IgA nephropathy (Berger's disease) (IgA ကျောက်ကပ်ရောဂါ ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

IgA nephropathy (Berger’s disease) (IgA ကျောက်ကပ်ရောဂါ ) ကဘာလဲ။

IgA ကျောက်ကပ်ရောဂါကို Berger’s ရောဂါဟုလည်းခေါ်ပြီး IgAဟုခေါ်သည့်အရာများကျောက်ကပ်များတွင် စုပုံကာရောင်ရမ်းပျက်စီးစေသောကျောက်ကပ်ရောဂါတစ်ခုဖြစ်

သည်။IgA သည် ခုခံအားစနစ်မှ ပြင်ပပစ္စည်းများ ဥပမာ ဘက်တီး

ရီးယားများ(သို့ )ဗိုင်းရပ်စ်ပိုးများကြောင့် တုံ့ ပြန်ထုတ်လုပ်ပေးလိုက်

သော ပရိုတိန်းဓာတ်တစ်မျိုး၊(antibodyတစ်မျိုး) ဖြစ်သည်။ထိုရော

ဂါဝေဒနာရှင်အများစုသည် ကျောက်ကပ်အထူးကုဆရာဝန်ထံတွင် ကုသကြရသည်။

IgA nephropathy (Berger’s disease) (IgA ကျောက်ကပ်ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ

သွေးတိုး(သို့ )ဆီးချိုရောဂါများကြောင့်ဖြစ်သည့် ကျောက်ကပ်ရော

ဂါများမှလွဲ၍ အဖြစ်အများဆုံးသော

အခြားကျောက်ကပ်ရောဂါများတွင်တခုအပါအ၀င်ဖြစ်သည်။ထိုရောဂါသည်ဆယ်ကျော်သက်အရွယ်မှ  အသက်30အသက်အရွယ်အတွင်းမကြာခဏဖြစ်ပွားတတ်သော်လည်း အသက်ရွယ်မရွေးတွင် ဖြစ်ပွားနိုင်ကြောင်းတွေ့ ရှိရသည်။ကမ္ဘာ့

လူဦးရေနှင့်နှိုင်းယှည်ကြည့်လျှင် ထိုရောဂါသည် အာရှသားများနှင့် အာရှမျိုးစပ်သူများတွင် ပိုအဖြစ်များသည်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

IgA nephropathy (Berger’s disease) (IgA ကျောက်ကပ်ရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

IgA ကျောက်ကပ်ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • ကိုလာ(သို့ )လက်ဖက်ရည်ကြမ်းရောင် ဆီးသွားခြင်း
  • ကိုလာ(သို့ )လက်ဖက်ရည်ကြမ်းရောင် ဆီးခဏဏသွားခြင်း တခါတရံတွင် ဆီးထဲသွေးများကိုပင်မြင်တွေ့ ရတတ်ပြီး အများအားဖြင့် အထက်ပိုင်းအသက်ရှူလမ်းကြောင်း(သို့ )အခြားသောရောဂါပိုးများဝင်နေစဉ်(သို့ )၀င်ပြီးသောအခါ ဖြစ်သည်။
  • သင့်၏နံရိုးနောက်သင့်ကျောဘေးဘက်များတွင် နာကျင်ကိုက်ခဲခြင်း
  • သင့်လက်နှင့်ခြေထောက်များဖောရောင်လာခြင်း
  • သွေးတိုးခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

IgA nephropathy (Berger’s disease) (IgA ကျောက်ကပ်ရောဂါ ) ကိုဘာတွေကဖြစ်စေသလဲ

သင့်ကျောက်ကပ်များသည် ပဲစေ့ပုံစံရှိပြီး လက်သီးဆုပ်လောက်

အရွယ်အစားသာရှိကြကာကျောရိုးတစ်ဘက်တစ်ချက်ရှိ သင့်ကျော

နားတွင်တည်ရှိကြသည်။ကျောက်ကပ်တစ်ခုစီရှိသွေးကြောငယ်များသည် အညစ်အကြေးများ၊ပိုနေသောရေနှင့်အခြားသော သွေးကြောမှပစ္စည်းများကျောက်ကပ်အားဖြတ်သန်းသွားစဉ်တွင်စစ်

၍စွန့် ထုတ်ပေးကြသည်။စစ်ထားသောသွေးအားသင့်သွေးကြောထဲသို့ ပြန်လည်ပို့ ဆောင်ပေးပြီး အညစ်အကြေးများကို သင့်ဆီးအိမ်ထဲသို့  ပို့ ဆောင်ပေးကာ ထိုမှတဆင့်သင့်ကိုယ်အပြင်ဘက်သို့ ဆီးသွားသောအခါစွန့် ပစ်ရသည်။IgAသည် ပြင်ပမှရောဂါဖြစ်စေသည့် အကောင်များနှင့်ပိုးမွှားများကို တိုက် ခိုက်သောကြောင့် သင့်ခုခံအားစနစ်တွင်အရေးကြီးသည်။သို့ သော် ယခုရောဂါတွင်

ထိုIgAသည်ကျောက်ကပ်သွေးကြောGlomeruliတွင် စုပုံကာ ကျောက်ကပ်အားရောင်ရမ်းစေပြီး စစ်ထုတ်သည့် စွမ်းဆောင်ရည်

ကိုထိခိုက်စေသည်။သုတေသနပညာရှင်များသည် မည်သည့်အ

ကြောင်းကြောင့်ကျောက်ကပ်တွင် IgAများစုပုံနေသည်ကိုတိတိကျ

ကျမသိကြသော်လည်း အောက်ပါအခြေအနေများသည် IgA ကျောက်ကပ်ရောဂါနှင့်ပတ်သတ်နေကြောင်းသိရသည်။

  • မျိုးရိုးဗီဇ – အဘယ်ကြောင့်ဆိုသော် ထိုရောဂါသည်အချို့ သောမိသားစုများနှင့်အချို့ သောလူ

မျိုးများတွင် ပို၍အဖြစ်များနေခြင်းကြောင့်ဖြစ်သည်။

  • အသည်းတွင်ပုံမှန်တစ်ရှူးများသည် အသားမာ တက်သွားကာ အသည်းခြောက်ရောဂါဖြစ်ခြင်းနှင့် နာတာရှည်အသည်းရောင်အသားဝါဘီပိုးရောဂါ၊စီပိုးရောဂါတို့ အပါအ၀င် အသည်းရောဂါများ
  • Celiac diseaseဟုခေါ်သော ပဲအများစုတွင် ပါဝင်သည့်

ပရိုတိန်း Glutenအားစားရာမှ ဖြစ်ပွားသည့် အစာလမ်း

ကြောင်းရောဂါတခုရှိခြင်း

  • Glutenအားခံနိုင်ရည်မရှိရာမှ ဖြစ်ပွားသည့်အရေပြားယားယံ၍ရေကြည်ဖုများပေါက်

သော Dermatitis herpetiformis ရောဂါရှိခြင်း

  • HIVနှင့်အချို့ သောဘက်တီးရီးယားပိုးများရှိခြင်း စသည်ဖြင့်ဖြစ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ IgA nephropathy (Berger’s disease) (IgA ကျောက်ကပ်ရောဂါ ) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

IgA ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • မြောက်အမေရိကတိုက်နှင့်ဥရောပအနောက်ပိုင်းတွင် ထိုရောဂါသည် အမျိုးသမီးများထက်အမျိုးသားများတွင်

အနည်းဆုံးနှစ်ဆပိုမိုဖြစ်ပွားနေကြောင်းသိရှိရသည်။

  • လူမည်းများထက်စာလျှင်အာရှသားများနှင့်အာရှမျိုးစပ်သူများတွင် ပိုအဖြစ်များသည်။
  • မျိုးရိုးလိုက်ခြင်း – အချို့ သော

မိသားစုအဆက်ဆက်တွင်ထိုရောဂါသည်ပေါ်လာ

တတ်သောကြောင့်မျိုးရိုးဗီဇနှင့်သက်ဆိုင်ကြောင်းလည်း

သိရသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

IgA nephropathy (Berger’s disease) (IgA ကျောက်ကပ်ရောဂါ ) ကို ဘယ်လိုအတည်ပြုပါသလဲ

ယခုအချိန်တွင်ဆေးပညာရှင်များသည် သွေး(သို့ )ဆီးစစ်ဆေးခြင်း

များကိုအသုံးပြု၍ထိုရောဂါအား အတည်မပြုကြတော့ပဲ ကျောက်

ကပ်အသားစယူ၍စစ်ဆေးခြင်းသာပြုလုပ်ကြသည်။ထိုကဲ့သို့ ပြုလုပ်ရန် ကျောက်ကပ်အသားစငယ်အားမိုက်ခရိုစကုပ်အောက်တွင်စစ်

ဆေးရသည်။ဆေးရုံ(သို့ )အပြင်လူနာကြည့်သည့်ဆေးခန်းတွင်

သိပ်မပြင်းထန်သောစိတ်ငြိမ်ဆေး(သို့ )ထုံဆေးဖြင့်အသားစယူလေ့

ရှိသည်။ဆရာဝန်သည်အသားစယူမည့်အပ်ကိုကျောက်ကပ်ထဲရောက်ရန်အယ်ထရာဆောင်း(သို့ )ကွန်ပျူတာဓာတ်မှန်ရိုက်ပြီးကြည့်ရှူထည့်ရသည်။တစ်ရှူးအသားစများကိုစစ်ဆေးကြည့်ရှူပြီး ရောဂါများ

ရှာကာသတ်မှန်ရသောရောဂါဗေဒအထူးကုဆရာဝန်သည်မိုက်ခရိုစ

ကုပ်အောက်တွင်ကျောက်ကပ်အသားစတစ်ရှူးအားစစ်ဆေးပါလိမ့်

မည်။အသားစယူ၍စစ်ဆေးခြင်းဖြင့်သာ ကျောက်ကပ်သွေးကြောGlomeruli များထဲတွင်IgAများစုပုံနေခြင်း

ရှိမရှိကိုသိရှိနိုင်သည်။ထိုစစ်ဆေးမှုဖြင့်ပင် ကျောက်ကပ်အားမည်မျှ

ထိခိုက်မှုဖြစ်ပွားသည်ကိုလည်း သိရှိနိုင်သည်။ထိုအသားစရလဒ်များ

သည် ဆရာဝန်အား အကောင်းဆုံးကုသမှုပုံစံပေးနိုင်ရန်အထောက်

အကူပြုပါသည်။

IgA nephropathy (Berger’s disease) (IgA ကျောက်ကပ်ရောဂါ ) ကို ဘယ်လိုကုသပါသလဲ

ထိုရောဂါအတွက် ကုသပျောက်ကင်းနိုင်သည့်နည်းလမ်းမရှိသေးပဲ

ရောဂါသည်မည်ကဲ့သို့ ဆက်၍တိုးတက်ဖြစ်ပွားသွားမည်ကိုလည်း

တိကျစွာမသိနိုင်သေးပါ။အချို့ သောသူများသည် လုံးဝပျောက်ကင်း

သွားကြပြီး အခြားသူများသည် ဆီးထဲတွင် သွေး(သို့ )ပရိုတိန်း

ဓာတ်နည်းနည်းဖြင့် နေထိုင်သွားကြသည်။အချို့ သောဆေးများ

သည်ရောဂါဆိုးဝါးလာမှုကို နှောင့်နှေးစေနိုင်ပြီး သွေးတိုးခြင်း၊ဆီးထဲ

ပရိုတိန်းဓာတ်ပါခြင်းနှင့်သင့်လက်၊ခြေထောက်များတွင် ဖောရောင်

ခြင်းစသောလက္ခဏာများသက်သာအောင်လည်းကူညီပေးနိုင်ပါသည်။

IgAကျောက်ကပ်ရောဂါအား ကုသရန်သုံးသောဆေးဝါးများ

  • သွေးပေါင်ကျဆေးများ – ထိုရောဂါ၏ အဖြစ်များသောနောက်ဆက်တွဲပြဿနာမှာ သွေးတိုးခြင်းဖြစ်ပြီး angiotensin-converting enzyme inhibitors (သို့ )angiotensin receptor blockersဆေး

များကိုသောက်သုံးခြင်းဖြင့်သွေးပေါင်ကျစေနိုင်ပြီး သင့်ဆီးထဲရှိပရိုတိန်းဓာတ်ပမာဏကိုလည်း နည်းစေနိုင်

သည်။

  • Omega-3 fatty acids – ကိုယ်ခန္ဓာအတွက်ကောင်း

သောထိုအဆီများကို ငါးကြီးဆီဖြည့်စွက်စာများမှ ရရှိနိုင်

ပြီး ကျောက်ကပ်သွေးကြောGlomeruli ထဲတွင် မည်သည့်ဘေးထွက်ဆိုးကျိုးမှမရှိပဲ ရောင်ရမ်းမှုကို သက်

သာစေသည်။ထိုဖြည့်စွက်အားဆေးများမသောက်သုံးခင်သင့်ဆရာဝန်ထံမှ အကြံဥာဏ်ရယူပါ။

  • အချို့ သောအခြေအနေများတွင် prednisolone ကဲ့သို့ သောကော်တီကိုစတီးရွိုက်ဆေးများနှင့်ခုခံအား

တုံ့ ပြန်မှုကို ဖိနှိပ်ပေးနိုင်သောအခြားဆေးများကို ကျောက်ကပ်စွမ်းဆောင်ရည်အား ကာကွယ်ပေးနိုင်ရန်

အသုံးပြုရတတ်သည်။သို့ သော်ထိုဆေးများသည် သွေးတိုးခြင်း၊သွေးထဲသကြားဓာတ်များခြင်း စသောပြင်း

ထန်သည့်ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပွားစေနိုင်သော

ကြောင့် ဆေး၏အကျိုးကျေးဇူးများနှင့်ဘေးရန်ကို ချိန်ညှိကာအသုံးပြုရသည်။

 

 

  • ကိုလက်စထရောကျစေသော Statin ဆေးများဖြင့်ကုသခြင်းသည် သင့်ကျောက်ကပ်များအားထိခိုက်မှုကို နှေးကွေးအောင်

လုပ်ပေးနိုင်သည်။

  • Mycophenolate mofetil(CellCept) ဆေးအားအသုံးပြု

မှုမှ ရရှိသောအကျိုးကျေးဇူးများအား လေ့လာမှုအများစုမှ

မပြသနိုင်သေးသော်လည်း သွေးပေါင်ကျစေသောကုသမှုများဖြင့်ကုသခံထားရပြီး

ဆီးထဲတွင်ဆက်လက်၍ပရိုတိန်းတက်နေသူများတွင်

အောင်မြင်ထိရောက်စွာကုသနိုင်ကြောင်းတွေ့ ရသည်။

နောက်ဆုံးရည်ရွယ်ချက်မှာ ကျောက်ကပ်ဆေးရခြင်း(သို့ )ကျောက်ကပ်အစားထိုးရခြင်း၏လိုအပ်ချက်ကို ရှောင်ကြဉ်ရန်ဖြစ်သည်။သို့ သော်

ရောဂါနောက်ဆုံးအဆင့်များတွင ကျောက်ကပ်ဆေးခြင်း

(သို့ )အစားထိုးခြင်းတို့ လိုအပ်နိုင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက IgA ကျောက်ကပ်ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် IgA ကျောက်ကပ်ရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • သင့်သွေးပေါင်ချိန်ချရန် အောက်ပါတို့ ကိုဆောင်ရွက်ပါ။

ကောင်းသည့်ပုံမှန်သွေးပေါင်ချိန်အားထားခြင်းဖြင့် ထိုရောဂါကြောင့်ဖြစ်သည့်ကျောက်ကပ်ပျက်စီးမှုအား နှေးကွေးစေပါသည်။သင့်ဆရာဝန်သည် သင့်အားကျန်းမာရေးနှင့်ညီညွတ်သောစားသောက်မှုပုံစံကိုထားရှိရန်ထောက်ခံပေးတတ်သည်။ဆားလျှော့စားခြင်း၊ကိုယ်အလေးချိန်ကျဆင်းစေခြင်း၊ကိုယ်ကာယလှုပ်ရှားမှု

ပြုခြင်း၊အရက်အသင့်အတင့်သာသောက်ခြင်းနှင့်သွေး

ပေါင်ချိန်ထိန်းပေးသည့်ဆေးများကို ပုံမှန်သောက်သုံးခြင်းဖြင့်သင့်သွေးပေါင်ချိန်ကို ထိန်းချုပ်မှုကောင်းစေပါသည်။

  • သင့်၏သွေးပေါင်ချိန်အား အိမ်တွင်တိုင်းတာစောင့်ကြည့်ပါ။သွေးပေါင်ချိန်ကို မှတ်သား၍မှတ်တမ်းအား သင်နှင့်အတူ ယူဆောင်၍ရက်ချိန်းပေးထားသောဆရာဝန်အားပြသပါ။
  • ပရိုတိန်းဓာတ်များကို လျှော့စားခြင်း – သင်စားသည့်ပရိုတိန်းဓာတ်ပမာဏအား လျှော့စားခြင်းနှင့် သင့်၏ကိုလက်စထရောပမာဏအား

နည်းလမ်းကောင်းများယူ၍လျှော့ချခြင်းဖြင့် ရောဂါဆိုးဝါးတိုးတက်သွားမှုကို နှေးကွေးစေပြီး သင့်ကျောက်ကပ်များကိုလည်း ကာကွယ်ပေးပါသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ မတျ 14, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတျ 14, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ