မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
မွေးရာပါဆီးစွန့်ပြွန်နေရာလွဲခြင်း ဆိုသည်မှာ ယောင်္ကျားလေးတစ်ယောက်၏ ဆီးလမ်းကြောင်းပေါက်သည် လိင်တံ၏ အောက်ဖက်တွင် မှားရောက်နေသော မွေးရာပါ အခြေအနေ တစ်ခုဖြစ်သည်။ ဆီးစွန့်ပြန်သည် ဆီးများကို ဆီးအိတ်မှ သယ်ယူကာ လိင်တံမှတစ်ဆင့် ခန္ဓါကိုယ်ပြင်ပသို့ စွန့်ထုတ်သော ပြွန် ဖြစ်ပါသည်။ မွေးရာပါ ဆီးစွန့်ပြွန်နေရာလွဲခြင်း သည် ဆီးလမ်းကြောင်းပွင့်သော နေရာပေါ်မူတည်၍ မပြင်းထန် နိုင်ရာမှ ပြင်းထန်နိုင်သည် အထိ ဖြစ်နိုင်ပါသည်။
မွေးရာပါဆီးလမ်းကြောင်းပေါက်နေရာလွဲခြင်း သည် ရှားပါးသော အခြေအနေတစ်ခုဖြစ်သည်။ မွေးကင်းစ ယောင်္ကျားလေး ၁၀၀၀ မှ ၄ ယောက်တွင် ဖြစ်ပွားပါသည်။ ပိုမိုသော အချက်အလက် များ အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
မွေးရာပါဆီးစွန့်ပြွန်နေရာလွဲခြင်း၏ အဖြစ်များသောလက္ခဏာမှာ ဆီးလမ်း ကြောင်း ပေါက်သည် လိင်တံ၏ ထိပ်တွင် မရှိခြင်း ဖြစ်သည်။ အခြား ရောဂါလက္ခဏာ များမှာ
အထက်တွင်ဖော်ပြမထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီ တွင်ရောဂါလက္ခဏာ တစ်ခုခုများရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့် ပါသည်။
မွေးရာပါဆီးလမ်းကြောင်းပေါက်နေရာလွဲခြင်း ဖြစ်သော ကလေးငယ်များသည် မွေးဖွားပြီး ဆေးရုံတွင် ရှိနေချိန်တွင် ရောဂါအဖြေရှာ ခြင်း ပြုလုပ်သင့်ပါသည်။ သို့သော်လည်း မဆိုးရွှားသော မွေးရာပါဆီးလမ်းကြောင်းပေါက် နေရာလွဲခြင်း ကိုမကုသဘဲ ထားနိုင်ပါသည်။ သင့်သား၏ ဆီးလမ်းကြောင်းပေါက်သည် လိင်တံ၏ထိပ်တွင် ရှိမနေပါက၊ လိင်တံထိပ်ဖုံးအရေပြားသည် ပြည့်စုံစွာ မဖွံ့ဖြိုးပါက သို့မဟုတ် လိင်တံသည် အောက်သို့ ကွေးနေပါက ဆရာဝန်ကို ခေါ်ဆိုပါ။
မွေးရာပါဆီးစွန့်ပြွန်အပေါက်နေရာလွဲခြင်း ၏ ဖြစ်စေသော အကြောင်းရင်းကို မသိရှိပါ။ မွေးရာပါရောဂါ တစ်မျိုးဖြစ်ပြီး မွေးကင်းစ အမျိုးသားများကို ထိခိုက်စေပါသည်။ မျိုးဗီဇ၊ ဟော်မုန်း နှင့် ပတ်ဝန်းကျင် အချက်များ ကြောင့်လည်း ဖြစ်နိုင်ပါသည်။ ပိုမိုသော အချက်အလက်များ အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
အောက်ပါအချက်များသည် မွေးရာပါ ဆီးစွန့်ပြွန်ပေါက် နေရာလွဲခြင်း ကို ဖြစ်ပေါ် စေပါသည်။
ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်သည် ဆေးမှတ်တမ်း နှင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း တို့မှ ရောဂါ အဖြေရှာခြင်း ပြုလုပ်နိုင်ပါသည်။ ဆီးလမ်းကြောင်းအထူးပြု ဆရာဝန်သည် အတိကျဆုံးရောဂါအဖြေ ရရန် နောက်ထပ်စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။
မွေးရာပါဆီးစွန့်ပြွန်ပေါက်နေရာလွဲခြင်း ၏ ကုသမှုတွင် ခွဲစိတ်ကုသခြင်း ပါလေ့ရှိသည်။ ခွဲစိတ်ကုသခြင်းသည် အသက် ၃လ နှင့် ၁၈လကြား ငယ်ရွယ်သောအချိန် တွင် လုပ်သင့်သည်။ အကြောင်းမှာ စိတ်ဖိစီးမှုဒဏ်ရာကို ရှောင်ရှားလိုသောကြောင့် ဖြစ်သည်။ သို့သော် ခွဲစိတ် ကုသခြင်း သည် မည်သည့် အသက်အရွယ်တွင်မဆို ဖြစ်နိုင်သည်။
ခွဲစိတ်ကုသမှုတွင် ဆရာဝန်သည် လိင်အင်္ဂါထိပ်ပိုင်းနှင့် ပါးစပ်အတွင်း အရေပြားမှ အရေးပြားအစားထိုး ကုသခြင်း ဖြင့် အပေါက်အသစ်ကို ပြုလုပ်ပေးပါသည်။ ခွဲစိတ်ကုသခြင်း သည် ၁-၃ နာရီ ကြာမြင့်နိုင်ပါသည်။ ထိုအချိန်တွင် ကလေးကို မေ့ဆေးဖြင့် သတိမေ့အောင် ပြုလုပ် ထားရမည်။
မွေးရာပါဆီးစွန့်ပြွန်နေရာလွဲခြင်း ကို မကုသပါက အိမ်သာတက်ချိန် နှင့် အရွယ်ရောက်သောအခါ လိင်ဆက်ဆံခြင်း တို့တွင် အခက်အခဲများ ဖြစ်လာနိုင်သည်။ ဆီးလမ်း ကြောင်းပေါက် ကျဉ်းခြင်း နှင့် ပုံမှန်မဆက်သော အင်္ဂါ နှစ်ခု ဆက်သွယ်ခြင်း တို့ဖြစ်နိုင်ပါသည်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများ သည် ကို မွေးရာပါ ဆီးစွန့်ပြွန်ပေါက် နေရာလွဲခြင်း ကို ကုသသော နေရာတွင် အကူအညီပေးနိုင်ပါသည်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိပါက သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။