Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) ကဘာလဲ။

အသည်းရောင်အသားဝါ အေ ရောဂါ ဆိုတာ အေ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်လာတဲ့ အလွန် ကူးစက်နိုင်တဲ့ အသည်းရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါပိုးဟာ အသည်းကို ရောင်စေပြီး အသည်းလုပ်ငန်းစဉ်တွေကို ထိခိုက်စေတဲ့ အသည်းရောင် ရောဂါပိုးအမျိုးအစားတွေထဲက တစ်မျိုးဖြစ်ပါတယ်။

လူအများစုမှာတော့ ထွေထွေထူးထူး ရောဂါ ကြီးကြီးမားမား မပြပဲ ၂ လ မှ ၆ လ အတွင်း ပျောက်ကင်းသွားတတ်ကြပါတယ်။ သို့သော် တစ်ချို့အသည်းရောင် အေ ရောဂါတွေမှာ နှလုံးစွမ်းဆောင်ရည်ကျဆုံးတဲ့အထိ ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

အသည်းရောင်အသားဝါ အေ ရောဂါသည် တော်တော်များများကတော့ ဒီရောဂါ အဖြစ်များတဲ့ ဒေသကို ခရီးသွားပြီးနောက် ကူးလာတဲ့သူနှင့် အတူနေထိုင်ခြင်း သို့ လိင်ဆက်ဆံခြင်းတို့မှာ ကူးစက်ကြပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပထမဆုံး သင်သိထားရမှာက လူတိုင်းမှာတော့ ရောဂါလက္ခဏာမပြနိုင်ဘူး ဆိုတာပါပဲ။ ရောဂါလက္ခဏာတွေက ကူးစက်ခံရပြီးနောက် တစ်လအတွင်းပေါ်လာနိုင်ပါတယ်။

၎င်းတို့မှာ-

  • အသားဝါခြင်း
  • ဖြူဖျော့သော သို့ ရွှံစေးရောင် မစင်သွားခြင်း
  • ဆီးအရောင်ရင့်ခြင်း
  • ခန္ဓါကိုယ်အနံ့ ယားယံခြင်း

ထို့အပြင် တခြား တုပ်ကွေးကဲ့သို့သော လက္ခဏာတွေလဲ ပြနိုင်ပါတယ်။

ဥပမာ-

  • မောပန်းနွမ်းနယ်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ပျို့ခြင်း
  • အန်ခြင်း
  • အဖျားငွေ့ငွေ့ ရှိခြင်း
  • ဗိုက်အောင့်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အသည်းရောင် အသားဝါ အေ ရောဂါလက္ခဏာတွေ သင့်မှာ ပြလာပြီဆိုရင် ဆရာဝန်နဲ့ သွားပြပါ။

အကယ်လို့ သင့်မှာ အသည်းရောင်အသားဝါ အေ ပိုးကူးမိတယ် ဆိုလျှင် ကူးပြီး ၂ ပတ်အတွင်း အသည်းရောင် အေ ကာကွယ်ဆေး သို့ immunoglobulin ကုထုံးတို့နှင့် ကာကွယ်နိုင်ပါသေးတယ်။

အောက်ပါ အကြောင်းအရာတွေ သင့်မှာ ရှိလျှင် ဆရာဝန် သို့ ဒေသခံ ကျန်းမာရေးစောင့်ရှောက်မှု ဌာနကို အသည်းရောင် အသားဝါ အေ ကာကွယ်ဆေးထိုးသင့် မထိုးသင့် တိုင်ပင်ဆွေးနွေးပါ။

  • သင်ဟာ လတ်တလောတွင် တခြားသော နိုင်ငံ အထူးသဖြင့် မက်ဆီကို သို့ အမေရိက တောင်ပိုင်း သို့ အလယ်ပိုင်း နှင့် တခြားသော သန့်ရှင်းမှု အားနည်းတဲ့ အရပ်ဒေသသို့ ခရီးသွားထားခြင်း
  • သင်လတ်တလော စားခဲ့တဲ့ စားသောက်ဆိုင်က အသည်းရောင်အသားဝါ အေ ပိုးပျံ့နှံ့နေတယ်လို့ သတင်းထွက်လာခြင်း
  • သင်နဲ့ အတူနေထိုင်သူ သို့ သင့်ရဲ့စောင့်ရှောက်သူက အသည်းရောင်အသားဝါ အေ ပိုးရှိသည်ဟု အဖြေထွက်ထားခြင်း
  • လက်တလောတွင် အသည်းရောင်အသားဝါအေ ပိုးရှိတဲ့ သူနှင့် လိင်ဆက်ဆံမှု ပြုထားခြင်း

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

အသည်းရောင် အသားဝါ အေ ရောဂါကို အသည်းရောင် အေ ဗိုင်းရပ်စ်က ဖြစ်စေပါတယ်။ အသည်းရောင် အေ ဗိုင်းရပ်စ်ကို ကူးစက်စေတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။

၎င်းတို့မှာ-

  • ရောဂါပိုးရှိပြီး လက်ကို အိမ်သာတက်ပြီး မဆေးတတ်တဲ့သူ ပြင်ဆင်ထားတဲ့ အစားကို စားမိခြင်း
  • မသန့်ရှင်းတဲ့ ရေကို သောက်သုံးမိခြင်း
  • မသန့်ရှင်းတဲ့ ရေထဲက ငါးကို အစိမ်းစားမိခြင်း
  • ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိနေသူနှင့် အနီးကပ် ထိတွေ့မှု ရှိခြင်း
  • ဗိုင်းရပ်စ်ပိုး ရှိသူနှင့် လိင်ဆက်ဆံမှု ပြုခြင်း

Risk factors

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အသည်းရောင် အသားဝါ အေ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

ဥပမာအားဖြင့်-

  • အသည်းရောင် အသားဝါ အေ ဖြစ်နိုင်ချေများတဲ့ နေရာဒေသမှာ ခရီးသွားခြင်း သို့ အလုပ်လုပ်ကိုင်ခြင်း
  • ကလေးစောင့်ရှောက်မှု မှာ ပါဝင်ခြင်း သို့ ကလေးစောင့်ရှောက်မှု ဌာနမှာ အလုပ်လုပ်ကိုင်ခြင်း
  • ယောကျာ်းခြင်း လိင်တူဆက်ဆံခြင်း
  • HIV ပိုးရှိနေခြင်း
  • Hemophilia ကဲ့သို့ သွေးရောဂါရှိနေခြင်း
  • ရောဂါဖြစ်စေနိုင်တဲ့ ဆေးများထိုးခြင်း
  • အသည်းရောင် အေ ပိုးရှိသူနှင့် အတူနေထိုင်ခြင်း
  • အသည်းရောင် အေ ပိုးရှိသူနှင့် ပါးစပ် သို့ စအို ထိတွေ့မှု ရှိခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သွေးစစ်ခြင်းဖြင့် သင့်ကိုယ်ထဲမှာ အသည်းရောင် အေ ပိုးရှိမရှိ သိနိုင်ပါတယ်။ သင့်ဆီက ပုံမှန်အားဖြင့် သင့် သွေးပြန်ကြောမှ သွေးနမူနာ စုပ်ယူပြီး ဓါတ်ခွဲခန်းပို့ စမ်းသပ်ပါတယ်။

Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ) ကို ဘယ်လိုကုသပါသလဲ

အသည်းရောင် အေ ပိုးအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ကုသမှုရယ်လို့တော့မရှိပါဘူး။ သင့်ခန္ဓါကိုယ် က အလိုအလျောက် ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ပါလိမ့်မယ်။ ရောဂါသည်တော်တော်များများမှာတော့ အသည်းက ခြောက်လအတွင်း ပြန်လည် ကောင်းမွန်နိုင်ပါတယ်။

လူတော်တော်များများကိုတော့ အိမ်မှာပဲ ဂရုစိုက် ကုသနိုင်ပါတယ်။ ထိုအခြေအနေအတွင်းမှာ တခြားလူတွေနဲ့ ထိတွေ့မှုကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပြီး သင့်ဆရာဝန်နဲ့ ကျန်းမာရေး အခြေအနေကို စောင့်ကြည့်ရန် ပုံမှန် ပြသသင့်ပါတယ်။

အသည်းရောင် အေ ပိုးက သင့်ကို ပင်ပန်းစေတဲ့ အတွက်ကြောင့် သင်လည်း အနားယူသင့်ပါတယ်။ သစ်သီးဖျော်ရည် သို့ နွားနို့ကဲ့သို့သော အာဟာရဖြစ်စေတဲ့ အစားအသောက်တွေ စားသောက်သင့်ပါတယ်။

ထို့ပြင် ကာကွယ်ဆေးမထိုးရသေးဘဲ သင်နှင့် လာရောက် ထိတွေ့ဆက်ဆံမိသူတွေကို သူတို့ဆရာဝန်က ၂ ပတ်အတွင်း ကာကွယ်ဆေးထိုးပေးသင့်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အသည်းရောင်အသားဝါ အေ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အသည်းရောင်အသားဝါ အေ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • သင့်မှာ အသည်းရောင် ရောဂါရှိနေလျှင် သို့ အသည်းရောင် ရောဂါသည်ကို ပြုစုကိုင်တွယ်နေရလျှင် အထူးသဖြင့် မစင်နဲ့ ထိတွေ့မိတယ်ဆိုလျှင် လက်ကို သေချာ စင်ကြယ်အောင် ဆေးပါ။
  • သီးခြား သို့ တစ်ခါသုံး ဇွန်း၊ခွက်တို့ကို သုံးပါ။
  • သင်ဟာ နေ့ကလေးထိန်းကျောင်းမှာ အလုပ်လုပ်လျှင် ကလေးသေးခံလဲပြီး နှင့် တခြား ဘာမှ မလုပ်ကိုင်ခင်မှာ လက်ကို သေချာစေးကြောပါ။ စားသောက်ဆိုင် ဝန်ထမ်းများက လက်ကို အမြဲတမ်း မှန်ကန်စွာ ဆေးကြောသင့်ပါတယ်။
  • အလုပ်မှာ မစင် နှင့် တခြားခန္ဓါကိုယ်အညစ်အကြေးတွေနဲ့ ထိတွေ့ရတော့မယ်ဆိုလျှင် လက်အိတ်၊ မျက်မှန် အစရှိတဲ့ စိတ်ချရတဲ့ အကာအကွယ်တွေကို သုံးပါ။
  • သင့်ရဲ့ အသည်းရောင် ရောဂါလက္ခဏာတွေက ၄ ပတ်အတွင်း ပျောက်ကင်းမသွားဘူးဆိုလျှင် ဆရာဝန်ခေါ်ပါ။
  • အသည်းရောင်အသားဝါ အေ ရောဂါသည်တော်တော်များများက မောပန်းတတ်တာကြောင့် ခဏခဏ အနားယူဖို့ လိုအပ်ပါတယ်။
  • သင်ဟာ ပျို့ ချင် ၊ အန်ချင်လာနိုင်တဲ့ အတွက် အာဟာရ ဖြစ်စေနိုင်တဲ့ အစားအသောက် ဥပမာ သစ်သီးဖျော်ရည် နှင့် နို့တ့ိုကို သောက်သုံးသင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဇူလိုင် 3, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောက်တိုဘာ 12, 2017

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။