backup og meta

ပြည်ပမှာဆေးကုသမှုခံယူမယ်ဆိုရင် ဘာတွေသိထားရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပြည်ပမှာဆေးကုသမှုခံယူမယ်ဆိုရင် ဘာတွေသိထားရမလဲ

    လူတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ အရာ တစ်ခု ရှိပါတယ်။ ဒါကတော့ ကျန်းမာရေးပါ။ ကျန်းမာရေး ကောင်းမှ လူမှုရေးရော စီးပွားရေးကိုပါ ကောင်းကောင်းလုပ်ဆောင်နိုင်မှာပါ။ အရင်က ကျန်းမာရေးကို ပြည်တွင်းမှာပဲ ကုသကြတာ များပေမယ့် အခုနောက်ပိုင်းတော့ ပြည်ပမှာပါ ဆေးကုသမှု ခံယူကြတာက အဆန်းတကြယ် မဟုတ်လှတော့ပါဘူး။ ဒါကြောင့် ရောဂါ တစ်ခုခု ခံစားနေရလို့ ပြည်ပမှာ သွားရောက်ပြီး ဆေးကုသမှု ခံယူဖို့ အစီအစဉ် ရှိတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အရင် ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. ပြည်ပမှာဆေးကုသမှုခံယူမယ်ဆိုရင် ဘာတွေသိထားရမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

    ပြည်ပမှာ ဆေးကုသမှုခံယူတော့မယ်ဆိုရင်

    ဆေးကုသမှု ခံယူတော့မယ် ဆိုရင် အသေအချာ နားလည်ပြီး ရွေးချယ်နိုင်ဖို့က အဓိက ကျပါတယ်။ အခု နောက်ပိုင်းက မြန်မာနိုင်ငံတွင်းကနေတင် ပြည်ပကဆေးရုံတွေမှာ ကုသမှု ခံယူဖို့ ဆွေးနွေးတိုင်ပင်လို့ရတဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေက တစ်ခုမက ရှိလာပါတယ်။ ရွေးချယ်စရာ များလာတာက ကောင်းတဲ့အချက် တစ်ခုပါ။ ဒီလို ရွေးချယ်စရာ အများကြီးထဲမှာမှ သေချာလေး ရွေးချယ်တတ်မှလည်း ကျန်းမာရေးအတွက် စိတ်ချယုံကြည်ရတဲ့ စောင့်ရှောက်မှုကို ရရှိမှာဖြစ်ပါတယ်။ ပြည်ပမှာဆေးကုသမှုခံယူမယ်ဆိုရင် အခုပြောပြမယ့် အချက်လေးတွေကို သတိထားဖို့ လိုပါမယ်။

    နိုင်ငံခြားထွက်ဆေးကုသမယ့်သူတွေအတွက် ကြုံတွေ့ရတတ်တဲ့ ပြဿနာများ။

    ဆက်သွယ်ပြောဆိုမှု အခက်အခဲ။ ဘာသာစကား မတူတဲ့ ပြဿနာကြောင့် ဆေးရုံတာဝန်ရှိသူတွေ၊ ကုသသူတွေနဲ့ လူနာ အကြားမှာ ဆက်သွယ်ပြောဆိုမှုအခက်အခဲတွေနဲ့ နားလည်မှု လွဲမှားတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

    မျှော်မှန်းထားတာထက် လျော့နည်းတဲ့ဝန်ဆောင်မှု။ ပုဂ္ဂလိက ဆေးရုံတွေမှာ အပြိုင်အဆိုင် လူနာခေါ်ဖို့အတွက် စွဲဆောင်မှု ကောင်းတဲ့ ဝန်ဆောင်မှုတွေ ပြောတတ်ကြပေမယ့် တကယ်တမ်း လက်တွေ့မှာ ထင်ထားခဲ့သလို မဖြစ်ရတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။

    ငွေကြေးသယ်ဆောင်မှု ပြဿနာ။ နိုင်ငံအချို့ရဲ့ ပြည်ဝင်ခွင့် ပေါ်လစီမှာ ငွေကြေး ပမာဏ အများကြီး သယ်ဆောင်လာလို့ မရတာမျိုး ရှိပါတယ်။ အဲဒီအခါ အထပ်ထပ် အခါခါ လွှဲရ ပို့ရတာတွေ၊ လွှဲလိုက်တဲ့ ငွေကြေးကို ပြန်လည် လဲလှယ်ရတဲ့အခါ အချိန်ကုန် လူပင်ပန်းနဲ့ ငွေကြေး ဆုံးရှုံးမှု ဖြစ်ရတာတွေ ရှိတတ်ပါတယ်။

    ကျန်းမာရေးအတွက် စိတ်ချရတဲ့ ကျန်းမာရေးဝန်ဆောင်မှု စနစ်ဖြစ်စေဖို့ ဘယ်လိုအချက်တွေကို ဂရုစိုက်ဖို့လိုမလဲ………

    ကိုယ်တိုင်အတွက် ဖြစ်ဖြစ်၊ ချစ်ခင်ရတဲ့ မိသားစုဝင် တစ်ဦးတစ်ယောက်အတွက်ဖြစ်ဖြစ် ပြည်ပမှာ ဆေးကုသမှု ခံယူစေဖို့ ဆေးရုံ၊ ကျန်းမာရေး ဝန်ဆောင်မှုတစ်ရပ်ရပ်ကို ရွေးချယ်တဲ့အခါ ကိုယ်ရွေးချယ်တဲ့ ဆေးရုံက ဘယ်လောက်ထိ စိတ်ချရမှု ရှိမလဲ၊ ကိုယ့်အတွက် အဆင်ပြေပါ့မလား ဆိုတာကို အောက်ပါ အချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

    ၁။ ကိုယ်သွားရောက် ကုသဖို့ စဉ်းစားထားတဲ့ ဆေးရုံရဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးပါ။

    • သွားရောက်ကုသမှုမယ့် ဆေးရုံက အစိုးရရဲ့ အသိအမှတ်ပြုမှု ရရှိရဲ့လား
    • လူနာတွေကို အကောင်းဆုံး စောင့်ရှောက်မှု ပေးနေရဲ့လား
    • တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေ ရှိရဲ့လား
    • ဘယ်လို ရောဂါမျိုးတွေကို အဓိကထား ကုသမှု ပေးနေတာလဲ
    • ဆေးရုံရဲ့ သန့်ရှင်းမှုစနစ်ကရော ဘယ်လိုလဲ
    • ဘယ်လို ကျန်းမာရေး ဝန်ဆောင်မှုတွေ ရနိုင်လဲ
    • ဆေးကုသမှု မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားရဲ့လား
    • ဆေးရုံဆင်းပြီးနောက်ပိုင်းမှာရော ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးလဲဆိုတဲ့ အချက်တွေကို သေချာ မေးမြန်းတိုင်ပင်ဖို့ လိုအပ်ပါတယ်။

    ၂။ ဆေးရုံ အကြောင်းနဲ့ ရရှိထားတဲ့ အသိအမှတ်ပြု လက်မှတ်တွေအကြောင်း သေချာလေ့လာဖတ်ရှုပါ။

    ၃။ ဘာသာစကားကြောင့် ပြဿနာ မဖြစ်ရအောင် စီစဉ်ထားရှိပါ။

    ၄။ ကိုယ်နဲ့အတူ ဆေးမှတ်တမ်းတွေ အကုန် ယူဆောင်သွားဖို့ မမေ့ပါနဲ့။

    ၅။ ကုသမှုအတွက် ငွေကုန်ကြေးကျနဲ့ အခြားကုန်စရိတ်များကို တွက်ဆပြီး အကောင်းဆုံး နေရာကိုရွေးချယ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement