Hypothermia (ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hypothermia (ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း) ကဘာလဲ။

ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်းဆိုသည်မှာ ခန္ဓာ ကိုယ်မှ အပူထုတ်နိုင်မှုထက် ပို၍မြန်မြန် အပူများ ဆုံးရှုံးနေ သော အခြေအနေတစ်ခုကို ခေါ်ပါသည်။ ခန္ဓာကိုယ်အပူချိန် သည် ၃၅ ဒီဂရီ စင်တီဂရိတ် (၉၈.၆ ဒီဂရီ ဖာရင်ဟိုက်) အောက် ကျဆင်းသောအခါ ဖြစ်ပွားပါသည်။

ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းခြင်း ကိုမကုသဘဲထားပါက အန္တရာယ် ရှိပါသည်။ နှလုံး၊ အာရုံကြောစနစ် နှင့် အခြားကိုယ်အင်္ဂါများ ပျက်စီးစပြုလာပြီး အသက်အန္တရာယ်ပင် စိုးရိမ်ရနိုင်သည်။

Hypothermia (ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ။

ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်းသည် အေးသော ဒေသများတွင် နေထိုင်သော အသက်ကြီးသူများနှင့် ကလေး ငယ်များတွင် အများဆုံးဖြစ်ပွားပါသည်။ အန္တရာယ် ဖြစ်စေ သော အချက်များကို လျော့ချခြင်းဖြင့် ကိုယ်အပူချိန် အလွန် အမင်း ကျဆင်းခြင်း ဖြစ်နိုင်မှုကို လျော့ချ နိုင်ပါသည်။ ပိုမို သော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။

လက္ခဏာများ

Hypothermia (ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။

ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း၏ ရောဂါလက္ခ ဏာများမှာ
• ခန္ဓာကိုယ်အပူချိန်သည် ၃၅ ဒီဂရီ စင်တီဂရိတ် ( ၉၅ ဒီဂရီ ဖာရင်ဟိုက်) အောက်ကျဆင်းခြင်း
• ဆက်တိုက် ချမ်းခိုက်ခိုက်တုန်ခြင်း
• စကားပြောရာတွင် မပီသခြင်း၊ စကားလုံး မသဲကွဲခြင်း ၊
• နှုတ်ခမ်းပြာခြင်း
• အရေပြား နီရဲခြင်း သို့မဟုတ် အေးခြင်း (မွေးကင်းစ ကလေးများတွင်)
• အသက်ရှု နှေးခြင်း၊ တိမ်ခြင်း
• စိတ်ရှုပ်ထွေးခြင်း၊ မှတ်ဥာဏ် ဆုံးရှုံးခြင်း
• သွေးခုန်နှုန်း အားနည်းခြင်း
• အိပ်ငိုက်ခြင်း၊ အားအင်နည်းခြင်း
နောက်ဆက်တွဲ ဆိုးကျိုးများတွင် နှင်းကိုက်နာ၊ ခြေလက်ပုပ်ခြင်း၊ သွေးလည်ပတ်မှု မကောင်း၍ ကိုယ်လက်နာကျင် ကိုက်ခဲခြင်း နှင့် ခြေထောက် နာခြင်းတို့ ပါဝင်သည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ။

ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း၏ လက္ခဏာများ ရှိပါက အရေးပေါ်ကုသရန် လိုအပ်ပါသည်။ အထူးသဖြင့် သင့်တွင် ဆီးချိုးသွေးချို ကဲ့သို့ ကျန်းမာရေးအခြေအနေများ ရှိပါက ဖြစ်သည်။ ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း သည် ခန္ဓာကိုယ်တွင် အန္တရာယ်ရှိသော အကျိုးဆက်များ ဖြစ် စေနိုင်သည်။

လူတိုင်း၏ ခန္ဓာကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Hypothermia (ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ။

ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း၏ အဓိက ဖြစ် စေသော အကြောင်းရင်းမှာ အေးသော ရာသီဥတု သို့မဟုတ် အေးသော ရေထဲတွင် အကာအကွယ်မပါဘဲ နေခြင်းကြောင့် ဖြစ်သည်။ သင့်တော်သော အပေါ်အဝတ်မရှိဘဲနေခြင်း သို့ မဟုတ် စိုစွတ်သော အဝတ်ဖြင့်နေခြင်းသည် သင့်ခန္ဓာကိုယ် အား အပူထုတ်ရန် ပိတ်ပင်ပါသည်။ အေးသောဒေသများသို့ ခရီးသွားပါက နွေးထွေးမှုရှိရန် ကြိုတင်ပြင်ဆင်ရမည်။

ဖြစ်နိုင်ခြေများ

 Hypothermia (ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း) ဖြစ်နိုင်ခြေကိုဘာ​တွေက မြင့်တက်စေသလဲ။

ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းမှု ဖြစ်နိုင်ချေကို မြင့် စေသော အချို့အချက်များမှာ-
• အသက်အရွယ်။ အရွယ်ရောက်ပြီးသူများနှင့် မွေး ကင်းစ ကလေးများသည် ကိုယ်အပူချိန်အလွန် အမင်း ကျဆင်းခြင်းကို ပိုဖြစ်နိုင်ပါသည်။
• အရက်သောက်ခြင်းနှင့် ဆေးသုံးခြင်း
• အချို့ စိတ်ကျရောဂါ ဆေး၊ စိတ်ဝေဒနာအတွက် ဆေး၊ မူးယစ်ထုံထိုင်းဆေး နှင့် စိတ်ငြိမ်ဆေး စသော ဆေးအချို့
• ကျန်းမာရေးအခြေအနေ အားနည်းခြင်း
ဖြစ်နိုင်ချေမြင့်စေသော အချက်များ မရှိခြင်းသည် သင့်အား ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းမှု မဖြစ်နိုင်ဟု မဆိုလိုပါ။ ဤ အချက်များသည် ကိုးကားချက်သာလျင် ဖြစ်သည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် သင့်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hypothermia (ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

တစ်စုံတစ်ယောက်ကို အေးသော ရာသီဥတုထဲတွင် တွေ့ ရပါက ဆရာဝန်သည် ကိုယ်အပူချိန်အလွန်အမင်း ကျဆင်း ခြင်း ဖြစ်နိုင်သည်ဟု သံသယရှိပါမည်။

ဆေးရုံ အရေးပေါ် ဌာနများတွင် တွေ့နိုင်သော အထူးအပူချိန်တိုင်း ကိရိယာဖြင့် နိမ့်သော ကိုယ်အပူချိန်များကို တိုင်းတာကာ ရောဂါအတည်ပြုနိုင်သည်။ အရေးပါသော ကိုယ်အင်္ဂါများ ထိခိုက်မှုကို စစ်ဆေးရန် electrocardiography ၊ ဓာတ်ခွဲခန်း စစ်ဆေးမှုများ၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ကို ပြုလုပ်နိုင် သည်။

Hypothermia (ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း) ကို ဘယ်လိုကုသပါသလဲ

ကျန်းမာရေး စောင့်ရှောက်မှု မရရှိခင် အေးသောပတ်ဝန်းကျင်ကနေ ရွှေ့ပြီး ပြန်လည် နွေးထွေးအောင် ပြုလုပ်သင့်သည်။
• အဝတ်စိုများကို ဖယ်ရှားပြီး အဝတ်ခြောက်ဖြင့် အစားထိုးသင့်သည်။
• နွေးထွေးရန် ခြောက်သွေ့သော စောင်၊ ကုတ် အင်္ကျီ များဝတ်ဆင်ပါ။
• ပူနွေးသော ကဖင်းဓာတ် မပါသော ဖျော်ရည်များ သောက်ပါ။
• လေတိုက် မခံပါနှင့်။
• လုံခြုံမှုရှိသော အပူပေးကိရိယာနားတွင် နေပါစေ။ သို့သော် ရေနွေးပူ သို့မဟုတ် အပူပေးသော အပြား စသော တိုက်ရိုက် အပူများကို အသုံးမပြုပါနှင့်။
သတိလစ်သော လူအား အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေးရမည်။ သွေးပြန်နွေးအောင် လုပ်ခြင်း၊ နွေးသော အကြောဆေးအရည်များ ပေးခြင်း နှင့် အသက်ရှုလမ်းကြောင်းအား နွေးအောင်လုပ်ခြင်း စသည်တို့ ပြုလုပ်ရမည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း ကိုကုသ ရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း ကို ထိန်းချုပ်နိုင် ပါသည်။
• အေးသော ရာသီဥတုအတွက် နွေးနွေးထွေးထွေး ဝတ်စား ပါ။
• အသက်ကြီးသူများနှင့် ကလေးငယ်များကို အထူး ဂရုစိုက်ပါ။
• ကယ်လိုရီ နှင့် အရည်ကို လုံလောက်စွာ စားသုံးပါ။
• အန္တရာယ် ရှိသော ရာသီဥတု အခြေအနေ များ အတွက် နိုးကြားစွာ နေပါ။ စနစ်တကျ အစီအစဉ် ဆွဲထားပါ။
• အဝတ်စိုများကို အဝတ်ခြောက်များဖြင့် တက်နိုင်သ လောက် မြန်မြန် ပြောင်းလဲဝတ်ဆင်ပါ။
• ရေများအေးပါက ချက်ချင်း ရေထဲမှပြန်တက်လာပါ။ မိနစ် အနည်းငယ်သည်ပင် သေစေနိုင်သည်။ အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေ ရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇူလိုငျ 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 18, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။