backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

4

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hiv/Aids (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hiv/Aids (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ကဘာလဲ။

Human Immunodeficiency Virus သို့မဟုတ် HIV သည် AIDS ( ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ဖြစ်စေသော ဗိုင်းရပ်စ် ဖြစ်သည်။

HIV သည် ကိုယ်ခံအားစနစ်ကို အပြင်းအထန် ကျဆင်း စေနိုင်သည်။ ထို့ကြောင့် အခြားရောဂါများ၊ ဘတ်တီးရီးယား နှင့် ဗိုင်းရပ်စ်ပိုးကူးစက်မှုများကို ဖြစ်စေသည်။ HIV ကို သင့်ခန္ဓါကိုယ်မှအပြည့် ဖယ်ရှား မပစ်နိုင်ပါ။ HIV တစ်ခါ ကူးစက်ပါက တစ်သက်လုံးရှိနေမည် ဖြစ်သည်။

AIDS သည် HIV ရောဂါ၏ အမြင့်ဆုံးအဆင့် ဖြစ်သည်။ အခြားရောဂါများဖြစ်ခြင်း ဥပမာ ကင်ဆာနှင့် ကိုယ်ခံအား စနစ် အားနည်းလာသောကြောင့် ရောဂါပိုးပေါင်းစုံ ဝင်ခြင်းတို့ဖြင့် သတ်မှတ်နိုင်သည်။

Hiv/Aids (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

၂၀၁၄ နှစ်ကုန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တင်ပြချက် အရ HIV ရောဂါဖြင့် ရှင်သန်နေသူ ၃၇ သန်းနီးပါးရှိပြီး ၁.၂ သန်းသည် AIDS နှင့်ဆက်နွယ်သော အကြောင်းများကြောင့် သေဆုံးသည်။ သို့သော်လည်း ထိုလူများ၏ ၅၄ ရာခိုင်နှုန်းသာ သူတို့၏ အခြေအနေကို သိကြပါသည်။ အဘယ်ကြောင့်ဆို သော် HIV သည် ရောဂါလက္ခဏာမပြဘဲ ရှိနိုင်သောကြောင့် ဖြစ်သည်။

လက္ခဏာများ

Hiv/Aids (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

သင့်တွင် ရောဂါလက္ခဏာ မပြသော်လည်း သင်သည် ဗိုင်းရပ်စ်ကို အခြားလူများသို့ ပျံ့နှံ့စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် HIV သည် ရောဂါလက္ခဏာ ပြရန် ၂-၁၅ နှစ်အထိ ကြာနိုင်သောကြောင့် ဖြစ်သည်။ သင့်တွင် HIV ရှိသော်လည်း ကျန်းမာပြီး ပုံမှန်လုပ်ငန်း လုပ်နိုင်ပုံ ပေါ်သည်။ စစ်ဆေးမှု မပြုမချင်း သင့်တွင် HIV ရှိသလား သေချာ မသိနိုင်ပါ။

HIV သည် သင်၏ ကိုယ်တွင်းအင်္ဂါများကို တိုက်ရိုက် မထိခိုက်စေပါ။ သင်၏ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ပြီး အခြား ရောဂါများစွာကို ဖြစ်စေသည်။ အထူးသဖြင့် ရောဂါပိုး ကူးစက်ခြင်းများ ဖြစ်သည်။ HIV ၏ အစပိုင်းလက္ခဏာများ သည် အခြားဗိုင်းရပ်စ်ကူးစက်မှုများနှင့် ဆင်တူသည်။

  • အဖျားတက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • လည်ချောင်း၊ ချိုင်းကြား နှင့် ပေါင်ခြံတွင် ဂလန်းများ ရောင်ခြင်း

AIDS သည် HIV ကူးစက်မှု၏ ပြန့်ပွားလာသော အဆင့် ဖြစ်သည်။ HIV သည် သင်၏ ကိုယ်ခံအားစနစ်က်ု လျော့ကျ စေနိုင်သည်။ ထို့ကြောင့် အခြား ရောဂါပိုးကူးစက်မှု အခြေအနေများကို ဖြစ်စေသည်။ AIDS ဖြစ်ပါက ရောဂါပိုး ကူးစက်မှု အခြေအနေများစွာ တစ်ချိန်တည်း ဖြစ်နိုင်သည်။

  • ရောဂါပိုးကူးစက်မှု၊ တစ်ခုတည်း သို့မဟုတ် များစွာ။ တီဘီရောဂါ၊ cytomegalovirus ကူးစက်မှု၊ cryptococcal meningitis, toxoplasmosis, cryptosporidiosis
  • ကင်ဆာ။ အဆုတ်၊ ကျောက်ကပ် ကင်ဆာ သို့မဟုတ် lymphomas နှင့် Kaposi’s sarcoma
  • တီဘီရောဂါ။ ဆင်းရဲသော နိုင်ငံများတွင် တီဘီသည် HIV နှင့် ဆက်နွယ်သော အဖြစ်အများဆုံး ကူးစက် ရောဂါဖြစ်သည်။ AIDS လူနာများတွင် အဓိကသေစေ သော အကြောင်းရင်းလည်း ဖြစ်သည်။
  • Cytomegalovirus ။ ဤအဖြစ်များသော ရေယုန် ဗိုင်းရပ်စ်သည် တံတွေး၊ သွေး၊ ဆီး၊ သုတ်ရည်၊ မိခင်နို့ စသော ခန္ဓါကိုယ်အရည်များမှတစ်ဆင့် ကူးစက် သည်။ ကျန်းမာသော ကိုယ်ခံအားစနစ်သည် ဗိုင်းရပ်စ် ကို မလှုပ်ရှားအောင် ထိန်းချုပ်ထားသည်။ ကိုယ်ခံ အားစနစ် အားနည်းသောအခါ ဗိုင်းရပ်စ်သည် နိုးကြား လာပြီး မျက်လုံး၊ အစာခြေလမ်းကြောင်း၊ အဆုတ် သို့မဟုတ် အခြား အင်္ဂါများကို ထိခိုကစေသည်။
  • Candidiasis ။ Candidiasis သည် HIV နှင့် ဆက်စပ် သော အဖြစ်များသော ကူးစက်မှုတစ်ခု ဖြစ်သည်။ ရောင်ရမ်းခြင်းကို ဖြစ်စေသည်။ ပါးစပ်၊လျှာ၊ အစာရေ မြို နှင့် မိန်းမအင်္ဂါတို့ရှိ အမြှေးပါးတွင် အဖြူဖတ်အထူ များ ဖြစ်စေသည်။
  • Cryptococcal meningitis ။ Meningitis သည် ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကို ဝန်းရံထား သော အမြှေးပါးနှင့် အရည်များ ရောင်ရမ်းခြင်း ဖြစ်သည်။ Cryptococcal meningitis သည် HIV နှင့် ဆက်စပ်သော အဖြစ်များသော အဓိကအာရုံကြော စနစ် ရောဂါပိုးကူးစက်မှုတစ်ခု ဖြစ်သည်။ မြေကြီးထဲ တွင်တွေ့ရသော မှိုတစ်မျိုးကြောင့် ဖြစ်သည်။
  • Toxoplasmosis ။ ဤသေစေနိုင်သော ကူးစက်မှု သည် အဓိကအားဖြင့် ကြောင်များမှ ကူးစက်ပျံ့နှံ့ သော toxoplasma gondii ဟူသော ကပ်ပါးကြောင့် ဖြစ်သည်။ ကူးစက်ခံရသော ကြောင်များသည် ကပ်ပါး ကို ဝမ်းထဲတွင် စွန့်ပစ်သည်။ ကပ်ပါးများသည် ထိုမှ တစ်ဆင့် အခြားတိရစ္ဆာန်များနှင့် လူများသို့ ပျံ့နှံ့ သည်။
  • Cryptosporidiosis ။ ဤကူးစက်မှုသည် တိရစ္ဆာန် များတွင် အတွေ့ရများသော အူကပ်ပါးကောင် ကြောင့် ဖြစ်သည်။ ညစ်ညမ်းသော အစာ သို့မဟုတ် ရေ သောက်မိပါက crytosporidiosis ဖြစ်နိုင်သည်။ ကပ်ပါးသည် အူနှင့် သည်းခြေပြွန် ထဲတွင် ကြီးထွားလာပြီး AIDS လူနာများတွင် ပြင်းထန်သော ရက်ရှည် ဝမ်းလျှောခြင်းကို ဖြစ်စေသည်။
  • AIDS ဖြစ်ပါက ရောဂါပိုး ကူးစက်မှုများအပြင် ကင်ဆာ၊ အာရုံကြောရောဂါများ၊ ကျောက်ကပ် ပြဿနာများလည်း ဖြစ်နိုင်ချေ ရှိသည်။

ထိုအခြေအနေများကို အောက်ပါတို့ဖြင့် သိသာစွာ သိရှိနိုင် သည်။

  • မက်ခရုနာ – လျှာ သို့မဟုတ် ပါးစပ်တွင် အဖြူဖတ် အထူများ၊ မှိုကူးစက်မှုကြောင့် ဖြစ်သည်။ တစ်ခါတစ်ရံ လည်ချောင်းနာခြင်းနှင့် တွဲ၍ ဖြစ်သည်။
  • ပြင်းထန်သော သို့မဟုတ် ထပ်တလဲလဲဖြစ်ပွားသော မိန်းမကိုယ်တွင် မှိုကူးစက်ခြင်း
  • နာတာရှည် တင်ပါးဆုံ ရောင်ရမ်းရောဂါ
  • ပြင်းထန်သော၊ မကြာခဏ ရောဂါပိုးကူးစက်မှု၊ အလွန် အမင်း ရှင်းမပြတတ်အောင် မောပန်းခြင်း။ ခေါင်း ကိုက်ခြင်း၊ ငန်းဖမ်းခြင်း၊ မူးဝေခြင်း။
  • ကိုယ်အလေးချိန် ၁၀ ပေါင်ကျော် ကျသွားခြင်း။ လေ့ ကျင့်ခန်း သို့မဟုတ် အစာစားခြင်းကြောင့် မဟုတ်ဘဲ။
  • ပုံမှန်ထက် ပို၍အညိုမဲစွဲလွယ်ခြင်း
  • မကြာခဏ ကြာရှည်စွာ ဝမ်းလျှောခြင်း၊
  • မကြာခဏ အဖျားတက်ခြင်း၊ ညဘက် ချွေးပြန်ခြင်း
  • လည်ချောင်း၊ ချိုင်းကြား သို့မဟုတ် ပေါင်ခြံတွင် ရှိသော ဂလန်းများ ရောင်ရမ်းခြင်း၊ မာလာခြင်း
  • ဆက်တိုက် ချောင်းခြောက်ဆိုးခြင်း
  • အသက်ရှူ မြန်ခြင်း
  • အရေပြားနှင့် ပါးစပ်အတွင်းပိုင်းတွင် အရောင်မရှိ သော သို့မဟုတ် ခရမ်းရောင် အကျိတ်ဖုများ ပေါက်ခြင်း
  • အရေပြားရှိ အကျိတ်ဖုများ၊ ပါးစပ်၊ နှာခေါင်း၊ စအို၊ မိန်းမအင်္ဂါ သို့မဟုတ် ခန္ဓါကိုယ်ရှိ အပေါက်များမှ သွေးထွက်ခြင်း
  • မကြာခဏ အရေပြားတွင် အဖုအပိမ့်များပေါက်ခြင်း
  • လက် သို့မဟုတ် ခြေထောက် ထုံခြင်း၊ နာခြင်း။ ကြွက်သား ထိန်းချုပ်မှု၊ အလိုအလျောက် တုံ့ပြန်မှု တို့ ဆုံးရှုံးခြင်း၊ အကြောသေခြင်း၊ ကြွက်သား မသန်မာခြင်း။
  • စိတ်ရှုပ်ထွေးခြင်း၊ ပင်ကိုစရိုက် ပြောင်းလဲခြင်း၊ စိတ် စွမ်းရည် ကျဆင်းခြင်း

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Hiv/Aids (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

AIDS သည် HIV ကြောင့် ဖြစ်ပွားသည်။ HIV သည် ရောဂါပိုးရှိသော သွေး၊ သုတ်ရည်၊ မိန်းမကိုယ်မှ ထွက်သော အရည်ကို ထိတွေ့ခြင်းဖြင့် ကူးစက်ပျံ့နှံ့သည်။ ဥပမာ-

  • HIV ရှိသူနှင့် အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း။ HIV သည် အများအားဖြင့် လိင်မှတစ်ဆင့် ကူးစက် သည်။ အဘယ်ကြောင့်ဆိုသော် အရည်များ ရောနှော ပြီး ဗိုင်းရပ်စ်ကူးပြောင်းနိုင်သောကြောင့် ဖြစ်သည်။ အထူးသဖြင့် မိန်းမကိုယ် သို့မဟုတ် စအူတစ်ရှူးတွင် အပြဲရာ၊ ဒဏ်ရာ၊ အခြား လိင်မှတစ်ဆင့် ကူးစက်မှုများ ရှိပါက ပို၍ ဖြစ်သည်။ မိန်းကလေးများ သည် HIV ကူးစက်မှု ပိုဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် မိန်းမကိုယ် အမြှေးပါးသည် အသက်ကြီးသော အမျိုးသမီးများထက် ပိုပါးပြီး ရောဂါပိုးကူးစက်မှု ပိုလွယ်သောကြောင့် ဖြစ်သည်။
  • HIV ပိုးရှိသော အပ်၊ ဆေးထိုးအပ် နှင့် အခြား ဆေးထိုးသော ကိရိယာများကို မျှဝေသုံးစွဲခြင်း
  • တက်တူးနှင့် မင်အား အသုံးပြု၍ ခန္ဓါကိုယ်အား ထိုးဖောက်သော ကိရိယာများအသုံးပြုခြင်း။ ကောင်းစွာ ဆေးကြောသန့်စင်မထားဘဲ HIV ပိုးရှိသော ကိရိယာများ။
  • HIV ရှိသော အမေမှကလေးအား ကူးခြင်း ( မမွေးခင် သို့မဟုတ် မွေးဖွားစဉ်အတွင်း)။ ကလေးနို့တိုက်ခြင်း
  • Chlamydia သို့မဟုတ် ဆီးပူညောင်းကျ စသော အခြား လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ရှိခြင်း။ ထိုရောဂါများသည် ခန္ဓါကိုယ်၏ သဘာဝ ကာကွယ်မှုကို အားနည်းစေသည်။ HIV ဗိုင်းရပ်နှင့် တွေ့ပါက ကူးစက်နိုင်ချေကို မြင့်စေသည်။
  • HIV ပိုးရှိသော သွေး၊ သုတ်ရည် သို့မဟုတ် မိန်းမကိုယ်မှ အရည်များ အနာ အတွင်းသို့ ဝင်ခြင်း

HIV သည် နေ့စဉ် ထိတွေ့မှုဖြင့် မကူးစက်နိုင်ပါ။

  • ကိုင်တွယ်ထိတွေ့ခြင်း
  • လက်ဆွဲနှုတ်ဆက်ခြင်း
  • ပွေ့ဖက်ခြင်း၊ နမ်းခြင်း
  • ချောင်းဆိုးခြင်း၊ နှာချေခြင်း
  • သွေးပေးခြင်း
  • ရေကူးကန်၊ အိမ်သာထိုင်ခုံ သုံးခြင်း
  • အိပ်ယာခင်း အတူတူသုံးခြင်း
  • မီးဖိုချောင်သုံးပစ္စည်းများ၊ အစားအစာများ
  • တိရစ္ဆာန်များ၊ ခြင်၊ အခြားအင်းဆက်များ

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Hiv/Aids (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

AIDS သည် HIV ကြောင့်ဖြစ်ပွားပြီး ထိုဗိုင်းရပ်စ်သည် HIV လူနာမှ ခန္ဓါကိုယ်အရည်များ ထိတွေ့ဝင်ရောက်ခြင်း မှတစ်ဆင့် ကူးစက်သည်။ သွေး၊ သုတ်ရည်၊ မိန်းမကိုယ် အရည် နှင့် မိခင်နို့တို့ ပါဝင်သည်။ ဥပမာ-

  • HIV ရှိသူနှင့် အကာအကွယ်မပါဘဲ လိင် ဆက်ဆံခြင်း
  • HIV ပိုးရှိသော အပ်၊ ဆေးထိုးအပ် နှင့် အခြား ဆေးထိုးသော ကိရိယာများကို မျှဝေသုံးစွဲခြင်း
  • တက်တူးနှင့် မင်အား အသုံးပြု၍ ခန္ဓါကိုယ်အား ထိုးဖောက်သော ကိရိယာများအသုံးပြုခြင်း။ ကောင်းစွာ ဆေးကြောသန့်စင်မထားဘဲ HIV ပိုးရှိသော ကိရိယာများ။
  • HIV ရှိသော အမေမှကလေးအား ကူးခြင်း ( မမွေးခင် သို့မဟုတ် မွေးဖွားစဉ်အတွင်း)။ ကလေးနို့တိုက်ခြင်း
  • HIV ပိုးရှိသော သွေး၊ သုတ်ရည် သို့မဟုတ် မိန်းမကိုယ်မှ အရည်များ အနာ အတွင်းသို့ ဝင်ခြင်း

ပုံမှန် ထိတွေ့မှုဖြင့် HIV သည် မကူးစက်နိုင်ပါ။

  • ကိုင်တွယ်ထိတွေ့ခြင်း
  • လက်ဆွဲနှုတ်ဆက်ခြင်း
  • ပွေ့ဖက်ခြင်း၊ နမ်းခြင်း
  • ရေကူးကန်၊ အိမ်သာထိုင်ခုံ သုံးခြင်း
  • အိပ်ယာခင်း အတူတူသုံးခြင်း
  • မီးဖိုချောင်သုံးပစ္စည်းများ၊ အစားအစာများ
  • တိရစ္ဆာန်များ၊ ခြင်၊ အခြားအင်းဆက်များ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hiv/Aids (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်တွင် ဗိုင်းရပ်စ် ရှိသလား ဆုံးဖြတ်ရန် ဆရာဝန်သည် သွေးစစ်ခြင်း ပြုလုပ်ပါမည်။

သွေးစစ်ခြင်း၏ တိကျမှုသည် HIV ကူးစက်နိုင်သော နောက်ဆုံးထိတွေ့မှု ( အကာအကွယ် မပါဘဲ လိင်ဆက်ဆံခြင်း၊ အပ်မျှဝေသုံးခြင်း) အချိန်အပေါ် မူတည်သည်။ အန္တရာယ်ရှိသော ထိတွေ့မှု အမြဲရှိနေပါက ဘယ်အချိန်မဆို ဗိုင်းရပ်စ် ကူးစက်ခံရနိုင်သည်။ ထို့ကြောင့် HIV စစ်ကြည့်သင့်သည်။ HIV စစ်ဆေးမှုတွင် HIV antibody ပြရန် ပျမ်းမျှ ၃ လလောက် ကြာသည်။

ရလဒ်သည် တွေ့ရှိသည်ဟု ထွက်ပါက

  • သင့်တွင် HIV antibody ရှိပြီး HIV ကူးစက်မှု ရှိသည်။ သို့သော် သင့်တွင် AIDS ရှိသည်ဟု ဆိုလို ရန် မလုံလောက်ပါ။
  • HIV ဗိုင်းရပ်စ် ကူးစက်ခံရသော လူသည် AIDS ဖြစ်လိမ့်မည်ဟု မည်သူမျှ သေချာစွာ မသိပါ။

ရလဒ်သည် မတွေ့ရှိပါဟု ထွက်ပါက သင့်တွင် စစ်ဆေး သည့် အချိန်တွင် antibody မရှိပါ။ သို့သော်လည်း

  • ရောဂါဖြစ်နိုင်သော ထိတွေ့မှုမှ ၃လကြာပြီးနောက် စစ်ဆေးမှုသည် မတွေ့ရှိပါက သင့်တွင် HIV ကူးစက်မှု မရှိပါ။
  • ရောဂါဖြစ်နိုင်သော ထိတွေ့မှုမှ ၃ လမပြည့်သေးပါက သင်သည် နောက်ထပ် စစ်ဆေးမှု လုပ်သင့်သည်။
  • သင်သည် သင့်ကိုယ်သင် အန္တရာယ် ဖြစ်စေသော ထိတွေ့မှုများကို ဆက်လုပ်နေပါက ဘယ်အချိန်မဆို ဗိုင်းရပ်စ် ကူးစက်မှု ခံရနိုင်သည်။ သင်ဘယ်လို HIV ရနိုင်သလဲနှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုပါက ဘယ်လို ရနိုင်သလဲကို ဖတ်ရှုပါ။

Hiv/Aids (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

HIV/AIDS အတွက် ပျောက်ကင်းစေသော ဆေး မရှိပါ။ ရောဂါ ဆိုးလာခြင်းကို နှေးစေသော ဆေးအချို့ ရှိသည်။ သင့် အတွက် အကောင်းဆုံးဖြစ်နိုင်သော ကုသမှုအတွက် ဆရာဝန် သို့မဟုတ် အထူးကုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

သင်သည် HIV ရှိကြောင်း သိပြီးပြီးချင်း ဆေးပညာ အကြံ ညဏ်နှင့် ကုသမှုယူပါ။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်သည်။

  • HIV/AIDS ကုသမှုအကြောင်း သိသော ဆရာဝန်နှင့် တိုင်ပင်ပါ။
  • သင်သည် လိင်ပိုင်းဆိုင်ရာ ကိစ္စများပါက သင်၏ ကြင်ဖော်ကို အသိပေးပါ။
  • အပ်များကို မျှဝေအသုံးမပြုပါနှင့်။
  • ကုထုံးဆရာဝန်နှင့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှု ရယူ ပါ။ HIV/AIDS ရောဂါသည်များအတွက် ထောက်ပံ့မှု အဖွဲ့ကို ဆက်သွယ်ပါ။
  • HIV/AIDS ထောက်ပံ့မှုအဖွဲ့အစည်းမှ အချက် အလက်နှင့် လူမှုရေး၊ ဥပဒေဆိုင်ရာ အထောက် အပံ့များ ရယူပါ။
  • သင် HIV ရှိကြောင်းကို သင်မသိသော လူများနှင့် မျှဝေ မပြောဆိုပါနှင့်။ HIV ရှိသူများသည် ခွဲခြား ဆက်ဆံခြင်း ခံနေရဆဲ ဖြစ်သည်။ ကူညီထောက်ပံ့ ပေးနိုင်သော လူများကိုသာ ပြောပါ။

ရောဂါကူးစက်မှုကို နှေးစေသော ဆေးများသုံးရန် စဉ်းစားပါ။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် HIV/AIDS ကို ထိန်းချုပ်နိုင် ပါသည်။

ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်အောင် ထိန်းသိမ်းပါ။ ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပါ။ ကျန်းမာရေးနှင့် ညီညွတ် သော နေထိုင်မှု ပုံစံ ကျင့်သုံးပါ။

  • ကောင်းစွာ စားပါ။
  • လုံလောက်စွာ အနားယူပါ။ လေ့ကျင့်ခန်း လုပ်ပါ။
  • တရားမဝင်သော၊ အပန်းဖြေစေသော ဆေးများကို ရှောင်ပါ။ အရက်၊ ဆေးပြင်းလိပ်ရှောင်ပါ။
  • စိတ်ဖိစီးမှုကို ထိရောက်စွာ ဘယ်လို လျော့ချမလဲ လေ့လာပါ။

သင့်တွင် HIV ရှိပါက ရောဂါလက္ခဏာ မပြသော်လည်း အခြားသူများကို ဗိုင်းရပ်စ် ကူးစက်စေနိုင်သည်။ အောက်ပါတို့ကို လုပ်ဆောင်ခြင်းဖြင့် မိမိကိုယ်ကို နှင့် အခြားလူများအား HIV ကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်ပါ။

  • မိန်းမကိုယ်၊ ပါးစပ် သို့မဟုတ် စအိုဖြင့် လိင်ဆက်ဆံ ရာတွင် အကာအကွယ် ကွန်ဒုံး အမြဲတမ်း အသုံးပြုပါ။
  • အပ် သို့မဟုတ် အခြားဆေး ကိရိယာများကို ဘယ်တော့မှ မျှဝေမသုံးစွဲပါနှင့်။
  • သင့်ခန္ဓါကိုယ် အရည်များနှင့် ထိတွေ့နိုင်သော လူများအား ပြောပြပါ။ ဆရာဝန်၊ သွားဆရာဝန် သို့မဟုတ် သွားကျန်းမာရေး ပညာရှင်တို့ ပါဝင်သည်။

သင့်တွင် HIV ရှိပြီး ကိုယ်ဝန်ရှိပါက HIV ကုသမှုတွင် အတွေ့အကြုံရှိသော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ ကုသခြင်း မပြုပါက HIV ရှိသောမိခင်မှ မွေးသော ကလေး ၁၀၀ တွင် ၂၅ ယောက်သည် ရောဂါပိုးကူးစက်ခံရနိုင်သည်။ သို့သော်လည်း HIV ဆေးများ၊ ဗိုက်ခွဲမွေးခြင်း၊ မိခင်နို့တိုက် ခြင်းကို ရှောင်ကြဉ်ခြင်းတို့ဖြင့် ကလေးအား ကူးစက်မှုကို လျော့ချနိုင်သည်။ ကလေး ၁၀၀ တွင် ၂ ယောက်အောက်ထိ လျော့ချနိုင်ပါသည်။

HIV ကူးစက်နိုင်ချေ နိမ့်စေရန် သင်သည် အောက်ပါတို့ ပြုလုပ်သင့်သည်။

  • မိန်းမကိုယ်မှ လိင်ဆက်ဆံခြင်းအတွက် ချောဆီပါ သော ကွန်ဒုံးကို အသုံးပြုပါ။
  • ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းအတွက် အမျိုးသားတွင် ချောဆီမပါသော ကွန်ဒုံးကို အသုံးပြုပါ။
  • ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းအတွက် အမျိုးသမီးတွင် latex barrier – dental dam – သို့မဟုတ် non-lubricated condom cut length-wise အသုံးပြုပါ။
  • စအိုမှ လိင်ဆက်ဆံခြင်းအတွက် ချောဆီအပိုပါသော ကွန်ဒုံးများ အသုံးပြုပါ။
  • လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ။
  • အပ်၊ ဆေးထိုးအပ်၊ ဆေးထိုးသော ကိရိယာများ၊ လိင် ကစားစရာများကို မျှဝေသုံးခြင်း မပြုပါနှင့်။
  • တက်တူးထိုးသော ကိရိယာသည် သန့်စင်မှု ရှိရန် သေချာလုပ်ပါ။
  • သွေးပါနိုင်သော တစ်ကိုယ်ရည်သုံး ပစ္စည်းများကို မျှဝေ မသုံးပါနှင့်။ ဥပမာ သွားတိုက်တံ၊ သင်တုန်းဓါး၊ ဖောက်ခြင်း၊ တက်တူးထိုးခြင်းအတွက် အပ်များ၊ ဖြတ် ခြင်းအတွက် ဓါးများ

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement