Hyperhidrosis (ချွေးထွက်လွန်ခြင်း)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hyperhidrosis (ချွေးထွက်လွန်ခြင်း) ကဘာလဲ။

ချွေးထွက်လွန်ခြင်းသည် အပူချိန်များခြင်း သို့မဟုတ် လေ့ကျင့်ခန်းလုပ်သောအချိန်မျိုးတွင်ပုံမှန်ထက်ပို၍ချွေးထွက်ခြင်းဖြစ်သည်။ချွေးထွက်များခြင်းကြောင့် သင့်အ၀တ်စိုရွဲသွားခြင်း သို့မဟုတ် ချွေးများလက်ကစီးကျလာခြင်းထိဖြစ်တတ်သည်။ထိုပြင် သင့်ပုံမှန်လုပ်ဆောင်ချက်များကိုအနှောက်အယှက်ပေးမည့်အပြင် ချွေးထွက်လွန်ခြင်းကြောင့် ဒေါသထွက်လွယ်ခြင်း အရှက်ရခြင်းတို့ပါဖြစ်တတ်သည်။

ချွေးထွက်ခြင်းသည်အရှက်ရစေသည် အကျီများကိုစိုစေသည် ။အချစ်ဇာတ်လမ်းများပျက်စီးစေသည် စီးပွားရေး ပတ်ဝန်းကျင်တွင်ရှုပ်ထွေးမှုများဖြစ်လာနိုင်သည်။ပိုဆိုးပါက ဘောပင်ကိုင်ရန် ကားလက်တန်းကိုင်၇န် သို့မဟုတ် လက်ဆွဲနှုတ်ဆက်ရန်ခက်ခဲသည်အထိဖြစ်တတ်သည်။

Hyperhidrosis (ချွေးထွက်လွန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Hyperhidrosis (ချွေးထွက်လွန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ချွေးထွက်လွန်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

များသောများဖြင့် လူများသည် လေ့ကျင့်ခန်းလုပ်ခြင်းငို့မဟုတ် ပင်ပင်ပန်းပန်းလုပ်လိုက်ခြင်း ပူသောရာသီဥတုတွင်နေခြင်း ရင်တုန်ခြင်း စိတ်ဖိစီးမှုများသောအခါမျိုးတွင်မှ ချွေးထွက်တတ်ကြသည်။

ချွေးထွက်လွန်ခြင်းရှိသူတွင်ပုံမှန်ထက်အများကြီးပိုထွက်နေနိုင်သည်။

ချွေးထွက်ခြင်းးသည် များသောအားဖြင့်လက် ခြေ လက်မောင်း သို့မဟုတ် မျက်နှာတွင်ဖြစ်တတ်ပြီး အနည်းဆုံး တစ်ပါတ်တခါ လမ်းလျောက်သောအချိန်များတွင်ပိုဖြစ်တတ်သည်။ချွေးထွက်ခြင်းသည် ခန္ဓာကိုယ်နှစ်ခြမ်းလုံးတွင်ဖြစ်တတ်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

ချမ်းတုန်ခြင်း

ခေါင်းကိုက်ခြင်း

ရင်ဘတ်အောင့်ခြင်း

ပျို့ခြင်း

ကိုယ်အပူချိန် ၁၀၄ ဖာရင်ဟိုက်(၄၀ ဆဲစီးရပ်) သို့မဟုတ် ပိုများနေခြင်း

ပုံမှန်လုပ်ဆောင်ချက်များကိုအနှောက်အယှက်ဖြစ်စေခြင်း

ပုံမှန်ထက်ချွေးပိုထွက်လာခြင်း

အကြောင်းပြချက်မရှိပဲညဘက်ချွေးထွက်ခြင်း

အကြောင်းရင်းများ

Hyperhidrosis (ချွေးထွက်လွန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ချွေးထွက်ခြင်းသည် ခန္ဓာကိုယ်အေးအောင်လုပ်သောလုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ သင့်အာရုံကြောစနစ်သည် အပူချိန်မြင့်လာချိန်တွင် သင့်ချွေးထုတ်အိတ်ကိုနိုးစွပေးသည်။ပုံမှန်အားဖြင့်လဲချွေးထွက်တတ်သည် များသောအားဖြင့် သင်စိတ်ပူနေပါက လက်ဖ၀ါးများတွင်ဖြစ်တတ်သည်။

ချွေးထွက်လွန်ခြင်းသည် ချွေးထုတ်အိတ်ကိုနှုံဆော်မှုများခြင်းကြောင့် မလိုအပ်သောအချိန်တွင်ပင်ချွေးထွက်စေသည်။ စိတ်ဖိစီးမှုသို့မဟုတ် စိတ်ပူပင်ခြင်းကြောင့်ပိုဆိုးနိုင်သည်။

မျိုးရိုးလိုက်ခြင်းလဲရှိနိုင်သည်။အဘယ်ကြောင့်ဆိုသော် မိသားစုထဲတွင်ဖြစ်သောသူအများအပြားရှိတတ်သောကြောင့်ဖြစ်သည်။

ဖြစ်နိုင်ခြေများ

Hyperhidrosis (ချွေးထွက်လွန်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ချွေးထွက်လွန်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အချို့သောဆေးများ

ဆီးချိုရောဂါ

ရာသီသွေးဆုံးပြိးမျက်နှာရဲခြင်း

သကြားဓာတ်နည်းခြင်း

သိုင်းရွိုက်အလုပ်လုပ်မှုများခြင်း

အချိုသောကင်ဆာများ

နှလုံးရုတ်တရပ်ဖောက်ခြင်း

အာရုံကြောဆိုင်ရာပြသာနာများ

ပျံ့နှ့လွယ်သောရောဂါများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hyperhidrosis (ချွေးထွက်လွန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဓာတ်ခွဲခန်းဆိုင်ရာစမ်းသက်မှု

အခြားသောချွေးထွက်လွန်တတ်သောရောဂါဟုသံသယရှိပါက ဥပမာ သိုင်းရွိုက် အလုပ်လုပ်လွန်ခြင်း သို့မဟုတ် သကြားဓာတ်နည်းခြင်း ဆရာဝန်မှ သွေး သို့မဟုတ် စီးကိုစမ်းသက်လိမ့်မည်။

ချွေး ထွက်မှုစမ်းသက်ချက်

ရောဂါဆိုးဝါးမှုနှင့်ဖြစ်သောနေရာများစမ်းနိုင်သောစမ်းသက်မှုတော်တော်များများရှိပါသည်။အောက်ပါတို့ပါဝင်သည်။

အိုင်အိုဒင်း-စတာ့ စမ်းသက်မှု

အပူချိန်ထိန်းပေးမှုဖြင့်စမ်းသက်ခြင်း

အရေပြား အချက်ပြပို့ဆောင်နိုင်မှုစမ်းသက်ခြင်း 

Hyperhidrosis (ချွေးထွက်လွန်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ချွေးထွက်လွန်ခြင်းကိုကုသသောပုံစံများအောက်ပါအတိုင်းဖြစ်ကြသည်။

ဆေးဆိုင်တိုင်းတွင်ဝယ်နိုင်သော ချွေးထွက်မှုဆန့်ကျင်သောဆေး (သတ္ထုပမာဏအနည်းငယ် များသောအားဖြင့် အလူမီနှီယမ်) ကိုအရင်ပေးသည် အဘယ်ကြောင့်ဆိုသော် အလွယ်ရနိုင်သောကြောင့်ဖြစ်သည်။အလူမီနီယမ်ကလိုရိုက်သတ္ထုပါသော ချွေးထွက်ဆန့်ကျင်သောဆေး (ဥပမာ ကာတိန်း ဒရီ) ကအခြားဆေးများထက်ပိုထိရောက်သည်။

ဆရာညွန်ကြားချက်လိုသောချွေးမထွက်စေသည့်ဆေး-အလူမီနီယမ်ကလိုရိုက်ဟက်ဇာဟိုက်ထရိတ်။

လိုတိုဖိုရီစစ်။ကရိယာတစ်မျိုးဖြစ်ပြီး အိုင်ယွန် အသွင်ပြောင်းထားသောရေကို တိုက်ရိုက်လျှုပ်စစ်ပြီး အရေပြားအားဖြတ်စေသည်။

ဆေးသောက်ကုထုံး။ကိုလီနားဂျစ်ကိုဆန့်ကျင်သောဆေးက ချွေးထွက်သက်သာစေသည်။

ဘိုတောက်(ဘိုကျူလီနန် အဆိပ်)အေ အမေရိက ဆေးကွက်ကဲရေးအဖွဲ့မှချိုင်းအောက်ချွေးပြန်ခြင်းကိုကုရနှ်ခွင့်ပြုထားသည်။

မီလာဒရိုင်း။မိုင်ကရိုဝေ့အားဖြင့် ချွေးထုတ်အိတ်များကိုသတ်စေခြင်းဖြစ်သည်။

လေဆာသည် ချိုးအောက်ရှိ ချွေးထုတ်အိတ်ကို သတ်နိုင်သည်။

ရင်ဘတ် ဆန်ပတ်တီတတ်မီ ကိုနောက်ဆုံးအနေနှင့်စဉ်းစားသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကချွေးထွက်လွန်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ချွေးထွက်လွန်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

ချွေးထွက်တားသောဆေး။အလီမီနီယမ်ပါဝင်သော ညွန်ကြားချက်မလိုသည့်ချွေးတိတ်ဆေးက သက်သာစေသည်။

ရေမှန်မှန်ချိုးပါ။ပုံမှန်ရေချိုးခြင်းက အရေပြားပေါ်ရှိ ဘက်တီးရီးယားကိုပုံမှန်အရေအတွက်အတိုင်းရှိစေသည်။တစ်ကိုယ်လုံး အဓိကအားဖြင့် ခြေချောင်းနှင့်လက်အောက်ကိုခြောက်အောင်သုတ်ပါ။

ခြေအိတ် ဖိနပ်ကို သဘာဝအတိုင်းပြုလုပ်ထားသည့်အရာကိုရွေးချယ်ပါ။သဘာဝပစ္စည်း ဥပမာ သားရေဖြင့်ပြုလုပ်ထားသောဖိနပ်များက ခြေထောက်ချွေးထွက်ခြင်း ကိုသက်သာစေသည်။

ဖိနပ်များလှည့်ဝတ်ပါ။ ရူးဖိနပ်များကတစ်နေ့ထဲဖြင့်ခြောက်မည်မဟုတ်ပါ။ တူညီသောဖိနပ်အား နှစ်ရက်ဆက်မ၀တ်ပါနှင့်။

ခြေအိတ်ခဏခဏလဲပါ။

ခြေအောက်အားလေ၀၀ရပါစေ။ ခြေဖလာနှင့်လျောက်ပါ သို့မဟုတ် ရူးဖိနပ်ကိုခဏခဏချွတ်ပြီးသွားပါ။

သင့်ပုံမှန်လုပ်ဆောင်ချက်များနှင့်သင့်တော်သောအ၀တ်ကိုဝတ်ပါ။သဘာဝပစ္စည်း ချည်သား ပိုး များ က သင့်အရေပြားအသက်ရူရပိုအဆင်ပြေစေသည်။

စိတ်သက်သာစေသောနည်းလမ်းများကိုသုံးပါ။ဥပမာ ယောဂ တရားထိုင်ခြင်းမျိုးလုပ်ပါ။စိတ်ဖိစီးမှုကြောင့်ချွေးထွက်ခြင်းကိုသက်သာစေနိုင်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ မတျ 12, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတျ 14, 2018

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။