Hyperthyroidism (သိုင်းရွိုက် ဟော်မုန်းများသော ရောဂါ)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hyperthyroidism (သိုင်းရွိုက် ဟော်မုန်းများသော ရောဂါ) ကဘာလဲ။

သိုင်းရွိုက် ဟော်မုန်းများသော ရောဂါဆိုသည်မှာ သိုင်းရွိုက် ကလန်း အလုပ် အလွန် လုပ်ခြင်းကြောင့်ဖြစ်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ သိုင်းရွိုက်ဂလန်းသည် လည်ပင်းတွင် ရှိပြီး ခန္ဓာကိုယ်၏ လှုပ်ရှားမှုများစွာကို ထိန်းချုပ်သော သိုင်းရွိုက် ဟော်မုန်းကို ထုတ်လုပ်ပေးပါသည်။ သိုင်းရွိုက်ဂလန်း၏ လုပ်ငန်းအချို့မှာ သွေးတွင်း ကယ်စီယမ်ပမာဏကို ထိန်းချုပ်ခြင်း၊ ဇီဝကမ္မ ဖြစ်စဉ်ကို အားသန်စေခြင်း၊ နှလုံး၊ အာရုံကြောစနစ်ကို နိုးဆွပေးခြင်း နှင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်းတို့ ဖြစ်သည်။ သို့သော် ဟော်မုန်းများခြင်းသည် လည်ပင်းသိုင်းရွိုက် ဟော်မုန်းများသော ရောဂါ၏ လက္ခဏာများကို ဖြစ်စေသည်။

Hyperthyroidism (သိုင်းရွိုက် ဟော်မုန်းများသော ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

သိုင်းရွိုက် ဟော်မုန်းများသော ရောဂါသည် အဖြစ်များသော ရောဂါတစ်ခုဖြစ်သည်။ အမျိုးသားများထက် အမျိုးသမီးများ တွင် သုံးဆပို၍ ဖြစ်ပွားသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါ ဖြစ်နိုင်မှုကို လျော့ချ နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန် နှင့် တိုင်ပင်ပါ။

လက္ခဏာများ

Hyperthyroidism (သိုင်းရွိုက် ဟော်မုန်းများသော ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာများတွင် စိတ်လှုပ်ရှားခြင်း၊ ချွေးထွက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ နှလုံးခုန်သံ စည်း ချက်မမှန်ခြင်း ( ဥပမာ- နှလုံးစည်းချက်မမှန် နှလုံးခါသော atrial fibrillation) တို့ပါဝင်သည်။ အခြား လက္ခဏာများမှာ မျက်လုံးထိခိုက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အပူဒဏ်မခံနိုင်ခြင်း နှင့် မကြာခဏ ဝမ်းသွားခြင်း၊ ဝမ်း လျှောခြင်းတို့ ဖြစ်သည်။ Graves’s disease ရှိသောသူများ တွင် လည်ပင်းသိုင်းရွိုက်ဂလန်းကြီးခြင်း (လည်ပင်းကြီးရောဂါ) ရှိပြီး မျက်လုံးပြူးထွက်ခြင်း ရှိနိုင်သည်။
အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရှင်းမပြနိုင်အောင် ကိုယ်အလေးချိန်ကျခြင်း၊ နှလုံးခုန်နှုန်း မြန်ခြင်း၊ ပုံမှန်မဟုတ်ဘဲ ချွေးပြန်ခြင်း၊ လည်ပင်းတွင် ရောင် ခြင်း၊ လည်ပင်းကြီးဟော်မုန်းများ ရောဂါနှင့် ဆိုင်သော အခြား လက္ခဏာများ ရှိခြင်းတို့ဖြစ်ပါက ဆရာဝန်နှင့် ပြသပါ။ သင် တွေ့ရှိသော ပြောင်းလဲမှုများကို ပြည့်စုံစွာ ရှင်းပြရန် အရေး ကြီးသည်။ အဘယ်ကြောင့်ဆိုသော် သိုင်းရွိုက်ဟော်မုန်း များသောရောဂါ ၏ လက္ခဏာ အတော်အများသည် အခြား အခြေအနေများဖြင့် ဆက်နွယ်မှု ရှိနိုင်သောကြောင့် ဖြစ်သည်။
သိုင်းရွိုက် ဟော်မုန်းများသော ရောဂါကို ကုသပြီးပါက သို့မ ဟုတ် ကုသဆဲဖြစ်ပါက ဆရာဝန်နှင့် ပုံမှန်တွေ့ဆုံကာ အကြံ ညဏ်ရယူပါ။ ရောဂါအခြေအနေကို စောင့်ကြည့်ပါ။

အကြောင်းရင်းများ

Hyperthyroidism (သိုင်းရွိုက် ဟော်မုန်းများသော ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

အဓိကဖြစ်စေသော အကြောင်းရင်းမှာ Graves’s disease ဖြစ်သည်။ ထိုရောဂါသည် ဖြစ်ပွားမှု၏ ၈၀-၉၀ ရာခိုင်နှုန်းကို ဖြစ်စေသည်။
အခြား ဖြစ်စေသော အကြောင်းရင်းများမှာ သိုင်းရွိုက်ဂလန်း ရောင်ခြင်း ၊ သိုင်းရွိုက်ဂလန်း အတွင်းရှိ အလုံးအကျိတ်တစ်ခုတည်း ကနေ ဟော်မုန်းအများအပြား ထုတ်နေခြင်း (Toxic adenoma) နှင့် သိုင်းရွိုက်ဆေးများ အလွန် သုံးစွဲခြင်းတို့ ဖြစ်သည်။ တစ်ခါတစ်ရံ ဖြစ်စေသော အကြောင်းရင်းကို မသိနိုင်သော အခြေအနေမျိုးလည်း ရှိနိုင်သည်။ ထိုရောဂါ သည် မိသားစုတွင်းတွင် မျိုးရိုးလိုက်ပြီး ဖြစ်နိုင် သော်လည်း တစ်ပါးသူကို ကူးစက်ပျံ့နှံ့ခြင်းတော့ မရှိပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Hyperthyroidism သိုင်းရွိုက် ဟော်မုန်းများသောရောဂါ (Hyperthyroidism) ဖြစ်ပွားနိုင်ချေကို ဘာတွေက မြင့်မားစေသလဲ။

သိုင်းရွိုက် ဟော်မုန်းများသောရောဂါ အထူးသဖြင့် Graves’ disease သည် မိသားစုတွင်းတွင် ဖြစ်နိုင်ပြီး အမျိုး သားများထက် အမျိုးသမီးများတွင် ပိုဖြစ်ပါသည်။ သင့်မိသား စုဝင် တစ်ဦးတွင် သိုင်းရွိုက်ဂလန်း ရောဂါဖြစ်ပါက ဆရာဝန်နှင့် ဆွေး နွေးပါ။ သင့်ကျန်းမာရေးအပေါ် သက်ရောက်နိုင်မှု နှင့် ထိုသူအတွက် သိုင်းရွိုက်အင်္ဂါ လုပ်ငန်းကို စောင့်ကြည့်ရန် အကြံပြုမှု များကို တိုင်ပင်ဆွေးနွေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hyperthyroidism (သိုင်းရွိုက် ဟော်မုန်းများသော ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် ဆေးမှတ်တမ်းယူခြင်း၊ ခန္ဓာကိုယ် စစ်ဆေး ခြင်း နှင့် သွေးတွင်း သိုင်းရွိုက်ဟော်မုန်း ပမာဏ တိုင်းရန် သွေးစစ်ခြင်း တို့ဖြင့် ရောဂါအဖြေရှာမှုကို ပြုလုပ်နိုင်သည်။ ဆရာဝန်သည် သိုင်းရွိုက် scan သို့မဟုတ် အာထရာဆောင်းရိုက်ခြင်းများ ပြုလုပ်ပြီး သိုင်းရွိုက်ဂလန်း၏ ပုံရိမ်များကို ရယူနိုင်သည်။ ဆရာဝန်သည် သိုင်းရွိုက်ရောဂါ အထူးကုဖြင့် သွားရောက်ပြသရန်လည်း လမ်းညွှန်နိုင်သည်။

Hyperthyroidism (သိုင်းရွိုက် ဟော်မုန်းများသော ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်သည် ခန္ဓာကိုယ်တွင်းရှိ သိုင်းရွိုက်ဟော်မုန်း ပမာ ဏ ကို လျော့ချခြင်းအားဖြင့် Hyperthyroidism သိုင်းရွိုက်ဟော်မုန်း များသော ရောဂါ ကို ကုသနိုင်သည်။ ထိုဟော်မုန်း ပမာဏကို ဆေးများ၊ ဓာတ်ရောင်ခြည်ကုထုံး သို့မဟုတ် ခွဲစိတ်မှုတို့ဖြင့် လျော့ချနိုင်သည်။
• ဆေးများသည် လအနည်းငယ်၊ နှစ်အနည်းငယ် သို့မ ဟုတ် ထို့ထက်ပို၍ရှည်ကြာစွာ သောက်ရန် လိုအပ်သည်။ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုကို တားဆီးနိုင်သော ဆေး များမှာ propylthiouracil (PTU) နှင့် methimazole တို့ဖြစ်သည်။ ၎င်းတို့ကို အဓိကကုထုံး အဖြစ် သို့မဟုတ် အခြားကုသမှုများ ပြင်ဆင်ရန် အတွက် သုံးနိုင်သည်။
• ရေဒီယို သတ္တိကြွ အိုင်အိုဒင်းအား သိုင်းရွိုက်ကို ဖျက်ဆီးရန်သုံးသည်။ ထိုကုထုံးသည် အသက် ၂၁နှစ်ကျော်သူများနှင့် ငယ်ရွယ်ပြီး ရောဂါကို ဆေးဖြင့် မထိန်းချုပ်နိုင်သူများ အတွက် အကောင်းဆုံး ဖြစ်သည်။
• သိုင်းရွိုက်ဂလန်း ကြီးပြီး လည်ပင်းကို ပိတ်ဆို့နေသူများ၊ လည်ပင်းရှိ အစိတ်အပိုင်းများကို နှောင့်ယှက်မှု ဖြစ်နေသူများတွင် ခွဲစိတ်ကုသမှု ပြုနိုင်သည်။ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း မသုံးချင်သူများသည် ခွဲစိတ်မှု ပြုလုပ် နိုင်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် လည်း ခွဲစိတ်မှု လိုအပ်နိုင်သည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် လည်ပင်းကြီး ဟော်မုန်းများရောဂါကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် လည်ပင်းကြီး ဟော်မုန်းများရောဂါ ကို ထိန်းချုပ်နိုင် ပါသည်။

• Graves’ disease ၏ နောက်ဆက်တွဲ မျက်စိဆိုးကျိုးများကို ခံစား နေရပါက မျက်လုံးအား ကာကွယ်ပေးပါ။ နေကာမျက်မှန် များ၊ မျက်ရည်တုများ အသုံးပြုပါ။ ညဘက်တွင် မျက် လုံး အကာ တပ်ဆင်ပါ။
• ရေဒီယို သတ္တိကြွ အိုင်အိုဒင်းသည် ကိုယ်ဝန်ဆောင်စဉ် တွင် အသုံးပြု၍ မရသည်ကို သတိပြုပါ။ ၎င်းသည် ကလေး တွင် သိုင်းရွိုက် အလုပ်မလုပ်သော အခြေအနေသို့ ဖြစ်စေနိုင်သည်။
• အောင်မြင်စွာ ကုသပြီှးလျှင်ပင် ဘဝတစ်လျှောက် ဂရု စိုက်မှုပြုရန် လိုအပ်သည်။ ဆရာဝန်သည် ကုသမှု အပြီး သိုင်းရွိုက်ဂလန်း အလုပ်မလုပ်မှု နှင့် ရောဂါပြန် ဖြစ်နိုင်မှုတို့ကို စစ်ဆေးရမည်။
• ရင်တုန်ခြင်း၊ ကိုယ်အလေးချိန် အလွန်ကျဆင်းခြင်း၊ ဝမ်းလျှောခြင်း၊ တုန်ရီခြင်းတို့ဖြစ်ပါက ဆရာဝန်ခေါ်ပါ။
• ဂဏှာမငြိမ်ဖြစ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ပြောင်းလဲမှု ဖြစ်ခြင်းတို့ ဖြစ်ပါက ဆရာဝန်အား အကြောင်းကြားပါ။
• ရောဂါ မသက်သာမချင်း ကိုယ်ကာယ လေ့ကျင့်ခန်း များ မလုပ်ပါနှင့်။
• ခွဲစိတ်မှု၏ ဆိုးကျိုးများအနေဖြင့် အသံ ပျက်ဆီးခြင်း၊ သိုင်းရွိုက် အလုပ်မလုပ်ခြင်း နှင့် ကယ်လ်စီယမ် ပြဿနာများ ဖြစ်နိုင်သည်။ ပါရာသိုင်းရွိုက် ဂလန်း (parathyroid glands) များကို မတော်တဆ ဖယ်ရှားမိပါက ကယလ်စီယမ် ပြဿနာများ ဖြစ်နိုင်သည်။
 သိုင်းရွိုက် ဟော်မုန်းများသော ရောဂါသည် ခွဲစိတ်မှုအပြီး ၁၀-၁၅ ရာခိုင်နှုန်းသော လူများတွင် ပြန်ဖြစ်နိုင်ပါ သည်။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇူလိုငျ 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 18, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။