hypoparathyroidism (ပါရာသိုင်းရွိုက်၏လုပ်ဆောင်မှုနည်းခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

hypoparathyroidism (ပါရာသိုင်းရွိုက်၏လုပ်ဆောင်မှုနည်းခြင်း) ကဘာလဲ။

ပါရာသိုင်းရွိုက်၏လုပ်ဆောင်မှုနည်းခြင်းသည် အဖြစ်နည်းပြီး သင့်ခန္ဓါကိုယ်မှ ပါရာသိုင်းရွိုက်ဟောမှန်းထုတ်မှုနည်းသောကြောင့်ဖြစ်သည်။ ပါရာသိုင်းရွိုက်ဟော်မှန်းသည် ခန္ဓါကိုယ်ရှိ အဓိက သတ္ထုဓါတ်နှစ်မျိုး-ကယ်ဆီယမ် နှင့် ဖော့စဖရပ်-ကိုထိန်းသိမ်းရာတွင်အရေးပါသည်။

ပါရာသိုင်းရွိုက်၏လုပ်ဆောင်မှုနည်းခြင်းကြောင့် ဟော်မှန်းနည်းပြီး သင့်သွေးနှင့်အရိုးတွင် ကယ်ဆီယမ်ကျလာကာ ဖော့စဖောရပ်တက်လာလိမ့်မည်။

ကယ်ဆီယမ်နှင့်ဖော့စဖောရပ်ကိုပုံမှန်ဖြစ်စေသောဖြည့်စွက်စာအားပေးသင့်သည်။ ဖြစ်စေသောအကြောင်းအရာပေါ်မူတည်ပြီး ဖြည့်စွက်အာဟာရကို တဘဝလုံးသောက်လုံးရန်လိုအပ်နိုင်သည်။

hypoparathyroidism (ပါရာသိုင်းရွိုက်၏လုပ်ဆောင်မှုနည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်ရှားပါတယ်။ များသောအားဖြင့် ပါရာသိုင်းရွိုက် သို့မဟုတ် သိုင်းရွိုက်အားခွဲစိတ်ချိန်တွင် ပါရာသိုင်းရွိုက်ထိခိုက်မိသောကြောင့်ဖြစ်နိုင်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

hypoparathyroidism (ပါရာသိုင်းရွိုက်၏လုပ်ဆောင်မှုနည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပါရာသိုင်းရွိုက်၏လုပ်ဆောင်မှုနည်းခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

လက်ထိပ် ခြေချောင်း နှုတ်ခမ်းများထုံခြင်း

ခြေထောက် ဗိုက်သို့မဟုတ် မျက်နှာ ကြွက်သားများကိုက်ခြင်း သို့မဟုတ် ကြွက်တက်ခြင်း

ကြွက်သားလိမ်ခြင်းသို့မဟုတ် အကြောဆွဲခြင်းများသောအားဖြင့် သင့်ပါးစပ် တင်သာမက သင့်လက် မောင်း နှင့် လည်ချောင်း

မောပန်းလွယ်ခြင်း

ရာသီလာချိန်တွင်နာခြင်း

ဆံပင်အကွက်လိုက်ကျွတ်ခြင်း

အသားအရည် ခြောက်ပြီး ကြမ်းခြင်း

လက်သည်းများကျွတ်ဆက်လွယ်ခြင်း

စိတ်ဓါတ်ကျခြင်းသို့မဟုတ် ဒေါသထွက်လွယ်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

hypoparathyroidism (ပါရာသိုင်းရွိုက်၏လုပ်ဆောင်မှုနည်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်ပွားစေသော အကြောင်းအရာတော်တော်များများရှိပါသည်။

မွေးရာပါ ပါရာသိုင်းရွိုက် မပါခြင်း သို့မဟုတ် ဖွံဖြိုးမှုမရှိခဲ့ခြင်း

ဆေးကုသမှုများ(သိုင်းရွိုက်အား ဓါတ်ကင်ခြင်း၊ ဆေးကုထုံးများ ၊ သိုင်းရွိုက်သို့မဟုတ် ပါရာသိုင်းရွိုက်ခွဲစိတ်ခြင်း)

ရောဂါအခြေအနေများ ဥပမာ ကင်ဆာ၊လည်ပင်းထိခိုက်မှုများ၊ အဒီဆင်ရောဂါ၊ ကော့ပါးများသောရောဂါ၊ သံဓါတ်များတစ်သျူးပေါ်တွင်များလွန်းခြင်း၊ မက်ဂနီစီယမ်နည်းခြင်း။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ hypoparathyroidism (ပါရာသိုင်းရွိုက်၏လုပ်ဆောင်မှုနည်းခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ပါရာသိုင်းရွိုက်၏လုပ်ဆောင်မှုနည်းခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

မိသားစုတွင် ပါရာသိုင်းရွိုက်နှင့်ဆိုင်သောရောဂါရှိခြင်း

လည်ပင်းသို့မဟုတ် သိုင်းရွိုက်ခွဲစိတ်ခြင်း

ပါရာသိုင်းရွိုက်အလုပ်လုပ်မှုနည်းစေသော ဆေးများသောက်နေခြင်း

ပါရာသိုင်းရွိုက်အား ခွဲစိတ်ခြင်း သို့မဟုတ် ဖယ်ခြင်း

ကိုယ့်ဆဲလ်ကိုပြန်တိုက်သောရောဂါများရှိခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

hypoparathyroidism (ပါရာသိုင်းရွိုက်၏လုပ်ဆောင်မှုနည်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှ ပါရာသိုင်းရွိုက်၏လုပ်ဆောင်မှုနည်းခြင်းဟု သံသယရှိပါက ရောဂါသမိုင်းကြောင်းမေးခြင်း နှင့် ရုပ်ပိုင်းဆိုင်ရာစမ်းသက်မှုများလုပ်လိမ့်မည်။

သွေးစစ်ခြင်း

အောက်ပါသွေးစစ်ချက်များက ပါရာသိုင်းရွိုက်၏လုပ်ဆောင်မှုနည်းခြင်းဟုဖော်ပြသည်။

သွေးထဲရှိကယ်ဆီယမ်နည်းခြင်း

ပါရာသိုင်းရွိုက်ဟော်မှန်းနည်းခြင်း

ဖော့စဖောရပ် ပမာဏများခြင်း

မက်ဂနက်စီယမ် ပမာဏနည်းခြင်း

ဆရာဝန်မှ သင့်ခန္ဓါကိုယ် ကယ်ဆီယမ်ထုတ်မှုများမများကိုသိနိုင်ရန် ဆီးစစ်ခိုင်းလိမ့်မည်။

hypoparathyroidism (ပါရာသိုင်းရွိုက်၏လုပ်ဆောင်မှုနည်းခြင်း) ကို ဘယ်လိုကုသပါသလဲ

အဓိကကုသမှု၏ရည်ရွယ်ချက်မှာ ရောဂါလက္ခဏာသက်သာစေရန်နှင့် ကယ်စီယမ် ဖော့စဖောရပ်ပမာဏကို ပုံမှန်ရောက်စေရန်ဖြစ်သည်။ ပေးသော ကုထုံးပုံသဏာန်များမှာအောက်ပါတို့ဖြစ်သည်။

ကယ်ဆီယ်ကာဗွန်နိတ်သောက်ဆေး။ ထိုဆေးသည် သွေးထဲရှိ ကယ်ဆီယမ်ပမာဏကိုများလာစေသည်။ သို့သော် ပမာဏအများကြီးပေးပါက ကယ်ဆီယမ်ဆေးများသည် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ဆိုးကျိုးများ ဥပမာ ဝမ်းချုပ်ခြင်းတို့ဖြစ်တတ်သည်။ အချို့သူများတွင် ဗီတာမင်ဒီပမာဏများများ- ကယ်စီတရိုင်အောပုံစံ- ပေးခြင်းသည် သင့် ခန္ဓါကိုယ် ကယ်စီယမ် စုပ်ယူမှုများစေပြီး ဖော့စဖောရပ်စွန့်ထုတ်စေသည်။

ပါရာသိုင်းရွိုက်ဟော်မုန်း(နက်ပါရာ)။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုအရ ကယ်ဆီယမ်ပမာဏ အနည်းငယ်ကိုနေ့စဉ်ထိုးခြ်ငးကိုခွင့်ပြုထားသည်။ အဘယ်ကြောင့်ဆိုသော် တိရစ္ဆန်များကိုလေ့လာရာတွင်အရိုးကင်ဆာဖြစ်နှုန်းများသောကြောင့်ဖြစ်သည်။ ထိုဆေးသည် ကယ်ဆီယမ်နှင့် ဗီတာမင်ဒီဖြင့်ထိန်းလို့မရတော့သောသူနှင့် ဖြစ်လာနိုင်သောအန္ဓါရယ်ကိုနားလည်ပြီးဖြစ်သူတို့တွင်ပေးသည်။

အစားအသောက်

ဆရာဝန်မှ အစားသောက်ပညာရှင်နှင့်ဆွေးနွေးရန် အကြံပေးလိမ့်မည်။

ကယ်စီယမ်များသောအစာ။ ထိုအစာများတွင် အစိမ်းရောင်အသီးအရွက် ပန်းမုန်လာဥ နှင့်ကယ်ဆီယမ်ဖြည့်ထားသောအစာများ ဥပမာ အချို့သောလိမ္မော်သီးဖျော်ရည် တို့ပါဝင်သည်။

ဖော့စဖောရပ်နည်းသောအစာ။ ဆိုလိုသည်မှာ ကာဗွန်ဖောက်ထားသောအချိုရည် (ဖော့စဖောရစ်အက်စစ်ပုံစံဖြင့် ဖော့စဖောရပ်အများကြီးပါဝင်သည်) နှင့် အသား ချီစ် ပြောင်းစေ့လျော့စားခြင်းတို့ပါဝင်သည်။

သွေးကြောမှတစ်ဆင့်ပေးခြင်း

ချက်ချင်းရောဂါလက္ခဏာသက်သာရန်လိုအပ်ပါက ဆရာဝန်မှဆေးရုံတင်ပြီး ကယ်ဆီယမ်ကိုသွေးကြောမှတစ်ဆင့်သာမက သောက်ဆေးပေးလိမ့်မည်။ ဆေးရုံမှဆင်းပါက ကယ်ဆီယမ်နှင့် ဗီတာမင်ဒီအား သောက်ဆေးဆက်သောက်ရန်လိုအပ်လိမ့်မည်။

စောင့်ကြည့်ခြင်း

ဆရာဝန်မှ ကယ်ဆီယမ်နှင့်ဖော့စဖောရပ်ပမာဏကို သွေးထဲမှ ပုံမှန်တိုင်းလိမ့်မည်။ ပထမဆုံး အပတ်စဉ် လစဉ် စမ်းသပ်မည်။ တဖြည်းဖြည်းချင်းမှ တစ်နှစ် နှစ်ခါသွေးစစ်လိမ့်မည်။

ပါရာသိုင်းရွိုက်၏လုပ်ဆောင်မှုနည်းခြင်းသည် နှာတာရှည်ရောဂါတစ်ခုဖြစ်ခြင်းကြောင့် ဘဝတစ်သက်သာကုသမှုခံယူရန်လိုအပ်သည်။ဥပမာ ကယ်စီယမ်ပုံမှန် ပမာဏတွင်ရှိမရှိစစ်ဆေးသည်။ အကယ်၍ ကယ်စီယမ် တက်ခြင်း နည်းခြင်းဖြစ်ပါက ဆရာဝန်မှဆေးပမာဏကိုညှိပေးလိမ့်မည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပါရာသိုင်းရွိုက်၏လုပ်ဆောင်မှုနည်းခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ပါရာသိုင်းရွိုက်၏လုပ်ဆောင်မှုနည်းခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာ တွေမှာအကူအညီပေးနိုင်ပါတယ်။

ပါရာသိုင်းရွိုက်၏လုပ်ဆောင်မှုနည်းခြင်းကိုကာကွယ်ရန် တိကျသောကုထုံးမရှိပါ။ သို့သော် လည်ပင်းသို့မဟုတ် သိုင်းရွိုက်ခွဲစိတ်မှုကိုစဉ်းစားထားပါ ခွဲစိတ်ဆရာဝန်နှင့် ပါရာသိုင်းရွိုက်ဟော်မုန်းပျက်ဆီးနိုင်သောအခြေအနေကိုဆွေးနွေးပါ။

အကယ်၍ သင့်လည်ပင်းသို့မဟုတ် သိုင်းရွိုက်ကိုခွဲစိတ်နေချိန်တွင် ပါရာသိုင်းရွိုက်၏လုပ်ဆောင်မှုနည်းခြင်း လက္ခဏာရှိမရှိ- လက်ခြေ နှုတ်ခမ်းတုန်ခြင်း သို့မဟုတ် ပူခြင်း ကြွက်တက်ြခ်ငး-ကိုစောင့်ကြည့်ပါ။ ထိုလက္ခဏာများပေါ်လာပါက ရောဂါသက်သာရန် ကယ်စီယမ်နှင့်ဖော့စဖောရပ်အားချက်ခြင်းပေးလိမ့်မည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ မတ် 12, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတ် 14, 2018

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။