backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hypoxia (အောက်စီဂျင်နည်းခြင်း)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hypoxia (အောက်စီဂျင်နည်းခြင်း) ကဘာလဲ။

အောက်စီဂျင်နည်းခြင်းသည် တစ်ရှူးများဆီသို့ အောက်စီဂျင်နည်းပါးစွာရောက်သော အခြေအနေကို ဆိုလိုပါသည်။ ဟိုက်ပေါက်စီးမီးယားဟုခေါ်သော သွေးတွင်းအောက်စီဂျင်ပမာဏ ပုံမှန်ထက်လျော့နည်းခြင်းမှ ဖြစ်ရခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် အထက်ပါအခြေအနေနှစ်မျိုးလုံးကိုညွှန်သည့်အနေဖြင့် အောက်စီဂျင်နည်းခြင်းဟုသာခေါ်လေ့ရှိပါသည်။ အောက်စီဂျင်နည်းခြင်း နှင့် ဟိုက်ပေါက်စီးမီးယားသည် တခြားသောအခြေအနေများ၏လက္ခဏာလည်း ဖြစ်နိုင်သည်။ ထိုအခြေအနေများသည် များသောအားဖြင့် အသက်ရှုစနစ်နှင့် သွေးလှည့်ပတ်မှုတွင်ဖြစ်သော အခြေအနေများဖြစ်သည်။ ပုံမှန်သွေးလွှတ်ကြောတွင်း သွေးများ၌ အောက်စီဂျင် ၇၅ – ၁၀၀ mmHg ရှိရမည်ဖြစ်သည်။ ၆၀ mmHg အောက်ဆိုပါက သင့်တွင် အောက်စီဂျင်နည်းခြင်းဖြစ်နေပြီး အောက်စီဂျင်ရှုရန် လိုအပ်နိုင်ပါသည်။

Hypoxia (အောက်စီဂျင်နည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Hypoxia (အောက်စီဂျင်နည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အောက်စီဂျင်နည်းခြင်း၏လက္ခဏာများမှာ တစ်ဦးနှင့်တစ်ဦး မတူတတ်ပါ။ သို့သော် အဖြစ်များဆုံးလက္ခဏာများကတော့

  • အသက်ရှုလမ်းကြောင်းပြဿနာများ – အသက်ရှုမဝခြင်း၊ အသက်ရှုမြန်ခြင်း၊ ချောင်းဆိုးခြင်းနှင့် တရွှီရွှီမြည်ခြင်းတို့ ဖြစ်ပါသည်။
  • နှလုံးနှင့်သွေးကြောပြဿနာများ – နှလုံးခုန်မြန်ခြင်း
  • ဦးနှောက်သို့မဟုတ် အသိစိတ်ပြဿနာများ – ခေါင်းကိုက်ခြင်း၊ စိတ်ထွေပြားခြင်း
  • အရေပြားအရောင်ပြောင်းခြင်း – အပြာမှ ချယ်ရီနီရောင်
  • တခြားလက္ခဏာများ – ဂဏာမငြိမ်ခြင်း၊ ချွေးထွက်ခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။

  • အနည်းငယ်လှုပ်ရှားရုံနှင့် အသက်ရှုမဝတော့ခြင်း သို့မဟုတ် နားနေလျှင်တောင်ဖြစ်နေခြင်း
  • လေ့ကျင့်ခန်းလုပ်သည့်အခါ သို့မဟုတ် ကိုယ်လက်လှုပ်ရှားသည့်အခါများတွင် အသက်ရှုမဝခြင်း
  • အိပ်ပျော်နေစဉ် အသက်ရှုမဝသောကြောင့် အိပ်ရေးပျက်ခြင်း။ ထိုအခြေအနေသည် ညအိပ်ပျော်စဉ်နိုးလာတတ်သော အက်ပ်နီးယားရောဂါလည်း ဖြစ်နိုင်ပါသည်။

အောက်ပါလက္ခဏာများရှိလာပါက ဆရာဝန်နှင့်ချက်ချင်းပြသပါ။

  • ရုတ်တရတ်ပြင်းထန်စွာ အသက်ရှုကြပ်လာခြင်းကြောင့် ဘာမှမလုပ်နိုင်တော့ခြင်း
  • ချောင်းဆိုး၊ နှလုံးခုန်မြန်ပြီး အရည်များနှင့်ဖောရောင်လာခြင်းနှင့်အတူ ဆိုးဝါးစွာအသက်ရှုကြပ်ခြင်း

အကြောင်းရင်းများ

Hypoxia (အောက်စီဂျင်နည်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အောက်စီဂျင်နည်းခြင်းမှာ သင်၏အသက်ရှုစနစ်နှင့် သွေးလှည့်ပတ်စနစ်တွင် ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ်များ ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ တစ်ချို့သော အခြေအနေများကလည်း အောက်စီဂျင်နည်းခြင်းကို ဦးတည်စေနိုင်ပါသေးသည်။ ဥပမာ –

  • အဆုတ်ပွခြင်း
  • အမ်ဖိုက်စီးမား
  • လေပြွန်ကြီးရောင်ခြင်း
  • အဆုတ်တွင်းရေဝင်ခြင်း
  • သွေးအားနည်းခြင်း – အောက်စီဂျင်သယ်သော သွေးနီဥများနည်းပါးခြင်းနှင့် ဆိုင်ရာနိုက်အဆိပ် သင့်ခြင်း

အောက်စီဂျင်နည်းခြင်းသည် ဆိုးဝါးသောပန်းနာရင်ကြပ်ဖောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ရောဂါဖောက်စဉ်တွင် အသက်ရှုလမ်းကြောင်းမှာ ကျဉ်းသွားပြီး အဆုတ်များဆီသို့ လေမရောက်ဖြစ်နိုင်ပါသည်။

တစ်ခါတစ်ရံတွင် သင်သောက်သောဆေးများ ဥပမာ အကိုက်အခဲပျောက်ဆေးပြင်းများကလည်း အသက်ရှုမဝခြင်းကို ဖြစ်စေနိုင်ပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Hypoxia (အောက်စီဂျင်နည်းခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်စီဂျင်နည်းခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • ပြင်ပအန္တရာယ်များဖြစ်သော ဆေးလိပ်၊ သို့မဟုတ် ဆေးလိပ်ငွေ့၊ လေထုညစ်ညမ်းခြင်း၊ ဓါတုဆေးများ၊ လေထဲမှဖုန်မှုန့်များ၊ အမြင့်ဒေသများ
  • အတွင်းအန္တရာယ်များသည် အဆုတ်နှင့် နှလုံးသွေးကြောအင်္ဂါများ၏ မကျန်းမာသော အခြေအနေတို့မှ ဖြစ်လာခြင်းဖြစ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hypoxia (အောက်စီဂျင်နည်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

Pulse Oximeter (လက်တွင်ညှပ်ပြီးတိုင်းသော ကိရိယာ) ကိုသုံးပြီး သွေးတွင်းမှဓါတ်ငွေ့များကို တိုင်းတာမည်ဖြစ်သည်။ သို့မဟုတ် သွေးလွှတ်ကြောမှ သွေးနမူနာကိုယူကာ တိုက်ရိုက်လည်း တိုင်းနိုင်ပါသည်။ oximeter များ၌ ပုံမှန် ၉၅% မှ ၁၀၀% ကြားရှိရမည်ဖြစ်သည်။ အောက်စီဂျင်လယ်ဗယ် ၉၀ နှင့် အောက်ဆိုပါက သင့်၌ အောက်စီဂျင်နည်းခြင်းရနေပြီ ဖြစ်သည်။

ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်းကဲ့သို့ အခြေအနေများအား သံသယရှိသည်ဆိုပါက ဆရာဝန်သည် တခြားသောစစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မည်။ ၎င်းတို့မှာ အဆုတ်လုပ်ငန်းစစ်ဆေးခြင်းနှင့် မရှင်းပြနိုင်သော အောက်စီဂျင်လျော့နည်းမှုကို ဆုံးဖြတ်နိုင်မည့် တခြားလေ့လာများပြုလုပ်ခြင်းတို့ဖြစ်ပါသည်။

Hypoxia (အောက်စီဂျင်နည်းခြင်း) ကို ဘယ်လိုကုသပါသလဲ

အောက်စီဂျင်နည်းခြင်းကိုကုသရန်အတွက် ဆေးရုံတက်ရန်လိုအပ်ပြီး အောက်စီဂျင်လယ်ဗယ်ကို စစ်ဆေးနေရန် လိုအပ်ပါသည်။ အရေးပေါ်အခြေအနေများတွင် အဓိကသော့ချက်မှာ ခန္ဓါကိုယ်တွင်းသို့ အောက်စီဂျင်များများရောက်ရန်သာ ဖြစ်သည်။ နှာခေါင်းနှင့် ပါးစပ်ကိုလုံသော Mask ကိုသုံးပြီး အောက်စီဂျင်ပေးပါလိမ့်မည်။

ထိုသို့လုပ်လျှင်သော်မှ အောက်စီဂျင်လယ်ဗယ်ပုံမှန်ပြန်မဖြစ်လာလျှင် အသက်ရှုလွယ်ကူစေရန် ပန်းနာရင်ကြပ်ဆေး သို့မဟုတ် ရှုဆေးများကိုပေးနိုင်ပါသည်။ ထိုထိအောင်အဆင်မပြေသေးပါက အကြောဆေးသွင်းရမည်ဖြစ်သည်။ ရောင်နေသောအဆုတ် ခဏတာကျုံ့သွားစေရန်အတွက် စတီးရွိုက်များ လိုအပ်နိုင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အောက်စီဂျင်နည်းခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အောက်စီဂျင်နည်းခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

  • ဆေးလိပ်ဖြတ်ပါ – အောက်စီဂျင်နည်းခြင်း သို့မဟုတ် တခြားအဆုတ်ရောဂါ ရှိနေကြောင်း အတည်ပြုပြီးပါက သင့်အခြေအနေ တိုးတက်လာစေရန်အတွက် ပထမဆုံးလုပ်ရမည့်အရာဖြစ်ပါသည်။
  • ဆေးလိပ်ငွေ့မရှုမိအောင်နေပါ – ဆေးလိပ်ဖြတ်သည့်အပြင် ဆေးလိပ်သောက်သူများရှိရာကိုလည်း ရှောင်ရပါမည်။ တစ်ဆင့်ခံရှုခြင်းသည်လည်း ကိုယ်တိုင်သောက်သည်ထက် ပိုပြီးအဆုတ်ကို ပျက်စီးစေပါသည်။
  • ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ – လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက တစ်ကိုယ်လုံးကို သန်မာစေပါသည်။
  • မှန်ကန်စွာစားသောက်ပြီး တက်တက်ကြွကြွနေပါ။
  • ပန်းနာရင်ကြပ်ဖြစ်စေသည်များကို သိထားပြီး ရှောင်နိုင်မည့်နည်းလမ်းများကို ရှာထားပါ။

အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement