backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Idiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 29/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Idiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း) ကဘာလဲ။

အကြောင်းရင်းမသိပဲဖောခြင်းသည် မိန်းမများတွင် ရေများစုပြုံလာပြီးဖောလာခြင်းအဖြစ်အများဆုံးအကြောင်းဖြစ်သည်။

ဖောခြင်းသည် အချိန်ခဏ သို့မဟုတ် တောက်လျောက်ဖြစ်နေတတ်သည်။

Idiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာမိန်းကလေးများ အသက်အလယ်အလတ်လောက်တွင်ဖြစ်တတ်သည်။ အသက်ကြီးလာသည်နှင့်ပိုဆိုးလာနိုင်သည်။ အမျိုးသမီးတော်တော်များများက လတလ၏အချို့အချိန်များတွင်ပိုဆိုးတတ်သည် ဟုဆိုကြသည်။( ရာသီမလာခင်အချိန်) အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Idiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက်ခြေ ချက် (ဝမ်းဗိုက်) ရင်သား မျက်နှာများတွင် ဖောခြင်းအနည်းငယ်ဖြစ်တတ်သည်။ ညနေပိုင်းတွင်ပိုဆိုးတတ်ပြီး ညအိပ်ချိန်ပြီးကပြန်သက်သာသွားတတ်သည်။

အကြောင်းရင်းမသိပဲဖောသောသူများသည် မနက်တွင် ကီလိုနှစ်ကီလို (လေးပေါင်) ညနေထက်တက်တတ်သည်ဟုဆိုသည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Idiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်စေသောအကြောင်းမှာ သွေးကြောရှိအရည်အနည်းငယ် တစ်သျူးထဲသို့ထွက်လာခြင်းဟုယူဆကြသည်။ အဘယ်ကြောင့်ထိုသို့ဖြစ်ရသည်ကို သေချာမသိပါ။ အကြာကြီးရပ်ပြီးချိန်တွင် ပိုဆိုးတတ်သည်။ သွေးကြောရှိ ဖိအားသည် မတ်တက်ရပ်နေချိန်တွင်ပိုဆိုးသည်။ ခရီးအကြာကြီးသွားခြင်း သို့မဟုတ် အကြာကြီးထိုင်ခြင်းတို့က ဖောခြင်းကိုပိုဆိုးစေတတ်သည်။

ဖြစ်နိုင်သောအကြောင်းအရင်းတစ်ခုမှာ ဆား( ဆိုဒီယမ်) ကိုဆွဲခြင်းကြောင့်ဖြစ်သည်။ ဆားကိုခန္ဓါကိုယ်ကယူထားပါက အရည်ကိုပါဆွဲထားပြီး အချို့သောဖောခြင်းကိုဖြစ်စေနိုင်သည်။

အရည်ကိုဆွဲခြင်းဖြစ်နိုင်သောအကြောင်းအရင်းသည် အချို့သူများတွင်အတည်ပြုရန်ခက်ခြင်းမှာ အစားအများခြင်းနင့် ဝိတ်လျော့ခြင်းတလှည့်စီလုပ်နေသောကြောင့်ဖြစ်သည်။ ထိုကြောင့် ပြတ်တောင်းပြတ်တောင်းရေအားဆွဲခြင်းကိုဖြစ်စေသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Idiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အကြောင်းရင်းမသိပဲဖောခြင်းသည် နှလုံး ကျောက်ကပ် သို့မဟုတ် အသဲရောဂါမရှိသူများတွင်ဖြစ်သည်။ တခါတရံ ဆီးချို ဝခြင်း နှင့် စိတ်ပိုင်းဆိုင်ရာပြသနာ ( စိတ်ဓါတ်ကျခြင်း နှင့် အာရုံကြောလက္ခဏာ)များနှင့်တွဲတတ်သည်။

ဝိတ်ကျစေရန် အချို့သောအလေ့အကျင့်( ဆီးဆေး ဝမ်းလျောဆေး နှင့် အန်ဆေးသောက်ခြင်း) များနှင့်လည်းတွဲတတ်သည်။ ထိုကြောင့် အကြောင်းရင်းမသိပဲဖောခြင်း တကယ်ကိုအကြောင်းပြချက်မရှိပဲဖြစ်ခြင်းဟုတ်မဟုတ်ကိုမေးခွန်းဖြစ်နေသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Idiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အကောင်းဆုံးရောဂါအတည်ပြုချက်ရရန် ဆရာဝန်နှင့်တိုင်ပင်ပါ။

Idiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း) ကို ဘယ်လိုကုသပါသလဲ

များသောအားဖြင့် ဆိုဒီယမ်နည်းသော ကာဗွန်ဟိုတ်ထရိတ်နည်းသောအစာကိုစားပါက သက်သာစေသည်ကိုတွေ့ရသ်။ ဆီးဆေးသောက်နေသောသူများတွင် ခဏတာ ရပ်ထားခြင်းက လက္ခဏာကိုသက်သာစေနိုငသည်။ ပထမကုသချက်များကိုမတုံ့ပြန်ပါက ကုသရန်ခက်ခဲတတ်သည်။ သို့သော် အခြားကုထုံးဥပမာ သွေးတိုးကျဆေး(အေစီအီးအိုင်)ကကုသမှုကိုအောင်မြင်စေသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကို အကြောင်းရင်းမသိပဲဖောခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အကြောင်းရင်းမသိပဲဖောခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

အကြာကြီးရပ်ခြင်းကိုရှောင်ပါ။

မတ်တပ်အကြာကြီးရပ်၇သောအလုပ်လုပ်နေသူဖြစ်ပါကခက်ခဲတတ်သည်။ အထောက်အကူပေးသော စတော့ကင်း များက ခြေသလုံးခြေထောက်များဖောခြင်းကိုသက်သာစေသည်။ ယခုအချိန်တွင် ဝိတ်ရအဆင်ပြေသောပုံစံမျိုးစုံ ဆိုဒ်မျိုးစုံ ရှိနေပြီဖြစ်သည်။ အသားကပ်ဘောင်းဘီ စတော့ကင်များက ဆရာဝန်၏ညွန်ကြားချက်အတိုင်းရနိုင်နေပြီဖြစ်သည်။

ဝိတ်လျော့ပါ။

ရေဆွဲခြင်းဖြစ်သောသူတောတော်များများသည် အဝလွန်နေသူဖြစ်တတ်ပြီး ဝိတ်ချခြင်းက ဖောခြင်းကိုသက်သာစေသည်။ တဖြည်းဖြည်းချင်းဝိတ်ချခြင်း( စားလိုက်မစားလိုက်လုပ်ခြင်းထက်ပိုကောင်းသည်) ကိုညွန်ကြားထားသည်။

ဆား(ဆိုဒီယမ်)ရှောင်ခြင်း။

ဆားစားမှုကိုလျော့လိုက်ပါက ဖောခြင်းသက်သာနိုင်သည်။ နည်းလမ်းတခုမှာ အစာထဲဆားသက်သက်ထည့်မစားခြင်း ချက်ပြုတ်စားသောအစာများတွင် ဆားကိုလျော့ထည့်ခြင်း ဆားအများကြီးစားခြင်းကိုရှောင်ခြင်းတို့ဖြစ်သည်။

ပိုတက်ဆီယမ်များသောအစာကိုစားပါ။

ပိုတက်ဆီယမ်များသောအစာများက ခန္ဓါကိုယ်ရှိဆားကိုနည်းစေပြီး ဖောခြင်းကိုသက်သာစေနိုင်သည်။ ပိုတက်ဆီယမ်များသောအစာများတွင် အသီးတော်တော်များများ အဓိကအားဖြင့် ငှက်ပျောသိး ခရမ်းချသ်သီး။ ပိုတက်ဆီယမ် ဖြည့်စွက်ဆေးများလဲသောက်နိုင်သည်။

ရေ ဆေးအခဲ( ဆီးဆေး)

အခြားအကြောင်းကြောင့်ဖောပါက ဆိးဆေးသောက်လေ့ရှိသည်။ သို့သော် အကြောင်းမသိဘဲဖောခြင်းသည် ဆီးဆေးကြောင့်အချို့သူများတွင်ပိုဆိုးစေတတ်သည်။ ဆားနှင့်ရေညီမျှမှုကိုပြောင်းလဲသောကြောင့်ဖြစ်သည်။

ပြသာနာကရှင်းရန်မလွယ်လှပါ။ ဆရာဝန်အား ကူညီနိုင်သည် မနိုင်သည်ကိုဆွေးနွေးနိုင်သည်။ ထို့အပြင် ဆီးဆေးပုံစံမျိုးစုံရှိပြီး အချို့ဆေးများက ဒီရောဂါတွင်မသောက်ရန်သတိပေးထားသည်။ ထို့ကြောင့်ဆီးဆေးမသောက်ခင်ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Nadi မှ ရေးသားသည်။ · 29/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement