Hypopituitarism (ပီကျူရေထရီဂလင်း ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hypopituitarism (ပီကျူရေထရီဂလင်း ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း ) ကဘာလဲ။

ဦးနှောက်အောက်ခြေက ပီကျူရေထရီ ဂလင်းဟာ ဟော်မုန်းတွေကို မထုတ်လုပ်တဲ့၊ ထုတ်လုပ်တဲ့ ပမာဏ က လုံလောက်မှု မရှိတဲ့  အခြေအနေကို ပီကျူရေထရီဂလင်း ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း Hypopituitarism လို့ခေါ်ပါတယ်။ pituitary  ဂလင်း ကို ထိန်းချုပ်တဲ့ ဟော်မုန်းတွေ ပါဝင်တဲ့ ဦးနှောက် အစိတ်အပိုင်း ပီကျူရေထရီ ဒါမှမဟုတ် hypothalamus မှာ ရောဂါ ဖြစ်နေတဲ့ အတွက် ပီကျူရေထရီဂလင်း ကောင်းမွန်စွာ အလုပ်မလုပ်တာ ဖြစ်ပါတယ်။ ပီကျူရေထရီဟော်မုန်းတွေ မထွက်လာဘူး၊ လိုအပ်တာထက် အရမ်းနည်းနေမယ်ဆိုရင် panhypopituitarism လို့ခေါ်ပါတယ်။ ကလေးတွေမှာရော လူကြီးတွေမှာပါ ဖြစ်လာနိုင်ပါတယ်။

Hypopituitarism (ပီကျူရေထရီဂလင်း ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အန္တရာယ်ရှိတဲ့ အချက်တွေကို နားလည်ထားခြင်းအားဖြင့် ရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။ ထပ်သိချင်တာရှိရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

လက္ခဏာများ

Hypopituitarism (ပီကျူရေထရီဂလင်း ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Hypopituitarism ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

ပီကျူရေထရီဟော်မုန်းတွေက နည်းပါးနေတာလား၊ လုံးဝ မရှိသလောက် ဖြစ်နေတာလား ဆိုတဲ့ ဟော်မုန်းပမာဏ အပေါ်မူတည်ပြီး ရောဂါ လက္ခဏာတွေက အမျိုးမျိုး ပြောင်းလဲ နိုင်ပါတယ်။ အောက်ပါ လက္ခဏာတွေ ပါဝင်တတ်ပါတယ်။

  • မောပန်းလွယ်ခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • လိင်စိတ်ကျဆင်းခြင်း
  • အပူ အအေး အခြေအနေတွေမှာ နေရထိုင်ရခက်ခဲခြင်း
  • အစားပျက်ခြင်း
  • မျက်နှာဖောရောင်ခြင်း
  • သွေးအားနည်းခြင်း
  • မြုံခြင်း
  • အသာပူခြင်း၊ ဓမ္မတာ မမှန်ခြင်း၊ ဆီးခုံမွေးကျွတ်ခြင်း၊ နို့တိုက်မိခင်များ နို့မထွက်ခြင်း
  • အမျိုးသားများတွင် မျက်နှာ၊ ခန္ဓာကိုယ်မွေး များကျွတ်ခြင်း
  • ကလေးများ အရပ်ပုနေခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစောသိ စောစောကုမယ်ဆိုရင် အခြေအနေပိုဆိုးမလာအောင်၊ တခြားအရေးပေါ်အခြေအနေတွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ တတ်နိုင်သမျှ မြန်မြန်ပဲ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ခန္ဓာကိုယ်လှုပ်ရှားမှုပုံစံဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ

Hypopituitarism (ပီကျူရေထရီဂလင်း ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

ဘာတွေက Hypopituitarism ကို ဖြစ်စေတာလဲ။

ပီကျူရေထရီ ဂလင်းဟာ ထိခိုက်မှု တစ်ခုခု ကြောင့် ဟော်မုန်းထုတ်တဲ့ အလုပ်လုပ်ဆောင်မှု ရပ်တန့်သွားမှာ ဖြစ်ပါတယ်။ ဥပမာ – ဦးနှောက်ခွဲစိတ်ကုသခြင်း၊ ဦးနှောက်တွင် ရောဂါပိုးကူးစက်ခြင်း၊ ခေါင်းထိခိုက်ခြင်း စတာမျိုးတွေ ဖြစ်ခဲ့မယ် ဆိုရင်  ပီကျူရေထရီဂလင်းကို ထိခိုက်နိုင်ပါတယ်။

တချို့ အကျိတ်တွေကလည်း ဂလင်းရဲ့ အလုပ်လုပ်ဆောင်မှုကို ထိခိုက်စေပါတယ်။ အောက်ပါ အခြေအနေတွေပါဝင်ပါတယ်။

  • ဦးနှောက်အကျိတ်
  • ပီကျုရေထရီ ဂလင်းအကျိတ် (Hypopituitarism အဖြစ်အများဆုံး အကြောင်းရင်း )
  • Hypothalamus ကျိတ်

တစ်ခါတစ်လေ ဘာကြောင့် Hypopituitarism ဖြစ်ရတယ် ဆိုတဲ့ အကြောင်းရင်းကို ရှာမတွေ့ပဲ ဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Hypopituitarism (ပီကျူရေထရီဂလင်း ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း ) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

ဘာတွေက Hypopituitarism ဖြစ်စေတဲ့ အန္တရာယ်ပိုများစေသလဲ။

အောက်ပါအခြေအနေတွေကို တွေ့ကြုံနေရမယ် ဆိုရင်တော့ ရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။

  • နာတာရှည် အဆုတ်ရောဂါ Sarcoidosis
  • ခန္ဓာကိုယ်တွင် သံဓာတ်များ အလွန်များသော မျိုးရိုးလိုက်ရောဂါ (Hemochromatosis)
  • Histiocytosis X (immune cell တွေက ကိုယ်တွင်းအင်္ဂါတွေကို တိုက်ခိုက်တဲ့ ရောဂါ)
  • လေဖြတ်ခြင်း
  • တီဘီရောဂါ
  • Lymphocytic hypophysitis ( ပီကျူရေထရီ ဂလင်းရောင်ရမ်းခြင်းကြောင့် ဖြစ်သောရောဂါ တစ်မျိုး)
  • သွေးသွန်ခြင်း (ကလေးမွေးဖွားစဉ်တွင် သွေးများ ဆုံးရှုံးခြင်း )
  • ဓာတ်ရောင်ခြည် အသုံးပြု ကုသခြင်းများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hypopituitarism (ပီကျူရေထရီဂလင်း ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

တကယ်လို့ Hypopituitarism ရောဂါ ဖြစ်နေတယ်လို့ ဆရာဝန်က သံသယ ရှိနေမယ် ဆိုရင် ခန္ဓာကိုယ်ကို စစ်ဆေးဖို့ လုပ်ဆောင်ရမှာ ဖြစ်ပြီး တချို့ ဆေးစစ်ချက်တွေကိုလည်း လုပ်ဆောင်ရပါလိမ့်မယ်။

လုပ်လေ့လုပ်ထရှိတဲ့ စစ်ဆေးချက် အမျိုးအစားတွေကတော့

  • ပီကျူရေထရီ ဂလင်းကနေ ထုတ်လုပ်တဲ့ ဟော်မုန်းပမာဏကို စစ်ဆေးမယ့် ဆေးစစ်ချက် ကို လုပ်ရပါလိမ့်မယ်။ တစ်ခါတစ်လေမှာ ပီကျူရေထရီဂလင်းက ထုတ်လုပ်တဲ့ ဟော်မုန်းက တခြားဂလင်းတွေကို ဘယ်လိုလှုံ့ဆော်သလဲ ဆိုတာကို လည်း စစ်ဆေးပါလိမ့်မယ်။
  • CT-scan နဲ့ MRI ၊ ပီကျူရေထရီ ဂလင်းမှာ အကျိတ်က ထိခိုက်မှု ရှိနေစေသလား ဆိုတာ ကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။

သွေးမစစ်ခင် ဆေးသောက်ဖို့ ဆရာဝန်က ဆေးစာညွှန်းပေးပါလိမ့်မယ်။ အဲ့ဒီဆေးတွေက ဟော်မုန်းတချို့ကို ထုတ်လုပ်ဖို့ လှုံ့ဆော်ပေးပါတယ်။ ဆေးမစစ်ခင်မှာ ဒီဆေးတွေ သောက်တာက သင့်ခန္ဓာကိုယ်ထဲမှာ ပီကျူရေထရီဂလင်း ဘယ်လိုအလုပ်လုပ်နေသလဲ ဆိုတာကို ဆရာဝန်က ပိုသိသွားမှာ ဖြစ်ပါတယ်။ ဘယ် ဟော်မုန်းပမာဏက လျော့နေသလဲ ဆိုတာကို သိသွားတဲ့ အခါ အဲ့ဒီဟော်မုန်း နဲ့ ဆက်စပ်နေတဲ့ ကိုယ်တွင်း အင်္ဂါ တစ်ချို့ကို စစ်ဆေးပါ လိမ့်မယ်။ တစ်ခါတစ်လေမှာ ပီကျူရေထရီ ဂလင်း မဟုတ်ပဲ တခြား အင်္ဂါအစိတ်အပိုင်း တွေလည်း ဖြစ်နေတတ်ပါတယ်။

Hypopituitarism (ပီကျူရေထရီဂလင်း ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

ဟော်မုန်းအထူးကု ပညာရှင်နဲ့ ကုသတာ က အကောင်းဆုံး ဖြစ်ပါတယ်။ ဟော်မုန်း အမျိုးအစားအများကြီးက ထိခိုက်နေနိုင်တာ ဖြစ်တဲ့ အတွက် ကုသမှု ပုံစံ တစ်မျိုးတည်း နဲ့ အဆင်မပြေလောက်ပါဘူး။ ယေဘုယျ အားဖြင့် ကုသခြင်းရဲ့ ပန်းတိုင်က ဟော်မုန်းပမာဏတွေ ပုံမှန်အတိုင်း ဖြစ်သွားစေဖို့ ဖြစ်ပါတယ်။

ပီကျူရေထရီ ဂလင်းကနေ ထုတ်မပေးတဲ့ ဟော်မုန်းတွေကို အစားထိုးပေးမယ့် နည်းလမ်းလည်းပါဝင်ပါတယ်။ ဒါဆိုရင် ဟော်မုန်းပမဏကို ပုံမှန် အတိုင်း စစ်ဆေးသွားဖို့လိုပါတယ်။ ဆရာဝန်က လိုအပ်တဲ့ ဆေးပမာဏကို သောက်သုံးဖို့ ဆရာဝန်က ချိန်ဆ နိုင်ပါလိမ့်မယ်။

တကယ်လို့ ပီကျူရေထရီဂလင်းပြဿနာက အကျိတ်ကြောင့်ဖြစ်နေတာဆိုရင်တော့ ဟော်မုန်းကို နဂိုအတိုင်း ပြန်ဖြစ်အောင် ခွဲစိတ်ဖို့ လိုအပ်ပါလိမ့်မယ်။ တစ်ခါတစ်လေ အကျိတ်ကို ဖယ်ထုတ်တဲ့ အခါ ဓာတ်ရောင်ခြည်နဲ့ ကုသတာလည်း ပါဝင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

Hypopituitarism ကို ထိန်းချုပ်နိုင်မယ့် ဘ၀နေထိုင်မှု ပုံစံ နဲ့ အိမ်တွင်းကုထုံးတွေက ဘာတွေ ဖြစ်မလဲ။

အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်ခြင်းအားဖြင့် Hypopituitarism ကို ထိန်းချုပ်နိုင်ပါတယ်။

  • ထိုင်ခုံခါးပတ်များ နှင့် လေအိတ်များ

ကားစီးတဲ့ အခါတိုင်း ထိုင်ခုံ ခါးပတ်ပတ်ပါ။ ကလေးငယ်တွေ အနေနဲ့ လုံခြုံမှု ရှိအောင် ကားနောက်ခန်းမှာ ထိုင်သင့်ပါတယ်။ ကလေးတွေရဲ့ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်အရွယ်အစား အတွက် အထူးစီမံထားတဲ့ ထိုင်ခုံတွေမှာ ထိုင်ခိုင်းသင့်ပါတယ်

  • အရက်နှင့် ဆေးဝါးသုံးစွဲမှု

အရက်သောက်ပြီး၊ ဆေးသုံးပြီး ကားမမောင်းပါနဲ့။ ဆေးသောက်ပြီးတဲ့အခါ ကားမမောင်းသင့်ဘူး လို့ ဆရာဝန် ညွှန်ထားတဲ့ ဆေးတွေသောက်ပြီးရင်လည်း ကားမမောင်းပါနဲ့။

  • အကာအကွယ် ဦးထုပ်များ

စက်ဘီး၊ စကိတ်ဘုတ်၊ ဆိုင်ကယ်၊ နှင်းတောထဲသွားလာတဲ့ယာဉ်စီးခြင်း နဲ့ တခြား ယဉ်တွေ စီးတဲ့ အခါမှာ အကာအကွယ် ဦးထုပ်မာဆောင်းပါ။ ဘေ့စ်ဘော၊ လူချင်းတိုက်ခိုက်ရတဲ့ အားကစားများ၊ စကိတ်စီးခြင်း၊ နှင်းလျှောစီးခြင်း၊ စနိုးဘုတ်စီးခြင်း သို့မဟုတ် မြင်းစီးခြင်း စတဲ့ အချိန်တွေမှာလည်း ခေါင်းမှာ အကာအကွယ် ဦးထုပ်ဆောင်းသင့်ပါတယ်။

မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဥာဏ်ရယူပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 16, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 13, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။