင့်အခြေအနေအတွက် အကောင်းဆုံးဖြစ်စေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အကြောင်းရင်းများ

Immunodeficiency Disorder (ကိုယ်ခံအားနည်းသည့်ရောဂါ ) ကိုဘာတွေကဖြစ်စေသလဲ

ကိုယ်ခံအားနည်းသည့်ရောဂါကို ဖြစ်စေသော အကြောင်းရင်းများမှာ အဘယ်နည်း။
ကိုယ်ခံအားနည်းသောရောဂါသည် ကိုယ်ခံအားစနစ်၏ မည်သည့် အစိတ်အပိုင်းကို မဆို ထိခိုက်စေနိုင်သည်။
• ရိုးတွင်းချဉ်ဆီ
• ပြန်ရည်ကျိတ်များ
• ဘေလုံးနှင့် အစာအိမ်လမ်းကြောင်း
• သိုင်းမတ် (Thymus)
• အာသီး
ဤအခြေအနေများသည် သွေးဖြူဥများမှ အလုပ်မလုပ်သည့်အခါ သို့မဟုတ် ခန္ဓာကိုယ်မှ antibodies (ပဋိဇီဝပစ္စည်း) ကို လုံလောက်စွာမထုတ်သည့် အခါတွင် ဖြစ်သည်။
သွေးဖြူဥဆဲလ်များထိခိုက်သည့် မွေးရာပါ ကိုယ်ခံအားနည်းသည့် ရောဂါသည် အောက်ပါအခြေအနေများကို ဖြစ်စေသည်။
• Hypogammaglobulinemia (gamma globulin လျော့နည်းခြင်း) အသက်ရှူလမ်းကြောင်းနှင့် အစာအိမ်လမ်းကြောင်းရောဂါများ ဖြစ်စေသည်။
• Agammaglobulinemia (gamma globulin မရှိခြင်း) သည် အသက်ငယ်စဉ်တွင်ပြင်းထန်သော ရောဂါပိုးဝင်ခြင်းဖြစ်စေနိုင်ကာ သေဆုံးနိုင်ချေရှိသည်။
လူများသည် ကိုယ်ခံအားကိုနည်းစေသော ဆေးများကို သောက်သည့်အခါ ကိုယ်ခံအားစနစ်ကို ဖိနှိပ်ခံရသည်။ ကင်ဆာကုသော ဓာတုဆေးများကြောင့် ထိုသို့ဖြစ်တတ်သည်။
မွေးရာပါမဟုတ်သော ကိုယ်ခံအားနည်းရောဂါသည် HIV/AIDS နှင့် အာဟာရချို့တဲ့ခြင်းကဲ့သို့သော ရောဂါများ၏ နောက်ဆက်တွဲ အနေဖြင့် ဖြစ်နိုင်သည်။ ကင်ဆာကြောင့်လည်း ကိုယ်ခံအားနည်းရောဂါဖြစ်နိုင်သည်။
ဘေလုံးထုတ်ထားသော လူများတွင် ကိုယ်ခံအားနည်းရောဂါဖြစ်သည်။ ဘေလုံးမှပုံမှန် တိုက်ခိုက်နိုင်သော ဘက်တီးရီးယား ရောဂါပိုးများကို အလွယ်တကူရလွယ်သည်။ ဆီးချိုရောဂါရှိသော လူများသည်လည်း ရောဂါပိုးများ ကူးစက်လွယ်သည်။
အသက်ကြီးလာသည့်အခါ သွေးဖြူဥများအရေအတွက် နည်းလာပြီး လုပ်ဆောင်ချက်များ ကျဆင်းလာသောကြောင့် ကိုယ်ခံအားနည်းလာကြသည်။

ဖြစ်ပွားနိုင်ချေ မြင့်မားစေသည့်အကြောင်းရင်းများ

 Immunodeficiency Disorder (ကိုယ်ခံအားနည်းသည့်ရောဂါ ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ။

ကိုယ်ခံအားနည်းခြင်းကို ဖြစ်စေနိုင်သော အကြောင်းများစွာတွင် အောက်ပါတို့ပါဝင်သည်။
• Ataxia-telangiectasia (ငုပ်လျှိုးနေသောဗီဇရောဂါ၊ အာရုံကြောချို့ ယွင်းရောဂါ)
• Complement ချို့တဲ့ခြင်း
• DiGeorge ရောဂါစု
• Hypogammaglobulinemia (gamma globulin လျော့နည်းခြင်း)
• Job syndrome (ခန္ဓာကိုယ်စနစ်များ အထူးသဖြင့် ကိုယ်ခံအားစနစ်ကိုထိခိုက်သော ရောဂါစု)
• Leukocyte များ ကပ်အားနည်းခြင်း
• Bruton disease (immunoglobulin လျော့နည်းခြင်း (သို့) လုံးဝမရှိခြင်း)
• Wiskott Aldrich syndrome (ငုပ်လျှိုးနေသောဗီဇရောဂါ၊ သွေးမွှားဥနည်းပြီး နှင်းခူဖြစ်သော ကိုယ်ခံအားကျဆင်းရောဂါ)

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Immunodeficiency Disorder (ကိုယ်ခံအားနည်းသည့်ရောဂါ ) ကို ဘယ်လိုအတည်ပြုပါသလဲ။

ဆရာဝန်မှသင့်တွင် ကိုယ်ခံအားနည်းသည့်ရောဂါ ရှိသည်ဟု ထင်လျှင် အောက်ပါတို့ကို စစ်ဆေးနိုင်သည်။
• သင်၏ ကျန်းမာရေးရာဇ၀င်ကို မေးမြန်းခြင်း
• ခန္ဓာကိုယ်ကို စစ်ဆေးခြင်း
• သွေးဖြူဥပမာဏစစ်ဆေးခြင်း
• Tcell အရေအတွက် စစ်ဆေးခြင်း
• Immunoglobulin အတိုင်းအတာစစ်ဆေးခြင်း
ကာကွယ်ဆေးများသည် သင်၏ ကိုယ်ခံအားစနစ်တုံ့ပြန်မှုကို စစ်ဆေးသည်။ Antibody test (ပဋိဇီဝပစ္စည်း စစ်ဆေးခြင်း)ဟုခေါ်သည်။ ဆရာဝန်မှ သင့်ကို ကာကွယ်ဆေးထိုးပေးပြီး ရက်အနည်းငယ် သို့မဟုတ် သီတင်းပတ် အနည်းငယ် ကြာလျှင် မည်သို့တုံ့ပြန်သည်ကိုသိရှိရန် သွေးပြန်စစ်နိုင်သည်။

Immunodeficiency Disorder (ကိုယ်ခံအားနည်းသည့်ရောဂါ ) ကို ဘယ်လိုကုသပါသလဲ။

ကိုယ်ခံအားနည်းသောရောဂါသည် အခြေအနေတစ်ခုချင်းပေါ်တွင်မူတည်ပြီးကုသသည်။ ဥပမာ AIDS သည် ရောဂါပိုးများစွာကို ဖြစ်စေသည်။ သင့်ဆရာဝန်သည် ရောဂါတစ်ခုချင်းစီအတွက် ဆေးပေးရပါမည်။ ထို့အပြင် HIV ရောဂါကို ကုသရန် အတွက်လည်း ဆေးပေးရပါသည်။
ကိုယ်ခံအားနည်းသော ရောဂါကို ကုသရန် ပိုးသတ်ဆေးများနှင့် Immunoglobulin နှင့် ကုသခြင်းများပါဝင်သည်။ အခြားသော ဗိုင်းရပ်စ်ကို ကုသည့် ဆေးများသည် amantadine နှင့် acyclovir သို့မဟုတ် interferon ဆေးများပါဝင်သည်။
သင့် ရိုးတွင်းခြင်ဆီသည် သွေးဖြူဥများကို လုံလောက်စွာ မထုတ်နိုင်လျှင် သင့်ဆရာဝန်မှ ရိုးတွင်းခြင်ဆီလဲပြီး မူလဆဲလ်များလဲပြီး ကုသရန်အကြံပေးနိုင်ပါသည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်း နှင့် အိမ်တွင်းကုထုံးများ

ကိုယ်ခံအားနည်းသည့်ရောဂါကို သက်သာစေနိုင်သော အိမ်တွင်းကုထုံးများ သို့မဟုတ် နေထိုင်မှုပုံစံပြောင်းလဲနည်းများ ရှိပါသလား။

ကိုယ်ခံအားနည်းသည့် ရောဂါကို သက်သာစေရန် အောက်ပါတို့သည် သင့်ကို အထောက်အကူပြုနိုင်ပါလိမ့်မည်။
• HIV/AIDS ရောဂါကို ကာကွယ်ရန် လိင်ဆက်ဆံသည့်အခါ စိတ်ချရအောင် အကာအကွယ်သုံးပါ၊ ခန္ဓာကိုယ် မှ အရည်များနှင့် ထိတွေ့ခြင်းကို ရှောင်ပါ။
• အာဟာရကောင်းကောင်းပြည့်ဝခြင်းသည် အာဟာရချို့တဲ့ခြင်းကြောင့် ဖြစ်သော ကိုယ်ခံအားနည်းသည့် ရောဂါကို ကာကွယ်ပါလိမ့်မည်။
သင့်တွင် မေးမြန်းလိုသည်များ ရှိပါက သင့်အတွက် အကောင်းဆုံး အဖြေကို ရရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတျ 2, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 13, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။