backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hirsutism (အမျိုးသမီးအမွေးထူခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Hirsutism (အမျိုးသမီးအမွေးထူခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hirsutism (အမျိုးသမီးအမွေးထူခြင်း) ကဘာလဲ။

အမျိုးသမီး အမွေးထူခြင်း ဆိုသည်မှာ အမျိုးသမီးများ မျက်နှာနှင့် ခန္ဓါကိုယ်တွင် အမွေးများ အလွန်အကျွံပေါက်ခြင်း ကိုဆိုလိုသည်။ မည်းနက်၍ ထူသော အမွေးများသည် အမျိုးသားများတွင် အမွေးပေါက်သော နေရာများဖြစ်သည့် အပေါ်နှုတ်ခမ်း၊ မေးစေ့ နှင့် ပါးသိုင်းမွေး ပေါက်သည့်နေရာများတွင် ပေါက်လာသည်။

Hirsutism (အမျိုးသမီးအမွေးထူခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အမျိုးသမီးတွင် အမွေးထူသော ပြဿနာ သည် အလွန်အဖြစ်များပါသည်။ အမျိုးသမီး များ၏ ၅-၁၀ရာခိုင်နှုန်းတွင် ဖြစ်ပွားပါသည်။ များသော အားဖြင့် အန္တရာယ်မရှိသော်လည်း အမျိုးသမီးများ၏ ပုံပန်း သဏ္ဍာန်ကို ထိခိုက်စေနိုင်သည်။

ခန္ဓါကိုယ် အမွေးအမျှင် ထူခြင်းသည် မြေထဲပင်လယ်ဒေသရှိ Cascasian အမျိုးသမီး များတွင် ပုံမှန်ပင်ဖြစ်သည်။ အမျိုးသမီးအများစုသည် ဆေးကု သမှု မလိုအပ်ပါ။

ကုထုံးသည် အမွေးထူခြင်း ကို သက်သာစေ နိုင်သော်လည်း သက်သာရန် လများစွာ ကြာသည်။ ထို့ပြင် အမွေးထူခြင်း ကို ကာကွယ်ရန် နည်းလမ်းလည်းမရှိပါ။

လက္ခဏာများ

Hirsutism (အမျိုးသမီးအမွေးထူခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အမွေးများသည် မျက်နှာ (မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး) နှင့် ခန္ဓါကိုယ် အဓိကအားဖြင့် အပေါ်နှုတ်ခမ်း၊ မေးစေ့၊ ပါးသိုင်းမွေးပေါက်သောနေရာ၊ ကျောအပေါ်ဘက်၊ လည်ပင်း၊ ရင်ဘတ်၊ ပေါင်၊ ဗိုက်၊ နို့သီးခေါင်းဝန်းကျင်တွင် ပေါက်လာပါ သည်။ အမွေးများသည် ထူပြီး နက်မှောင်ပါသည်။ အမျိုးသမီး များသည် ဓမ္မတာပြဿနာများ၊ မြုံခြင်းများ၊ ဝက်ခြံထွက်ခြင်း တို့ ဖြစ်နိုင်သည်။

အမျိုးသမီးများတွင် အမွေးထူခြင်း သည် အန်ဒရိုဂျင် (androgen) ဟုခေါ်သော ကျားဟော်မုန်း များခြင်းကြောင့် ဖြစ်ပါက ယောက်ျားလိင်ဝိသေသများ ဖြစ်ပေါ်လာနိုင်ကာ အောက်ပါလက္ခဏာများ ဖြစ်စေနိုင်သည်။

အသံသြောလာခြင်း၊ နဖူးပြောင်ခြင်း၊ ရင်သား အရွယ်အစား သေးလာခြင်း၊ မိန်းမအင်္ဂါ ကြီးလာခြင်း၊ ကြွက်သားများ ဖွံဖြိုး လာခြင်း၊ လိင်စိတ်ဆန္ဒ ပြောင်းလဲခြင်းနှင့် မျိုးမအောင်ခြင်း တို့ ဖြစ်နိုင်သည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Hirsutism (အမျိုးသမီးအမွေးထူခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အမွေးထူးခြင်းကို ဖြစ်စေသော အဓိကအကြောင်းရင်းမှာ ကျား ဟော်မုန်းများ အန်ဒရိုဂျင်(androgen) အများအပြား ထုတ်လုပ်ခြင်း ကြောင့်ဖြစ်သည်။ ပုံမှန်အားဖြင့် အမျိုးသမီးတစ်ယောက်၏ ခန္ဓါကိုယ်သည် ကျားဟော်မုန်း အနည်းငယ်ကိုသာ ထုတ်လုပ်ပါသည်။ မမျိုးဥနှင့် အက်ဒဂရီနယ် ဂလန်း မှထုတ်လုပ်ခြင်း ဖြစ်သည်။

ထိုအင်္ဂါများတွင် ပြဿနာဖြစ်ပါက ဟော်မုန်း အလွန်အကျွံထွက်ခြင်းကို ဖြစ်စေသည်။ အက်ဒရီနယ် ဂလန်း မူမမှန်ပြဿနာ (ဥပမာ- Crushing’s syndrome ၊ ကြီးထွားဟော်မုန်း အထွက်များ၍ ကိုယ်ခန္ဓါ အဆမတန် ကြီးထွားနေသော အေခရိုမက်ဂလီ) သည်လည်း အမွေးများကို ပေါက်စေသည်။

အက်ဒရီနယ်ဂလန်း သို့မဟုတ် မမျိုးဥတွင် အကျိတ်ဖြစ်ခြင်းသည်လည်း အမွေးထူခြင်းကို ဖြစ်စေသည်။ ထိုအကျိတ်များသည် ဟော် မုန်းပမာဏကို များစေသည်။ ထိုအင်္ဂါများ၏ အခြား ပြင်းထန် မှုနည်းသော ရောဂါများ ( မမျိုးဥတွင် အရည်အိတ်များစွာတည်သောရောဂါ (PCOS) နှင့် မွေးရာပါ အက်ဒရီနယ်ဆဲလ် ပွားများရောဂါ (congenital adrenal hyperplasia ) သည်လည်း အမွေးထူခြင်းကို ဖြစ်စေနိုင်သည်။

ကျားဟော်မုန်း၏ အခြားရင်းမြစ်များမှာ စတီးရွိုက်၊ phenytoin ၊ diazoxide ၊ cyclosporine နှင့် minoxidil စသော ဆေးများ ဖြစ်သည်။

အချို့အမျိုးသမီးများတွင် အကြောင်းရင်းမသိရဘဲ အမွေးထူနေနိုင်သည်။

ဖြစ်နိုင်ခြေများ

Hirsutism (အမျိုးသမီးအမွေးထူခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

အမွေးထူခြင်း ဖြစ်ပွားနိုင်ချေကို မြင့်စေသော အချို့အချက်များမှာ

• မိသားစုမှတ်တမ်းရှိခြင်း။

မမျိုးဥတွင် အရည်အိတ်များစွာတည်သောရောဂါ (PCOS) နှင့် မွေးရာပါ အက်ဒရီနယ်ဆဲလ် ပွားများရောဂါ (congenital adrenal hyperplasia) စသော အမွေးထူခြင်းကို ဖြစ်စေသော အခြေအနေများ သည် မိသားစုတွင်းတွင် မျိုးရိုးုလိုက် ဖြစ်ပွားနေနိုင်သည်။

• မမျိုးဥတွင် အရည်အိတ် များစွာတည်သောရောဂါ (PCOS) နှင့် မွေးရာပါ အက်ဒရီနယ်ဆဲလ် ပွားများရောဂါ (congenital adrenal hyperplasia) ရောဂါများရှိခြင်း

• ဘိုးဘေး အစဉ်အလာရှိခြင်း။

မြေထဲပင်လယ်ဒေသ၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာရု မျိုးနွယ်များ သည် အခြားအမျိုးသမီးများထက် အကြောင်းရင်း မရှိဘဲ အမွေးထူခြင်း ဖြစ်နိုင်ချေ ပိုမြင့်ပါသည်။

ဖြစ်နိုင်ချေမြင့်စေသော အချက်များ မရှိခြင်းသည် သင့်အား အမွေးထူခြင်းပြဿနာ မဖြစ်နိုင်ဟု မဆိုလိုပါ။ ဤ အချက်များသည် ကိုးကားချက်သာလျင် ဖြစ်သည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်သင့်ပါ သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hirsutism (အမျိုးသမီးအမွေးထူခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် ခန္ဓါကိုယ်စစ်ဆေးမှုကို ပြုလုပ်မည်။ testosterone နှင့် dehydroepiandrosterone sulfate (DHEAS) ဟုခေါ်သော ကျားဟော်မုန်း ပမာဏကို တိုင်းတာ ရန် သွေးနှင့် ဆီးနမူနာယူပါမည်။ ဆရာဝန်သည် ရောဂါဖြစ် စေနိုင်သော ကိုယ်တွင်းအင်္ဂါများကို စစ်ဆေးရန် ကွန်ပျူတာဓါတ်မှန် သို့မဟုတ် သံလိုက်ဓါတ်မှန် ရိုက်ရန် စေခိုင်းနိုင်သည်။

Hirsutism (အမျိုးသမီးအမွေးထူခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုသည် အဓိကအားဖြင့် ဖြစ်စေသော အကြောင်း ရင်းပေါ်မူတည်သည်။ ရာသီလာခြင်း ပြဿနာမရှိသော ကိစ္စ များတွင် ကုသမှု မလိုအပ်ပါ။ မလိုအပ်သော အမွေးများကို ဖယ်ရှားရန် ဆေးသောက်ခြင်း၊ အမွေးရိတ်ခြင်း၊ အမွေး နုတ်ခြင်း၊ အရောင်ချွတ်ခြင်း၊ ဖယောင်းသုတ်ခြင်း၊ လိမ်းဆေး များ (depilatories) သုံးခြင်းနှင့် လေဆာဖြင့်ပစ်ခြင်း (အပြီး ဖယ်ရှားရန်အတွက်) ၊ လျှပ်စစ်ဖြင့် အမွေးကို အမြစ်ဖြတ် နှုတ် အလှပြင်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

အမွေးထူခြင်း သည် ရာသီစက်ဝန်းဆိုင်ရာ ပြဿနာများကို ဖြစ်စေ ပါက ဆရာဝန်သည် မဟော်မုန်းများပါသော ဆေးများ သောက်ရန် ညွှန်ကြားနိုင်သည်။ ကျားဟော်မုန်းနှင့် မဟော်မုန်း မျှတ သွားအောင် ကူညီနိုင်သည်။ ကိုယ်ဝန်ရှိပါက အခြားကုသမှု များ လိုအပ်နိုင်သည်။

မမျိုးဥ နဲ့ အက်ဒရီနယ်ဂလန်း ကြီးထွားမှုကို ခွဲစိတ်ကုသမှု ဖြင့် ဖယ်ထုတ်နိုင်သည်။ သင်သည် ထိုခွဲစိတ်မှုများဖြင့် သင့် တော်သလား သေချာရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် အမျိုးသမီး အမွေးထူခြင်း (Hirsutism) ကို ကုသရာတွင် ဘယ်လိုအထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အမွေးထူခြင်းကို ထိန်းချုပ်နိုင် ပါသည်။

• ရောဂါတိုးတက်မှုနှင့် သင့်ကျန်းမာရေး အခြေအနေ ကို သိရှိရန် ပုံမှန် ပြန်လည်ဆေးစစ်မှု ပြုလုပ်ပါ။

• ဆရာဝန် ညွှန်ကြားချက်များကို လိုက်နာပါ။

• ဆရာဝန် အကြံပြုချက်ကို လိုက်နာပါ။ ပြီးမြောက်စွာ ကုသပြီး မလိုလားသော အမွေးများ ပြန်ပေါက်လာ ပါက ဆရာဝန်ကို အကြောင်းကြားပါ။

• ကိုယ်အလေးချိန်များနေပါက အလေးချိန်ချပါ။ ကိုယ် အလေးချိန်နည်းခြင်းသည် အမွေးထူခြင်း ဖြစ်ပွားနိုင်ချေ ကို နည်းစေသည်။

• ဆရာဝန် ညွှန်ကြားမထားပါက ကျားဟော်မုန်းပါ သောဆေးများ မသုံးပါနှင့်။

• အမွေးထူခြင်းကို ချက်ချင်း အပြီးအပြတ် ပျောက်ကင်း သွားမည်ဟု မမျှော်လင့်ပါနှင့်။ ဆေးကုသမှုသည် ၃လမှ ၆လအထိ ကြာနိုင်သည်။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement