Human Papillomavirus (Hpv) (Human Papilloma ဗိုင်းရပ်စ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အဓိပ္ပါယ်ဖွင့်ဆိုချက်

Human Papillomavirus (Hpv) (Human Papilloma ဗိုင်းရပ်စ်) ကဘာလဲ။

HPV သည် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး ကြွက်နို့နှင့် ကင်ဆာရောဂါဖြစ်ပွားစေနိုင်ပါသည်။ ဤဗိုင်းရပ်စ်သည် လိင်မှတစ်ဆင့်ကူးစက်နိုင်၏။ HPV အမျိုးအစားများစွာရှိသည်။ တစ်ချို့သည် ကြွက်နို့နှင့်သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်၏။

Human Papillomavirus (Hpv) (Human Papilloma ဗိုင်းရပ်စ်) က ဘယ်လောက်အဖြစ်များသလဲ

အမျိုးသားရော အမျိုးသမီးပါ HPV ပိုးကူးစက်ခံနိုင်ရပါသည်။ ကြွက်နို့များသည် များသောအားဖြင့် မြီးကောင်ပေါက်နှင့် ငယ်ရွယ်သူများတွင် လိင်ဆက်ဆံလျှင် ဖြစ်ပေါ်တတ်ပါသည်။ ကြွက်နို့ဖြစ်ပေါ်နှုန်းသည် အမျိုးသားများတွင် အသက် ၂၀ မှ ၂၄ နှစ်အတွင်း၊ အမျိုးသမီးများတွင် အသက် ၁၆ မှ ၁၉ အတွင်းအမြင့်ဆုံးဖြစ်သည်။

လက္ခဏာများ

Human Papillomavirus (Hpv) (Human Papilloma ဗိုင်းရပ်စ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

HPV သည် မကုသဘဲနှင့်လည်း ပျောက်ကင်းတတ်ပါသည်။ သို့သော် HPV ပိုးအမျိုးမျိုးရှင်သန်နေနိုင်ပြီး လိင်အင်္ဂါကြွက်နို့နှင့် ကင်ဆာ
ဖြစ်စေနိုင်သော အခြေအနေများလည်းရှိ၏။ လိင်အင်္ဂါကြွက်နို့များသည် ဖားပြုပ်ဖုလောက်သေးငယ်သောအရွယ်မှစဖြစ်နိုင်ပြီး ကွဲအက်
ခြင်း၊ သွေးထွက်ခြင်း၊ အနာဖြစ်ခြင်း၊ အသားမာခြင်းတို့ဖြစ်စေနိုင်ပြီးရက်အနည်းငယ်အတွင်းပျောက်သွားပါမည်။

ဒဏ်ရာနှင့်အနာများအပြင်တုပ်ကွေး ပါဖြစ်တတ်သည်။ ထို့ကြောင့် လက္ခဏာများသည် ဖျားခြင်း၊ ပြန်ရည်ကျိတ်များရောင်ခြင်းတို့နှင့် ဆင်ဆင်တူကောင်း တူနိုင်သည်။ ကြွက်နို့ကို အတွင်းဘက်မှာပေါက်သောအမွေးကြောင့်ဖြစ်သော ၀က်ခြံနှင့် အလွယ်တကူမှားနိုင်ပါသည်။

HPVကြောင့်ဖြစ် သော ကင်ဆာအများစုသည် သားအိမ်ခေါင်းကင်ဆာဖြစ်စေသည်။ လည်ပင်းနှင့် လျှာကင်ဆာလဲဖြစ်နိုင်သည်။ သားအိမ်ခေါင်းကင်ဆာ ၏လက္ခဏာများတွင် သွေးနှင့်အရည်များမိန်းမကိုယ်မှကျခြင်းတို့ပါဝင်ပါသည်။ ရာသီချိန်မဟုတ်ပဲသွေးဆင်းခြင်း၊ လိင်ဆက်ဆံပြီးနောက်သွေးဆင်းခြင်းနှင့် သွေးဆုံးပြီးနောက်သွေးပြန်ဆင်းခြင်းတို့ ဖြစ်နိုင်သည်။

ထို့ပြင် အခြားလက္ခဏာများဖြစ်သော ဗိုက်အောက်ပိုင်း သို့မဟုတ် တင်ပါးဆုံအောက်ပိုင်းနာကျင်ခြင်း၊ လိင်ဆက်ဆံစဉ်နာခြင်းတို့လဲ ဖြစ်နိုင်ပါသည်။
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်းရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင်၏လတ်တလောဆက်ဆံဖော်၊အရင်ကလက်တွဲဖော် (သို့ )သင်ကိုယ်တိုင်တွင် HPV ဗိုင်းရပ်စ်ပိုးရှိတယ်လို့ သံသယရှိပါက ဆရာဝန်နှင့်ချက်ချင်းဆက်သွယ်ပါ။ လက္ခဏာများမရှိလျှင်တောင်မှ ကိုယ်တိုင်စမ်းသပ်ပုံနည်းလမ်းများနှင့် ပိုးကူးစက်လျှင် လုပ်ရမည့်နည်းလမ်းများကိုအကြံဥာဏ်တောင်းခံနိုင်သည်။

HPV ကူးစက်ခြင်းအတွက် ရောဂါရှာဖွေရန် လုပ်ရမည်များကိုလေ့လာပါ။ တခြားသူများဆီမကူးစက်စေရန် မိမိ၌ HPV ကူးစက်မှုမရှိဆိုတာမသေချာမချင်းလိင်ဆက်ဆံခြင်းကိုရှောင်ကြဉ်ပါ။

အကြောင်းရင်းများ

Human Papillomavirus (Hpv) (Human Papilloma ဗိုင်းရပ်စ်) ကိုဘာတွေကဖြစ်စေသလဲ

HPV ဟုခေါ်သောဗိုင်းရပ်စ်ပိုးသည် ကြွက်နို့များကို ဖြစ်စေနိုင်သည်။ အမျိုးအစား ၆၊ ၁၁၊ ၁၆ နှင့် ၁၈ တို့သည် လိင်အင်္ဂါကြွက်နို့နှင့် သားအိမ်ခေါင်းကင်ဆာများ ဖြစ်ပွားစေနိုင်ပါသည်။

HPV သည် လိင်မှတစ်ဆင့်ကူးစက်၏။ ဗိုင်းရပ်စ်ပိုးသည် လက္ခဏာမပြသည့်ပိုးသယ်ဆောင်သူလူများမှ ပျံ့နှံ့နိုင်သည်။ ကြွက်နို့နှင့်သားအိမ်ခေါင်းကင်ဆာများသည် HPV ပိုးကူးပြီးနောက် နှစ်ပေါင်းများစွာကြာမှပေါ်လာခြင်းလဲ ဖြစ်နိုင်ပါသည်။

Risk factors

Human Papillomavirus (Hpv) (Human Papilloma ဗိုင်းရပ်စ်) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

HPV ဖြစ်ပွားနှုန်းကို မြင့်မားစေသည့်အချက်အလက်များကိုသတ်မှတ်ရန်လုံလောက်သည့် သတင်းအချက်အလက်များမရရှိသေးပါ။ အသက်အရွယ် လိင်မရွေး ရောဂါပိုးကူးစက်ခံရနိုင်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Human Papillomavirus (Hpv) (Human Papilloma ဗိုင်းရပ်စ်) ကို ဘယ်လိုအတည်ပြုပါသလဲ

HPV ဗိုင်းရပ်စ် လူတွင်ကူးစက်မှုရှိမရှိ စမ်းသပ်နိုင်သည့် စစ်ဆေးချက်မျိုးမရှိသေးပါ။ HPV ကူးစက်မှုအများစုတွင် လူနာများသည်ကြွက်နို့
ပေါ်လာမှ သို့မဟုတ် ကင်ဆာအကျိတ်ကိုစမ်းသပ်တွေ့ရှိမှသာ ကူးစက်ခံရကြောင်းသိကြခြင်းဖြစ်သည်။

လိင်အင်္ဂါကြွက်နို့ –

ဆရာဝန်သည် အရေပြားကိုကြည့်ပြီး ရောဂါအမည်တပ်နိုင်ပါသည်။ ဆရာဝန်သည် ကြွက်နို့အသားစကိုယူပြီး
အဏုကြည့်မှန်ပြောင်းနှင့် ကြည့်ရှူစမ်းသပ်ပါလိမ့်မည်။

သားအိမ်ခေါင်းကင်ဆာ –

Pap စမ်းသပ်ချက် (သားအိမ်ခေါင်းဆဲလ်ဗေဒ) သည် ကင်ဆာမတိုင်မီအစောဆုံးအခြေအနေကို တွေ့ရှိနိုင် သကဲ့သို့ သားအိမ်ခေါင်းကင်ဆာဖြစ်လာမည့် သားအိမ်ခေါင်းဆဲလ်ပြောင်းလဲမှုများကိုပါ တွေ့ရှိနိုင်ပါသည်။ Pap စမ်းသပ်ချက်ကိုအသက် ၂၁ ကတည်းကစတင်စမ်းသပ်မှုခံယူသင့်သည်။

Human Papillomavirus (Hpv) (Human Papilloma ဗိုင်းရပ်စ်) ကို ဘယ်လိုကုသပါသလဲ

ရောဂါဖြစ်စေသောဗိုင်းရပ်စ်သည် အချိန်အတော်ကြာမှ ပေါ်လာသည်ဖြစ်သောကြောင့် ကုသမှုသည် ရောဂါအမျိုးအစားပေါ်မူတည်ပါသည်။

• လိင်အင်္ဂါကြွက်နို့ –

ကြွက်နို့အားကုသရန် အရိုးရှင်းဆုံးနည်းသည် အမြှုပ် သို့မဟုတ် ခရင်မ်လိမ်းဆေးကုသမှုပင်ဖြစ်သည်။ အအေးပေးခြင်း(သို့)အပူပေးခြင်းကုထုံးများနှင့်လည်းကုသနိုင်သည်။ ကုသမှုသည် လအနည်းငယ်ကြာနိုင်သည်။

• ကင်ဆာ –

ဆရာဝန်သည် ကင်ဆာကျိတ်၏အဆင့်နှင့် လူနာ၏ရောဂါအခြေအနေပေါ်မူတည်ပြီး ကုသမှုကိုပေးပါလိမ့်မည်။ ကင်ဆာအတွက် သင်သည် အကျိတ်မပေါ်လာခင် ရောဂါဖြစ်ပွားမှုကိုကာကွယ်ရန် ပုံမှန်စစ်ဆေးမှုခံယူသင့်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇူလိုငျ 3, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 29, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။